Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မြန်မာကွမ်းသီးများ အိန္ဒိယဘက်သို့တင်ပို့ခွင့်ပိတ်ပင်မှုကြောင့် မီဇိုရမ်ပြည်သူများ ဆန္ဒဖော်ထုတ်

မြန်မာကွမ်းသီးများ အိန္ဒိယဘက်သို့တင်ပို့ခွင့်ပိတ်ပင်မှုကြောင့် မီဇိုရမ်ပြည်သူများ ဆန္ဒဖော်ထုတ်

0
By Editor on January 21, 2020 Headline

အိန္ဒိယ-မြန်မာအမှတ်(၂) နယ်စပ်ကုန်သွယ်ရေးစခန်း ရိ-ဇိုခေါထားမှတဆင့် မြန်မာကွမ်းသီးများ မီဇိုရမ်ပြည်နယ်ဘက်သို့ တင်ပို့ခွင့်အား ဇိုခေါထားအခြေစိုက် အာသံရိုင်ဖယ် (Assam Rifle) တပ်ဖွဲ့မှ တားဆီးပိတ်ပင်မှုကို မကျေနပ်သည့်အတွက် ဇိုခေါထားပြည်သူလူထုများသည် ယမန်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ချင်းပြည်နယ် ရိခေါဒါရ်မြို့ နယ်စပ်ကုန်သွယ်ရေးဂိတ်မှတဆင့် မီဇိုရမ်ပြည်ဘက်သို့ ပုံမှန်တင်ပို့လေ့ရှိသည့် ကွမ်းသီးအစို အခြောက်များကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလကတည်းကစ၍ ယနေ့ချိန်ထိ အာသံရိုင်ဖယ်တ ပ်ဖွဲ့က ပိတ်ပင်ခဲ့ ခြင်းဖြစ်သည်။

ထိုကဲ့သို့ ရက်ရှည်လများပိတ်ပင်လာခြင်းကြောင့် နယ်စပ်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများထိခိုက် လာပြီး အာသံရိုင်ဖယ်တပ်ဖွဲ့ကို ဇိုခေါထားကျေးရွာမှ ပြောင်းရွှေ့ရန် ဒေသခံပြည်သူများက ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြ ခြင်းဖြစ်သည်။

“အရင်တုန်းကတော့ ကွမ်းသီးတွေကို နယ်စပ်ဂိတ်ကနေ ဟိုဘက် (ဇိုခေါထား) ဘက်ကို ကားနဲ့သွားချရတယ်၊ အဲဒီမှာ ဇိုခေါထားပြည်သူတွေက အိန္ဒိယဘက်သို့သွားမယ့် ကားပေါ်မှာပြန်တင်တယ်ပေါ့နော် ကုန်တင် ကုန်ချလုပ်ငန်းက အဆင်ပြေတယ် ဒါပေမယ့် ခုတော့ အာသံရိုင်ဖယ်တပ်က မြန်မာကွမ်းသီးတွေအ၀င်မခံတော့ဘူးလေ လနဲ့ချီရှိပြီလေ ဇိုခေါထားပြည်သူတွေအလုပ်အကိုင်မရှိကြတော့ စားဝတ်နေရေးခက်ခဲလာကြတယ်လေ အဲဒါကြောင့် သူဆို့ဆန္ဒပြကြတာ” ဟု ရိခေါဒါရ်တွင်နေထိုင်သည့် ကွမ်းသီးကုန်သည်တစ်ဦးကပြောသည်။

ယခုလက်ရှိတွင် အာသံရိုင်ဖယ်တပ်ဖွဲ့မှ ကွမ်းသီးများတင်ပို့သည့် ကုန်တင်ကားအစီး (၄၀) ခန့် ဖမ်းဆီးထားဆဲဖြစ်ပြီး  မြန်မာနိုင်ငံသားများပိုင်ဆိုင်သည့်ကား (၉) စီးလည်းပါဝင်ကာ အကုန်လုံးပြန်လွှတ်ပေးရန်လည်း ဇိုခေါထားပြည်သူများက တောင်းဆိုခဲ့ကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်ရဲမှူး Pu Zarzoliana Vanchhawng သည် အာသံရိုင်ဖယ်တပ်ဖွဲ့၊ ဇိုခေါထားပြည်သူများနှင့် ယမန်နေ့ကတွေ့ဆုံ၍ ရိ-ဇိုခေါထားကုန်သွယ်ရေးမှတဆင့် ကွမ်းသီးနှင့် ဓာတ်မြေသြဇာတင်သွင်း မှုသည့် တရားမ၀င်သည့်အတွက် ကန့်သတ်ပိတ်ပင်ရန်လိုအပ်ကြောင်း၊ ဓာတ်မြေသြဇာကို မီဇိုရမ်ပြည်နယ်မှ တင်ပို့ခွင့်ပိတ် ပင်ထားပြီး မြန်မာဘက်က ကွမ်းသီးများကိုလည်း မီဇိုရမ်ပြည်နယ်သို့ တင်သွင်းခွင့်ကို အထက်အာဏာပိုင်များက ပိတ်ပင် ထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

သို့သော်လည်း ကွမ်းသီးများတင်ပို့သည့် ကုန်သည်များအနေဖြင့် သတ်မှတ်ထားသည့်အခွန်များကို ဥပဒေအတိုင်း အခွန်ပေးဆောင်ပါက တင်သွင်းခွင့်ရှိသည်ဟု ကျန်ဖိုင်းခရိုင်ရဲမှူးကပြောသည်။

ချင်းပြည်နယ် ရိခေါဒါရ်-ဇိုခေါထာရ် နယ်စပ်ကုန်သွယ်ရေးစခန်းသည် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးတွင် အဓိကအရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ လူသုံးကုန်၊ စားသုံးကုန်၊ အိမ်သုံးပစ္စည်းများ၊ ကွမ်းသီးနှင့် ၀က် စသည်တို့ ကို အဓိကတင်ပို့ကြသည်။

ယခုလောလောဆယ်တွင် ကွမ်းသီးနှင့် ဆေးလိပ်ကိုသာ အဓိကပိတ်ပင်ထားပြီး အခြားသော လူသုံးကုန်၊ စားသုံးကုန်၊ အိမ်သုံးပစ္စည်းများကိုမူခွင့်ပြုထားပြီး အိန္ဒိယဘက်မှ ဓာတ်မြေသြဇာလည်း အ၀င်အထွက်မရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကွယ်ရေး အင်အားတိုးမြှင့်ဆောင်ရွက်နေဟု MRO/ CDF – မတူပီ ဆို

မင်းတပ်-ပအဖ က သစ်တောမူဝါဒ (မူကြမ်း) ကို ရေးဆွဲနေပြီး ပြည်သူများ အကြံပြုနိုင်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တစ်လကျော်ကြာ ပြိုကျပျက်စီးနေသော ကျေးရွာချင်းဆက်လမ်းများကို PDF- Zoland ပြုပြင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.