ဟန်ချက်ညီ၍ ပွင့်လင်းမြင်သာဖို့ရန်လိုနေသည့် ချင်းပြည်နယ်ဖွံ့ဖြိုးမှု

0

By ကေ၊ဟတ်ဇော

ချင်းပြည်နယ်သည် မြန်မာနိုင်ငံအနောက်ပိုင်းတွင် တည်ရှိပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ခန့်မှန်းခြေလူဦးရေ ၄ သိန်း ၇ သောင်းကျော် နေထိုင်လျှက်ရှိကာ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဒုတိယအသေးဆုံးပြည်နယ်ဖြစ်သည်။ ပြည်နယ်၏ လူနေသိပ်သည်းမှုမှာ အလွန်နည်းပါးပြီး ၎င်းအခြင်းအရာကပင် ချင်းပြည်နယ်လူထု၏ လူမှုရေးနှင့် စီးပွားရေး အခြေအနေများကို အဆုံးအဖြတ် ပေးနေသော အရေးပါသည့် အကြောင်းတစ်ရပ်ဖြစ်နေပါသည်။

ပထ၀ီအနေအထားအရ တောင်ပေါ်ဒေသဖြစ်သဖြင့် ချင်းပြည်နယ်ကို ”ချင်းတောင်တန်း” ဟူ၍ လူသိများပါသည်။ တောင်တန်းများသည် ပြည်နယ်တလျှောက် မြောက်မှတောင်သို့ သွယ်တန်းနေပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၀၀၀ မှ ပေ ၈၀၀၀ ခန့်အထိ မြင့်မားကာ ပေ ၁၀၅၀၀ ခန့် (၃၂၀၀ မီတာခန့်) မြင့်သော နတ်မတောင် (ခ) ဝိတိုရိယတောင်ထွတ်မှာ အမြင့်ဆုံးဖြစ်ပါသည်။ တောင်များမှာ ကျဉ်းမြောင်းမတ်စောက်သော လျှို့မြောင်များနှင့်ဖြစ်ပြီး စိုက်ပျိုးရေးလုပ်နိုင် သော မြေပြန့်အနည်းငယ်သာ ရှိပါသည်။ မြေမျက်နှာသွင်ပြင်မှာ အလွန်ကြမ်းတမ်းသောကြောင့် လမ်းပန်းတည်ဆောက် ရေးနှင့် စိုက်ပျိုးရေးတို့တွင် အခက်အခဲဖြစ်စေသဖြင့် ဒေသခံတို့၏ အလုံးစုံသောဘ၀တိုးတက်မှုကို ဟန့်တားဖြစ်စေပါသည်။

ချင်းပြည်နယ်၏ ဖွံ့ဖြိုးမှုနည်းရခြင်းက ဘာကြောင့်

ကုလသမဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) စစ်တမ်းအရ ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ် ၁၄ ခုထဲတွင် အဆင်းရဲဆုံးနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ချင်းပြည်နယ်တွင် ခန့်မှန်းခြေ လူဦးရေ ၄၆၅,၀၀၀ ခန့်သာရှိသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဒုတိယလူဦးရေ အနည်းဆုံးဒေသ ဖြစ်သည်။ ဆင်းရဲနွမ်းပါးမှု လူဦးရေသိပ်သည်းဆနည်းပါးမှု၊ စိန်ခေါ်မှုသဖွယ်ဖြစ်နေသော တောင်စဉ်တောင်တန်းများနှင့် ဖွံ့ဖြိုးရေးအတွက် ကြီးမားသော အဟန့်အတားကြီးဖြစ်သလို တာဝန်ယူ/ခံမှုနှင့် ပွင့်လင့်မြင်သာခြင်းတို့သည်လည်း ပြည်နယ်၏ ဖွံ့ဖြိုးရေးအတွက် အရေးကြီးသော အကြောင်းတရားများဖြစ်ပါသည်။

ချင်းပြည်နယ်၏ လူဦးရေ ၄၅၀၀၀၀ကျော်ထံတွင် ၃ပုံ ၂ပုံသည် ရွှေ့ပြောင်းတောင်ယာနှင့် စိုက်ပျိုးမွေးမြူရေးတို့ကို အခြေခံလုပ်ကိုင်သူများဖြစ်ကြသည်။ ဒေသတစ်ခုတိုးတက်ဖွံ့ဖြိုးတိုးတက်မှုတွင် လူသားအရင်းအမြစ်သည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်။ ချင်းပြည်နယ်၏ ဖွံ့ဖြိုးရေးနှိမ့်ကျမှုနှင့် စီးပွားရေးအလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှု တို့ကြောင့် ချင်းပြည်နယ်အလုပ်လုပ်နိုင်သော လူငယ်၊ လူရွယ်အများစုသည် ချင်းပြည်နယ် ပြင်ပနှင့် ပြည်ပနိုင်ငံကြီးများသို့ ထွက်ခွါကြပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေကြသည်မှာ ဆယ်စုနှစ် သုံးခုမျှ ရှိသွားပြီဖြစ်သည်။

စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းသွားပြီး အရပ်သားအစိုးရခေတ်တွင် ပြည်ထောင်စု အစိုးရသော်လည်းကောင်း၊ ပြည်နယ်အစိုးရသော်လည်းကောင်း ဒေသဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်းပဲ ကြိုးစားသလောက် အောင်မြင်မှုမရသေးသည်မှာ သိသာထင်ရှားသည်။ တစ်ခါတစ်ရံ အထက်က အစိုးရသော်လည်းကောင်း၊ NGO၊ INGO အဖွဲ့များသော်လည်းကောင်း ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရာတွင် ဒေသခံများ၏ အမှန်အကန် လိုအပ်ချက်များနှင့် သဟဇာတ မဖြစ်ခဲ့သည်ကိုလည်း တွေ့ခဲ့ရပါသည်။

ဖွံ့ဖြိုးရေးဟန်ချက် နှင့် ပြည်နယ်အစိုးရဘတ်ဂျက်

လက်ရှိ NLD အစိုးရလက်ထက်တွင်လည်း ချင်းပြည်နယ်အစိုးရက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်၏ ဖွံ့ဖြိုးရေးဘတ်ဂျက် ၁၂၇၈၀၈.၄၀၆သန်း အသုံးပြုခဲ့ရာ တစ်ဝက်ကျော်ကျော်ဖြစ်သည့် ကျပ်သန်းပေါင်း ၆၈၃၉၅.၉၃၇ကို ပြည်နယ်၏ ဖွံ့ဖြိုးရေးအတွက် လမ်းတံတားဆောက်လုပ်ခြင်းတွင် အသုံးပြုခဲ့သည်ကို တွေ့ရှိရသည်။ သို့သော် ထိုမျှလောက်အသုံးပြုခဲ့သော ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွင် ပြည်သူကို ဘယ်လောက်ထိ အကျိုးပြုသလဲဆိုတာ လေ့လာဆန်းစစ်မှုမရှိခဲ့ပေ။ ပလက်ဝမြို့ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင် ကိုကျော်အောင်က ချင်းပြည်နယ်ဝန်ကြီးချုပ်၏ ဘတ်ဂျက်အသုံးပြုမှု ပြောဆိုချက်အပေါ်တွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တာတော့ ကောင်းပါတယ်။ သို့သော် လမ်းဘယ်လောက်ပဲကောင်းကောင်း ကျေးလက်နေပြည်သူတွေအတွက် ကုန်ထုတ်လုပ်မှု (သို့) စိုက်ပျိုးသီးနှံများ၏ ဈေးကွက်များဖန်တီးပေးမှုမရှိဘူးဆိုရင် ကျေးလက်နေပြည်သူများအတွက် အကျိုးသက်ရောက်မှု နည်းပါးပါသည်ဟု ပြောကြားသွားပါသည်။ CNRWG မှ ညှိနှိုင်းရေးမှူး လျန်တွောင်က” ချင်းပြည်နယ် အစိုးရက လမ်းတံတားများဆောက်လုပ်ဘို့ ချင်းပြည်နယ်၏ ဘတ်ဂျက်တစ်ဝက်ကျော် အသုံးပြုပေမဲ့ ကလေး၊ ဖလမ်း၊ ဟားခါးလမ်းသာ အကြီးအကျယ်ပြုပြင်ပြီး ပြည်နယ်၏ အဓိက အခွန်ဘဏ္ဍာရှာဖွေပေးသော ကလေး၊ တီးတိန်၊၊ ရိဒ်လမ်း ပြုပြင်ရန် အားနည်းနေပါသည်” ဟု ပြောကြားသွားသည်။

