Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တစ္ပတ္အတြင္း ရိကၡာဆန္မပို႔ႏုိင္လ်င္ ပလက္၀တြင္ ရိကၡာျပတ္လပ္ဖြယ္ရွိ

တစ္ပတ္အတြင္း ရိကၡာဆန္မပို႔ႏုိင္လ်င္ ပလက္၀တြင္ ရိကၡာျပတ္လပ္ဖြယ္ရွိ

0
By Editor on June 2, 2020 Headline

#Zawgyi

By လားႏြန္ – စစ္ေရးပဋိပကၡေၾကာင့္ ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားျပတ္ေတာက္ေနသည့္ ပလက္၀ၿမိဳ႕တြင္ ယခုဇြန္လ ပထမပတ္အတြင္း ရိကၡာဆန္မ်ားမပို႔ေပးႏုိင္လ်င္ စစ္ေဘးေရွာင္ျပည္သူမ်ားအပါအ၀င္ ပလက္၀ၿမိဳ႕ေပၚႏွင့္ အနီးအနားပတ္၀န္းက်င္ေက်းရြာမ်ားမွာေဒသခံျပည္သူမ်ား ရိကၡာျပတ္လပ္ဖြယ္ရွိသည္ဟု Chin IDPs Support Committee (CISC) ကေျပာသည္။

“ဆန္ေတြက ဆမီးဘက္မွာလည္း သြားယူလို႔မရဘူး ရခိုင္ျပည္နယ္ေက်ာက္ေတာ္ဘက္မွာလည္း ယူလို႔မရဘူးဆိုေတာ့   အခု စစ္ေဘးေရွာင္ျပည္သူေတြအျပင္ ပလက္၀ျမိဳ႕ နယ္ ကုလားတန္တစ္ေက်ာရယ္ ျပီးေတာ့ ပလက္၀အနီးတစ္၀ိုက္ ေက်းရြာေတာ္ေတာ္မ်ားမ်ား သူတို႔ကေတာ့ လံုး၀ကို ရြာရဲ႕အျပင္ကိုထြက္လို႔မရဘူး ဆိုေတာ့ သူတို႔မွာစားဖို႔ေသာက္ဖို႔ အခက္ခဲကေတာ့ လံုး၀ကိုခက္ခဲေနၿပီး၊ ဒီဇြန္လပထမပတ္ေလာက္မွာ က်ေနာ္တို႔ ဆန္ေတြမေရာက္ႏုိင္ဘူးဆိုရင္ ေတာ္ေတာ္ေလးျပတ္လပ္သြားမယ့္သေဘာမွာရိွတယ္” ဟု Chin IDPs Support Committee (CISC) အတြင္းေရးမွဴး ကိုေက်ာ္ေအာင္ကေျပာသည္။

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (ေအေအ) အၾကား စစ္ေရးပဋိကၡေၾကာင့္ ပလက္၀ၿမိဳ႕သည္ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္၊ ခ်င္းျပည္နယ္ မတူပီ-ဆမီးဘက္ႏွင့္ဆက္သြယ္ေသာ ေရလမ္း ကုန္လမ္းမ်ားျပတ္ ေတာက္သည့္အတြက္ မည္သည့္ကုန္ပစၥည္းမွသယ္ယူ၍မရေသာေၾကာင့္ စားနပ္ရိကၡာျပတ္လပ္မည့္ အႏၱရာယ္ႏွင့္ရင္ဆိုင္ေနၾကရျခင္းျဖစ္သည္။

