“က်ေနာ္တို႔ ဆံုးရံႈးခဲ့တဲ့အရာအားလံုး ျပန္ယူဖို႔အခ်ိန္တန္ၿပီ’’

0

#Unicode

CNLD လွှတ်တာ်ကိုယ်စားလှယ်လောင်း ဆလိုင်းမျိူးချစ်နဲ့ အင်တာဗျူး

နိုဝင်ဘာလ ၈ ရက်နေ့အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် အမျိူးသား လွှတ်တော်မဲဆန္ဒနယ်မြေအမှတ်(၅)ကနေ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် လူငယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဆလိုင်းမျိူးချစ်ကို ယခုလိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး – လူငယ်တစ်ယောက်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို ဘာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ရတာလဲ။

ဖြေ – အနာဂတ်ပုံဖော်တဲ့အချိန်မှာ လူကြီးပိုင်းကြီးကပဲ ပုံဖော်ပြီးတော့ ပြောနေတဲ့ဟာတွေက အနာဂတ်မှာ တကယ်တမ်း ကြုံတွေ့ရတဲ့အဆိုးအကောင်းတွေ ကြုံရတဲ့သူဟာ လူငယ်တွေအပါအဝင် ပြည်သူလူထု တစ်ရပ်လုံးဖြစ်ပါတယ်။ အဲလို မျိုးဖြစ်လာတဲ့အခါကျတော့ ကျနော်တို့ အနာဂတ်ကို ပုံဖော်တဲ့အချိန်မှာ ကျနော်တို့လူငယ်တွေလည်း ဘာဖြစ်လို့ ဆုံးဖြတ်ချက် ချပိုင်ခွင့်မရှိရမှာလဲ။ နိုင်ငံရေးသမားတွေကသော်လည်းကောင်း လွှတ်တော်ကသော်လည်းကောင်း သူတို့တစ်ခုခုဆုံးဖြတ်လိုက်တာ၊ ပြဌာန်းလိုက်တဲ့ဟာတွေရဲ့ အကျိုးအဆက်တော်တော် များများဟာ လူငယ်တွေလည်း ခံစားရတာပါပဲ။ အဲဒါကြောင့် ဒီလိုမျိုးဆုံးဖြတ်ပြောဆိုနေကြတဲ့ လွှတ်တော်ထဲမှာ လူငယ်တွေရဲ့ အသံဟာ တိုက်ရိုက် ရောက်ဖို့ အရမ်းအရေးကြီးပါတယ်။ ကျနော်တို့လူငယ်တွေဟာ ဘယ်လိုပဲဖြစ်ဖြစ် ချင်းနိုင်ငံရေးမှာ အပြင်ကနေပဲမဟုတ် လက်တွေ့ ကိုယ်တိုင်ကိုယ်ကျေ ဆာင်ရွက်ဖို့ အရမ်းအရေးကြီးပါတယ်ဆိုတဲ့ဟာ ပြချင်တယ်။

မေး – လွှတ်တော်သုံးရပ်ရှိတဲ့အထဲက အမျိုးသားလွှတ်တော်မှာ ဝင်ပြိုင်ဖို့ဘာကြောင့်ရွေးချယ်ရတာလဲ။

ဖြေ – ပုံမှန်အားဖြင့် ဒီမိုကရေစီတိုင်းပြည်မှာ အထက်လွှတ်တော်ဆိုတဲ့ ဒီအမျိုးသားလွှတ်တော် မြန်မာပြည်မှာတော့ အထက်လွှတ်တော်ပေါ့ဗျာ၊ လူမျိုးနဲ့ ဆိုင်တဲ့အရာတွေ သီးခြားကိုအာဏာပေးပြီးတော့ လူမျိုးတွေနဲ့ သက်ဆိုင်တဲ့လုပ်ပိုင်ခွင့် ပြောဆိုခွင့် ဥပဒေပြုခွင့် ဒီအကြောင်းအရာတွေဟာ အထက်လွှတ်တော်က ပိုပြီးတော့ အာဏာယူရပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ (အထက်လွှတ်တော်)အမျိုးသားနှင့် ပြည်သူူ့လွှတ်တော်ပေါင်းပြီးတော့ ပြည်ထောင်စုလွှတ်တော်ပြန်လုပ်တာပေါ့လေ ဘာပဲပြောပြော ဒီဟာသည် ကျနော်တို့ရဲ့ ဝိသေသလက္ခဏာအခြေခံတဲ့ လွှတ်တော်ဖြစ်တာက တစ်ပိုင်း နောက်တစ်ခုကတော့ ဒီအမျိုးသားလွှတ်တော်ဆိုတာက ကျနော်တို့ကို ပိုပြီးတော့ ကိုယ်စားပြုချင်တာပေ့ါ ကျနော်တို့ ချင်းအမျိုးသားဆိုတဲ့ ကျနော်တို့ လူမျိုးကို ကိုယ်စားပြုလို့ရတဲ့နေရာပေ့ါနော် အဲဒီဟာလည်း တစ်ပိုင်းပါပါတယ် ဒီအချိန်မှာ ကျနော်တို့ ချင်းအမျိုးသားရေး အမှတ်လက္ခဏာများနဲ့ ပတ်သက်တဲ့ အရာတွေကို တိုက်ရိုက်ကျနော်တို့ ပြောဆိုနိုင်တဲ့နေရာတွေဟာ ဒီလွှတ်တော်ပဲဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်ရွေးချယ်ရခြင်းဖြစ်ပါတယ်။

