Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ္ေရးေၾကာင့္ ပလက္၀ၿမိဳ႕နယ္တြင္ ေရြးေကာက္ပြဲမက်င္းပျဖစ္မွာကို စိုးရိမ္မႈရွိေနၾက

စစ္ေရးေၾကာင့္ ပလက္၀ၿမိဳ႕နယ္တြင္ ေရြးေကာက္ပြဲမက်င္းပျဖစ္မွာကို စိုးရိမ္မႈရွိေနၾက

0
By Editor on June 29, 2020 Headline

#Zawgyi

By လားႏြန္ – စစ္ေရးပဋိကၡေၾကာင့္ နယ္ေျမတည္ၿငိမ္းေအးခ်မ္းမႈမရွိေသာ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္၀ျမိဳ႕နယ္တြင္ လာမည့္ (၂၀၂၀) အေထြေထြေရြးေကာက္ပြဲ မက်င္းပျဖစ္မွာကို အရပ္ဘက္အဖြဲ႔အစည္းႏွင့္ ႏုိင္ငံေရးေလ့လာသံ ုးသပ္သူ မ်ားက စိုးရိမ္ေနၾကသည္။

ခ်င္းျပည္နယ္တြင္ လူဦးေရးအမ်ားဆံုးၿမိဳ႕နယ္ျဖစ္ၿပီး လႊတ္ေတာ္မဲဆႏၵနယ္ေျမ (၅) ခုအထိရွိသည့္ ပလက္၀ၿမိဳ႕နယ္အတြင္း ျမန္မာ့တပ္မေတာ္နွင့္ ရကိၡဳင္တပ္ေတာ္ (AA) တို႔အၾကားျဖစ္ပြားေနေသာ တိုက္ပြဲမ်ားသည္ ေဒသတြင္းက်င္းပမည့္ေရြးေကာက္ပြဲအား အေႏွာက္အယွက္ျဖစ္ေစမည္ကို စိုးရိမ္ေနၾကၿပီး အကယ္၍ ေရြးေကာက္ပြဲမက်င္းပႏုိင္ပါက ပလက္၀ၿမိဳ႕နယ္အတြက္ ႀကီးမားေသာဆံုးရံႈးမႈျဖစ္လာမည္ဟု ခူမီးမ်ိဳးႏြယ္စုမ်ားေပါင္းစပ္ညိွႏိႈင္းေရးေကာင္စီ (KACC) မွ ညိွဳႏိႈင္းေရးမွဴး ဦးေစာျမကေျပာသည္။

“ေရြးေကာက္ပြဲမလုပ္ျဖစ္ဘူးဆိုရင္ လႊတ္ေတာ္ကိုယ္စားလွယ္မရိွဘူးဆိုရင္ေတာ့ နစ္နာမႈကေတာ္ေတာ္ကိုၾကီးတယ္၊ လႊတ္ေတာ္ရန္ပံုေငြေတြ ျမိဳ႕နယ္အလိုက္ေပးတဲ့ အဲဒါေတြမရႏုိင္ဘူး အဲဒီဟာကလည္း အေသးစားရန္ပံုေငြအေနနဲ႔ ေသးေသးမႊားမႊားေလးေတြလုပ္လုပ္လို႔ရတာ သိန္း (၅၀) ေအာက္ အဲလိုမ်ိဳးရိွပါတယ္ အဲဒါမ်ိဳးေတြရေတာ့မွာမဟုတ္ဘူး၊ ေနာက္က်ေနာ္တို႔ျမိဳ႕နယ္ကိုယ္စား လႊတ္ေတာ္ထဲမွာ အဆိုတင္မယ့္ ေမးခြန္းေမးမယ့္ဟာမ်ိဳးေတြလည္း ဆံုးရံႈးမယ္ ဆိုလိုတာက တျခားျမိဳ႕နယ္က ကိုယ္စားလွယ္ေတြကေနတဆင့္သြားမယ္ဆိုလို႔ရွိရင္လည္း အဲဒီလုပ္ငန္းကလည္း ရွည္မယ္ က်ေနာ္တို႔ကိုယ္တိုင္က ဘယ္ေလာက္ေျပာေျပာ သူကေတာ့ တကယ္ခံစားတဲ့သူမဟုတ္ရင္ေတာ့ ေျပာအားကလည္းနည္းသြာမွာကို အဲလိုမ်ိဳးလည္းရိွတယ္” ဟု ဦးေစာျမကေျပာသည္။

