အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းကြောင်းပြန် လည်မွမ်းမံမယ်

0

Rih-Zin

မပြီးပြတ်သေးသောအိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ရိဒ်ရေကန် နှင့် ဟိုင်မွာလ် – တီးတိန်းကားလမ်းကို ယခုနှစ်နွေရာသီတွင် မွမ်းမံ ကြမည်ဟု သိရသည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး အိန္ဒိယ အရှေ့မြောက် မီဇိုရမ်ပြည်နယ် Chief Minister Lal Thanhawla နှင့် အိန္ဒိယ-မြန်မာနှစ် နိုင်ငံ သံအမတ် Gautam Makhopadhaya တို့ Kolkata Mizoram House တွင်ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း The Aizawl Post သတင်းစာတွင် ဖော်ပြသည်။

အဆိုပါဆွေးနွေးပွဲတွင် အဓိကအားဖြင့် အိန္ဒိယ-မြန်မာနယ်စပ် Zokhawthar ရပ်ကွက်ရှိ Land Customs Stations ကိစ္စ၊ ရိဒ်ရေကန် နှင့် အမှတ် (၂)ကုန်သွယ်ရေး လမ်းကြောင်း ပြုပြင်မွန်းရေးကိစ္စ၊ Kaladan Multi Modal Transit Transport Project ကိစ္စများ စသဖြင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

လုပ်ငန်းအကောင်အထည်ဖော်ဖို့ လိုအပ်မဲ့ငွေရေးကြေးရေးလည်းအသင့်ဖြစ်ပြီဖြစ်ပြီး မိုးတွင်းမရောက်ခင် လုပ်ငန်းစ တင်အကောင်ထည်ဖော်ဖို့သာရှိတော့ကြောင်း Zokhawthar ဒေသခံတဦးက ပြောသည်။

ပြီးခဲ့ တဲ့ ၂၀၀၉ ခုနှစ်ကတည်းက တည်ဆောက်ပြီးခဲ့ပြီဖြစ်သောအိန္ဒိယ-မြန်မာနယ်စပ်ရှိ Land Customs Stations ကို Union Commerce Minister နှင့် Myanmar Commerce တို့ ပူးပေါင်းပြီး ဖွင့်လှစ်ရန်သဘောတူထားခဲ့ပြီဖြစ်သော် လည်း ယခုချိန်အထိမဖွင့်လှစ်နိုင်သေးကြောင်းနဲ့ အမြန်ဆုံးဖွင့်လှစ်နိုင်ရန်လိုအပ်သောအရာများ လုပ်ဆောင်သွားဖို့ လည်း ဆွေးနွေးခဲ့ကြသည်။

Land Customs Stations (LCS) တည်ဆောက်ရန် ၅၇ ကုဋေရာထားကြောင်းနှင့် အဆိုပါ လုပ်ငန်းကို ကိုင်တွယ်လုပ်ဆောင်မဲ့ (NBCC) ကလည်း အဆိုပါ LCS ကို မြန်မာနိုင်ငံဘက်ခြမ်းတွင်လည်း တည်ဆောက်သွား ရင်ကောင်းမယ်ဆိုတဲ့အကြံပြုချက်များလည်း ရှိတယ်လို့ သိရပါတယ်။

အိန္ဒိယ-မြန်မာ သံအမတ် Gautam Makhopadhaya ဟာ အဲဒီနေ့မှာပဲ မီဇိုရမ်ကိုရောက်ရှိလာပြီး အိန္ဒိယ-မြန်မာ နယ်စပ်ရှိ Land Customs Station (LCS) ကိုသွားရောက်ကြည့်ရှုကြောင်း ဆိုသည်။

Share.

About Author

Leave A Reply

*

code