Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မဏိပူရ ရေအားလျှပ်စစ်စီမံကိန်း ပြန်စမည်

မဏိပူရ ရေအားလျှပ်စစ်စီမံကိန်း ပြန်စမည်

0
By Editor on January 14, 2020 Khonumthung

By လားနွန် – ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ ရပ်နားထားသော မဏိပူရရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်အကောင်အထောင်ဖော်ဆောင်ရန် စီစဉ်လျက်ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ သန်း (၂၀၀) ကျော်ချထားသည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ဒီမဏိပူရမြစ်ရေအားလျှပ်စစ်ကိုအကောင်အထည်ဖော်ဖို့ သင့်မသင့်နဲ့ မြေပြင်မှာတွေ့ရှိချက်တွေ အဲဒါလေးတွေကို သုံးသပ်တယ် အဲဒီပေါ်မှာ ကျနော်တို့ နောက်ထပ် နောက်တစ်ကြိမ်ကို ဒီလထဲမှာပဲ အလုပ်ရုံဆွေးနွေးပွဲပြန်ခေါ်အုံးမယ် အဲဒီသုံးသပ်ချက်ပေါ်မူတည်ပြီးမှ နောက်တစ်ကြိမ်ဆွေးနွေးချက်ကျမှပဲ အတည်ပြုပြီးတော့ နိုင်ငံတော်အစိုးရ ပြည်ထောင်စုအစိုးရကိုတင်ပြဖို့ဖြစ်ပါတယ်၊ ဒါပေမဲ့ ၂၀၁၉ – ၂၀၂၀ ဘက်ဂျက်မှာတော့ ပြည်ထောင်စုဘက်ဂျက်အနေနဲ့ ကျနော်တို့ ရှေ့ဆက် ဘက်ဂျက်အနေနဲ့ သန်း ၁၉၇ သန်းထည့်ထားတယ် ဆည်မြောင်းအနေနဲ့ သန်း (၅၀) ထည့်ထားတယ် အခုဒီ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးမှာ အဲဒီဟာတော့ ကျနော်တို့ ဒီနှစ်အတွင်းမှာထည့်ထားတဲ့ ဘက်ဂျက်အတိုင်းတော့ အကောင်ထည်ဖော်ဆောင်ရွက်နေမှာပေါ့ အခုက ကြီးကြီးမားမားနဲ့ ဒီစီမံကိန်းပြီးအောင်လုပ်မယ် အစီအစဉ်အတွက်ကတော့ အသေးစိတ်ပြန်ဆွေးနွေးဖို့လုပ်နေတယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

မဏိပူရရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘက်ဂျက်ဖြင့် ၂၀၀၄ ခုနှစ်မှစတင်ကွင်းဆင်းလေ့လာကာ ၂၀၀၉ ခုနှစ်ကစ၍ လုပ်ငန်းစတင်ခဲ့ကြပြီး ၁၉.၅၇ ရာခိုင်နှုန်းကျော်ပြီးစီးခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် ရပ်နားခဲ့ကြခြင်းဖြစ်သည်။

လျှပ်စစ်မိဂါဝဘ် (၃၈၀) ခန့်ထုတ်လုပ်နိုင်မည့် မဏိပူရရေအားလျှပ်စစ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း (၈၀၅) ခန့်ကုန်ကျမည်ဖြစ်ကာ မြန်မာကျပ်ငွေ ဘီလီယံ (၁၂၀၀) ကျော်ခန့်ရှိသည်။

ယင်းစီမံကိန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ကမ္ဘားနီ တံတား အထက်ဘက် ၂.၅ မိုင်ခန့်အကွာ၊ ဆည်တော် ရွာအနီး ချင်းပြည်နယ် မဏိပူရမြစ်ပေါ်တွင် တည်ရှိသည်။

မဏိပူရရေအားလျှပ်စစ် စီမံကိန်းသည် စိန်အင်တာပရိုက်ကုမ္ပဏီ၊ China Harbour Engineering ကုမ္ပဏီလီမိတက်တို့နှင့် တွဲပြီး ယခင်ကကွင်းဆင်းလေ့လာရင်း MOU (နားလည်မှု စာချွန်လွှာ) ထိုးပြီးနောက် ရပ်တန့်ခဲ့သည်ဟု ၀န်ကြီးဦးစိုးထက်က ပြောသည်။

ယခုပြန်လုပ်မည်ဆိုပါက  စိုက်ပျိုးဆည်မြောင်းဝန်ကြီးနှင့် လျှပ်စစ်ဌာနမှတာဝန်ယူပြီးလုပ်ဆောင်မည်လား၊ ဒါမှမဟုတ်  စိန်အင်တာပရိုက်ကုမ္ပဏီ၊ China Harbour Engineering ကုမ္ပဏိများကို တာဝန်ပေးမလားဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးနေဆဲဖြစ်ကြောင်းဝန်ကြီးကဆက်ပြောသည်။