ႏိုင္ငံတစ္ႏုိင္ငံအတြက္ ေရြးေကာက္ပြဲသည္ အလြန္အေရးၾကီးသည့္အတြက္ တိုက္ပြဲျဖစ္ပြားသည့္ အႏၱရာယ္မ်ားေသာ ေက်းရြာမ်ားကိုသာခ်န္ထားခဲ့ျပီး ေရြးေကာက္ပြဲအားမျဖစ္မေနလုပ္ေစခ်င္ေၾကာင္း ၾကိဳတင္မဲေပးပိုင္ခြင့္သ ည္လည္း တိုးျမွင့္ေပးေစလိုကာ မဲရံုမ်ားမွာလည္းမ်ားႏုိင္ေလာက္ဖြင့္ေပးေစလိုေၾကာင္း ဦးေစာျမက ဆက္ေျပာသည္။

ႏုိ္င္ငံေရးေလ့လာေနသူတစ္ဦးျဖစ္သည့္ Danish Institute of Party and Democracy မွ လူငယ္အစီအစဥ္ ညိွဳႏိႈင္းေရးမွဴး Salai David Van Bawi Mang က အကယ္၍ ပလက္၀ၿမိဳ႕နယ္တြင္ ေရြးေကာက္ပြဲမက်င္းပႏိုင္လွ်င္ ဒီမိုကေရစီစံခ်ိန္စံႏႈန္းမ်ား ေလ်ာ့နည္းမည္ျဖစ္ကာ ျပည္သူလူထု ကုိယ္စားျပဳမႈ ေလ်ာ့နည္းလာႏိုင္မည္ဟု ေျပာသည္။

“ေရြးေကာက္ပြဲမျဖစ္ဘူးဆိုရင္ေတာ့ က်ေနာ္တို႔ေျပာေနတဲ့ ဒီမိုကေရစီရဲ႕ စံခ်ိန္စံႏႈန္းေတြမွာ ေလ်ာ့နည္းသြားမယ္၊ ျပည္သူလူထုရဲ႕ၾကားပိုင္ခြင့္ ျပည္သူလူထုရဲ႕ေတာင္းဆိုမႈ ကုိယ္စားျပဳမႈ ေလ်ာ့နည္းသြားမွာျဖစ္တဲ့အတြက္ေၾကာင့္ ေရြးေကာက္ပြဲကိုေတာ့ မျဖစ္ျဖစ္ေအာင္လုပ္ဖို႔တိုက္တြန္းခ်င္တယ္၊ တစ္ခ်က္ကေတာ့ လက္ရွိတပ္မေတာ္နဲ႔ AA နဲ႔ျဖစ္ေနတဲ့တုိက္ပြဲေတြကို ရပ္တန္႔ေစခ်င္ပါတယ္ ႏုိင္ငံေရးစကား၀ိုင္းေတြျဖစ္ေပၚေစခ်င္ ပါတယ္၊ ျပီးေတာ့မွ ေရြးေကာက္ပြဲကာလအတြက္ တုိင္းရင္းသား လက္နက္ကိုင္ေနတဲ့ဖက္ကလည္း သူတို႔အေနနဲ႔ ျပည္သူေတြအတြက္ေရာ ထည့္သြင္းစဥ္းစားေပးသင့္တယ္လို႔ က်ေနာ့္အေနနဲ႔ျမင္ပါတယ္ ဘယ္လုိပဲေျပာေျပာေရြးေကာက္ပြဲကာလကို အခုလက္ရိွႏို္၀င္ဘာလို႔ အားလံုးကလည္းသိထားျပီးသား သတ္မွတ္ျပီးသားျဖစ္တယ္ အဲဒီအခါက်ေတာ့ အဲဒီမွာ တပ္ႏွစ္ဖက္က ဘယ္ေလာက္ထိအေပးအယူလုပ္ျပီးေတာ့ ျပည္သူေတြရဲ႕ေကာင္းက်ိဳး တိုင္းရင္းသားအခြင့္အေရး ဒီမိုကေရစီရဲ႕ စံခ်ိန္စံႏႈန္းေတြကို ဘယ္ေလာက္ထိလိုက္နာျပီးေတာ့ ေဆာင္ရြက္ေပးမလဲ ဆိုတဲ့ဟာမ်ိဳး က်ေနာ္တို႔ ေမးခြန္းေမးရမွာျဖစ္သလို ေတာင္းဆိုေနတာလည္းျဖစ္ပါတယ္္” ဟု Salai David Van Bawi Mang ကေျပာသည္။

