တောခွေး သတ်နိုင်သူ ကျပ်ငွေ တသောင်း ဆုချမည်

0

တောခွေး တကောင်သတ်လျှင် ကျပ်ငွေ တသောင်းနှုန်း ဆုချရန် ယခုလက စပြီး ချင်းပြည်နယ် ၀န်ကြီးချုပ်က ပြည်သူ လူထုထံ အသိပေးထားသည်ဟု သိရသည်။

 

ယခုတလော ချင်းပြည်နယ်အတွင်း တောခွေးများသည် အိမ်မွေး တိရိစ္ဆာန်တွေ ကိုက်သတ်မှု များနေသဖြင့် အာဏာပိုင် တွေဖက်က ပြည်သူ့ စည်းစိမ် ကာကွယ်လိုသည့် ဆန္ဒကြောင့် ဖြစ်ကြောင်း တောခွေး သေစေနိုင်တဲ့ ဆေးတွေကို သက် ဆိုင်ရာ တိရိစ္ဆာန်မွေးမြူရေး ကုသရေးဌာနမှာ အခမဲ့ထုတ်ယူနိုင်ကြောင်းလည်း ဒေသခံတွေက ပြောကြသည်။

 

” တောခွေးတွေဟာ အကောင် ၁၅ မှ ၂၀ အထိ အုပ်လိုက်ဖွဲ့ပြီး တနေရာကနေ တနေရာကို ရွှေ့ပြောင်းပြီးတော့ အိမ်မွေး တိရိစ္ဆာန်တွေကို ကိုက်သတ်ကြတယ်၊ ပြောင်းရွှေ့ရာ ဒေသက အိမ်မွေးတိရိစ္ဆာန်တွေ မျိုးပြုတ်သလောက်ပဲ” ဟု မုဆိုးတဦးက ဆိုသည်။

 

တောခွေး သတ်ဖြတ်သူသည် တောခွေးမြီးကို ဖြတ်ပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံစာနှင့် အတူ တင်ပြပြီး ဆုငွေတွေကို ထုတ်ယူရမှာဖြစ်ကြောင်း

 

ချင်းပြည်သူများသည် အဓိကအားဖြင့် နွားနောက်၊ ကျွဲ၊ နွား၊ မြင်း၊ ဆိတ်များ၊ ၀က်များကို မိသားစု တပိုင်တနိုင် အဖြစ် မွေးမြူကြသည်။

 

ထို့အပြင် မြေခွေးများသည်လည်း ရွာအနီး ပတ်ဝန်းကျင်ရှိ သစ်ခေါင်း၊ ကျောက်ဂူများတွင် ခိုအောင်းပြီး အိမ်မွေး ခွေး၊ ၀က်ပေါက်စ နှင့် ကြက်တွေကို ကိုက်သတ်နေကြကြောင်း သိရသည်။

 

” မြေခွေးကတော့ ယခင် ၂၀၀၀  ခုနှစ်ကတည်းကနေ သောင်းကျန်းနေပါပြီ၊ သူတို့ နွားနောက်၊ မြင်းတွေကိုတော့ မကိုက် သတ်နိုင်ဘူး” ဟု ဒေသခံ တဦးက ပြောသည်။

Share.

About Author

Comments are closed.