Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက္၀ စားနပ္ရိကၡာအခက္အခဲ ဟားခါးၿမိဳ႕မိၿမိဳ႕ဖမ်ားမွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဴပ္ထံတင္ျပ

ပလက္၀ စားနပ္ရိကၡာအခက္အခဲ ဟားခါးၿမိဳ႕မိၿမိဳ႕ဖမ်ားမွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဴပ္ထံတင္ျပ

0
By Editor on March 11, 2020 Headline

#Zawgyi

By လားႏြန္ – ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တပ္ဖြဲ႔ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္တြင္ စားနပ္ရိကၡာသယ္ယူေရးအခက္အခဲျဖစ္ေနသည့္ကိစၥကို ေျဖရွင္းေပးရန္ ခ်င္းျပည္နယ္သို႔ ေရာက္ရွိလာေသာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဴပ္ ဗိုလ္ခ်ဴပ္မွဴးႀကီးမင္းေအာင္လိႈင္ထံသို႔ ဟားခါးၿမိဳ႕မိၿမိဳ႕ဖမ်ားက ယေန႔တင္ျပေတာင္းဆိုခဲ့ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္သည္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ ကေလး၊ က်ီကုန္းတပ္နယ္၊ ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕၊ နယ္ေျမခံတပ္႒ာနာခ်ဳပ္ႏွင့္ ဟားခါးတပ္နယ္တို႔ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား မတ္လ (၁၀) ရက္ေန႔က ေတြ႔ဆံုၿပီးေနာက္ ယေန႔ နံနက္ပိုင္း (၉) နာရီတြင္ ဟားခါးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမတြင္ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ လူထုေတြ႔ဆံုပြဲျပဳလုပ္ခဲ့သည္။

ယင္းလူထုေတြ႔ဆံုပြဲတြင္ ဟားခါးၿမိဳ႕မိၿမိဳ႕ဖမ်ားမွ ပလက္၀ၿမိဳ႕နယ္အတြင္းရွိ ေဒသခံျပည္သူမ်ား၏ ဘ၀လံုျခံဳေရး၊ စစ္ေဘးေၾကာင့္ အျပစ္မဲ့ျပည္သူမ်ား ဒုကၡေရာက္သည့္ကိစၥမ်ား၊ အသက္အိုးအိမ္မ်ားအတြက္ စိုးရိမ္မႈမ်ားႏွင့္ ကုန္းလမ္း၊ ေရလမ္း ပိတ္ဆို႔မႈမ်ားေၾကာင့္ စားႏိွပ္ရိကၡာျပတ္လပ္မႈမ်ား ႀကံဳေတြ႔ေနရသည့္ကိစၥတို႔ကို တင္ျပခဲ့ၾကသည္ဟု ဟားခါးၿမိဳ႕မိၿမိဳ႕ဖ ဥကၠဌ ဦးရွန္မာန္းကေျပာသည္။

“ပလက္၀ေဒသခံျပည္သူေတြရဲ႕ လံုျခံဳေရးကို အဓိကထားေပးေတာ့ က်ေနာ္တို႔တင္ျပထားတယ္၊ တစ္ျခားထူးထူးေထြေထြတင္ျပတာသိပ္မရွိဘူး၊ ပလက္၀မွာ လမ္းေတြ၊ ေရေၾကာင္းလမ္းေတြ ပိတ္ဆို႔တဲ့အတြက္ စားနပ္ရိကၡာ မဖူလံုမႈ၊ ငတ္မြတ္ေခါင္းပါးမႈေတြ ျဖစ္ေနတယ္ဆိုတာ က်ေနာ္တို႔တင္ျပတယ္၊ အဲဒီဥစၥာကို အတတ္ႏိုင္ဆံုး က်ေနာ္တို႔ ၾကိဳးစားေပးေဆာင္ရြက္ေပးေနတယ္လို႔ သူကေျဖေပးထားတယ္” ဟု ၿမိဳ႕မိၿမိဳ႕ဖဥကၠဌကေျပာသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဴပ္ ဗိုလ္ခ်ဴပ္မွဴးႀကီးမင္းေအာင္လိႈင္ ခ်င္းျပည္နယ္သို႔ ေရာက္ရွိလာသည့္အခ်ိန္သည္ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ႏွင့္ ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕အနီးတ၀ိုက္တြင္ တပ္မေတာ္ႏွင့္ AA တပ္ဖြဲ႔တို႔ တိုက္ပြဲျပင္းထန္ေနသည့္အခ်ိန္ျဖစ္သည္။