ပလက္၀ျမိဳ႕နယ္တြင္ အေထြေထြေရြးေကာက္ပြဲအား တစ္ျခားၿမိဳ႕နယ္မ်ားကဲ့သို႔ က်င္းပျပဳလုပ္ႏုိင္ရန္ ခ်င္းျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕(ခြဲ) မွ မဲစာရင္းမ်ားႏွင့္ ပစၥည္းမ်ားမွာ အဆင္သင့္ျပင္ဆင္ျပီးသားျဖစ္ေၾ ကာင္း ခ်င္းျပည္နယ္ေရြးေကာက္ပြဲ ေကာ္မရွင္အတြင္းေရးမွဴး ဦးလင္းေက်ာ္ကေျပာသည္။

“ က်ေနာ္တို႔ ပလက္၀အတြက္ကိုေတာ့ မဲရံုလ်ာထားခ်က္မွာ ၂၀၁၅ ထက္ပိုျပီးေတာ့ မဲဆႏၵရွင္ျပည္သူေတြလြယ္လင့္တကူ လာႏုိင္ဖို႔ရည္ရြယ္ျပီးေတာ့ တိုးခ်ဲ႕ျပီးေတာ့လ်ာထားတာ ေတြရိွပါတယ္၊ မဲရံုသံုးပစၥည္းေတြလည္း အခုခ်ိန္မွာ စစ္ေတြထိေအာင္ မဲရံုသံုးပစၥည္းေတြကေရာက္ေနပါတယ္ ထပ္ျပီးေတာ့ က်ေနာ္တို႔ ဘယ္လိုနည္းနဲ႔ သယ္မလဲ လက္ရိွအေျခအေနတိုင္းျဖစ္တယ္ဆိုရင္ေတာ့ နည္းလမ္းတစ္ခုေတာ့ရိွတယ္ လံုျခံဳေရးအကူအညီယူျပီးေတာ့ အေပၚလမ္းေၾကာင္းကေန သြားမလားဆိုတဲ့ဟာကို က်ေနာ္တို႔စီစဥ္လ်က္ရိွပါတယ္၊ ဒါေတာ့ မဲဆႏၵနယ္ေျမကိုလည္း ပလက္၀မွာ အမ်ိဳးသားလႊတ္ေတာ္ ျပည္သူ႔လႊတ္ေတာ္ ျပည္နယ္လႊတ္ေတာ္ အဲဒီအတြက္လ်ာထားေပးတာျဖစ္တ့ဲအတြက္ က်ေနာ္တို႔ ေကာ္မရွင္အဖြဲ႕(ခြဲ) အေနနဲ႔ကေတာ့ ေရြးေကာက္ပြဲက်င္းပမယ့္ရက္ ေရြးေကာက္ပြဲက်င္းပႏိုင္ျပီဆိုလို႔ရိွရင္ အဆင္သင့္ျဖစ္ေအာင္ မဲစာရင္းေတြေရာ ပစၥည္းေတြေရာ အားလံုးေဆာင္ရြက္ျပီးျဖစ္ပါတယ္” ဟု ခ်င္းျပည္နယ္အေထြေထြေရြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမွဴး ဦးလင္းေက်ာ္ကေျပာသည္။