မေး – တကယ်လို့လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ဘာဆောင်ရွက်ဖို့ပြင်ဆင်ထားလဲ။

ဖြေ – ကျနော်တို့ချင်းလူမျိူးတွေဟာ မြန်မာနိုင်ငံကိုတည်ထောင်တဲ့ လူမျိုးကြီးတစ်မျိူးဖြစ်ပါတယ်၊ သူများနောက်လို က်ရမယ့်လူမျိုးအဆင့်မဟုတ်ဘူး အဲဒီအခြေအနေမှာ ကျနော်တို့ရဲ့ နိုင်ငံကြီးကိုတည်ထောင်တဲ့ လူမျိုးဟာ လူမျိုးရဲ့ ဂုဏ်အင်္ဂါနဲ့ပတ်သက်တဲ့အရာတွေဖြစ်တဲ့ အမျိုးသားအမှတ်လဏ္ခာ၊ ချင်းဓလေ့ထုံးတမ်းအစဉ်အလာတွေ၊ ချင်းဘာသာ စကားတွေကို ဥပဒေအရကာကွယ်ရမှာဖြစ်ပါတယ် အမျိုးသားအမှတ်လဏ္ခာနဲ့ အထူးသဖြင့် မြေယာပိုင်ဆိုင်မှုလိုဟာမျိုး အခုမြေယာသက်ဆိုင်တဲ့ဥပဒေတွေကို ကြည့်လိုက်ရင် ကျနော်တို့ဟာ မြေပိုင်ရှင်သာဖြစ်တာ နယ်မြေတွေကို ကြီးစိုးခဲ့တဲ့သူသာဖြစ်တာ တကယ်တမ်းဥပဒေအရဆိုရင် ကျနော်တို့မပိုင်ဆိုင်သလိုဖြစ်ပါတယ် ဒီအရာတွေဟာကျနော်တို့ လုံးဝဥပဒေအရအကာအကွယ်ရနိုင်အောင် ကျနော်တို့လုပ်ဆောင်ရမှာပါ၊

မေး – တိုင်းရင်းသားပြည်သူတွေက ဒေသခံတိုင်းရင်းသားပါတီတွေကို ဘာကြောင့်မဲပေးသင့်တာလဲ။

ဖြေ – ကျနော်တို့ ၂၀၂၀ မှာ တိုင်းရင်းသားတွေ ပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့ သက်ဆိုင်ရာ တိုင်းရင်းသားပါတီကို လုံးဝ ဘာမှ နောက်ဆံမတင်းပဲ မဲပေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒိီနိုင်ငံကြီးဟာ လူမျိုးပေါင်းစုံကနေစုပေါင်းပြီးတော့ ပိုင်ဆိုင်ထားတဲ့ တည်ထောင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲလိုမျိုးစုပေါင်းပြီးတော့ တည်ထောင်တဲ့ နိုင်ငံဖြစ်ရဲ့သားနဲ့ ဘာဖြစ်လို့အစိုးရကို လူမျိုးပေါင်းစုံကနေပြီးတော့မဖွဲ့နိုင်ရမှာလဲ အဲဒါကြောင့် ကျနော်တို့ မြန်မာနိုင်ငံရဲ့ဖြစ်တည်လာမှုပုံစံကို ကြည့်ခြင်းအားဖြင့်လည်း ကျနော်တို့ ဒီအစိုးရကိုုဖွဲ့စည်းဦးဆောင်တဲ့အခါမှာလည်း အဲလိုမျိုးစုပေါင်းပြီးတော့ အုပ်ချုပ်တဲ့ပုံစံလိုအပ်ပါတယ်။ အဲဒါကြောင့် အဲလိုဖြစ်လာဖို့အတွက်က ကိုယ့်တိုင်းရင်းသားပါတီတွေကို မဲပေးရွေးချယ်ဖို့လိုပါတယ်။