ပလက္၀ၿမိဳ႕အတြက္ ခ်င္းျပည္နယ္အစိုးရ၊ အလွဴရွင္မ်ား၊ အရပ္ဘက္အဖြဲ႔အစည္းမ်ားမွေထာက္ပံ့ထားေသာ ဆန္အိတ္ေထာင္ခ်ီခန္႔ ဆမီးၿမိဳ႕တြင္ရွိေနေသာ္လည္း ဆမီးႏွင့္ ပလက္၀ၿမိဳ႕အၾကား နယ္ေျမလံုျခံဳမႈမရွိေသာေၾကာင့္ သယ္ယူပို႔ေဆာင္၍မရျဖစ္ေနသည္ဟုသိရသည္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႔ေျပာခြင့္ရပုဂၢိဳလ္စည္ပင္၀န္ႀကီးဦးစိုးထက္ကလည္း ပလက္၀ၿမိဳ႕စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ၿပီးခဲ့သည့္ဧၿပီလအတြင္း ဆန္အိတ္ ၃၀၀၀ နီးပါးပို႔ေဆာင္ႏုိင္ခဲ့ေသာ္လည္း ေမလ ၁၅ ရက္ေန႔ကတည္းက ကုန္သြားၿပီျဖစ္ေၾကာင္း နယ္ေျမလံုျခံဳေရးေၾကာင့္ ဆက္လက္ပို႔ေဆာင္၍မရျဖစ္ေနသည္ဟု ခ်င္းမီဒီယာမ်ားႏွင့္ ျပဳလုပ္သည့္ Video Conference တြင္ေျပာဆိုခဲ့သည္။

“ဆမီးမွာၾကီးပဲ ဆန္အိတ္ေပါင္း (၅၆၆၅) အိတ္ရိွတယ္၊ အလွဴရွင္ေတြလွဴသမွ်အျခားစားစရာေတြ အ၀တ္အထည္ေတြအမ်ားၾကီး အဲဒီမွာပံုေနတယ္ ပို႔လို႔မရဘူး ဆိုေတာ့ ဧျပီ (၁၉) ရက္ေန႔မွာ  ဆန္အိတ္ (၈၃၀) ပို႔လို႔ရသြားတယ္ ေနာက္လမ္းေၾကာင္းနည္းနည္းပြင့္ေတာ့ တပ္မတာ္ယာဥ္တန္းနဲ႔ ဆန္အိတ္ (၂၀၀၀) ကို က်ေနာ္တို႔ထပ္ပို႔တယ္၊ ေမလ (၁) ရက္ေန႔စေ၀ႏိုင္တယ္ အဲဒီေနာက္ပိုင္းကို က်ေနာ္တို႔ပို႔လို႔မရဘူး အခုခ်ိန္ထိပဲ က်ေနာ္တို႔ပို႔ထားတဲ့ ဆန္ေတြက ေမလ (၁၅) ရက္ေန႔ဆိုရင္ကုန္ျပီ အခုစားစရာမရိွေတာ့ဘူး ဆန္ျပဳတ္ေသာက္ေနတယ္ အဲလိုအေျခအေနျဖစ္ေနတယ္ က်ေနာ္တို႔ျပည္ေထာင္စုကိုတင္ျပတယ္ သမၼတရံုးကိုလည္းတင္ျပတယ္ အဲဒီကလည္း သူတို႔ကာကြယ္ေရးေစာင့္ေရွာက္ေ မႈနဲ႔႔ဖို႔လမ္းညႊန္ေပမဲ့ အခုထိပို႔လို႔မရဘူး နယ္ေျမအေျခအေနမေအးခ်မ္းတဲ့အတြက္ ဟိုမွာက စားစရာမရိွေတာ့ဘူး Camp မွာလည္းစားစရာမရိွေတာ့ဘူး အျခားေက်းရြာေတြကလည္းမရိွေတာ့ဘူး” ဟု ၀န္ႀကီးဦးစိုးထက္ကေျပာသည္။

ပလက္၀ၿမိဳ႕ႏွင့္ ဆမီးျမိဳ႕သည္ မို္င္အားျဖင့္ မိုင္ (၄၂) ကြာေ၀းျပီး ယခင္က ကမၻာ့စားနပ္ရိကၡာအစီစဥ္မွေထာက္ပံ့သည့္ ဆန္အိတ္တစ္ေထာင္ကို ကားျဖင့္ပို႔ေဆာင္သည့္အခ်ိန္တြင္ (ေအေ အဟုယူဆရေသာ) လက္နက္ကိုင္တပ္ဖြဲ႔က ပစ္ခတ္မႈမ်ားႀကံဳေတြ႔ခဲ့ၾကရသည္။