ၿမိဳ႕နယ္ (၉) ၿမိဳ႕နယ္ရွိသည့္ ခ်င္းျပည္နယ္တြင္ ျပည္နယ္လႊတ္ေတာ္တြင္ မဲဆႏၵနယ္ (၁၈) ေနရာ၊ ျပည္သူ႔လႊတ္ေတာ္တြင္ မဲဆႏၵနယ္ (၉) ေနရာ ႏွင့္ အမ်ဴိးသားေတာ္တြင္ မဲဆႏၵနယ္ (၁၂) ေနရာ စုစုေပါင္း မဲဆႏၵနယ္ေျမ (၃၉) ေနရာရွိၿပီး လာမည့္ (၂၀၂၀) ေရြးေကာက္ပြဲတြင္ မဲေပးပို္င္ခြင့္ရွိသူ ၃ သိန္း ၄ ေသာင္းေက်ာ္ခန္႔ရွိသည္ဟု သိရသည္။

#Unicode

By လားနွန် – စစ်ရေးပဋိက္ခကြောင့် နယ်မြေတည်ငြိမ်းအေးချမ်းမှုမရှိသော ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် လာမည့် (၂၀၂၀) အထွေထွေရွေးကောက်ပွဲ မကျင်းပဖြစ်မှာကို အရပ်ဘက်အဖွဲ့အစည်းနှင့် နိုင်ငံရေးလေ့လာသံ ုးသပ်သူ များက စိုးရိမ်နေကြသည်။

ချင်းပြည်နယ်တွင် လူဦးရေးအများဆုံးမြို့နယ်ဖြစ်ပြီး လွှတ်တော်မဲဆန္ဒနယ်မြေ (၅) ခုအထိရှိသည့် ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်တော် (AA) တို့အကြားဖြစ်ပွားနေသော တိုက်ပွဲများသည် ဒေသတွင်းကျင်းပမည့်ရွေးကောက်ပွဲအား အနှောက်အယှက်ဖြစ်စေမည်ကို စိုးရိမ်နေကြပြီး အကယ်၍ ရွေးကောက်ပွဲမကျင်းပနိုင်ပါက ပလက်ဝမြို့နယ်အတွက် ကြီးမားသောဆုံးရှုံးမှုဖြစ်လာမည်ဟု ခူမီးမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) မှ ညှိုနှိုင်းရေးမှူး ဦးစောမြကပြောသည်။

“ရွေးကောက်ပွဲမလုပ်ဖြစ်ဘူးဆိုရင် လွှတ်တော်ကိုယ်စားလှယ်မရှိဘူးဆိုရင်တော့ နစ်နာမှုကတော်တော်ကိုကြီးတယ်၊ လွှတ်တော်ရန်ပုံငွေတွေ မြို့နယ်အလိုက်ပေးတဲ့ အဲဒါတွေမရနိုင်ဘူး အဲဒီဟာကလည်း အသေးစားရန်ပုံငွေအနေနဲ့ သေးသေးမွှားမွှားလေးတွေလုပ်လုပ်လို့ရတာ သိန်း (၅၀) အောက် အဲလိုမျိုးရှိပါတယ် အဲဒါမျိုးတွေရတော့မှာမဟုတ်ဘူး၊ နောက်ကျနော်တို့မြို့နယ်ကိုယ်စား လွှတ်တော်ထဲမှာ အဆိုတင်မယ့် မေးခွန်းမေးမယ့်ဟာမျိုးတွေလည်း ဆုံးရှုံးမယ် ဆိုလိုတာက တခြားမြို့နယ်က ကိုယ်စားလှယ်တွေကနေတဆင့်သွားမယ်ဆိုလို့ရှိရင်လည်း အဲဒီလုပ်ငန်းကလည်း ရှည်မယ် ကျနော်တို့ကိုယ်တိုင်က ဘယ်လောက်ပြောပြော သူကတော့ တကယ်ခံစားတဲ့သူမဟုတ်ရင်တော့ ပြောအားကလည်းနည်းသွာမှာကို အဲလိုမျိုးလည်းရှိတယ်” ဟု ဦးစောမြကပြောသည်။

