#Unicode
By Benezer – ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲဟာ ၂၀၁၅ ခုနှစ်တုန်းကလို အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီက ချင်းပြည်နယ်မှာ သောင်ပြိုကမ်းပြို အနိုင်ရရှိနိုင်ဖွယ်မရှိတော့ဘဲ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီိနဲ့ ဘတပြန်ကျားတပြန် သူနိုင်ကိုယ်နိုင် အကြိတ်အနယ်ယှဉ်ပြိုင်မယ့်ပွဲလို့ ကြိုတင်ခန့်မှန်းခဲ့ကြပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘဲ ၂၀၁၅ ခုနှစ်တုန်းကလို NLD ပါတီ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြန်ပါတယ်။
၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတုန်းကတော့ ချင်းပါတီဟာ ခုလို (CNLD) ပါတီအနေနဲ့ တစ်စုတစ်စည်းတည်း ပေါင်းစည်းနိုင်ခြင်းမရှိသေးဘဲ ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီ (CNDP)၊ ချင်းဒီမိုကရေစီအဖွဲ့ချူပ် (CLD) နဲ့ ချင်းတိုးတက်ရေးပါတီ (CPP) အနေနဲ့ သီးခြားစီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရလို့ ချင်းပြည်သူတွေရဲ့ မဲတွေကွဲသွားပြီး ဆုံးနိမ့်ခဲ့ရတယ်လို့ ဖြေသိမ့်နိုင်ခဲ့ကြတယ်လို့ ဆိုရမှာပါ။
ချင်းနိုင်ငံရေးပါတီတွေဟာ ၂၀၁၅ ရွေးကောက်ပွဲကို သင်ခန်းစာရယူပြီး ချင်းပြည်သူတွေ လိုလားတောင်းတနေတဲ့ ပါတီပေါင်းစည်းရေးကို ၂၀၁၈ ခုနှစ်က အကောင်အထည်ဖော်ဆောင်ပြီး ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီကို ဖွဲ့စည်းလိုက်ကြပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတွေကလည်း တစ်ပါတီအဖြစ် စုပေါင်းဖွဲ့စည်းလိုက်ကြတဲ့ (CNLD) ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ (NLD) ပါတီရဲ့ အဓိက ပြိုင်ဖက်ပါတီဖြစ်လာပြီး ချင်းပြည်နယ်မှာ မဲဆန္ဒနယ်မြေထက်ဝက်ကျော်လောက် အနိုင်ရရှိမယ်လို့ ကြိုတင်ခန့်မှန်းခဲ့ကြပေမယ့် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းရလဒ်တွေအရ (CNLD) ပါတီဟာ ချင်းပြည်နယ်မှာ မဲဆန္ဒနယ်မြေ တစ်နေရာသာအနိုင်ရရှိခဲ့တာကြောင့် လူအတော်များများကို အံ့အားသင့်စေခဲ့သလို CNLD ပါတီခေါင်းဆောင်တွေကိုယ်တိုင် အံ့သြခဲ့ရပါတယ်။
CNLD ပါတီ၏ အတွင်းရေးမှူးတစ်ဉီးဖြစ်တဲ့ ဆလိုင်းပီပီက “ပထမမျော်လင့်တာကတော့ လွှတ်တော်မှာ အနည်းဆုံး ၁၁ နေရာလောက်တော့ ရမယ်လို့ မျှော်လင့်တာပေါ့၊ ဒါပေမယ့် ၁ နေရာဘဲရတော့ ကျနော်တို့လည်း အံ့ဩမိတယ်၊ ဒီအပေါ်မှာ ကျနော်တို့အနေနဲ့ အတွင်းနဲ့အပြင်ကို ကြည့်ဖို့လိုမယ်၊ အပြင်ဖြစ်တဲ့ ချင်းပြည်နယ်ရဲ့ ပြင်ပကိုကြည့်မယ်ဆိုရင် ဒေါ်စု ကျန်းမာလျက်ရှိတုန်းမှာတော့ နိုင်ငံတစ်နိုင်ငံလုံး လွှမ်းမိုးမှုတော့ရှိနေတယ်၊ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းတွေကြောင့်လဲပါမယ်၊ ပြီးတော့ ဒီပွဲက ပြည်သူက အဆုံးအဖြတ်ပေးတဲ့ပွဲဆိုတော့ ပြည်သူတွေရဲ့စိတ်ထဲမှာ ကျနော်တို့ CNLD က မရှိသေးဘူးလို့ အလွယ်သုံးသပ်ပါတယ်” လို့ ပြောပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီဟာ ချင်းပြည်နယ်မှာ မဲဆန္ဒနယ်မြေ ၃၇ နေရာနဲ့ ချင်းပြည်နယ်ပြင်ပ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ မဲဆန္ဒနယ်မြေ ၂၀ စုစုပေါင်း မဲဆန္ဒနယ်မြေ ၅၇ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ (၉) နေရာ၊ အမျိူးသားလွှတ်တော်မဲဆန္ဒနယ်မြေ (၁၂) နေရာ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ (၁၈) နေရာ စုစုပေါင်း မဲဆန္ဒနယ်မြေ (၃၉) နေရာရှိတဲ့အထဲကနေ NLD ပါတီက ၃၆ နေရာ၊ ဇိုမီးဒီကရေစီအဖွဲ့ချူပ် ZCD ပါတီက ၂ နေရာနဲ့ CNLD ပါတီ တစ်နေရာသာ ရရှိခဲ့တာဖြစ်ပါတယ်။
CNLD ပါတီဟာ ၂၀၁၈ ခုနှစ်မှာသာ ဖွဲ့စည်းနိုင်ခဲ့ကြတာကြောင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုပိုင်းမှာ အချိန်ကာလအရမ်းနည်းသွားတဲ့အပြင် ကိုဗစ်ကြောင့် သင်တန်းတွေ၊ အစည်းအဝေးတွေပြုလုပ်ဖို့ အတားအဆီးဖြစ်ခဲ့တဲ့ အရာတွေဟာလည်း ရွေးကောက်ပွဲ ရှုံးနိမ့်စေတဲ့အကြောင်းရင်းမှာပါတယ်လို့ ဆလိုင်းပီးပီက ဆက်ပြောပါတယ်။
“ဒီတစ်ခေါက် ကျနော်တို့ ဆုံးရှုံးရတဲ့အထဲမှာ ကျနော်တို့ ကြိုတင်ပြင်ဆင်မှုကာလက အရမ်းကိုနည်းတယ်၊ ကျနော်တို့မှာ မဟာဗျူဟာတွေ အများကြီးရှိတယ် သင်တန်းတွေရှိမယ် ဘယ်လိုတွေလုပ်ရမယ်ဆိုတာတွေ အများကြီးရှိတယ်၊ ဒါပေမယ့် ကိုဗစ်ကြောင့် အစည်းအဝေးတွေမလုပ်နိုင်တော့ဘူး၊ သင်တန်းတွေ မပို့ချနိုင်တော့ဘူးဆိုတဲ့ အတားအဆီးတွေ အခက်အခဲတွေ အများကြီးရှိတယ်၊ အဲဒါကြောင့်လည်း ပါပါတယ်” လို့ ဆလိုင်းပီပီကပြောပါတယ်။
ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် CNLD ပါတီကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး အောက်တိုဘာလမှာ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်လျှောက်ထားခဲ့ပေမယ့် ၂၀၁၉ ဇူလိုင်လမှသာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ကျခဲ့တာဖြစ်ပါတယ်။
ချင်းပြည်သူတွေအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပိုင်းမှာ နှစ်ပေါင်းများစွာ နောက်ကောက်ကျခဲ့တာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ တန်းတူညီမျှမှုထက် ဖွံ့ဖြိုးတိုးတက်ရေးပိုင်းမှာ ပိုပြီးတော့ ဆာလောင်နေသေးတာကြောင့် NLD ပါတီအနေနဲ့ ခုလိုဆက်လက်အနိုင်ရရှိတာလို့ ချင်းနိုင်ငံရေးကို လေ့လာစောင့်ကြည့်သူတစ်ဦးဖြစ်တဲ့ Third Eye အဖွဲ့က ကိုမာန်အွမ်ကပြောပါတယ်။