တစ်ပါတီထဲကဘဲ အစိုးရဖွဲ့နိုင်ရင် ဘာလုပ်သလဲ အဲဒီပါတီရဲ့ မူဝါဒနဲ့ အဲဒီပါတီကလုပ်ခိုင်းတဲ့ဟာတွေ ခိုင်းတာလုပ်ရတဲ့ အဆင့် ကိုယ့်ကိုရာထူးပေးရင် ရတဲ့အဆင့် လစာပေးရင် ယူရတဲ့အဆင့် နေရာပေးရင် ယူရတဲ့အဆင့်သာရှိမယ်၊ ကျနော်တို့ဟာ လက်အောက်ခံလိုဖြစ်နေတယ်။ ကျနော်တို့တိုင်းရင်းသားတွေဟာ ဒီပြည်ထောင်စုလက်အောက်ခံတွေ မဟုတ်ဘူး ကျနော်တို့ ဒီပြည်ထောင်စုကြီးကိုတည်ထောင်တဲ့လူမျိုးတွေဖြစ်တယ်ဆိုတာကို အသိမှတ်ပြုပြီးတော့ စုပေါင်းပြီးတော့ခေါင်းဆောင်မှုကိုု ကျနော်တို့မှာ တကယ်ကျင့်သုံးဖို့လိုတယ်။

မေး – CNLD အတွက် ဒီနှစ် ရွေးကောက်ပွဲဆောင်ပုဒ်က ချင်းတို့အရေးပြန်ယူကြစို့လို့ သိရတယ်၊ အဲဒီဆောင်ပုဒ်ပေး ရခြင်းကို ရှင်းပြပေးလို့ရမလား။

ဖြေ – အဓိကတော့ ကျနော်တို့ချင်းတွေဟာ အခုနလည်းပြောပါတယ် လူမျိုးကြီးဖြစ်ပါတယ် နိုင်ငံတော်ကိုတည်ထောင်ခဲ့တဲ့ လူမျိုးတွေဖြစ်ပါတယ် အဲလိုဖြစ်သော်လည်း နိုင်ငံရေးစနစ် ခေတ်အဆက်ဆက်အရ ကျနော်တို့ချင်းတွေရဲ့ ဖြစ်တည်မှုတွေ ကျနော်တို့ ဆုံးရှုံးလိုက်ရတဲ့အခွင့်အရေးတွေ ကျနော်တို့ဆုံးရှုံးလိုက်ရတဲ့နေရာတွေအများကြီးရှိပါတယ် ကျနော်တို့ရဲ့ ရိုးရာယဉ်ကျေးမှုထုံးတမ်းတွေ ကိုယ့်ရဲ့ဘာသာစကားတွေ ကိုယ့်ရဲ့ဓလေ့တွေ ကျနော်တို့ရဲ့ မြေရာပိုင်ဆိုင်မှုတွေ ရှင်းရှင်းပြောရင် ကျနော်တို့ရဲ့ ဖြစ်တည်မှုအကုန်လုံးကဆုံးရှုံးနေပါတယ် အခုဆိုရင် ခြိမ်းခြောက်မှုတောင်ခံရတယ် ကျနော်တို့ဆုံးရှုံးခဲ့တဲ့အရာအားလုံးဟာ ကျနော်တို့ ချင်းတွေက ပြန်ယူဖို့အချိန်တန်လာပြီ အဲဒါတွေကိုပြန်ယူဖို့စည်းလုံးဖို့ မဲပေးဖို့အရေးကြီးပါတယ်ဆိုတဲ့ဟာကို ကျနော်တို့က အဲဒီဆောင်ပုဒ်ကို ရွေးချယ်ခြင်းဖြစ်ပါတယ်။

မေး – တိုင်းရင်းသားပါတီတွေက အစိုးရဖွဲ့နိုုင်ဘူးလို့ ပြောဆိုကြတယ် ဆိုတော့ CNLD ပါတီအနေနဲ့ ချင်းပြည်နယ်မှာ အစိုးရဖွဲ့နိုင်မလား၊ ဘယ်လိုနည်းနဲ့ အစိုးရဖွဲ့နိုင်မလဲ။

