Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိႏၵိယမွ (၁၇) ဦး ဒုတိယအသုတ္အျဖစ္ ယခုလဆန္းတြင္ေရာက္မည္

အိႏၵိယမွ (၁၇) ဦး ဒုတိယအသုတ္အျဖစ္ ယခုလဆန္းတြင္ေရာက္မည္

0
By Editor on June 4, 2020 Headline

#Zawgyi

By လားႏြန္ – အိႏိၵယႏိုင္ငံတြင္ ဓမၼက်မ္းစာေက်ာင္းတက္ေရာက္ခဲ့ျပီး COVID-19 ေၾကာင့္ ေသာင္တင္လ်က္ရွိသည့္ ျမန္မာႏိုင္ငံမွ က်မ္းစာေက်ာင္းသား (၁၇) ဦးသည္ ဇြန္လ (၅) ရက္ညတြင္ ခ်င္းျပည္နယ္နယ္စပ္၊ ရိဒ္ေခၚဒါရ္သို႔ ေရာက္ရိွမည္ဟု ခ်င္းျပည္နယ္အစိုးရေျပာေရးဆိုခြင့္ရိွ စည္ပင္၀န္ၾကီး ဦးစိုးထက္ကေျပာသည္။

၎က်မ္းစာေက်ာင္းသား (၁၇) ဦးသည္ ခ်င္းျပည္နယ္အစိုးရထံ ေနရပ္ျပန္ႏိုင္ေရး တင္ျပအေၾကာင္းၾကားထားသူ (၃၃) ဦးထဲကျဖစ္ျပီး ပထမအသုတ္ (၁၆) ဦးသည္ ျပီးခဲ့သည့္ မတ္လ (၂၂) ရက္ေန႔က ေရာက္ရွိခဲ့ၾကျပီးျဖစ္သည္။

“ပထမ က်ေနာ္တို႔ဆက္သြယ္ထားတာ (၃၃) ေယာက္ရိွတယ္၊ က်မ္းစာသင္ေက်ာင္းဆိုျပီးေတာ့ အိုင္ေဇာ္လ္က (၁၆) ေယာက္ ပထမတစ္သုတ္လာတယ္၊ ေနာက္ ဒုတိယတစ္သုတ္အေနနဲ႔ (၁၇) ေယာက္က ေလာင္တလိုင္ဘက္ကေန ရိဒ္ေခၚဒါရ္ကို ပို႔မယ္လို႔ အဲလိုေလး က်ေနာ္တို႔ ညိွဳ႕ႏႈိင္းထားတာရိွတယ္၊ အဲဒါ (၁၇) ေယာက္၊ ႏွစ္ခုေပါင္းလိုက္ရင္ (၃၃) ေယာက္၊ အဲဒီတစ္သုတ္က က်ေနာ္တို႔ ျပည္ေထာင္စုကိုလည္း တင္ျပျပီးျပီ၊ ျပည္ေထာင္စုကလည္း ခြင့္ျပဳခ်က္ရထားတယ္၊ အဲဒါေၾကာင့္ ျပီးခဲ့တဲ့တစ္ပတ္ေက်ာ္ေလာက္က ရိဒ္ေခၚဒါရ္မွာ လက္ခံျပီးေတာ့ တီးတိန္မွာ အခု Quarantine (၂၁) ရက္၀င္ေနတယ္၊ အခု (၁၇) ေယာက္ကလည္း က်ေနာ္တို႔က ရိဒ္ေခၚဒါရ္မွာပဲျဖစ္ျဖစ္၊ ဖလမ္းမွာပဲျဖစ္ျဖစ္ က်ေနာ္တို႔ Quarantine (၂၁) ရက္ထားမယ္၊ အဲဒါျပီးမွ သူ႔ရဲ႕ တိုင္းနဲ႔ျပည္နယ္အလိုက္ ျပန္လႊတ္မွာေပါ့၊ အခုလာတဲ့ထဲမွာ က်ေနာ္တို႔ ခ်င္းၾကီးပဲမဟုတ္ဘူး၊ ကေလးဘက္ကပါသလို ကခ်င္ျပည္နယ္ကလည္းပါတယ္၊ ရန္ကုန္ကလည္းပါတယ္၊ ေပါင္းစံုေပါ့ေနာ္၊ အခု (၁၇) ေယာက္က လာမယ့္မနက္ျဖန္ ေသာၾကာေန႔ညေလာက္ကို ရိဒ္ေခၚဒါရ္ကို ေရာက္ပါမယ္၊ အဲဒါကို က်ေနာ္တို႔လက္ခံျပီးေတာ့ Quarantine ထားမယ့္ေနရာမွာထားမယ္” ဟု ခ်င္းျပည္နယ္အစိုးရ ေျပာေရးဆိုခြင့္ရိွသူ စည္ပင္၀န္ၾကီး ဦးစိုးထက္ကေျပာသည္။