ဝန်ကြီး ဦးစိုးထက်က “အခုလျှပ်စစ်ဓာတ်အားက ကျနော်တို့ ချင်းပြည်နယ်မှာလည်းလိုတယ် စစ်ကိုင်းတိုင်းတို့ မကွေးတိုင်းတို့လည်းလိုအပ်တာပဲ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုက (၅၀) ရာခိုင်နှုန်းပဲရှိသေးတာလေ အဲဒီအတွက်ကိုကျနော်တို့ ဒီချင်းပြည်နယ်တစ်ခုတည်းအတွက်မဟုတ်ပဲနဲ့ စစ်ကိုင်းတိုင်း မကွေးတိုင်း အားလုံး ပြည်ထောင်စု မဟာဓာတ်အားလိုင်း ထဲကိုထည့်ပြီးမှအသုံးပြုမယ့်စီမံကိန်းဖြစ်တယ်” ဟု ပြောသည်။

ချင်းပြည်နယ် မြစ်ချောင်းများစောင့်ကြည့်အရေးအဖွဲ့ (Chin River Watch) အဖွဲ့မှ အတွင်းရေးမှူး ဦးမန်ဇခုပ်ကတော့ ပြည်သူလူထုထိခိုက်မှုနည်းနိုင်သမျှနည်းအောင်နှင့် အစိုးရအနေဖြင့် တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိရန်လိုအပ်ကြောင်းပြောဆိုပါသည်။

“ဒီစီမံကိန်းကြောင့် ဘာတွေထိခိုက်နိုင်သလဲ အဲဒီထိခိုက်နိုင်တဲ့အပေါ်မှာ အစိုးရက ဘယ်လို စီမံကိန်းတွေရေးဆွဲပေးမလဲပေါ့ နောက်တစ်ခုကဘာလဲဆိုတော့ အဲဒီရေကာတာမှရရှိလာတဲ့ အကျိုးဆက်တွေကျေးဇူးတွေက ဘယ်သူတွေကခံစားမလဲဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ် ချင်းပြည်နယ်ကစီမံကိန်းတွေက ဘယ်လိုဖြစ်နေလဲဆိုရင် ချင်းပြည်နယ် တစ်ခုတည်းမှာလည်းမဟုတ်ပါဘူး တစ်နိုင်ငံလုံးမှာပေါ့ ပြည်သူလူထုက အထိခိုက်ပဲခံပြီးမှ အကျိုးခံစားခွင့်တွေကိုမရဘူးဆိုတာများတယ် အဲဒီတော့ ရေကာတာ တည်ဆောက်မယ်ဆိုရင်တော့ အစိုးရအနေနဲ့ပြည်သူတွေကိုထိခိုက်မှုမရှိစေတဲ့ ထိခိုက်မှုဖြစ်ရင်တောင်မှ ပြည်သူတွေရဲ့ထိခိုက်မှုကိုတာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ဆောင်ရွက်ပြီးမှသာ အကောင်ထည်ဖော်စေချင်ပါတယ်” ဟု ဦးမန်ဇခုပ်ကပြောသည်။

ချင်းပြည်နယ်တွင် ရေအားလျှပ်စစ်စီမံကိန်းအကြီးအစားနှစ်ခုရှိပြီး ပထမမှာ မြန်မာနိုင်ငံအတွင်း ဒုတိယအကြီးဆုံး ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် ပလက်ဝမြို့နယ် လေးမြို့မြစ်ရေအားလျှပ်စစ် စီမံကိန်းဖြစ်ပြီး ၆၂၂ မီဂါဝပ်ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ဒုတိယမှာ ယခုမဏိပူရရေအားလျှပ်စစ် စီမံကိန်းဖြစ်သည်။ လက်ရှိချင်းပြည်နယ်၏ လျှပ်စစ်မီးရရှိမှုပမာဏမှာ (၂၇) ရာခိုင်နှုန်းခန့်သာရှိသေးပြီး ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ ကန်ပလက်နှင့် မင်းတပ်မြို့တို့တွင်သာ မဟာဓာတ်အားလိုင်းဖြန့်ဖြူးနိုင်သေးပြီး တီးတိန်၊ တွန်းဇံ၊ ပလက်ဝနှင့် မတူပီစသည့်မြို့များတွင် မဟာဓာတ်အားလိုင်း မရရှိသေးကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လိုင်လင်းပီမြို့ အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူးရာထူးနေရာများ ခေါ်ယူနေ

ချင်းပြည် (Chinland) အစိုးရမှ သူနာပြုနှင့်သားဖွားပညာဒီပလိုမာ ဒုတိယအသုတ် ခေါ်ယူ

CNDF နှင့် CDF-Hualngoram အကြား ထိတွေ့မှုဖြစ်ပွား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.