ဖြေ – ရွေးကောက်ပွဲလည်းမရောက်သေးဘူး အဖြေလည်းဘာမှမထွက်သေးတဲ့အခါမှာ ကျနော်တို့ပဲ အစိုး ရဖွဲ့မှာပါလို့ သွားပြောတဲ့အခါ လိမ်တာဖြစ်ပါတယ် တစ်နည်းပြောရရင် ဒါဟာပြည်သူလှည့်စားတာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့ စည်ပုံအခြေခံဥပဒေထဲမှာပေးထားချက်အရ ကျနော်တို့ ချင်းပြည်နယ်မှာ တပ်မတော်အပါအဝင်ကိုယ်စားလှယ် (၂၄) ဦးရှိပါတယ် ထက်ဝက်ကျော်ရရင် အစိုးရဖွဲ့လို့ရပါတယ်၊ ဘာဖြစ်လို့ အဲလိုပြောနိုင်သလဲဆိုတော့ ဒီဟာသည် ဖွဲ့စည်းပုံအ ရဖြစ်ပါတယ် နိုင်ငံရေးအရတော့ အကုန်လုုံးဖြစ်နိုင်ပါတယ်။

နိုင်ငံရေးအရ ဘယ်လိုဖြစ်လာနိုင်လဲ ကျနော်တို့ ပြည်ထောင်စုမှာ ပါတီတစ်ခုတည်းကနေ အစိုးရမဖွဲ့နိုင်တဲ့နိုင်ငံရေးအခင်းအကျင်း ကို တိုင်းရင်းသားတွေ ဖန်တီးလာပြီဟေ့ဆိုရင် ပြည်မပါတီဘက်က ဗဟိုအစိုးရဖွဲ့ဖို့ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ထောက်ခံမှုကို လိုအပ်လာတဲ့ သူတို့ညှိနှိုင်းလာတဲ့အခါမှာ ကိုယ့်ရဲ့ပြည်နယ် ကိုယ့်ရဲ့ တိုင်းဒေသကြီးမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ရွေးချယ်မှုနဲ့ပဲ အစိုးရဖွဲ့ရမယ်ဆိုတဲ့ဟာတွေက ညှိနှိုင်းမှုတွေဖြစ်လာမှာဖြစ်ပါတယ်၊ အဲဒီအခြေအနေအရ ကျနော်တို့ CNLD အနေနဲ့ ကျနော်တို့ဟာ ချင်းပြည်နယ်အစိုးရကို ဦးဆောင်ဖို့တော်တော်လေးကိုပြင်ဆင်နေပါတယ် ကျနော်တို့ ဖွဲ့စည်းနိုင်မယ်လို့လည်း ယုံကြည်ပါတယ် အဲဒီအတွက်လည်း ကျနော်တို့ကြိုးစားနေပါတယ် ဆိုတော့ အဲဒါကြောင့်ပဲ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပေးထားချက်အရလည်း ကျနော်တို့ဖွဲ့စည်းနိုင်တဲ့အလားအလာရှိပါတယ် ကျနော်တို့ အနိုင်ရရင် မဖွဲ့စည်းနိုင်စရာအကြောင်းတော့မရှိပါဘူး။

#Zawgyi

CNLD လႊတ္တာ္ကိုယ္စားလွယ္ေလာင္း ဆလိုင္းမ်ဴိးခ်စ္နဲ႔ အင္တာဗ်ဴး 

ႏို၀င္ဘာလ ၈ ရက္ေန႔အေထြေထြေရြးေကာက္ပြဲမွာ ခ်င္းျပည္နယ္ေတာင္ပိုင္း ကန္ပက္လက္ၿမိဳ႕နယ္ အမ်ဴိးသား လႊတ္ေတာ္မဲဆႏၵနယ္ေျမအမွတ္(၅)ကေန ခ်င္းအမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္(CNLD) ပါတီကိုယ္စားျပဳအေနျဖင့္ ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ လူငယ္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဆလိုင္းမ်ဴိးခ်စ္ကို ယခုလိုေတြ႕ဆံုေမးျမန္းခဲ့ပါတယ္။ 

ေမး – လူငယ္တစ္ေယာက္အေနနဲ႔ ၂၀၂၀ ေရြးေကာက္ပြဲကို ဘာေၾကာင့္ ၀င္ေရာက္ယွဥ္ၿပိဳင္ရတာလဲ။ 