Chin IDPs Support Committee ၏ စာရင္းအရ ခ်င္းျပည္နယ္ ပလက္၀ျမိဳ႕နယ္အတြင္း တိုက္ပြဲေၾကာင့္ထြက္ေျပးတိမ္းေရွာင္ေနရသူ ပလက္၀ျမိဳ႕ေပၚတြင္ အိမ္ေထာင္စု (၈၁၆) စု လူဦးေရ (၃၆၉၀) ရိွ၊ မီးဇာတြင္ အိမ္ေထာင္စု (၁၀၂) စု လူဦးေရ (၅၁၄)၊ ဆမီးျမိဳ႕တြင္ အိမ္ေထာင္စု (၆၉၃) စု လူဦးေရ (၂၉၄၈) ေယာက္ရိွျပီး  အိမ္ေထာင္စု စုစုေပါင္း (၁၆၁၁) စု လူဦးေရ (၇၁၅၂) ရိွေၾကာင္းသိရသည္။

#Unicode

By လားနွန် – စစ်ရေးပဋိပက္ခကြောင့် ဆက်သွယ်ရေးလမ်းကြောင်းများပြတ်တောက်နေသည့် ပလက်ဝမြို့တွင် ယခုဇွန်လ ပထမပတ်အတွင်း ရိက္ခာဆန်များမပို့ပေးနိုင်လျင် စစ်ဘေးရှောင်ပြည်သူများအပါအဝင် ပလက်ဝမြို့ပေါ်နှင့် အနီးအနားပတ်ဝန်းကျင်ကျေးရွာများမှာဒေသခံပြည်သူများ ရိက္ခာပြတ်လပ်ဖွယ်ရှိသည်ဟု Chin IDPs Support Committee (CISC) ကပြောသည်။

“ဆန်တွေက ဆမီးဘက်မှာလည်း သွားယူလို့မရဘူး ရခိုင်ပြည်နယ်ကျောက်တော်ဘက်မှာလည်း ယူလို့မရဘူးဆိုတော့ အခု စစ်ဘေးရှောင်ပြည်သူတွေအပြင် ပလက်ဝမြို့ နယ် ကုလားတန်တစ်ကျောရယ် ပြီးတော့ ပလက်ဝအနီးတစ်ဝိုက် ကျေးရွာတော်တော်များများ သူတို့ကတော့ လုံးဝကို ရွာရဲ့အပြင်ကိုထွက်လို့မရဘူး ဆိုတော့ သူတို့မှာစားဖို့သောက်ဖို့ အခက်ခဲကတော့ လုံးဝကိုခက်ခဲနေပြီး၊ ဒီဇွန်လပထမပတ်လောက်မှာ ကျနော်တို့ ဆန်တွေမရောက်နိုင်ဘူးဆိုရင် တော်တော်လေးပြတ်လပ်သွားမယ့်သဘောမှာရှိတယ်” ဟု Chin IDPs Support Committee (CISC) အတွင်းရေးမှူး ကိုကျော်အောင်ကပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (အေအေ) အကြား စစ်ရေးပဋိက္ခကြောင့် ပလက်ဝမြို့သည် ရခိုင်ပြည်နယ် ကျောက်တော်၊ ချင်းပြည်နယ် မတူပီ-ဆမီးဘက်နှင့်ဆက်သွယ်သော ရေလမ်း ကုန်လမ်းများပြတ် တောက်သည့်အတွက် မည်သည့်ကုန်ပစ္စည်းမှသယ်ယူ၍မရသောကြောင့် စားနပ်ရိက္ခာပြတ်လပ်မည့် အန္တရာယ်နှင့်ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

ပလက်ဝမြို့အတွက် ချင်းပြည်နယ်အစိုးရ၊ အလှူရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှထောက်ပံ့ထားသော ဆန်အိတ်ထောင်ချီခန့် ဆမီးမြို့တွင်ရှိနေသော်လည်း ဆမီးနှင့် ပလက်ဝမြို့အကြား နယ်မြေလုံခြုံမှုမရှိသောကြောင့် သယ်ယူပို့ဆောင်၍မရဖြစ်နေသည်ဟုသိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်စည်ပင်ဝန်ကြီးဦးစိုးထက်ကလည်း ပလက်ဝမြို့စစ်ဘေးရှောင်ပြည်သူများအတွက် ပြီးခဲ့သည့်ဧပြီလအတွင်း ဆန်အိတ် ၃၀ဝ၀ နီးပါးပို့ဆောင်နိုင်ခဲ့သော်လည်း မေလ ၁၅ ရက်နေ့ကတည်းက ကုန်သွားပြီဖြစ်ကြောင်း နယ်မြေလုံခြုံရေးကြောင့် ဆက်လက်ပို့ဆောင်၍မရဖြစ်နေသည်ဟု ချင်းမီဒီယာများနှင့် ပြုလုပ်သည့် Video Conference တွင်ပြောဆိုခဲ့သည်။