အိႏိၵယႏိုင္ငံတြင္ COVID-19 ေၾကာင့္ ေသာင္တင္ေနသည့္ ျမန္မာႏုိင္ငံသား (၂၀၀) ေက်ာ္ရိွျပီး ၎တို႔ဆီမွ တရား၀င္ကမ္းလွမ္းလာမည္ဆိုပါက ခ်င္းျပည္နယ္အစိုးရအဖြဲ႕မွ ျပည္ေထာင္စုထံတင္ျပျပီး ခြင့္ျပဳခ်က္ႏွင့္အတူ ဆက္သြယ္ကာ လက္ခံသြားမည္ဟု ၀န္ၾကီးကဆက္ေျပာသည္။

အိႏိၵယႏိုင္ငံအစိုးရဖက္မွ အိႏိၵယႏိုင္ငံတြင္ရိွသည့္ ျမန္မာႏုိင္ငံသားမ်ားကို ပို႔ေဆာင္ေပးႏိုင္မည္ဆိုပါက ျမန္မာႏိုင္ငံဖက္မွ လက္ခံႏို္င္ေဆာင္ရြက္သြားမည္ဟု ခ်င္းျပည္နယ္အစိုးရ ေျပာေရးဆိုခြင့္ရိွသူ ဦးစိုးထက္ကေျပာသည္။

“အခုကေတာ့ က်ေနာ္တို႔က မီဇိုရမ္နဲ႔ ခ်င္းျပည္နယ္ ဒီႏွစ္ခုမွာရိွေနတဲ့ဟာကိုပဲ လုပ္ေနတယ္၊ အိႏိၵယရဲ႕ျမိဳ႕ေတာ္တို႔၊ အိႏိၵယရဲ႕ ေတာင္ဖက္ပိုင္းျခမ္းမွာ ရိွေသးတာေပါ့ေနာ္၊ အခုက မီဇိုရမ္မွာရိွတဲ့ (၃၃) ေယာက္ကိုစလႊဲတယ္၊ သူတို႔ဘက္ကသာလႊဲႏိုင္လို႔ရိွရင္ က်ေနာ္တို႔ဘက္ကေတာ့ လက္ခံႏုိင္ေအာင္လုပ္မယ္၊ ဘာလို႔လဲဆိုေတာ့ ႏိုင္ငံေတာ္အၾကီးအကဲေတြကလည္း တရား၀င္သြားတာပဲျဖစ္ျဖစ္၊ တရားမ၀င္သြားတာပဲျဖစ္ျဖစ္ ကိုယ့္ႏုိင္ငံသားကို လက္ခံမယ္ဆိုတဲ့ လမ္းညႊန္ထားတာရိွတယ္၊ ဒါေပမဲ့ လုပ္ထံုးလုပ္နည္းအရ သူတို႔ဖက္ကလည္း နာမည္စာရင္းေတြနဲ႔ စနစ္တက်ပို႔ေပးေတာ့ စနစ္တက်လက္ခံဖို႔၊ အဲလိုက်မွ COVID-19 ထိန္းခ်ဳပ္ႏိုင္မွာ၊ ဒါမွမဟုတ္ရင္ သူတို႔ကို သူတို႔လာခ်င္သလိုလာ၊ ျပန္ခ်င္သလို ျပန္မယ္ဆိုရင္ ထိန္းခ်ဳပ္ဖို႔အရမ္းခက္မယ္၊ အဲဒါေၾကာင့္ ဘယ္ႏွစ္ေယာက္၊ ဘယ္ေလာက္ တိတိက်က်သိမွ က်ေနာ္တို႔ ဆက္လုပ္လို႔ရမွာ” ဟု စည္ပင္၀န္ၾကီး ဦးစိုးထက္ကေျပာသည္။