“နိုင်ငံသားတွေရဲ့ နိုင်ငံရေးဆိုင်ရာအသိမှာ၊ နိုင်ငံရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအသိမှာ သိပ်ပြီးတော့ နားမလည်နိုင်သေးဘူး၊ ပြည်သူတွေလိုချင်တာက နိုင်ငံရေးဆိုင်ရာ တန်းတူညီမျှမှုကို လိုချင်နေတာမဟုတ်ဘူးလို့ နားလည်တယ်၊ ဖွံ့ဖြိုးရေးဆာလောင်နေတာက နှစ်ပေါင်း ၇၀ ကျော် မဖွံဖြိုးမတိုးတက်တဲ့နေရာ ဖြစ်နေတယ်၊ လမ်းတွေ အဆောက်အဉီးတွေ တံတားတွေ မြေတွေ အများကြီးလိုအပ်တယ်ပေါ့လေ၊ အဲဒီလိုအပ်ချက်တွေမှာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဖြစ်တဲ့ တိုင်းတာလို့ရတဲ့ မြင်သာလို့ရတဲ့ဟာမျိုးတွေက ကျနော်တို့ တောင်တန်းသားတွေအတွက် အရမ်းဆာလောင်နေရတဲ့ ဖွံ့ဖြိုးရေးလိုအပ်ချက်ဖြစ်နေလို့ ဖွံ့ဖြိုးရေးလုပ်ငန်းခေါင်းစဉ်နဲ့ မဲဆွယ်ရတာက ပိုပြီးတော့ အလုပ်ဖြစ်တယ်လို့ မြင်ပါတယ်” လို့ ဆလိုင်းမာန်အွမ်ကပြောပါတယ်။
CNLD ပါတီခေါင်းဆောင်တွေနဲ့ ကိုယ်စာလှယ်လောင်းတွေဟာ ပြည်သူတွေနဲ့ ရွေးကောက်ပွဲမရှိတဲ့ကာလမှာ ထိတွေ့ဆက်ဆံမှုနည်းခဲ့တာလည်း ပါတီရဲ့ အားနည်းချက်တစ်ခုဖြစ်စေတယ်လို့ ဝေဖန်မှုအချို့လည်း ရှိနေပါတယ်။
Third Eye အဖွဲ့မှ ဆလိုင်းမာန်အွမ်က “ချင်းပြည်သူလူထုနဲ့ မကြာခဏထိတွေ့ဆက်ဆံမှုတော့ ရှိစေချင်တယ်၊ ခေါင်းဆောင်တွေအနေနဲ့ အနည်းဆုံးတော့ ကိုယ့်စရိတ်နဲ့ကိုယ်မဟုတ်ရင်တောင်မှ Workshop တို့ Forum တို့ မကြာခဏတက်ပေးတာတို့ ထိတွေ့ဆက်ဆံပေးတာတို့ လိုတယ်၊ ကိုယ်စားလှယ်လောင်းတွေကတော့ ရန်ကုန်မှာနေတာတို့ တစ်ခြားနေရာမှာနေတာတို့တော့ မဖြစ်စေချင်ဘူး၊ ရွေးကောက်ပွဲကာလမှာဘဲ နိုင်ငံရေးကို ပြောနေတာမျိုးမဟုတ်ဘဲနဲ့ ပြည်သူတွေနဲ့ တောက်လျောက်နေပေးပြီးတော့ နိုင်ငံရေးပြသနာကို ဖြေရှင်းပေးတာမျိုးတော့ အရမ်းဖြစ်စေချင်တယ်” လို့ ပြောပါတယ်။
ချင်းနိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ Chin bridge Institute မှ ဒါရိုက်တာ ဆလိုင်းဗန်ကျူံးလျန်ကတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ NLD နဲ့ CNLD ပါတီတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ ပုံရိပ်ဟာ ကွာခြားမှုကြီးမားနေတာကြောင့် CNLD ကိုယ်စားလှယ်တွေက ရှုံးနိမ့်ရတာဖြစ်တယ်လို့သုံးသပ်ထားပါတယ်။