ေျဖ – အနာဂတ္ပံုေဖာ္တဲ့အခ်ိန္မွာ လူႀကီးပိုင္းႀကီးကပဲ ပံုေဖာ္ၿပီးေတာ့ ေျပာေနတဲ့ဟာေတြက အနာဂတ္မွာ တကယ္တမ္း ၾကံဳေတြ႕ရတဲ့အဆိုးအေကာင္းေတြ ၾကံဳရတဲ့သူဟာ လူငယ္ေတြအပါအ၀င္ ျပည္သူလူထု တစ္ရပ္လံုးျဖစ္ပါတယ္။ အဲလို မ်ိဳးျဖစ္လာတဲ့အခါက်ေတာ့ က်ေနာ္တို႔ အနာဂတ္ကို ပံုေဖာ္တဲ့အခ်ိန္မွာ  က်ေနာ္တို႔လူငယ္ေတြလည္း ဘာျဖစ္လို႔ ဆံုးျဖတ္ခ်က္ ခ်ပိုင္ခြင့္မရွိရမွာလဲ။ ႏိုင္ငံေရးသမားေတြကေသာ္လည္းေကာင္း လႊတ္ေတာ္ကေသာ္လည္းေကာင္း သူတို႔တစ္ခုခုဆံုးျဖတ္လိုက္တာ၊ ျပဌာန္းလိုက္တဲ့ဟာေတြရဲ႕ အက်ိဳးအဆက္ေတာ္ေတာ္ မ်ားမ်ားဟာ လူငယ္ေတြလည္း ခံစားရတာပါပဲ။ အဲဒါေၾကာင့္ ဒီလိုမ်ိဳးဆံုးျဖတ္ေျပာဆိုေနၾကတဲ့ လႊတ္ေတာ္ထဲမွာ လူငယ္ေတြရဲ႕ အသံဟာ တိုက္႐ိုက္ ေရာက္ဖို႔ အရမ္းအေရးႀကီးပါတယ္။ က်ေနာ္တို႔လူငယ္ေတြဟာ ဘယ္လိုပဲျဖစ္ျဖစ္ ခ်င္းႏိုင္ငံေရးမွာ အျပင္ကေနပဲမဟုတ္ လက္ေတြ႔ ကိုယ္တိုင္ကိုယ္က်ေ ဆာင္ရြက္ဖို႔ အရမ္းအေရးႀကီးပါတယ္ဆိုတဲ့ဟာ ျပခ်င္တယ္။ 

ေမး – လႊတ္ေတာ္သံုးရပ္ရွိတဲ့အထဲက အမ်ိဳးသားလႊတ္ေတာ္မွာ ၀င္ၿပိဳင္ဖို႔ဘာေၾကာင့္ေရြးခ်ယ္ရတာလဲ။ 

ေျဖ – ပံုမွန္အားျဖင့္ ဒီမိုကေရစီတိုင္းျပည္မွာ အထက္လႊတ္ေတာ္ဆိုတဲ့ ဒီအမ်ိဳးသားလႊတ္ေတာ္ ျမန္မာျပည္မွာေတာ့ အထက္လႊတ္ေတာ္ေပါ့ဗ်ာ၊ လူမ်ိဳးနဲ႔ ဆိုင္တဲ့အရာေတြ သီးျခားကိုအာဏာေပးၿပီးေတာ့ လူမ်ိဳးေတြနဲ႔ သက္ဆိုင္တဲ့လုပ္ပိုင္ခြင့္ ေျပာဆိုခြင့္ ဥပေဒျပဳခြင့္ ဒီအေၾကာင္းအရာေတြဟာ အထက္လႊတ္ေတာ္က ပိုၿပီးေတာ့ အာဏာယူရပါတယ္။ ဒါေပမဲ့ က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာေတာ့ (အထက္လႊတ္ေတာ္)အမ်ိဳးသားႏွင့္ ျပည္သူူ႔လႊတ္ေတာ္ေပါင္းၿပီးေတာ့ ျပည္ေထာင္စုလႊတ္ေတာ္ျပန္လုပ္တာေပါ့ေလ ဘာပဲေျပာေျပာ ဒီဟာသည္ က်ေနာ္တို႔ရဲ႕ ဝိေသသလကၡဏာအေျခခံတဲ့ လႊတ္ေတာ္ျဖစ္တာက တစ္ပိုင္း ေနာက္တစ္ခုကေတာ့ ဒီအမ်ိဳးသားလႊတ္ေတာ္ဆိုတာက က်ေနာ္တို႔ကို ပိုၿပီးေတာ့ ကိုယ္စားျပဳခ်င္တာေပ့ါ က်ေနာ္တို႔ ခ်င္းအမ်ိဳးသားဆိုတဲ့ က်ေနာ္တို႔ လူမ်ိဳးကို ကိုယ္စားျပဳလို႔ရတဲ့ေနရာေပ့ါေနာ္ အဲဒီဟာလည္း တစ္ပိုင္းပါပါတယ္ ဒီအခ်ိန္မွာ က်ေနာ္တို႔ ခ်င္းအမ်ိဳးသားေရး အမွတ္လကၡဏာမ်ားနဲ႔ ပတ္သက္တဲ့ အရာေတြကို တိုက္႐ိုက္က်ေနာ္တို႔ ေျပာဆိုႏိုင္တဲ့ေနရာေတြဟာ ဒီလႊတ္ေတာ္ပဲျဖစ္ပါတယ္။ အဲဒါေၾကာင့္ က်ေနာ္ေရြးခ်ယ္ရျခင္းျဖစ္ပါတယ္။ 