တီးတိန္ျမိဳ႕တြင္ Quarantine (၂၁) ရက္ထားရိွသည့္ အိႏိၵယႏိုင္ငံျပန္ က်မ္းစာေက်ာင္းသားမ်ား၏ ႏွာေခါင္းတုဖတ္ႏွင့္ အာေခါင္တုဖတ္တို႔အား COVID-19 ေရာဂါပိုးရိွ/မရိွစစ္ေဆးရန္ အမ်ိဳးသားက်န္းမာေရးဌာန ဓာတ္ခြဲခန္း (ရန္ကုန္) ၌ ပို႔ေဆာင္ထားျပီး ျပည္ပမွ ခ်င္းျပည္နယ္သုိ႔ျပန္လာမည့္ မည္သူမဆို ေရာဂါပိုးရိွ/မရိွ စစ္ေဆးသြားမည္ျဖစ္ေၾကာင္းသိရသည္။

ျပည္ပႏုိင္ငံမ်ားမွ ျပန္လာမည့္သူမ်ားအတြက္ Facility Quarantine (၂၁) ရက္ ထားရိွႏုိင္မည့္ ေနရာမ်ားအတြက္ ခ်င္းျပည္နယ္အစိုးရအဖြဲ႕မွ လူဦးေရ (၁၀၀၀) ေက်ာ္အထိ လက္ခံႏိုင္ေအာင္ ျပင္ဆင္ထားေၾကာင္း စည္ပင္၀န္ၾကီး ဦးစိုးထက္ကေျပာသည္။ လက္တေလာျပန္႔ပြားေနသည့္ ကမာၻ႔ကပ္ေရာဂါ COVID-19 ဂယက္ေၾကာင့္ အိႏိၵယႏုိင္ငံတစ္ႏုိင္ငံလံုး Lockdown ခ်ထားသည့္အတြက္ အိႏိၵယႏိုင္ငံရိွ ျပည္နယ္အသီးသီးတြင္ က်မ္းစာေက်ာင္း တက္ေရာက္ေနၾကသည့္ ျမန္မာႏိုင္ငံမွ က်မ္းစာေက်ာင္းသားမ်ားသည္ ေနရပ္ျပန္ႏိုင္ေရးႏွင့္ စား၀တ္ေနေရးအတြက္ အခက္အခဲၾကံေတြ႔ရလ်က္ရိွၾကသည္ဟုလည္း သိရသည္။

#Unicode

By လားနွန် – အိန္ဒိယနိုင်ငံတွင် ဓမ္မကျမ်းစာကျောင်းတက်ရောက်ခဲ့ပြီး COVID-19 ကြောင့် သောင်တင်လျက်ရှိသည့် မြန်မာနိုင်ငံမှ ကျမ်းစာကျောင်းသား (၁၇) ဦးသည် ဇွန်လ (၅) ရက်ညတွင် ချင်းပြည်နယ်နယ်စပ်၊ ရိဒ်ခေါ်ဒါရ်သို့ ရောက်ရှိမည်ဟု ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