ချင်းပြည်နယ် ဖွံ့ဖြိုးမှုနဲ့ စိုက်ပျိုးရေးရဲ့ အခန်းကဏ္ဍ

ဒေသတိုးတက်ဖို့ရာတွင် လမ်းပန်းဆက်သွယ်ရေး တစ်ခုတည်းနှင့် မပြီးပေ၊ စိုက်ပျိုး/မွေးမြူးရေး၊ ပညာရေး၊ ကျန်းမားရေး စသော လူသား အရင်းအမြစ်များကလည်း အရေးကြီးအခန်း မှာပါဝင်ပါတယ်။ ချင်းပြည်နယ်၏လူဦးရေ ၄ သိန်းခွဲကျော် တွင် ၂ သိန်းခွဲကျော်မှာ ရွှေ့ပြောင်းတောင်ယာနှင့်စိုက်ပျိုးရေး မွေးမြူရေးတို့ကို အခြေခံလုပ်ကိုင်သူများဖြစ်ကြသည်။

တစ်ချို့အများစုက တရုတ် ထိုင်း မလေးရှားကချင် စသည့်နေရာဒေသများ တွင် အလုပ် အကိုင်ရှာဖွေတာက တစ်မျိုး အိမ်ထောင်သည်အချို့မှာ ချင်းပြည်နယ်နှင့်နီးသော် နေ့လုပ်နေ့စားအလုပ်အကိုင်ရှာဖွေနေရတာလည်း တစ်မျိုး (အဆင်ပြေသည့်အနေအထားသို့မရှိပါ)မြို့နယ်လူဦးရေကိုးသောင်းကျော်မှာ ရှစ်သောင်းကျော်သော လူဦးရေဟာ

ထောက်ပြချင်သည့်အချက်မှာ ဒေသထွက် စိုက်ပျိုးသီးနှံထွက် ဂမုန့် နှမ်း သရက် နနွမ်း ဂျင်း ဝဥ လိမ္မော် စသည်များ ဈေးကွက် တည်ငြိမ်မှုမရှိခြင်းနှင့် ဈေးကောင်းမရရှိခြင်းစိုက်ပျိုး မွေးမြူရေးအတွက် သက်သာထိရောက်သည့် ချေးငွေ စနစ် မရှိခြင်း စသည့်အခြေအနေအမျိုးမျိုးကြောင်း နေရပ်စွန့်ခွါကာ ပြည်တွင်း/ပ အလုပ်အကိုင် ရှာဖွေသူများပြားနေသည်ကို တွေ့မြင်ကြားသိနေရသည်။ ဒေသတစ်ခုအတွက် လမ်းပန်းဆက်သွယ်ရေး ပညာရေး ကျန်းမာရေး လမ်းတံတား အဆောက်အဦး များလည်းအရေးကြီးသလိုမိသားစု လူတစ်ဦးချင်း ၏ ဝင်ငွေသည်လည်း အလွန် အရေးကြီးအခန်းမှ ပါဝင်နေသည့်အတွက် သက်ဆိုင်ရာအစိုးရ၊ လွှတ်တော်တို့ အနေဖြင့် အလေးထား ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိသည်။

လမ်းတံတားနဲ့ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေး ဟန်ချက်ညီဖို့

ချင်းပြည်နယ်မှာ အလုပ်အကိုင်ခွင့်လမ်း ရှားပါးမှုကြောင့် ပြည်နယ်၏ လုပ်သားအင်အား အများစုသည် ပြည်မနှင့် နိုင်ငံခြားတိုင်းပြည်များသို့ ထွက်ခွါပြီး ရေကြည်ရာ မျက်နုရာ အလုပ်ကိုင်အခွင့်အလမ်းများ ရှာဖွေခဲ့ကြရသည်။ ထို့ကြောင့် ချင်းပြည်နယ်၏အဓိကလိုအပ်ချက်သည် လမ်းတံတားနှင့် အခြေခံအဆောက်အဦးကြီးများ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဒေသခံများ၏ အဓိကလိုအပ်ချက်ဖြစ်သော အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဒေသထွက်ကုန်များဖြစ်သော စိုက်ပျိုးမွေးမြူရေးမှာရရှိသော ထုတ်ကုန်များကို လျှင်မြန်ချောမွေ့စွာ ဈေးကွက်တင်နိုင်ရေးကိုလည်း အရေးကြီးပါသည်။ လမ်းတံတားတစ်ခုတည်း ဦးစားပေးပြီးဆောင်ရွက်ခဲ့လျှင် တစ်ခြားသော လူမှုရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများသည်လည်း အခြေခံလိုအပ်ချက်များဖြစ်ကြောင်းကိုလည်း နားလည်ဖို့ရန် လိုအပ်ပါသည်။ ချင်းပြည်နယ်ပြည်သူများ၏ အဓိကလိုအပ်ချက်များကို အစိုးရအနေနှင့် ဘက်စုံဖြည့်ဆည်းနိုင်ခြင်းသည်လည်း အရေးကြီးပါသည်။ ချင်းပြည်နယ်တွင် အလွန်အနိမ့်ကျခဲ့သော အလုပ်အကိုင်အခွင့်အလမ်းများ၊ ပညာရေးမြင့်တင်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုးရေး/ မွေးမြူရေး လုပ်ငန်းများနှင့် အခြားသော လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများသည်လည်း လုပ်ငန်းချင်းတွင် ဟန်ချက်ညီညီဖြစ်ဖို့ စဉ်းစားသင့်ပေသည်။

ချင်းပြည်နယ်၏ ဆင်းရဲမွဲတေမှု သုတေသနတစ်ခုတွင် မြို့နယ်အလိုက် ဦးစားပေးစေချင်သောလုပ်ငန်းများ ကွဲပြားခြားနှားမှုရှိသော်လည်း သာမာန်အားဖြင့် ညီမျှပါသည်။ UNDP အဖွဲ့က ၂၀၁၄ခုနှစ် လေ့လာဆန်းစစ်မှုတစ်ခုပြုလုပ် ခဲ့သည့်အပေါ် ထန်တလန်မြို့နယ်တွင် လျပ်စစ်မီးဦးစားပေးစေချင်သောသူ ၂၂{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24}၊ တွန်းဇံမြို့နယ်တွင် သန့်ရှင်းသောရေ ရရှိဖို့ ၃၉{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24}၊ ဖလမ်းမြို့တွင် ၂၇{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24}၊ မတူပီဒေသတို့တွင် လမ်းပမ်းဆက်သွယ်ရေးအတွက် ၁၃{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24} ရှိသည်ဟု အစီရင်ခံစာမှာ တွေ့ရှိရသည်။ ထို့ကြောင့် ကျေးလက်နေချင်းပြည်သူများ၏ အဓိကလိုအပ်ချက်သည် လမ်းပမ်းဆက်သွယ်ရေး လား၊ ဒါမှမဟုတ်ရင် ဘာပြဿနာဖြစ်သလဲဆိုတာလည်း စုံစမ်းဖော်ထုတ်ဖို့ လိုအပ်သည်။

UNDP ၏ လေ့လာတွေ့ရှိချက် အရ နေအိမ်အခြေအနေကိုကြည့်၍ ဆင်းရဲချမ်းသာမှုကိုတိုင်းတာချက်အရ ဆင်းရဲသောအိမ် ထောင်စုများသည် ချမ်းသာ သောအိမ်ထောင်စုများထက် အသက်မွေးဝမ်းကြောင်းစွန့်စားရမှုများ၊ စီမံအုပ်ချုပ် ရေးကိစ္စများကို ရရှိရေး အတားအဆီးများ ပိုမိုကြောင်းတွေ့ရသည်။ အများစုဖြစ်သော ၆၁{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24} သော ဖြေဆိုသူအိမ်ထောင်စုများသည် အဓိက ၀င်ငွေရ လုပ်ငန်းအဖြစ် “စိုက်ပျိုးရေး” အပေါ် မှီခိုနေကြသည်။ ဤနေရာတွင် သတိပြုစရာအချက်တစ်ခုမှာ ချင်းလူမျိုးအမြောက်အမြား ချင်းပြည်နယ်ပြင်ပတွင် ရောက်ရှိနေထိုင်နေခြင်းဖြစ်သည်။ အချို့ကခန့်မှန်းသည်မှာ မြန်မာနိုင်ငံ ပြင်ပတွင် ရောက်ရှိနေထိုင်သော ချင်းလူမျိုး ၂သိန်းခန့်အပါအ၀င် ချင်းလူမျိုး ၇သိန်းခန့် ချင်းပြည်နယ်ပြင်ပတွင် နေထိုင်သည်ဟု ဆိုသည်။

ချင်းပြည်နယ်၏ အဓိကစီးပွားရေးဖြစ်ပြီး စိုက်ပျိုးရေးကို အသက်မွေးဝမ်းကျောင်းအဖြစ် မှီခိုနေရသော ချင်းလူထုအတွက်လည်း အခရာကျပါသည်။ စိုက်ပျိုးရေးအတွက် အသေးစားထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် စီးပွားရေးဖွံ့ဖြိုးမှုနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ကျရေးတို့အတွက် အထောက်အကူပြုမည်ဖြစ်သည်။