ေမး – တကယ္လို႔လာမယ့္ ေရြးေကာက္ပြဲမွာ အႏိုင္ရခဲ့ရင္ ဘာေဆာင္ရြက္ဖို႔ျပင္ဆင္ထားလဲ။ 

ေျဖ – က်ေနာ္တို႔ခ်င္းလူမ်ဴိးေတြဟာ ျမန္မာႏိုင္ငံကိုတည္ေထာင္တဲ့ လူမ်ိဳးႀကီးတစ္မ်ဴိးျဖစ္ပါတယ္၊ သူမ်ားေနာက္လို က္ရမယ့္လူမ်ိဳးအဆင့္မဟုတ္ဘူး အဲဒီအေျခအေနမွာ က်ေနာ္တို႔ရဲ႕ ႏိုင္ငံႀကီးကိုတည္ေထာင္တဲ့ လူမ်ိဳးဟာ လူမ်ိဳးရဲ႕ ဂုဏ္အဂၤါန႔ဲပတ္သက္တဲ့အရာေတြျဖစ္တဲ့ အမ်ိဳးသားအမွတ္လဏၡာ၊ ခ်င္းဓေလ့ထံုးတမ္းအစဥ္အလာေတြ၊ ခ်င္းဘာသာ စကားေတြကို ဥပေဒအရကာကြယ္ရမွာျဖစ္ပါတယ္ အမ်ိဳးသားအမွတ္လဏၡာနဲ႔ အထူးသျဖင့္ ေျမယာပိုင္ဆိုင္မႈလိုဟာမ်ိဳး အခုေျမယာသက္ဆိုင္တဲ့ဥပေဒေတြကို ၾကည့္လိုက္ရင္ က်ေနာ္တို႔ဟာ ေျမပိုင္ရွင္သာျဖစ္တာ နယ္ေျမေတြကို ႀကီးစိုးခဲ့တဲ့သူသာျဖစ္တာ တကယ္တမ္းဥပေဒအရဆိုရင္ က်ေနာ္တို႔မပိုင္ဆိုင္သလိုျဖစ္ပါတယ္ ဒီအရာေတြဟာက်ေနာ္တို႔ လံုး၀ဥပေဒအရအကာအကြယ္ရႏိုင္ေအာင္ က်ေနာ္တို႔လုပ္ေဆာင္ရမွာပါ၊ 

ေမး – တိုင္းရင္းသားျပည္သူေတြက ေဒသခံတိုင္းရင္းသားပါတီေတြကို ဘာေၾကာင့္မဲေပးသင့္တာလဲ။ 

ေျဖ – က်ေနာ္တို႔ ၂၀၂၀ မွာ တိုင္းရင္းသားေတြ ျပည္သူေတြအေနနဲ႔ ကိုယ့္ရဲ႕ သက္ဆိုင္ရာ တိုင္းရင္းသားပါတီကို လံုး၀ ဘာမွ ေနာက္ဆံမတင္းပဲ မဲေပးသင့္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒိီႏိုင္ငံႀကီးဟာ လူမ်ိဳးေပါင္းစံုကေနစုေပါင္းၿပီးေတာ့ ပိုင္ဆိုင္ထားတဲ့ တည္ေထာင္ထားတဲ့ ႏိုင္ငံျဖစ္ပါတယ္။ အဲလိုမ်ိဳးစုေပါင္းၿပီးေတာ့ တည္ေထာင္တဲ့ ႏိုင္ငံျဖစ္ရဲ႕သားနဲ႔ ဘာျဖစ္လို႔အစိုးရကို လူမ်ိဳးေပါင္းစံုကေနၿပီးေတာ့မဖြဲ႕ႏိုင္ရမွာလဲ အဲဒါေၾကာင့္ က်ေနာ္တို႔ ျမန္မာႏိုင္ငံရဲ႕ျဖစ္တည္လာမႈပံုစံကို ၾကည့္ျခင္းအားျဖင့္လည္း က်ေနာ္တို႔ ဒီအစိုးရကိုုဖြဲ႕စည္းဦးေဆာင္တဲ့အခါမွာလည္း အဲလိုမ်ိဳးစုေပါင္းၿပီးေတာ့ အုပ္ခ်ဳပ္တဲ့ပံုစံလိုအပ္ပါတယ္။ အဲဒါေၾကာင့္ အဲလိုျဖစ္လာဖို႔အတြက္က ကိုယ့္တိုင္းရင္းသားပါတီေတြကို မဲေပးေရြးခ်ယ္ဖို႔လိုပါတယ္။ 

