သဘာဝဘေး ဒဏ်သင့် လိုင်ဇိုးကျေး ရွာ အုပ်စုမှ ရွာလေးရွာ ပြောင်းရွှေ့မည့်မြေနေရာ ကို စည်ပင်မှူးက ကန့်ကွက်

0

Villager

သဘာဝဘေးဒဏ် သင့်ခံခဲ့ရသော ချင်းပြည်နယ် ဖလမ်းမြို့နယ် လိုင်ဇိုးကျေး ရွာအုပ်စုမှ ရွာလေးရွာ တို့ပြောင်းရွှေ့ရန် စီစဉ် ထားသောမြေနေ သစ်ကို ဖလမ်းမြို့နယ် စည်ပင်မှူးက ကန့်ကွက်နေ သည့်အတွက် ပြောင်းရွှေ့ရန် အခက် ကြုံနေ ကြ ရသည်ဟု သိရသည်။ လိုင်ဇိုးကျေးရွာ အုပ်စုမှ ထန်နရားရ်တောင် ရွာ နှင့် မြောက်ရွာ၊ ဘိုင်လာ၊ ကားလ်ရော်န် စသည့် ကျေးရွာ ၄ ရွာတို့သည် ဖလမ်းခရိုင် နှင့် မြို့နယ်အုပ်ချူပ်ရေးမှူးတို့မှ ခွင့်ပြုထား ပြီးဖြစ်သော မြေနေရာ အသစ် တွင် ပြောင်းရွှေ့ရန် တောင်ယာများ ခုတ်ထွင်ရှင်းလင်းပြီးဖြစ်သော် လည်း မြို့နယ်စည်ပင်မှူးဦး Hlawn Sa Vung က ကန့်ကွက်နေခြင်းဖြစ် သည်။

 

“ကျနော်တို့မြေနေရာတောင်းထား တဲ့နေရာ ကို ခရိုင် နဲ့ မြို့နယ်အုပ် ချူပ်ရေးမှူးအဖွဲ့တွေ ကွင်းဆင်းပြီး ဒီနေရာက နေရာ ကောင်းတယ် မြန်မြန်တောခုတ် လိုက် မြေစာရင်းနေ ရာချပေးထား ဆိုပြီးအမိန့်ထုတ် တယ် အဲဒါနဲ့ မြို့နယ်မြေ စာရင်း ဌာနက နေ ဒီနေရာ၊ ဒီနေရာတွေက လွတ်တယ် တောရှင်း လို့ရတယ် ဆိုပြီး ခွင့်ပြုချက် ရတာနဲ့ ကျနော်တို့ ၄ ရွာကနေ ၂ ရက်တိတိ တောကို ခုတ်ထွင် ရှင်းလင်းကြတယ် အဲလိုရှင်း လင်းပြီးတဲ့ အချိန်မှာ ဘဲ စည်ပင်မှူးက ကန့်ကွက် လိုက် တာပါ’’ ဟု လိုင်ဇိုး ကျေးရွာအုပ် စုပြောင်းရွှေ့ရေးအဖွဲ့မှတာဝန် ရှိသူတစ်ဦး ကပြောသည်။

 

မြို့နယ်စည်ပင်မှူးဦး Hlawn Sa Vung သည် အဆိုပါ ၄ ရွာမှ ရွာလူကြီး ၃ ဦးကို ဖလမ်းမြို့ပေါ်သို့ခေါ်ဆိုကာ၎င်းတို့ပြောင်း ရွှေ့ရန်စီစဉ်ထားသော မြေနေရာသည် အလွန်ကောင်းမွန်သော နေရာဖြစ်ပြီး မြို့သစ်စည်မံကိန်းအတွက် လျာထားပြီးဖြစ် သည့်အတွက် ကန့်ကွက်နေခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်ဟု သိရသည်။

 

“ မြို့သစ်စည်မံကိန်း အတွက် လျာထားတဲ့နေ ရာဖြစ်တယ်၊ အဲဒီနေရာမှာ ခင်များတို့နေလိုက်တယ် ဆိုရင် ရန်ကုန်၊ မန္တလေး ဘက်က သူဌေးကြီးတွေက ဘယ်လိုနဲ့စိတ်ဝင်စား မှုရှိတော့မှာလဲ ဆိုပြီးပြောတယ်၊ ဒါနဲ့ ကျနော်တို့ အငြင်းအ ခုန်ဖြစ်ကြတယ် ကျနော်တို့ လည်း သဘာဝဘေး ဒဏ်ကြောင့် မလွဲမရှောင် သာနဲ့ပြောင်းရွှေ့ရတာဖြစ်ပါတယ်၊ ရန်ကုန်၊ မန္တလေးက သူဌေး တွေထက် ကျနော် တို့အခြေအနေက ပိုပြီးတော့ အရေးတကြီးဖြစ်နေ  ပါတယ်ဆိုပြီး ကျနော် တို့ပြန်ပြောလိုက်တယ်’’ ဟု အဆိုပါတာဝန် ရှိသူကပြော သည်။

 

ထို့အပြင် စည်ပင်မှူး သည် အဆိုပါမြေနေရာ တွင် ကွန်ဒိုတိုက် ခန်းများဆောက်လုပ်ရန်ဟူ၍လည်းကောင်း၊ အထက်တန်း ကျောင်း နှင့် အဆင့်မြင့်အားကစား ကွင်းဆောက်လုပ်ရန်ဟူ၍လည်းကောင်း အမျိုးမျိုးပြောဆိုနေပြီး ဘာတစ်ခုမှ ရေရေ ရာရာ တိတိကျကျပြော ဆိုနိုင်ခြင်း မရှိကြောင်း ၎င်းကဆက်ပြောသည်။

 

“စည်ပင်မှူးက ကန့်ကွက်လာတဲ့ ပုံစံက မရိုးသားဘူး လူလည်လုပ် ချင်တဲ့သဘောလို့ ကျနော်တို့မြင်ပါတယ်၊ ဘာလို့လည်း ဆိုတော့ သူတို့ရွေးချယ်ထားတဲ့မြေနေရာက အတော်လေးကောင်းနေတော့ ဖလမ်းဘက်က သူဌေးတွေ နဲ့ ပြည်မဘက် က သူဌေးတွေက အဆောက်အဦးတွေဆောက် ချင်လို့ အကွက်ဆင် တာဖြစ်နိုင်တယ်’’ ဟု အမည်မဖော်လိုသူဒေသခံ တစ်ဦး ကပြောသည်။

 

လိုင်ဇိုးကျေးရွာအုပ်စုမှ ကျေးရွာ ၄ ရွာမှ ပြောင်းရွှေ့ရန်စီစဉ်ထားသော မြေနေရာသည် လုံပီး နှင့် ဇာလိုင်ကျေးရွာအကြား တွင်တည်ရှိသည်။

 

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက မိုးများပြီး မြေပြိုကျမှုကြောင့် ဖလမ်းမြို့နယ်တွင် သဘာဝဘေးဒဏ်သင့်ကျေးရွာပေါင်း ၂၀ ကျော်ရှိခဲ့သည်ဟုသိရသည်။

Share.

About Author

Leave A Reply

*

code