၎င်းကျမ်းစာကျောင်းသား (၁၇) ဦးသည် ချင်းပြည်နယ်အစိုးရထံ နေရပ်ပြန်နိုင်ရေး တင်ပြအကြောင်းကြားထားသူ (၃၃) ဦးထဲကဖြစ်ပြီး ပထမအသုတ် (၁၆) ဦးသည် ပြီးခဲ့သည့် မတ်လ (၂၂) ရက်နေ့က ရောက်ရှိခဲ့ကြပြီးဖြစ်သည်။

“ပထမ ကျနော်တို့ဆက်သွယ်ထားတာ (၃၃) ယောက်ရှိတယ်၊ ကျမ်းစာသင်ကျောင်းဆိုပြီးတော့ အိုင်ဇော်လ်က (၁၆) ယောက် ပထမတစ်သုတ်လာတယ်၊ နောက် ဒုတိယတစ်သုတ်အနေနဲ့ (၁၇) ယောက်က လောင်တလိုင်ဘက်ကနေ ရိဒ်ခေါ်ဒါရ်ကို ပို့မယ်လို့ အဲလိုလေး ကျနော်တို့ ညှို့နှိုင်းထားတာရှိတယ်၊ အဲဒါ (၁၇) ယောက်၊ နှစ်ခုပေါင်းလိုက်ရင် (၃၃) ယောက်၊ အဲဒီတစ်သုတ်က ကျနော်တို့ ပြည်ထောင်စုကိုလည်း တင်ပြပြီးပြီ၊ ပြည်ထောင်စုကလည်း ခွင့်ပြုချက်ရထားတယ်၊ အဲဒါကြောင့် ပြီးခဲ့တဲ့တစ်ပတ်ကျော်လောက်က ရိဒ်ခေါ်ဒါရ်မှာ လက်ခံပြီးတော့ တီးတိန်မှာ အခု Quarantine (၂၁) ရက်ဝင်နေတယ်၊ အခု (၁၇) ယောက်ကလည်း ကျနော်တို့က ရိဒ်ခေါ်ဒါရ်မှာပဲဖြစ်ဖြစ်၊ ဖလမ်းမှာပဲဖြစ်ဖြစ် ကျနော်တို့ Quarantine (၂၁) ရက်ထားမယ်၊ အဲဒါပြီးမှ သူ့ရဲ့ တိုင်းနဲ့ပြည်နယ်အလိုက် ပြန်လွှတ်မှာပေါ့၊ အခုလာတဲ့ထဲမှာ ကျနော်တို့ ချင်းကြီးပဲမဟုတ်ဘူး၊ ကလေးဘက်ကပါသလို ကချင်ပြည်နယ်ကလည်းပါတယ်၊ ရန်ကုန်ကလည်းပါတယ်၊ ပေါင်းစုံပေါ့နော်၊ အခု (၁၇) ယောက်က လာမယ့်မနက်ဖြန် သောကြာနေ့ညလောက်ကို ရိဒ်ခေါ်ဒါရ်ကို ရောက်ပါမယ်၊ အဲဒါကို ကျနော်တို့လက်ခံပြီးတော့ Quarantine ထားမယ့်နေရာမှာထားမယ်” ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

အိန္ဒိယနိုင်ငံတွင် COVID-19 ကြောင့် သောင်တင်နေသည့် မြန်မာနိုင်ငံသား (၂၀ဝ) ကျော်ရှိပြီး ၎င်းတို့ဆီမှ တရားဝင်ကမ်းလှမ်းလာမည်ဆိုပါက ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်ထောင်စုထံတင်ပြပြီး ခွင့်ပြုချက်နှင့်အတူ ဆက်သွယ်ကာ လက်ခံသွားမည်ဟု ဝန်ကြီးကဆက်ပြောသည်။

အိန္ဒိယနိုင်ငံအစိုးရဖက်မှ အိန္ဒိယနိုင်ငံတွင်ရှိသည့် မြန်မာနိုင်ငံသားများကို ပို့ဆောင်ပေးနိုင်မည်ဆိုပါက မြန်မာနိုင်ငံဖက်မှ လက်ခံနိ်ုင်ဆောင်ရွက်သွားမည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်ကပြောသည်။

