Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တိုက်ပွဲများရပ်တန့်ရန် ချင်းလူထုက ရန်ကုန်တွင် ဆန္ဒပြ

တိုက်ပွဲများရပ်တန့်ရန် ချင်းလူထုက ရန်ကုန်တွင် ဆန္ဒပြ

0
By Editor on July 15, 2019 Headline

ချင်းပြည်နယ် ပလက်ဝမြို့နယ် နှင့် ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(အေအေ) တို့ တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်ရန်နှင့် စစ်ဘေးရှောင်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရန် ချင်းလူထု (၂၀၀) ကျော်က ရန်ကုန်မြို့တွင် ဇူလိုင်လ ၁၃ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

စစ်ဘေးရှောင်ချင်းတိုင်းရင်းသားများအရေးလှုပ်ရှားမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဇူလိုင်လ ၁၃ ရက် ၁၁ နာရီကစ၍ ရာနှင့်ချီသော ချင်းလူထုတို့သည် “ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများရပ်’’၊ Save the Paletwa၊ ပလက်ဝ သည်ချင်းပြည်၊ ဖမ်းဆီးခံ ချင်းတိုင်းရင်းသားများပြန်လွှတ်ပေးရေး စသည့် ပိုစတာများ၊ ချင်းပြည်နယ်အလံများကိုင်ဆောင် ကာ ရန်ကုန်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ထို့နောက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် လူထုဟောပြောပွဲများပြုလုပ်ခဲ့ကြရာ စစ်ဘေးရှောင်ချင်းတိုင်းရင်း သားများအရေးလှုပ်ရှားမှုကော်မတီ၏ တာဝန်ခံတစ်ဦးဖြစ်သည့် ဆလိုင်းကျဲအိုဘိခ်ထောင်းက “ ကျနော်တို့က နှစ်ဖက်စလုံး(တပ်မတော်နဲ့အေအေ)ကိုပြောချင်တယ်၊ တချို့တွေကပြောပါလိမ့်မယ် ဒါက ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့လောက်မဆိုးရွားပါဘူး ချင်းပြည်နယ်က ခံသာသေးပါတယ်လို့ပြောတဲ့သူလည်းရှိပါတယ်၊ သို့သော်လည်းပဲ ကျနော်တို့ခံစားနေတဲ့အနေအထားက မတူဘူး နှိုင်းယှဉ်လို့မရဘူး ကျနော်တို့ဒေသမှာဖြစ်နေတဲ့ဟာက ကျနော်တို့မမွှေးတဲ့မီးက ကျနော်တို့ကိုလောင်နေတာ ကျနော်တို့မဖွတဲ့အမှိုက်ကိုရှင်းနေရတယ်၊ ကိုယ်လုပ်တာ ခံရတာဟာ ခံသာတယ်၊ အခုကျနော်တို့က ကိုယ်လုပ်တဲ့စစ်မီးမဟုတ်တဲ့ဒဏ်ခံရတာ ပိုပြီးတော့ခံစားရပါတယ်၊ ပိုပြီးတော့နစ်နာရပါတယ်’’ ဟု ပြောကြားခဲ့သည်။

ဆန္ဒဖော်ထုတ်သူများအနေဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရေး၊ အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့ ချူပ်ဆိုသော ပြည်ထောင်စုအဆင့် သဘောတူစာချူပ် အပိုဒ် (၈) (ဂ) ပါအတိုင်း အကောင်အထည်ဖော်ပေးရေး၊ အေအေအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ချင်းတိုင်းရင်းသားများအား အမြန်ဆုံးပြန်လွှတ်ပေးရေး၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအ၀င် တနိုင်ငံလုံးတွင် တိုက်ပွဲများအမြန်ဆုံးရပ်တန့်ပေးရေး၊ တိုက်ပွဲများအစား နိုင်ငံရေးဆွေးနွေးပွဲများအမြန်ဆုံးဖော်ဆောင်ပေးရေးနှင့် စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများအမြန်ဆုံးရရှိရေး စသည်တို့ တာင်းဆိုခဲ့ကြသည်။

အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့ ချူပ်ဆိုသော ပြည်ထောင်စုအဆင့် သဘောတူစာချူပ် အပိုဒ် (၈) (ဂ) တွင် ချင်းပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ချင်းအမျိုးသားတပ်မတော်မှလွဲ၍ မည်သည့်တပ်ဖွဲ့မှ အခြေချလှုပ်ရှားခွင့်မရှိစေရဟု ပါရှိသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့တို့သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု ကြောင့် ပြည်သူ (၃၀၀၀) ခန့်တို့သည် နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်နေကြရပြီး လူသားချင်းစာနာထောက်ထားမှုလည်း လုံလုံလောက်လောက်မရရှိကြပေ။

Photo Credit: The Chin Journal

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.