ခ်င္းျပည္နယ္ေတာင္ပိုင္း၊ ပလက္၀ၿမိဳ႕နယ္တြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တပ္ဖြဲ႔တို႔ တိုက္ပြဲျပင္းထန္လာသည့္အတြက္ ရခိုင္ျပည္နယ္ႏွင့္ ဆက္သြယ္သည့္ ေရလမ္း၊ ကုန္လမ္းမ်ား ျပတ္ေတာက္ေသာေၾကာင့္ ပလက္၀ၿမိဳ႕နယ္တြင္ စားနပ္ရိကၡာသယ္ယူပို႔ေဆာင္၍ မရေတာ့သည့္မွာ ယခုဆိုလွ်င္ တစ္လေက်ာ္ၾကာျမင့္ေနၿပီျဖစ္သည္။

စားနပ္ရိကၡာအတြက္ ရခိုင္ျပည္နယ္ကို အဓိကမွီခိုအားထားေနရသည့္ ပလက္၀ၿမိဳ႕နယ္တြင္ ဆန္၊ ဆီ၊ ဆားႏွင့္ ေလာင္စာဆီမွအစ ၀င္ေရာက္ျခင္းမရွိေတာ့သည့္အတြက္ ယခုအခါ အငတ္ေဘးဆိုက္ေရာက္မည့္ အေနအထားျဖစ္ေနၿပီး ဆန္တစ္အိတ္လွ်င္ က်ပ္ေငြတစ္သိန္း၊ က်ပ္သြန္နီတစ္ပိသာ တစ္ေသာင္းက်ပ္၊ ငရုပ္သီးေျခာက္တစ္ပိသာ ႏွစ္ေသာင္းက်ပ္အထိ မိိုးထိမတတ္ ေစ်းခုန္တက္သြားခဲ့သည္။

ထို႔ေၾကာင့္ ပလက္၀ၿမိဳ႕ရွိ ရပ္မိရပ္ဖမ်ား၊ ဘာသာေရး/သာသနာ့ေခါင္းေဆာင္မ်ား၊ အရပ္ဘက္အဖြဲ႔အစည္းေခါင္းေဆာင္မ်ားက ေတြ႔ဆံုေဆြးေႏြးခဲ့ၾကၿပီး ေက်ာက္ေတာ္ႏွင့္ ဆမီးၿမိဳ႕မ်ားမွ လိုအပ္ေသာ ဆန္ႏွင့္ စားနပ္ရိကၡာမ်ားကို ယခုလအတြင္း ပလက္၀ၿမိဳ႕သို႔ သယ္ယူခြင့္ျပဳရန္ သက္ဆိုင္သူမ်ားသို႔ ေမတၱာရပ္ခံထားသည္ဟု သိရသည္။

Photo Credit: Hakha Post

#Unicode

By လားနွန် – မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စားနပ်ရိက္ခာသယ်ယူရေးအခက်အခဲဖြစ်နေသည့်ကိစ္စကို ဖြေရှင်းပေးရန် ချင်းပြည်နယ်သို့ ရောက်ရှိလာသော တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဟားခါးမြို့မိမြို့ဖများက ယနေ့တင်ပြတောင်းဆိုခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ကလေး၊ ကျီကုန်းတပ်နယ်၊ ချင်းပြည်နယ်၊ တီးတိန်မြို့၊ နယ်မြေခံတပ်ဋ္ဌာနာချုပ်နှင့် ဟားခါးတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား မတ်လ (၁၀) ရက်နေ့က တွေ့ဆုံပြီးနောက် ယနေ့ နံနက်ပိုင်း (၉) နာရီတွင် ဟားခါးမြို့ မြို့တော်ခန်းမတွင် မြို့မိမြို့ဖများနှင့် လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