နိုင်ငံတစ်နိုင်ငံအတွက် ရွေးကောက်ပွဲသည် အလွန်အရေးကြီးသည့်အတွက် တိုက်ပွဲဖြစ်ပွားသည့် အန္တရာယ်များသော ကျေးရွာများကိုသာချန်ထားခဲ့ပြီး ရွေးကောက်ပွဲအားမဖြစ်မနေလုပ်စေချင်ကြောင်း ကြိုတင်မဲပေးပိုင်ခွင့်သ ည်လည်း တိုးမြှင့်ပေးစေလိုကာ မဲရုံများမှာလည်းများနိုင်လောက်ဖွင့်ပေးစေလိုကြောင်း ဦးစောမြက ဆက်ပြောသည်။

နိ်ုင်ငံရေးလေ့လာနေသူတစ်ဦးဖြစ်သည့် Danish Institute of Party and Democracy မှ လူငယ်အစီအစဉ် ညှိုနှိုင်းရေးမှူး Salai David Van Bawi Mang က အကယ်၍ ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်လျှင် ဒီမိုကရေစီစံချိန်စံနှုန်းများ လျော့နည်းမည်ဖြစ်ကာ ပြည်သူလူထု ကိုယ်စားပြုမှု လျော့နည်းလာနိုင်မည်ဟု ပြောသည်။

“ရွေးကောက်ပွဲမဖြစ်ဘူးဆိုရင်တော့ ကျနော်တို့ပြောနေတဲ့ ဒီမိုကရေစီရဲ့ စံချိန်စံနှုန်းတွေမှာ လျော့နည်းသွားမယ်၊ ပြည်သူလူထုရဲ့ကြားပိုင်ခွင့် ပြည်သူလူထုရဲ့တောင်းဆိုမှု ကိုယ်စားပြုမှု လျော့နည်းသွားမှာဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲကိုတော့ မဖြစ်ဖြစ်အောင်လုပ်ဖို့တိုက်တွန်းချင်တယ်၊ တစ်ချက်ကတော့ လက်ရှိတပ်မတော်နဲ့ AA နဲ့ဖြစ်နေတဲ့တိုက်ပွဲတွေကို ရပ်တန့်စေချင်ပါတယ် နိုင်ငံရေးစကားဝိုင်းတွေဖြစ်ပေါ်စေချင် ပါတယ်၊ ပြီးတော့မှ ရွေးကောက်ပွဲကာလအတွက် တိုင်းရင်းသား လက်နက်ကိုင်နေတဲ့ဖက်ကလည်း သူတို့အနေနဲ့ ပြည်သူတွေအတွက်ရော ထည့်သွင်းစဉ်းစားပေးသင့်တယ်လို့ ကျနော့်အနေနဲ့မြင်ပါတယ် ဘယ်လိုပဲပြောပြောရွေးကောက်ပွဲကာလကို အခုလက်ရှိနိ်ုဝင်ဘာလို့ အားလုံးကလည်းသိထားပြီးသား သတ်မှတ်ပြီးသားဖြစ်တယ် အဲဒီအခါကျတော့ အဲဒီမှာ တပ်နှစ်ဖက်က ဘယ်လောက်ထိအပေးအယူလုပ်ပြီးတော့ ပြည်သူတွေရဲ့ကောင်းကျိုး တိုင်းရင်းသားအခွင့်အရေး ဒီမိုကရေစီရဲ့ စံချိန်စံနှုန်းတွေကို ဘယ်လောက်ထိလိုက်နာပြီးတော့ ဆောင်ရွက်ပေးမလဲ ဆိုတဲ့ဟာမျိုး ကျနော်တို့ မေးခွန်းမေးရမှာဖြစ်သလို တောင်းဆိုနေတာလည်းဖြစ်ပါတယ်” ဟု Salai David Van Bawi Mang ကပြောသည်။