“ဆမီးမှာကြီးပဲ ဆန်အိတ်ပေါင်း (၅၆၆၅) အိတ်ရှိတယ်၊ အလှူရှင်တွေလှူသမျှအခြားစားစရာတွေ အဝတ်အထည်တွေအများကြီး အဲဒီမှာပုံနေတယ် ပို့လို့မရဘူး ဆိုတော့ ဧပြီ (၁၉) ရက်နေ့မှာ  ဆန်အိတ် (၈၃၀) ပို့လို့ရသွားတယ် နောက်လမ်းကြောင်းနည်းနည်းပွင့်တော့ တပ်မတာ်ယာဉ်တန်းနဲ့ ဆန်အိတ် (၂၀ဝ၀) ကို ကျနော်တို့ထပ်ပို့တယ်၊ မေလ (၁) ရက်နေ့စဝေနိုင်တယ် အဲဒီနောက်ပိုင်းကို ကျနော်တို့ပို့လို့မရဘူး အခုချိန်ထိပဲ ကျနော်တို့ပို့ထားတဲ့ ဆန်တွေက မေလ (၁၅) ရက်နေ့ဆိုရင်ကုန်ပြီ အခုစားစရာမရှိတော့ဘူး ဆန်ပြုတ်သောက်နေတယ် အဲလိုအခြေအနေဖြစ်နေတယ် ကျနော်တို့ပြည်ထောင်စုကိုတင်ပြတယ် သမ္မတရုံးကိုလည်းတင်ပြတယ် အဲဒီကလည်း သူတို့ကာကွယ်ရေးစောင့်ရှောကေ် မှုနဲ့ဖို့လမ်းညွှန်ပေမဲ့ အခုထိပို့လို့မရဘူး နယ်မြေအခြေအနေမအေးချမ်းတဲ့အတွက် ဟိုမှာက စားစရာမရှိတော့ဘူး Camp မှာလည်းစားစရာမရှိတော့ဘူး အခြားကျေးရွာတွေကလည်းမရှိတော့ဘူး” ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

ပလက်ဝမြို့နှင့် ဆမီးမြို့သည် မိ်ုင်အားဖြင့် မိုင် (၄၂) ကွာဝေးပြီး ယခင်က ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်မှထောက်ပံ့သည့် ဆန်အိတ်တစ်ထောင်ကို ကားဖြင့်ပို့ဆောင်သည့်အချိန်တွင် (အေေ အဟုယူဆရသော) လက်နက်ကိုင်တပ်ဖွဲ့က ပစ်ခတ်မှုများကြုံတွေ့ခဲ့ကြရသည်။

Chin IDPs Support Committee ၏ စာရင်းအရ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေရသူ ပလက်ဝမြို့ပေါ်တွင် အိမ်ထောင်စု (၈၁၆) စု လူဦးရေ (၃၆၉၀) ရှိ၊ မီးဇာတွင် အိမ်ထောင်စု (၁၀၂) စု လူဦးရေ (၅၁၄)၊ ဆမီးမြို့တွင် အိမ်ထောင်စု (၆၉၃) စု လူဦးရေ (၂၉၄၈) ယောက်ရှိပြီး  အိမ်ထောင်စု စုစုပေါင်း (၁၆၁၁) စု လူဦးရေ (၇၁၅၂) ရှိကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကွယ်ရေး အင်အားတိုးမြှင့်ဆောင်ရွက်နေဟု MRO/ CDF – မတူပီ ဆို

မင်းတပ်-ပအဖ က သစ်တောမူဝါဒ (မူကြမ်း) ကို ရေးဆွဲနေပြီး ပြည်သူများ အကြံပြုနိုင်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တစ်လကျော်ကြာ ပြိုကျပျက်စီးနေသော ကျေးရွာချင်းဆက်လမ်းများကို PDF- Zoland ပြုပြင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.