ယင်းလူထုတွေ့ဆုံပွဲတွင် ဟားခါးမြို့မိမြို့ဖများမှ ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ ဘဝလုံခြုံရေး၊ စစ်ဘေးကြောင့် အပြစ်မဲ့ပြည်သူများ ဒုက္ခရောက်သည့်ကိစ္စများ၊ အသက်အိုးအိမ်များအတွက် စိုးရိမ်မှုများနှင့် ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့မှုများကြောင့် စားနှိပ်ရိက္ခာပြတ်လပ်မှုများ ကြုံတွေ့နေရသည့်ကိစ္စတို့ကို တင်ပြခဲ့ကြသည်ဟု ဟားခါးမြို့မိမြို့ဖ ဥက္ကဌ ဦးရှန်မာန်းကပြောသည်။

“ပလက်ဝဒေသခံပြည်သူတွေရဲ့ လုံခြုံရေးကို အဓိကထားပေးတော့ ကျနော်တို့တင်ပြထားတယ်၊ တစ်ခြားထူးထူးထွေထွေတင်ပြတာသိပ်မရှိဘူး၊ ပလက်ဝမှာ လမ်းတွေ၊ ရေကြောင်းလမ်းတွေ ပိတ်ဆို့တဲ့အတွက် စားနပ်ရိက္ခာ မဖူလုံမှု၊ ငတ်မွတ်ခေါင်းပါးမှုတွေ ဖြစ်နေတယ်ဆိုတာ ကျနော်တို့တင်ပြတယ်၊ အဲဒီဥစ္စာကို အတတ်နိုင်ဆုံး ကျနော်တို့ ကြိုးစားပေးဆောင်ရွက်ပေးနေတယ်လို့ သူကဖြေပေးထားတယ်” ဟု မြို့မိမြို့ဖဥက္ကဌကပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် ချင်းပြည်နယ်သို့ ရောက်ရှိလာသည့်အချိန်သည် ရခိုင်ပြည်နယ်၊ ကျောက်တော်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့အနီးတဝိုက်တွင် တပ်မတော်နှင့် AA တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေသည့်အချိန်ဖြစ်သည်။

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်လာသည့်အတွက် ရခိုင်ပြည်နယ်နှင့် ဆက်သွယ်သည့် ရေလမ်း၊ ကုန်လမ်းများ ပြတ်တောက်သောကြောင့် ပလက်ဝမြို့နယ်တွင် စားနပ်ရိက္ခာသယ်ယူပို့ဆောင်၍ မရတော့သည့်မှာ ယခုဆိုလျှင် တစ်လကျော်ကြာမြင့်နေပြီဖြစ်သည်။

စားနပ်ရိက္ခာအတွက် ရခိုင်ပြည်နယ်ကို အဓိကမှီခိုအားထားနေရသည့် ပလက်ဝမြို့နယ်တွင် ဆန်၊ ဆီ၊ ဆားနှင့် လောင်စာဆီမှအစ ဝင်ရောက်ခြင်းမရှိတော့သည့်အတွက် ယခုအခါ အငတ်ဘေးဆိုက်ရောက်မည့် အနေအထားဖြစ်နေပြီး ဆန်တစ်အိတ်လျှင် ကျပ်ငွေတစ်သိန်း၊ ကျပ်သွန်နီတစ်ပိသာ တစ်သောင်းကျပ်၊ ငရုပ်သီးခြောက်တစ်ပိသာ နှစ်သောင်းကျပ်အထိ မိုးထိမတတ် ဈေးခုန်တက်သွားခဲ့သည်။

ထို့ကြောင့် ပလက်ဝမြို့ရှိ ရပ်မိရပ်ဖများ၊ ဘာသာရေး/သာသနာ့ခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကျောက်တော်နှင့် ဆမီးမြို့များမှ လိုအပ်သော ဆန်နှင့် စားနပ်ရိက္ခာများကို ယခုလအတွင်း ပလက်ဝမြို့သို့ သယ်ယူခွင့်ပြုရန် သက်ဆိုင်သူများသို့ မေတ္တာရပ်ခံထားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကွယ်ရေး အင်အားတိုးမြှင့်ဆောင်ရွက်နေဟု MRO/ CDF – မတူပီ ဆို

မင်းတပ်-ပအဖ က သစ်တောမူဝါဒ (မူကြမ်း) ကို ရေးဆွဲနေပြီး ပြည်သူများ အကြံပြုနိုင်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တစ်လကျော်ကြာ ပြိုကျပျက်စီးနေသော ကျေးရွာချင်းဆက်လမ်းများကို PDF- Zoland ပြုပြင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.