လက်ရှိအနေအထားတွင် အိမ်ထောင်စုဝင်များသည် ရွှေ့ပြောင်းတောင်ယာစိုက်ရေးကို ကျင့်သုံးကြပြီး ၎င်းတို့မိသားစု ၀င်များ လိုအပ်သော စားနပ်ရိက္ခာကိုမူ လုံလောက်စွာ မထုတ်လုပ်နိုင်ကြပေ။ အုပ်ချုပ်ရေးဒေသ၀န်းကျင်တွင် လူဦးရေ တိုးပွားလာခြင်း၊ မြေလွတ်မြေရိုင်းဧရိယာများ နည်းပါးလာခြင်းနှင့် မြေဆီလွှာခမ်းခြောက်လာခြင်းတို့ကြောင်း ရိုးရာစိုက်ပျိုးနည်းစနစ်မှာလည်း အသုံးပြုမှုကျဆင်းလာပါသည်။ သို့ဖြစ်၍ သီးနှံအထွက်နှုန်းလျော့ကျပြီး ချင်းပြည်နယ်ရှိ အိမ်ထောင်စုဝင်များမှာ နှစ်စဉ် လပေါင်းများစွာ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်ကြရပါသည်။ ချင်းပြည်နယ်မှာ ယခုအခါ ၎င်းတို့၏ လိုအပ်ချက် ၃၀{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24}ကို ဖြည့်ဆည်းပေးနိုင်ရန် တင်ပို့သီးနှံနှင့် ပံ့ပိုးလှူဒါန်းသော ရိက္ခာတို့ကိုသာ အားထားနေရပါသည်။ အဆိုပါအခြင်းအရာမှာ ချင်းပြည်နယ်ရှိ ကျေးလက်ဒေသများအတွက် မြေပြန့်လွင်ပြင်တည်ဆောက်ပြီး သီးနှံစိုက်ပျိုးနည်းမှာ ကုန်ကျစရိတ်များပြားလွန်းခြင်းကြောင်းနှင့် အထွက်နည်းခြင်းတို့ကြောင့် အစားထိုးရွေးချယ်စရာစီးပွားရေးအဖြစ် ရွေးချယ်ရန် မသင့်တော်ပေ။

ထို့ကြောင့် တခြားသင့်တော်သော လုပ်ငန်းခွန်ဒေသနှင့်ကိုက်ညီသော ကုန်ထုတ်လုပ်မှုမျိုးများကို ဖန်တီးပေးရန်လည်း အရေးကြီးပါသည်။ ချင်းပြည်နယ်ရှိ ကျေးလက်နေပြည်သူများ၏ အဓိကအခက်အခဲမှာ အလုပ်အကိုင် အခွင့်အလမ်း ဖြစ်သည်ဟု စာရေးသူသုံးသပ်မိသည်။ လက်ရှိချင်းပြည်နယ်တွင် လူဦးရေ ၄သိန်းကျော်ရှိပြီး ချင်းပြည်နယ်ပြင်ပ ကလေးမြို့နယ်တစ်မြို့နယ်တည်းတွင် ချင်းလူဦးရေ စုစုပေါင်း ၁၅၅၆၆၉ (ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာန ၂၀၁၇ အစီရင်ခံစာ) ကြည့်ခြင်းအားဖြင့် ချင်းပြည်နယ်အတွင်း နေထိုင်သော ချင်းလူမျိုးများထက် ချင်းပြည်နယ်ပြင်ပရောက် ချင်းလူမျိုးများ ပိုမိုများပြားကြောင်း တွေ့ရသည်။

ထို့ကြောင့် ချင်းလူမျိုးထဲတွင် Migrant ပြသနာသည်လည်း အရေးကြီးသော ပြသနာတစ်ခုဖြစ်ရသည်။ ချင်းပြည်နယ်ပြင်ပသို့ ချင်းလူမျိုးအများစု ရောက်ရှိခြင်း၏ အဓိကအကြောင်းရင်းမှာ အလုပ်အကိုင်အခွင့်အလမ်းများကြောင့် ဖြစ်သောကြောင်း အစိုးရအနေဖြင့် မိမိချင်းပြည်နယ်ထဲတွင် လမ်းပမ်းဆက်သွယ်ရေးဦးစားပေးသကဲ့သို့ တခြားအခွင့်အလမ်းများဖြစ်သော ကုန်ထုတ်လုပ်မှု၊ ခေတ်သစ်စိုက်ပျိုးရေးစနစ်နှင့် ဈေးကွက်ရှာဖွေရေးလုပ်ငန်းများကိုလည်း ဖော်ဆောင်ပေးခဲ့ရန် အရေးကြီးပါသည်။ ထို့ကြောင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်သော ချင်းပြည်နယ်ဖြစ်ဖို့အလို့ငှာ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ဟန်ချက်ညီညီဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ဖို့ရန် အရေးကြီးကြောင်း တင်ပြအပ်ပါသည်။

Share.

About Author

Leave A Reply

*

code