ပထမဆုံးအကြိမ် ချင်းပြည်နယ် ဆို က ရေး တီး ပြိုင်ပွဲတွင် မတူပီမြို့နယ်မှ ဆု အများဆုံးရရှိ

0

ယခုလ အောက်တိုဘာ ၁၄- ၁၅ ရက်အတွင်း ချင်းပြည်နယ်မြို့တော် ဟားခါး မြို့တော်ခန်းမတွင် ကျင်းပသည့် ချင်း ဆိုက ရေးတီး ပြိုင်ပွဲတွင်  ပထမဆုကို မတူပီမြို့နယ် မှ အများဆုံး ရရှိကြောင်း သတင်းရရှိသည်။

ပြိုင်ပွဲတွင် ချင်းရိုးရာ ၀ါးညှပ်အက၊ သံစုံသီချင်း၊ အဖွဲ့လိုက် အတီးပြိုင်ပွဲ၊  တဦးချင်း အကပြိုင်ပွဲ၊ တဦးချင်း ကျားမ အလိုက် အဆိုပြိုင်ပွဲ၊တဦးချင်း အတီးပြိုင်ပွဲ တို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ပလက်ဝမြို့ နယ်က လွဲပြီး ကျန် ၈ မြို့နယ်မှ အနုပညာရှင်များ ပါဝင်ကြကြောင်း သိရသည်။

ဝါးညှပ်အက၊ အဖွဲ့လိုက် သံစုံသီချင်း၊ အဖွဲ့လိုက် အတီးပြိုင်ပွဲ၊ တဦးချင်း မ အဆိုပြိုင်ပွဲအနက် ပထမဆုကို မတူပီမြို့နယ်မှ အနုပညာရှင်များက ဆွတ်ခူးသွားပြီး ဒုတိယ ဆုကို မင်းတပ်မြို့နယ်မှ ရရှိသွားကြသည်။

ပြိုင်ပွဲသို့ နယ်စပ်ဒေသလုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး အပါအ၀င်၊ လူမှုရေးဝန်ကြီး၊ စိုက်ပျိုးရေးဝန်ကြီးတို့ တက် ရောက်ကြောင်း ထပ်မံသိရသည်။

ယခု ကျင်းပသည့် ဆိုကရေးတီး ပြိုင်ပွဲမတိုင်ခင် မတူပီမြိုနယ်တွင်  မြို့ နယ်အဆင့် အဆိုအက ပြိုင်ပွဲကို ယခုနှစ် စက်တင် ဘာလ (၁) ရက်နေ့ က ကျင်းပခဲ့ခြင်းဖြစ်သည်။

မတူပီမြို့  ဘုံတလာခန်းမဆောင်တွင် ကျင်းပပြုလုပ်သော အဆိုအက ပြိုင်ပွဲကို ချင်းပြည်နယ် ဗျူဟာ (၂)၊ ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီး ဟန်သူက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ယင်းပြိုင်ပွဲကို မြို့ နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး ကျင်းပပေးခြင်းဖြစ်သည်။

Share.

About Author

Comments are closed.