“အခုကတော့ ကျနော်တို့က မီဇိုရမ်နဲ့ ချင်းပြည်နယ် ဒီနှစ်ခုမှာရှိနေတဲ့ဟာကိုပဲ လုပ်နေတယ်၊ အိန္ဒိယရဲ့မြို့တော်တို့၊ အိန္ဒိယရဲ့ တောင်ဖက်ပိုင်းခြမ်းမှာ ရှိသေးတာပေါ့နော်၊ အခုက မီဇိုရမ်မှာရှိတဲ့ (၃၃) ယောက်ကိုစလွှဲတယ်၊ သူတို့ဘက်ကသာလွှဲနိုင်လို့ရှိရင် ကျနော်တို့ဘက်ကတော့ လက်ခံနိုင်အောင်လုပ်မယ်၊ ဘာလို့လဲဆိုတော့ နိုင်ငံတော်အကြီးအကဲတွေကလည်း တရားဝင်သွားတာပဲဖြစ်ဖြစ်၊ တရားမဝင်သွားတာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံသားကို လက်ခံမယ်ဆိုတဲ့ လမ်းညွှန်ထားတာရှိတယ်၊ ဒါပေမဲ့ လုပ်ထုံးလုပ်နည်းအရ သူတို့ဖက်ကလည်း နာမည်စာရင်းတွေနဲ့ စနစ်တကျပို့ပေးတော့ စနစ်တကျလက်ခံဖို့၊ အဲလိုကျမှ COVID-19 ထိန်းချုပ်နိုင်မှာ၊ ဒါမှမဟုတ်ရင် သူတို့ကို သူတို့လာချင်သလိုလာ၊ ပြန်ချင်သလို ပြန်မယ်ဆိုရင် ထိန်းချုပ်ဖို့အရမ်းခက်မယ်၊ အဲဒါကြောင့် ဘယ်နှစ်ယောက်၊ ဘယ်လောက် တိတိကျကျသိမှ ကျနော်တို့ ဆက်လုပ်လို့ရမှာ” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

တီးတိန်မြို့တွင် Quarantine (၂၁) ရက်ထားရှိသည့် အိန္ဒိယနိုင်ငံပြန် ကျမ်းစာကျောင်းသားများ၏ နှာခေါင်းတုဖတ်နှင့် အာခေါင်တုဖတ်တို့အား COVID-19 ရောဂါပိုးရှိ/မရှိစစ်ဆေးရန် အမျိုးသားကျန်းမာရေးဌာန ဓာတ်ခွဲခန်း (ရန်ကုန်) ၌ ပို့ဆောင်ထားပြီး ပြည်ပမှ ချင်းပြည်နယ်သို့ပြန်လာမည့် မည်သူမဆို ရောဂါပိုးရှိ/မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

ပြည်ပနိုင်ငံများမှ ပြန်လာမည့်သူများအတွက် Facility Quarantine (၂၁) ရက် ထားရှိနိုင်မည့် နေရာများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ လူဦးရေ (၁၀ဝ၀) ကျော်အထိ လက်ခံနိုင်အောင် ပြင်ဆင်ထားကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ လက်တလောပြန့်ပွားနေသည့် ကမ္ဘာ့ကပ်ရောဂါ COVID-19 ဂယက်ကြောင့် အိန္ဒိယနိုင်ငံတစ်နိုင်ငံလုံး Lockdown ချထားသည့်အတွက် အိန္ဒိယနိုင်ငံရှိ ပြည်နယ်အသီးသီးတွင် ကျမ်းစာကျောင်း တက်ရောက်နေကြသည့် မြန်မာနိုင်ငံမှ ကျမ်းစာကျောင်းသားများသည် နေရပ်ပြန်နိုင်ရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲကြံတွေ့ရလျက်ရှိကြသည်ဟုလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.