ပလက်ဝမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအား တစ်ခြားမြို့နယ်များကဲ့သို့ ကျင်းပပြုလုပ်နိုင်ရန် ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) မှ မဲစာရင်းများနှင့် ပစ္စည်းများမှာ အဆင်သင့်ပြင်ဆင်ပြီးသားဖြစြေ် ကာင်း ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။

“ကျနော်တို့ ပလက်ဝအတွက်ကိုတော့ မဲရုံလျာထားချက်မှာ ၂၀၁၅ ထက်ပိုပြီးတော့ မဲဆန္ဒရှင်ပြည်သူတွေလွယ်လင့်တကူ လာနိုင်ဖို့ရည်ရွယ်ပြီးတော့ တိုးချဲ့ပြီးတော့လျာထားတာ တွေရှိပါတယ်၊ မဲရုံသုံးပစ္စည်းတွေလည်း အခုချိန်မှာ စစ်တွေထိအောင် မဲရုံသုံးပစ္စည်းတွေကရောက်နေပါတယ် ထပ်ပြီးတော့ ကျနော်တို့ ဘယ်လိုနည်းနဲ့ သယ်မလဲ လက်ရှိအခြေအနေတိုင်းဖြစ်တယ်ဆိုရင်တော့ နည်းလမ်းတစ်ခုတော့ရှိတယ် လုံခြုံရေးအကူအညီယူပြီးတော့ အပေါ်လမ်းကြောင်းကနေ သွားမလားဆိုတဲ့ဟာကို ကျနော်တို့စီစဉ်လျက်ရှိပါတယ်၊ ဒါတော့ မဲဆန္ဒနယ်မြေကိုလည်း ပလက်ဝမှာ အမျိုးသားလွှတ်တော် ပြည်သူ့လွှတ်တော် ပြည်နယ်လွှတ်တော် အဲဒီအတွက်လျာထားပေးတာဖြစ်တဲ့အတွက် ကျနော်တို့ ကော်မရှင်အဖွဲ့(ခွဲ) အနေနဲ့ကတော့ ရွေးကောက်ပွဲကျင်းပမယ့်ရက် ရွေးကောက်ပွဲကျင်းပနိုင်ပြီဆိုလို့ရှိရင် အဆင်သင့်ဖြစ်အောင် မဲစာရင်းတွေရော ပစ္စည်းတွေရော အားလုံးဆောင်ရွက်ပြီးဖြစ်ပါတယ်” ဟု ချင်းပြည်နယ်အထွေထွေရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။

မြို့နယ် (၉) မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် ပြည်နယ်လွှတ်တော်တွင် မဲဆန္ဒနယ် (၁၈) နေရာ၊ ပြည်သူ့လွှတ်တော်တွင် မဲဆန္ဒနယ် (၉) နေရာ နှင့် အမျိူးသားတော်တွင် မဲဆန္ဒနယ် (၁၂) နေရာ စုစုပေါင်း မဲဆန္ဒနယ်မြေ (၃၉) နေရာရှိပြီး လာမည့် (၂၀၂၀) ရွေးကောက်ပွဲတွင် မဲပေးပိ်ုင်ခွင့်ရှိသူ ၃ သိန်း ၄ သောင်းကျော်ခန့်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.