Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခရစ်ယာန်အမှုတော်ဆောင်ဆရာများ၏ ညှိနှိုင်းပေးမှုကြောင့် ဟားခါးကျူးကျော်အိမ်များ ဖျက်သိမ်းမည့်ရက် နောက်ဆုတ်

ခရစ်ယာန်အမှုတော်ဆောင်ဆရာများ၏ ညှိနှိုင်းပေးမှုကြောင့် ဟားခါးကျူးကျော်အိမ်များ ဖျက်သိမ်းမည့်ရက် နောက်ဆုတ်

0
By Editor on August 9, 2019 Headline

By လားနွန် – ဟားခါးမြို့မြို့သစ်စီမံကိန်းဧရိယာတွင် အစိုးရခွင့်ပြုချက်မရှိပဲတည်ဆောက်ထားသည့် နေအိမ်များကို ယနေ့သြဂုတ်လ (၉) ရက်နေ့၌ အင်အားသုံးပြီး ဖျက်သိမ်းရန် စီစဉ်ထားသော်လည်း ခရစ်ယာန်အမှုတော်ဆောင်ဆရာများအဖွဲ့၏ တောင်းဆို မှုကြောင့် သြဂုတ်လ ၁၉ ရက်နေ့သို့ နောက်ဆုတ်လိုက်သည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ကျွန်တော်တို့ သြဂုတ်လ (၉) ရက်နေ့ကို ပထမလုပ်ဖို့စီစဉ်ထားတာ အခုကျွန်တော်တို့ဆီက ဒီဆရာတော်ကြီးတွေ ပါစတာနဲ့ သိက္ခာတော်ရဆရာတော်ကြီးတွေက ဂုဏ်းပေါင်းစုံလာပြီး ၀န်ကြီးချုပ်နဲ့ ဆွေးနွေးတဲ့အတွက် အဲဒါလေးနည်းနည်းလေးနောက်ဆုတ်လိုက်တာ အခု သြဂုတ်လ (၁၉) ရက်နေ့နောက်ဆုံးသတ်မှတ်လိုက်တာ ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတာတော့ ဒီချိန်မှာပြောရင် အငြင်းပွားမှုဖြစ်လိမ့်မယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ဧက ၆၇၆ ကျယ်ဝန်းသော ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဟားခါးမြို့သစ်စီမံကိန်းအကောင်အထည်ဖော်ဆောင်သ ည့်နေရာတွင် ခွင့်ပြချက်မရှိဘဲ နေအိမ်ဆောက်သူများအနေဖြင့် အစိုးရသတ်မှတ်ထားသည့်ရက်အတွင်းမှာ မိမိဘာသာ နေအိမ်များဖျက်ပြီး မထွက်သွားပါက အင်အားသုံးဖယ်ရှားရန် ချင်းပြည်နယ်အစိုးရအဖွဲ့က စီစဉ်နေခြင်းဖြစ်သည်။

ဟာခါးမြို့သစ်စီမံကိန်းမြေနေရာသည် ဟားခါးမြို့မှ ထန်တလန်မြို့သွားကားလမ်းနဘေး ဂေါက်ကွင်းအနီးတွင် အကောင်ထည်ဖော်ဆောင်ခြင်းဖြစ်ပြီး နဂိုက လူနေအိမ် (၈) လုံးသာရှိပြီး စီမံကိန်းစတင်အကောင်ထည်ဖော်ကာ လမ်းများစဖောက်လုပ်သည့်နောက်ပိုင်း တဖြည်းဖြည်းနှင့် ပြောင်းရွှေ့အခြေချနေထိုင်သူများလာပြီး လက်ရှိတွင် အိမ်ခြေ (၁၃၅) လုံးရှိနေပြီဖြစ်ကြောင်း ၀န်ကြီးကပြောသည်။

သို့သော်လည်း အိမ်ဆောက်ပြီးနေထိုင်သူများက ၎င်းတို့နေထိုင်သည့်နေရာသည် ဘိုးဘွားပိုင်မြေများဖြစ်ကြောင်း သူတို့အား ညှိနှိုင်းတိုင်ပင်မှုမရှိဘဲ ချင်းပြည်နယ်အစိုးရအဖွဲ့က မြေလွတ်၊မြေလပ်၊ မြေရိုင်းဥပဒေဖြင့် သိမ်းယူသွားခြင်း ဖြစ် သည်ဟု ဆိုကာ ထိုနေရာမှ ထွက်ခွါရန် ငြင်းဆန်ကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့ကလည်း ဟားခါးမြို့တွင် ဒေသခံပြည်သူ ၇၀ ကျော်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

(Photos Credit – The Chinland Post)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.