Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက္၀ၿမိဳ႕နယ္က ေက်းရြာအုပ္စု ၁၂ စုတြင္ ေရြးေကာက္ပြဲျပန္က်င္းပေပးရန္ ေတာင္းဆို

ပလက္၀ၿမိဳ႕နယ္က ေက်းရြာအုပ္စု ၁၂ စုတြင္ ေရြးေကာက္ပြဲျပန္က်င္းပေပးရန္ ေတာင္းဆို

0
By Editor on October 31, 2020 Headline

#Unicode

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ကျေးရွာအုပ်စုပေါင်း ၁၂ စုသည် ရွေးကောက်ပွဲကျင်းပပြုလုပ်နိ်ု င်သည့်အနေအထားရှိသည့်အတွက် ရွေးကောက်ပွဲကျင်းပပြုလုပ်ပေးရန် ခူမီးချင်းမျိူးနွယ်စုပေါင်း စပ်ညှိနှိုင်းရေးကောင်စီ(KACC) တောင်းဆိုလိုက်သည်။

ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သည် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း (၉၄) အုပ်စုတွင် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန်အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများကျင်းပခြင်းပြုလုပ်မည်မဟုတ်ကြောင်း အောက်တိုဘာလ ၂၇ ရက်နေ့ကထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကျေးရွာအုပ်စုပေါင်း ၉၄ စုအနက် ပလက်ဝနှင့် ဆမီးမြို့အနီးတစ်ဝိုက်တွင်ရှိသည့် အနည်းဆုံး ၁၂ အုပ်စုတွင် ရွေးကောက်ပွဲကို ကောင်းမွန်လုံခြုံစွာကျင်းပနိုင်ရန် လုံလောက်သောအခြေအနေများရှိသည်ဟု KACC ၏ အောက်တိုဘာလ ၂၈ ရက်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ ကျနော်တို့ပြန်ပြီးမှတောင်းဆိုတာက ၁၂ အုပ်စုပေါ့၊ အဲဒီ (၁၂) အုပ်စုက မြို့နဲ့လည်းနီးတယ် သွားရေးလာရေးအဆင်ပြေ တယ်၊ လုံခြုံရေးအရလည်းကောင်းတယ်၊ အဲလိုမျိူးနေရာတွေကို တော့လုပ်ပေးနိုင်မယ်ဆိုရင်အရမ်းကောင်းမယ်’’ ဟု KACC ညှိနှိုင်းရေးမှူး ဆလိုင်းပိန်နန်းကပြောသည်။

ရွေးကောက်ပွဲကျင်းပပေးရန် KACC မှပြန်လည်တောင်းဆိုသောကျေးရွာအုပ်စုများမှာ သမန်းသား၊ တွီလင်းဝ၊ ဘောင်းဝီ၊ မီးချောင်းသားဝ၊ တိုင်ဝ၊ ပါမောင်း၊ (စိုးနီ)ကနောင်၊ ဆင်အိုးဝ၊ အထက်ဘလိုင်၊ ဝါးရုံ၊ ရွှေလိုက်ဝ၊ ကုန်ပြင်ကျေးရွာတို့ဖြစ် သည်ဟု သိရသည်။

ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်သည့်အနေအထားရှိသော ကျေးရွာအုပ်စုအတော်များများရှိသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပလက်ဝမြို့၊ ဆမီးမြို့ နှင့် ရှင်းလက်ဝကျေးရွာအုပ်စုကိုသာ ခွင့်ပြုလိုက်သည့် အတွက် အဆိုပါဒေသအနီးတဝိုက်တွင်ရှိသော ကျေးရွာအုပ်စုများကို တောင်းဆိုပေးရခြင်းဖြစ်သည်ဟု KACC မှပြောရေးဆိုခွင့်ရှိသူ မနန်းဝေကပြောသည်။

“ဆမီးနဲ့ မတူပီကြားက လူတွေတောင်သွားလို့ရနေတယ်လေ ကုန်ပစ္စည်းလည်းပို့လို့ရတယ် အဲဒီကြားမှာတိုက်ပွဲမရှိဘူး၊ မဲရုံပစ္စည်းတွေလည်းတောက်လျှောက်ပို့နေတယ် နောက်လိုင်လင်းပီနဲ့ ရှင်းလက်ဝကြားလည်းတောက်လျှောက်ဆန်တွေ ပို့နေတာပဲ၊ နောက် သံတောင်အုပ်စုဘက်မှာရတယ်၊ ဒါပေမယ့် UEC ကနေ ပလက်ဝမြို့၊ ဆမီးမြို့နဲ့ ရှင်းလက်ဝေ ကျးရွာကိုပဲခွင့်ပြုတော့ အနီးစပ်ဆုံးကျေးရွာတွေကိုပဲကျမတို့က တင်ပြခွင့်ရတော့တဲ့အခြေမှာရှိသွားတာပေါ့” ဟု မနန်းဝေကပြောသည်။