တစ္ပါတီထဲကဘဲ အစိုးရဖြဲ႔ႏိုင္ရင္ ဘာလုပ္သလဲ အဲဒီပါတီရဲ႕ မူဝါဒနဲ႔ အဲဒီပါတီကလုပ္ခိုင္းတဲ့ဟာေတြ ခိုင္းတာလုပ္ရတဲ့ အဆင့္ ကိုယ့္ကိုရာထူးေပးရင္ ရတဲ့အဆင့္ လစာေပးရင္ ယူရတဲ့အဆင့္ ေနရာေပးရင္ ယူရတဲ့အဆင့္သာရွိမယ္၊ က်ေနာ္တို႔ဟာ လက္ေအာက္ခံလိုျဖစ္ေနတယ္။ က်ေနာ္တို႔တိုင္းရင္းသားေတြဟာ ဒီျပည္ေထာင္စုလက္ေအာက္ခံေတြ မဟုတ္ဘူး က်ေနာ္တို႔ ဒီျပည္ေထာင္စုႀကီးကိုတည္ေထာင္တဲ့လူမ်ိဳးေတြျဖစ္တယ္ဆိုတာကို အသိမွတ္ျပဳၿပီးေတာ့ စုေပါင္းၿပီးေတာ့ေခါင္းေဆာင္မႈကိုု က်ေနာ္တို႔မွာ တကယ္က်င့္သံုးဖို႔လိုတယ္။ 

ေမး – CNLD အတြက္ ဒီႏွစ္ ေရြးေကာက္ပြဲေဆာင္ပုဒ္က ခ်င္းတို႔အေရးျပန္ယူၾကစို႔လို႔ သိရတယ္၊ အဲဒီေဆာင္ပုဒ္ေပး ရျခင္းကို ရွင္းျပေပးလို႔ရမလား။ 

ေျဖ – အဓိကေတာ့ က်ေနာ္တို႔ခ်င္းေတြဟာ အခုနလည္းေျပာပါတယ္ လူမ်ိဳးႀကီးျဖစ္ပါတယ္ ႏိုင္ငံေတာ္ကိုတည္ေထာင္ခဲ့တဲ့ လူမ်ိဳးေတြျဖစ္ပါတယ္ အဲလိုျဖစ္ေသာ္လည္း ႏိုင္ငံေရးစနစ္ ေခတ္အဆက္ဆက္အရ က်ေနာ္တို႔ခ်င္းေတြရဲ႕ ျဖစ္တည္မႈေတြ က်ေနာ္တို႔ ဆံုးရံႈးလိုက္ရတဲ့အခြင့္အေရးေတြ က်ေနာ္တို႔ဆံုးရံႈးလိုက္ရတဲ့ေနရာေတြအမ်ားႀကီးရွိပါတယ္ က်ေနာ္တို႔ရဲ႕ ႐ိုးရာယဥ္ေက်းမႈထံုးတမ္းေတြ ကိုယ့္ရဲ႕ဘာသာစကားေတြ ကိုယ့္ရဲ႕ဓေလ့ေတြ က်ေနာ္တို႔ရဲ႕ ေျမရာပိုင္ဆိုင္မႈေတြ ရွင္းရွင္းေျပာရင္ က်ေနာ္တို႔ရဲ႕ ျဖစ္တည္မႈအကုန္လံုးကဆံုးရံႈးေနပါတယ္ အခုဆိုရင္ ၿခိမ္းေျခာက္မႈေတာင္ခံရတယ္ က်ေနာ္တို႔ဆံုးရံႈးခဲ့တဲ့အရာအားလံုးဟာ က်ေနာ္တို႔ ခ်င္းေတြက ျပန္ယူဖို႔အခ်ိန္တန္လာၿပီ အဲဒါေတြကိုျပန္ယူဖို႔စည္းလံုးဖို႔ မဲေပးဖို႔အေရးႀကီးပါတယ္ဆိုတဲ့ဟာကို က်ေနာ္တို႔က အဲဒီေဆာင္ပုဒ္ကို ေရြးခ်ယ္ျခင္းျဖစ္ပါတယ္။ 

