ပလက်ဝမြို့နယ် သံထောင်ကျေးရွာအုပ်ချူပ်ရေးမှူးနှင့် ရဲစခန်းမှူးကို AA တပ်ဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွား

0

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ဖုန်လောင်းဒေသ၊ သံထောင်ကျေးရွာအုပ်ချူပ်ရေးမှူးနှင့် ရဲစခန်းမှူးတို့ကို ရခိုင်လက်နက်ကိုင် (AA) တပ်ဖွဲ့မှ ယနေ့နံနက်ပိုင်းက ဖမ်းဆီးခေါ်သွားသည်ဟု ပလက်ဝမှလာသောသတင်းအရ သိရသည်။

ရခိုင်လက်နက်ကိုင် (AA) တပ်ဖွဲ့သည် ယနေ့နံနက်ပိုင်း (၃) နာရီခန့်က သံထောင်ကျေးရွာရဲစခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး အုပ်ချူပ်ရေးမှူးနှင့် စခန်းမှူးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ပလက်ဝ အရပ်ဖက်အဖွဲ့အစည်းမှ ဦးဆောင်သူတစ်ဦးကပြောတယ်။

“ရဲစခန်းကို ၀င်တိုက်တာ၊ လူအသေအပျောက်တော့မရှိဘူး၊ စခန်းမှူးနဲ့အုပ်ချူပ်ရေးမှူးကို ဖမ်းခေါ်သွားတယ်’’ ဟု ၎င်းကပြောသည်။

သံထောင်ကျေးရွာသည် ချင်းအနွယ်ဝင်းများဖြစ်သော ဒိုင်၊ လေးတူ၊ ဟဲတွီ မျိုးနွယ်စုများနေထိုင်သည့် ကျေးရွာဖြစ်ပြီး လူဦးရေ (၁၀၀) ကျော်ခန့်ရှိသည်ဟု သိရသည်။

Share.

About Author

Leave A Reply

*

code