ပလက်ဝမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၁၀၂ အုပ်စုရှိသည့်အနက် မဲဆန္ဒနယ်အမှတ် (၁) တွင် ၄၅အုပ်စု၊ အမှတ်(၂) တွင် (၅၇) အုပ်စုရှိပြီး ပလက်ဝမြို့ပေါ်ရှိ ရပ်ကွက် (၄) ခု၊ ဆမီးမြို့ပေါ်ရှိ ရက်ကွက် (၃) ခုနှင့် ရှင်းလက်ဝကျေး ရွာအုပ်စုစသည့် (၈) နေရာတွင်သာ ရွေးကောက်ပွဲကျင်းပကြမည်ဖြစ်သည်။

ချင်းပြည်နယ်တွင် လူဦးရေနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအများဆုံးဖြစ်သည့် ပလက်ဝမြို့နယ်တွင် ယခုကဲ့သို့ ကျေးရွာအုပ်စု ပေါင်း ၉၄ အုပ်စုတွင် ရွေးကောက်ပွဲကျင်းပမည်ဟုတ်သည့်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅ သောင်းကျော်က မဲပေးခွင့်ဆုံးရှုံးသွားမည်ဖြစ်ပြီး လူဦးရေ တစ်သောင်းနီးပါးကသာ မဲပေးခွင့်ရရှိနိုင်မည်ဖြစ်သည်။

#Zawgyi

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္၀ၿမိဳ႕နယ္ ေက်းရြာအုပ္စုေပါင္း ၁၂ စုသည္ ေရြးေကာက္ပြဲက်င္းပျပဳလုပ္ႏိ္ု င္သည့္အေနအထားရွိသည့္အတြက္ ေရြးေကာက္ပြဲက်င္းပျပဳလုပ္ေပးရန္ ခူမီးခ်င္းမ်ဴိးႏြယ္စုေပါင္း စပ္ညွိႏိႈင္းေရးေကာင္စီ(KACC) ေတာင္းဆိုလိုက္သည္။ 

ျပည္ေထာင္စုေရြး ေကာက္ပြဲေကာ္မရွင္သည္ ပလက္၀ၿမိဳ႕နယ္အတြင္းရွိ ေက်းရြာအုပ္စုေပါင္း (၉၄) အုပ္စုတြင္ လြတ္လပ္ၿပီးတရားမွ်တေသာ ေရြးေကာက္ပြဲက်င္းပရန္အေျခအေနမရွိသျဖင့္ ေရြးေကာက္ပြဲမ်ားက်င္းပျခင္းျပဳလုပ္မည္မဟုတ္ေၾကာင္း ေအာက္တိုဘာလ ၂၇ ရက္ေန႔ကထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

အဆိုပါေက်းရြာအုပ္စုေပါင္း ၉၄ စုအနက္ ပလက္၀ႏွင့္ ဆမီးၿမိဳ႕အနီးတစ္ဝိုက္တြင္ရွိသည့္ အနည္းဆံုး ၁၂ အုပ္စုတြင္ ေရြးေကာက္ပြဲကို ေကာင္းမြန္လံုျခံဳစြာက်င္းပႏိုင္ရန္ လံုေလာက္ေသာအေျခအေနမ်ားရွိသည္ဟု KACC ၏ ေအာက္တိုဘာလ ၂၈ ရက္ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။ 

“က်ေနာ္တုိ႔ျပန္ၿပီးမွေတာင္းဆိုတာက ၁၂ အုပ္စုေပါ့၊ အဲဒီ (၁၂) အုပ္စုက ၿမိဳ႕နဲ႔လည္းနီးတယ္ သြားေရးလာေရးအဆင္ေျပ တယ္၊ လံုျခံဳေရးအရလည္းေကာင္းတယ္၊ အဲလိုမ်ဴိးေနရာေတြကို ေတာ့လုပ္ေပးႏုိင္မယ္ဆိုရင္အရမ္းေကာင္းမယ္’’ ဟု KACC ညွိႏိႈင္းေရးမွဴး ဆလုိင္းပိန္နန္းကေျပာသည္။ 