ေမး – တိုင္းရင္းသားပါတီေတြက အစိုးရဖြဲ႔ႏိုုင္ဘူးလို႔ ေျပာဆိုၾကတယ္ ဆိုေတာ့ CNLD ပါတီအေနနဲ႔ ခ်င္းျပည္နယ္မွာ အစိုးရဖြဲ႔ႏိုင္မလား၊ ဘယ္လိုနည္းနဲ႔ အစိုးရဖြဲ႕ႏိုင္မလဲ။ 

ေျဖ – ေရြးေကာက္ပြဲလည္းမေရာက္ေသးဘူး အေျဖလည္းဘာမွမထြက္ေသးတဲ့အခါမွာ က်ေနာ္တို႔ပဲ အစိုး ရဖြဲ႕မွာပါလို႔ သြားေျပာတဲ့အခါ လိမ္တာျဖစ္ပါတယ္ တစ္နည္းေျပာရရင္ ဒါဟာျပည္သူလွည့္စားတာျဖစ္ပါတယ္။ ၂၀၀၈ ဖြဲ႔ စည္ပံုအေျခခံဥပေဒထဲမွာေပးထားခ်က္အရ က်ေနာ္တို႔ ခ်င္းျပည္နယ္မွာ တပ္မေတာ္အပါအ၀င္ကိုယ္စားလွယ္ (၂၄) ဦးရွိပါတယ္ ထက္၀က္ေက်ာ္ရရင္ အစိုးရဖြဲ႔လို႔ရပါတယ္၊ ဘာျဖစ္လို႔ အဲလိုေျပာႏိုင္သလဲဆိုေတာ့ ဒီဟာသည္ ဖြဲ႕စည္းပံုအ ရျဖစ္ပါတယ္ ႏိုင္ငံေရးအရေတာ့ အကုန္လံုုးျဖစ္ႏိုင္ပါတယ္။ 

ႏိုင္ငံေရးအရ ဘယ္လိုျဖစ္လာႏိုင္လဲ က်ေနာ္တို႔ ျပည္ေထာင္စုမွာ ပါတီတစ္ခုတည္းကေန အစိုးရမဖြဲ႔ႏိုင္တဲ့ႏိုင္ငံေရးအခင္းအက်င္း ကို တိုင္းရင္းသားေတြ ဖန္တီးလာၿပီေဟ့ဆိုရင္ ျပည္မပါတီဘက္က ဗဟိုအစိုးရဖြဲ႔ဖို႔ က်ေနာ္တို႔ တိုင္းရင္းသားေတြရဲ့ေထာက္ခံမႈကို လိုအပ္လာတဲ့ သူတို႔ညွိႏိႈင္းလာတဲ့အခါမွာ ကိုယ့္ရဲ႕ျပည္နယ္ ကိုယ့္ရဲ႕ တိုင္းေဒသႀကီးမွာရွိတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ေရြးခ်ယ္မႈနဲ႔ပဲ အစိုးရဖြဲ႕ရမယ္ဆိုတဲ့ဟာေတြက ညွိႏိႈင္းမႈေတြျဖစ္လာမွာျဖစ္ပါတယ္၊ အဲဒီအေျခအေနအရ က်ေနာ္တို႔ CNLD အေနနဲ႔ က်ေနာ္တို႔ဟာ ခ်င္းျပည္နယ္အစိုးရကို ဦးေဆာင္ဖို႔ေတာ္ေတာ္ေလးကိုျပင္ဆင္ေနပါတယ္ က်ေနာ္တို႔ ဖြဲ႕စည္းႏိုင္မယ္လို႔လည္း ယံုၾကည္ပါတယ္ အဲဒီအတြက္လည္း က်ေနာ္တို႔ႀကိဳးစားေနပါတယ္ ဆိုေတာ့ အဲဒါေၾကာင့္ပဲ က်ေနာ္တို႔ ဖြဲ႕စည္းပံုအေျခခံဥပေဒမွာေပးထားခ်က္အရလည္း က်ေနာ္တို႔ဖြဲ႕စည္းႏိုင္တဲ့အလားအလာရွိပါတယ္ က်ေနာ္တို႔ အႏိုင္ရရင္ မဖြဲ႕စည္းႏိုင္စရာအေၾကာင္းေတာ့မရွိပါဘူး။ 

Share.

About Author

Leave A Reply