Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝ၏ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အဟန့်အတားမလုပ်ဖို့ AA ကို ချင်းအရပ်ဖက် လူမှုအဖွဲ့အစည်းကွန်ယက်တောင်းဆို

ပလက်ဝ၏ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း အဟန့်အတားမလုပ်ဖို့ AA ကို ချင်းအရပ်ဖက် လူမှုအဖွဲ့အစည်းကွန်ယက်တောင်းဆို

0
By Editor on May 1, 2019 Headline

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်၏ တည်ငြိမ်အေးချမ်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဟန့်အတားဖြစ်စေသော လုပ်ရပ်များကို လုံးဝပြုလုပ်ခြင်းမပြုရန် ရခိုင်​လက်နက်ကိုင်တပ်ဖွဲ့ (AA) ကို ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်က ယနေ့တောင်းဆိုလိုက်သည်။

ချင်းတိုင်းရင်းသားများနှင့် ရခိုင်တိုင်းရင်းသားများသည် ရှေးယခင်ကတည်းက ချစ်ခင်ရင်းနှီးစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့ကြသည်ကို အသိအမှတ်ပြုပြီး ပလက်ဝမြို့နယ်တွင် AA လက်နက်ကိုင်အဖွဲ့၏ လုပ်ရပ်များကို နားလည်သည်းခံခဲ့ကြသော်လည်း ပလက်ဝ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အဟန့်အတားဖြစ်စေသည့် လုပ်ရပ်များ ပြုလုပ်လာသည့်အတွက် နောင်တွင် လုံးဝပြုလုပ်ခြင်းမပြုရန် ယနေ့နေ့စွဲဖြင့်ထုတ်ပြန်သော ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

“AA က ချင်းပြည်နယ်ကို မတည်ငြိမ်အောင်လုပ်နေတယ်၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း အဟန့်အတားဖြစ်စေတယ်၊ ကျနောတို့လိုလားတာက ချင်းပြည်နယ်တည်ငြိမ်းအေးချမ်းရေးဖြစ်တယ်၊ အထူးသဖြင့် ပလက်ဝဒေသက ဝေးလံခေါင်းပါးတဲ့ဒေသဖြစ်တယ်၊ ဖွံ့ဖြိုးရေးစီမံကိန်းတွေ များများလုပ်ပေးဖို့ လိုအပ်နေတဲ့အချိန်မှာ မြစ်ကူးတံတားကိစ္စတွေ၊ ဘက်စုံစီမံကိန်းတွေလုပ်နေတဲ့အချိန်မှာ အဟန့်အတားဖြစ်စေတဲ့ကိစ္စကို ကျနော်တို့ လုံးဝမလိုချင်ဘူး၊ AA က ချင်းပြည်နယ်ကို အနှောက်အယှက်မပေးဖို့ တောင်းဆိုပါတယ်’’ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက် ဦးဆောင်သူ ဦးယာကုတ်ထန်ကပြောသည်။

AA တပ်ဖွဲ့သည် ပြီးခဲ့သည့် မတ်လအတွင်းက ပလက်ဝမြို့တွင် တည်ဆောက်လျက်ရှိသော ကုလားတန်မြစ်ကူးတံတာအတွက် အသုံးပြုမည့် တံတားသံဘောင် တန်ချိန် (၃၀၀) ကျော်တင်ဆောင်လာသည့် သင်္ဘောကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော နယ်စပ်ကားလမ်းဖောက်လုပ်သည့် ဆုထူးစံကုမ္ပဏီဝန်ထမ်း (၈) ဦးကိုလည်း ဖမ်းဆီးခဲ့သည့်အတွက် လုပ်ငန်းများ ယာယီရပ်ဆိုင်းထားရသည့် အနေအထားဖြစ်နေသည်။

ပလက်ဝမြို့နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရမှ ကြိုးပမ်းဆောင်ရွက်ပေးရန်နှင့် AA နှင့် တပ်မတော်အကြားတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးဒုက္ခသည်များကိုလည်း လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဆက်လက်ထောက်ပံ့ပေးကြရန် ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်ကတောင်းဆိုထားသည်။

ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်သည် ​၂၀၁၄ ခုနှစ်က အဖွဲ့ဝင်ပေါင်း (၁၀၀) ကျော်ဖြင့် ဖွဲ့စည်းသည့်အဖွဲ့အစည်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တိုက်ပွဲကြောင့် တီးတိန် စစ်ဘေးရှောင် ၁၀၀၀ ကျော် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါများ လိုအပ်နေ

ULA/AA က ဖမ်းဆီးပြီး စစ်သင်တန်းပို့သည့် ချင်းကျောင်းသား/သူနှင့် လူငယ် ၆၃ ဦးကို ပြန်လွှတ်ပေးရန် CPSC တောင်းဆို

ချင်းတောင်သို့ အင်အားရာချီနှင့်တက်လာသော စစ်တပ်ကို CC နှင့် CB တို့ ပူးပေါင်းစုဖွဲ့ခုခံနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.