ေရြးေကာက္ပြဲက်င္းပေပးရန္ KACC မွျပန္လည္ေတာင္းဆိုေသာေက်းရြာအုပ္စုမ်ားမွာ သမန္းသား၊ တြီလင္း၀၊ ေဘာင္းဝီ၊ မီးေခ်ာင္းသား၀၊ တိုင္၀၊ ပါေမာင္း၊ (စိုးနီ)ကေနာင္၊ ဆင္အိုး၀၊ အထက္ဘလိုင္၊ ဝါးရံု၊ ေရႊလိုက္၀၊ ကုန္ျပင္ေက်းရြာတို႔ျဖစ္ သည္ဟု သိရသည္။ 

ပလက္၀ၿမိဳ႕နယ္တြင္ ေရြးေကာက္ပြဲက်င္းပႏိုင္သည့္အေနအထားရွိေသာ ေက်းရြာအုပ္စုအေတာ္မ်ားမ်ားရွိေသာ္လည္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ပလက္၀ၿမိဳ႕၊ ဆမီးၿမိဳ႕ ႏွင့္ ရွင္းလက္၀ေက်းရြာအုပ္စုကိုသာ ခြင့္ျပဳလိုက္သည့္ အတြက္ အဆိုပါေဒသအနီးတဝိုက္တြင္ရွိေသာ ေက်းရြာအုပ္စုမ်ားကို ေတာင္းဆိုေပးရျခင္းျဖစ္သည္ဟု KACC မွေျပာေရးဆိုခြင့္ရွိသူ မနန္းေ၀ကေျပာသည္။

“ဆမီးနဲ႔ မတူပီၾကားက လူေတြေတာင္သြားလို႔ရေနတယ္ေလ ကုန္ပစၥည္းလည္းပို႔လို႔ရတယ္ အဲဒီၾကားမွာတိုက္ပြဲမရွိဘူး၊ မဲရံုပစၥည္းေတြလည္းေတာက္ေလွ်ာက္ပို႔ေနတယ္ ေနာက္လိုင္လင္းပီနဲ႔ ရွင္းလက္၀ၾကားလည္းေတာက္ေလွ်ာက္ဆန္ေတြ ပို႔ေနတာပဲ၊ ေနာက္ သံေတာင္အုပ္စုဘက္မွာရတယ္၊ ဒါေပမယ့္ UEC ကေန ပလက္၀ၿမိဳ႕၊ ဆမီးၿမိဳ႕နဲ႔ ရွင္းလက္၀ေ က်းရြာကိုပဲခြင့္ျပဳေတာ့ အနီးစပ္ဆံုးေက်းရြာေတြကိုပဲက်မတို႔က တင္ျပခြင့္ရေတာ့တဲ့အေျခမွာရွိသြားတာေပါ့” ဟု မနန္းေ၀ကေျပာသည္။ 

ပလက္ဝၿမိဳ႕နယ္တြင္ ေက်းရြာအုပ္စုေပါင္း ၁၀၂ အုပ္စုရွိသည့္အနက္ မဲဆႏၵနယ္အမွတ္ (၁) တြင္ ၄၅အုပ္စု၊ အမွတ္(၂) တြင္ (၅၇) အုပ္စုရွိၿပီး ပလက္၀ၿမိဳ႕ေပၚရွိ ရပ္ကြက္ (၄) ခု၊ ဆမီးၿမိဳ႕ေပၚရွိ ရက္ကြက္ (၃) ခုႏွင့္ ရွင္းလက္၀ေက်း ရြာအုပ္စုစသည့္ (၈) ေနရာတြင္သာ ေရြးေကာက္ပြဲက်င္းပၾကမည္ျဖစ္သည္။ 

ခ်င္းျပည္နယ္တြင္ လူဦးေရႏွင့္ ဆႏၵမဲေပးပုိင္ခြင့္ရွိသူအမ်ားဆံုးျဖစ္သည့္ ပလက္၀ၿမိဳ႕နယ္တြင္ ယခုကဲ့သို႔ ေက်းရြာအုပ္စု ေပါင္း ၉၄ အုပ္စုတြင္ ေရြးေကာက္ပြဲက်င္းပမည္ဟုတ္သည့္အတြက္ ဆႏၵမဲေပးပိုင္ခြင့္ရွိသူ ၅ ေသာင္းေက်ာ္က မဲေပးခြင့္ဆံုးရံႈးသြားမည္ျဖစ္ၿပီး လူဦးေရ တစ္ေသာင္းနီးပါးကသာ မဲေပးခြင့္ရရွိႏိုင္မည္ျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.