Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ္ျပည္နယ္တြင္ Covid-19 ကူးစက္ခံရသူ ၁၂ ဦးေတြ႔ရွိ

မီဇိုရမ္ျပည္နယ္တြင္ Covid-19 ကူးစက္ခံရသူ ၁၂ ဦးေတြ႔ရွိ

0
By Editor on June 2, 2020 Khonumthung

#Zawgyi

By ရစ္ခ်က္ – ခ်င္းျပည္နယ္ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနသည့္ မီဇိုရမ္ျပည္နယ္တြင္ ဇြန္လ ၁ ရက္ေန႔ညက Covid-19 ကူးစက္ခံထားရသူ ၁၂ ဦးေတြ႔ရွိသည္ဟုသိရသည္။

၎တို႔အားလံုးသည္ အိႏိၵယႏုိင္ငံ နယူးေဒလီၿမိဳ႕ႏွင့္ ကာလကတၱားၿမိဳ႕တို႔မွ ျပည္ေတာ္ျပန္လာၿပီး Facility Quarantine ၀င္ထားသူမ်ားျဖစ္ၾကကာ ယေန႔နံနက္ပိုင္းက Covid-19 ပိုးေတြ႔လူနာကုသေပးလ်က္ရွိသည့္ Zoram Medical College သို႔ ပို႔ေဆာင္လိုက္ၿပီဟု မီဇိုရမ္ျပည္နယ္ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနက သတင္းထုတ္ျပန္သည္။

အဆိုပါ Covid-19 ေရာဂါပိုးကူးစက္ခံရသူမ်ားသည္ အမ်ဴိးသမီး ၁၁ ဦးႏွင့္ အမ်ဴိးသား ၁ ဦးတို႔ျဖစ္ၾကသည္။

ယခုလက္ရွိတြင္ အိႏိၵယႏုိင္ငံျပည္နယ္အသီးသီးတြင္ ေသာင္တင္ေနၾကေသာ မီဇိုရမ္ျပည္နယ္သားမ်ားသည္ အစိုးရ အစီစဥ္ျဖင့္ အစုလိုက္ျပန္လာၾကသည့္အခ်ိန္ျဖစ္သည္။

မီဇိုရမ္အစိုးရသည္ တစ္ျပည္နယ္လံုး Lockdown ခ်ထားမႈကို ၅ ႀကိမ္ေျမာက္အျဖစ္ ဇြန္လ ၃၀ ရက္ေန႔အထိထပ္တိုးလိုက္ၿပီး ညမထြက္ရ အမိန္႔ကိုလည္း ည ၇ နာရီခြဲ မွ နံနက္ ၄ နာရီခြဲအထိ ခ်ထားမွတ္ထားသည္။

မီဇိုရမ္ျပည္နယ္တြင္ Covid-19 ေရာဂါပိုးကူးစက္ခံထားရသူ ယခင္ကတစ္ဦးသာရွိခဲၿ့ပီး ထိုသူသည္လည္း ေရာဂါပိုးမေတြ႔ေတာ့သည့္အတြက္ ေဆးရံုမွဆင္းခဲ့ၿပီးျဖစ္သည္။

#Unicode

By ရစ်ချက် – ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မီဇိုရမ်ပြည်နယ်တွင် ဇွန်လ ၁ ရက်နေ့ညက Covid-19 ကူးစက်ခံထားရသူ ၁၂ ဦးတွေ့ရှိသည်ဟုသိရသည်။

၎င်းတို့အားလုံးသည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့နှင့် ကာလကတ္တားမြို့တို့မှ ပြည်တော်ပြန်လာပြီး Facility Quarantine ဝင်ထားသူများဖြစ်ကြကာ ယနေ့နံနက်ပိုင်းက Covid-19 ပိုးတွေ့လူနာကုသပေးလျက်ရှိသည့် Zoram Medical College သို့ ပို့ဆောင်လိုက်ပြီဟု မီဇိုရမ်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ Covid-19 ရောဂါပိုးကူးစက်ခံရသူများသည် အမျိူးသမီး ၁၁ ဦးနှင့် အမျိူးသား ၁ ဦးတို့ဖြစ်ကြသည်။

ယခုလက်ရှိတွင် အိန္ဒိယနိုင်ငံပြည်နယ်အသီးသီးတွင် သောင်တင်နေကြသော မီဇိုရမ်ပြည်နယ်သားများသည် အစိုးရ အစီစဉ်ဖြင့် အစုလိုက်ပြန်လာကြသည့်အချိန်ဖြစ်သည်။

မီဇိုရမ်အစိုးရသည် တစ်ပြည်နယ်လုံး Lockdown ချထားမှုကို ၅ ကြိမ်မြောက်အဖြစ် ဇွန်လ ၃၀ ရက်နေ့အထိထပ်တိုးလိုက်ပြီး ညမထွက်ရ အမိန့်ကိုလည်း ည ၇ နာရီခွဲ မှ နံနက် ၄ နာရီခွဲအထိ ချထားမှတ်ထားသည်။

မီဇိုရမ်ပြည်နယ်တွင် Covid-19 ရောဂါပိုးကူးစက်ခံထားရသူ ယခင်ကတစ်ဦးသာရှိခြဲ့ပီး ထိုသူသည်လည်း ရောဂါပိုးမတွေ့တော့သည့်အတွက် ဆေးရုံမှဆင်းခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်၏ အတုအယောင်ကျင်းပရမည့် ချင်းအမျိုးသားနေ့သို့ ပြည်သူများ ပါဝင်ခြင်းမပြုရန် CDF-Hakha အသိပေး

BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး အာဏာသိမ်းစစ်ကော်မရှင်ထံ လက်နက်ချပူးပေါင်း

ချင်းဒုက္ခသည်အများစုနေထိုင်သည့် နယူးဒေလီမြို့ရပ်ကွက်တစ်ခုမှာ နေ့ခင်းကြောင်တောင် ကလေးခိုးမှုဖြစ်ပွား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.