“ချင်းပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမတ်လောင်းတွေရဲ့ ပုံရိပ်နဲ့ NLD ကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ပုံရိပ်က အရမ်းကွာလွန်းတယ်၊ ဉပမာ – ထန်တလန်မှာ ဉီးဗန်မှုန်လျန်နဲ့ ဒု-သမ္မတ ဉီးဟင်နရီဗန်ထီးယူမှာဆိုရင် ဒု-သမ္မတက ပုံရိပ်ပိုင်းမှာ အရမ်းသာတယ်၊ NLD က ဝင်ပြိုင်တဲ့သူအများစုက လက်ရှိဝန်ကြီးတွေ၊ ဉပဒေအရာရှိတွေ၊ တက္ကသိုလ်ကျောင်းအုပ် လုပ်ခဲ့တဲ့သူတွေဆိုတော့ သူတို့ကို မကြိုက်တဲ့သူတွေ ရှိရင်ရှိမယ်၊ ဒါပေမယ့် ကျေးရွာဘက်မှာက သူတို့ရဲ့ပုံရိပ်ကအရမ်းကြီးတယ်၊ ဒါကြောင့်မို့လို့ ချင်းပါတီက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေက NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် Competitive မဖြစ်ဘူး” ဟု ဆလိုင်းဗန်ကျူံးလျန်က သုံးသပ်ပါတယ်။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အသုံးပြုခဲ့တဲ့ မဲဆွယ်စည်းရုံးရေးနည်းဗျူဟာကလည်း အခြားတိုင်းရင်းသားပါတီအားလုံး သုံးသွားတဲ့နည်းဗျူဟာထက် သာလွန်မှုရှိတာကလည်း NLD အတွက် ရွေးကောက်ပွဲနိုင်စေတဲ့ အချက်တစ်ခုအပါအဝင်ဖြစ်တယ်လို့ ဆလိုင်းဗန်ကျူံးလျန်က သုံးသပ်ထားပါတယ်။
“၁၉၉၀ ရွေးကောက်ပွဲကတည်းက NLD အနေနဲ့ ရွေးကောက်ပွဲစည်းရုံးရေးမှာ မြို့မိမြို့ဖအများစုကို အခြေခံပြီးသုံးတယ်၊ ဒီနှစ် ရွေးကောက်ပွဲမှာလည်း ဒီလိုဘဲ မြို့မိမြို့ဖတွေကို ပြန်သုံးတာကိုတွေ့ရတယ်၊ ဒီဟာက NLD ကို အပြစ်သွားတင်လို့မရဘူး၊ နောက်တစ်ခုက NLD အနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့မှာ လူအများအထင်ကြီးလေးစားရတဲ့ ပုဂ္ဂိုလ်တွေကို သုံးနိုင်တာတွေ့ရတယ်၊ ဉပမာ – ဒေါက်တာဆာဆာပေါ့၊ အဲမှာ ကွာခြားသွားတာက CNLD ကျတော့ လူငယ်တွေကို အဓိကထားသုံးတာတွေ့တယ်၊ လူငယ်တွေကိုကျတော့ အများစုက သိပ်မသိကြဘူး၊ ဒီအချက်ကလည်း အားနည်းချက်တစ်ခုဖြစ်တယ်လို့မြင်တယ်” လို့ ဆလိုင်းဗန်ကျူံးလျန်က သူ့အမြင်ကိုပြောပါတယ်။
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီဟာ ချင်းပြည်နယ် ပလက်ဝ၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း၊ ထန်လတန်၊ တီးတိန် စတဲ့ မြို့နယ် (၇) မြို့နယ်က မဲဆန္ဒနယ်မြေအားလုံးမှာ အနိုင်ရရှိသလို ဟားခါးမြို့နယ်မှာ ၄ နေရာ၊ တွန်းဇံမြို့နယ်မှာ ၂ နေရာစုစုပေါင်း ၃၆ နေရာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ZCD ပါတီကတော့ တွန်းဇံမြို့နယ် ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်မဲဆန္ဒနယ်မြေ အမှတ် ၂ မှာ အနိုင်ရရှိခဲ့ပြီး CNLD ပါတီကတော့ ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ အမှတ် ၂ တစ်နေရာမှာသာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ချင်းပြည်နယ် NLD ဉက္ကဌဖြစ်သူ ဉီးဇိုဘွေ့ကတော့ NLD ပါတီအနေနဲ့ အခုလို အနိုင်ရရှိတာဟာ နှစ်ပေါင်းများစွာ တော်လှန်ရေးလုပ်ခဲ့တာတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုရရှိထားတာဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့ NLD အနေနဲ့ စစ်အာဏာရှင်စနစ်ကို ဘဝတွေကိုစတေးပြီးတော့ တော်လှန်ရေးလုပ်ခဲ့တာ နှစ်ပေါင်း ၂ဝ ကျော်လုပ်ခဲ့တဲ့အတွက် NLD ပါတီရဲ့ခေါင်းဆောင်ကို ပြည်သူတွေက အသိအမှတ်ပြုတဲ့အနေနဲ့ ပြည်သူတွေရဲ့ထောက်ခံမှုကို ရရှိခဲ့တာဖြစ်ပါတယ်” လို့ ဉီးဇိုဘွေက ပြောပါတယ်။
By Benezer – ၂၀၂၀ ခုနွစ္အေထြေထြေရြးေကာက္ပြဲဟာ ၂၀၁၅ ခုနွစ္တုန္းကလို အမ်ိူးသားဒီမိုကေရစီအဖြဲ့ခ်ူပ္ (NLD) ပါတီက ခ်င္းျပည္နယ္မွာ ေသာင္ျပိုကမ္းျပို အနိုင္ရရွိနိုင္ဖြယ္မရွိေတာ့ဘဲ ခ်င္းအမ်ိူးသားဒီမိုကေရစီအဖြဲ့ခ်ူပ္ (CNLD) ပါတိီနဲ့ ဘတျပန္က်ားတျပန္ သူနိုင္ကိုယ္နိုင္ အျကိတ္အနယ္ယွဉ္ျပိုင္မယ့္ပြဲလို့ ျကိုတင္ခန့္မွန္းခဲ့ျကေပမယ့္ မွန္းခ်က္နဲ့နွမ္းထြက္မကိုက္ဘဲ ၂၀၁၅ ခုနွစ္တုန္းကလို NLD ပါတီ ေသာင္ျပိုကမ္းျပို အနိုင္ရရွိခဲ့ျပန္ပါတယ္။
၂၀၁၅ ခုနွစ္အေထြေထြေရြးေကာက္ပြဲတုန္းကေတာ့ ခ်င္းပါတီဟာ ခုလို (CNLD) ပါတီအေနနဲ့ တစ္စုတစ္စည္းတည္း ေပါင္းစည္းနိုင္ျခင္းမရွိေသးဘဲ ခ်င္းအမ်ိူးသားဒီမိုကရက္တစ္ပါတီ (CNDP)၊ ခ်င္းဒီမိုကေရစီအဖြဲ့ခ်ူပ္ (CLD) နဲ့ ခ်င္းတိုးတက္ေရးပါတီ (CPP) အေနနဲ့ သီးျခားစီ ဝင္ေရာက္ယွဉ္ျပိုင္ခဲ့ျကရလို့ ခ်င္းျပည္သူေတြရဲ့ မဲေတြကြဲသြားျပီး ဆံုးနိမ့္ခဲ့ရတယ္လို့ ေျဖသိမ့္နိုင္ခဲ့ျကတယ္လို့ ဆိုရမွာပါ။
ခ်င္းနိုင္ငံေရးပါတီေတြဟာ ၂၀၁၅ ေရြးေကာက္ပြဲကို သင္ခန္းစာရယူျပီး ခ်င္းျပည္သူေတြ လိုလားေတာင္းတေနတဲ့ ပါတီေပါင္းစည္းေရးကို ၂၀၁၈ ခုနွစ္က အေကာင္အထည္ေဖာ္ေဆာင္ျပီး ခ်င္းအမ်ိူးသားဒီမိုကေရစီအဖြဲ့ခ်ူပ္ (CNLD) ပါတီကို ဖြဲ့စည္းလိုက္ျကပါတယ္။
နိုင္ငံေရးေလ့လာသံုးသပ္သူေတြကလည္း တစ္ပါတီအျဖစ္ စုေပါင္းဖြဲ့စည္းလိုက္ျကတဲ့ (CNLD) ပါတီဟာ ၂၀၂၀ ေရြးေကာက္ပြဲမွာ (NLD) ပါတီရဲ့ အဓိက ျပိုင္ဖက္ပါတီျဖစ္လာျပီး ခ်င္းျပည္နယ္မွာ မဲဆနၵနယ္ေျမထက္ဝက္ေက်ာ္ေလာက္ အနိုင္ရရွိမယ္လို့ ျကိုတင္ခန့္မွန္းခဲ့ျကေပမယ့္ ၂၀၂၀ ေရြးေကာက္ပြဲ မဲစာရင္းရလဒ္ေတြအရ (CNLD) ပါတီဟာ ခ်င္းျပည္နယ္မွာ မဲဆနၵနယ္ေျမ တစ္ေနရာသာအနိုင္ရရွိခဲ့တာေျကာင့္ လူအေတာ္မ်ားမ်ားကို အံ့အားသင့္ေစခဲ့သလို CNLD ပါတီေခါင္းေဆာင္ေတြကိုယ္တိုင္ အံ့ျသခဲ့ရပါတယ္။
CNLD ပါတီ၏ အတြင္းေရးမႉးတစ္ဉီးျဖစ္တဲ့ ဆလိုင္းပီပီက “ပထမေမ်ာ္လင့္တာကေတာ့ လွြတ္ေတာ္မွာ အနည္းဆံုး ၁၁ ေနရာေလာက္ေတာ့ ရမယ္လို့ ေမွ်ာ္လင့္တာေပါ့၊ ဒါေပမယ့္ ၁ ေနရာဘဲရေတာ့ က်ေနာ္တို့လည္း အံ့ဩမိတယ္၊ ဒီအေပၚမွာ က်ေနာ္တို့အေနနဲ့ အတြင္းနဲ့အျပင္ကို ျကည့္ဖို့လိုမယ္၊ အျပင္ျဖစ္တဲ့ ခ်င္းျပည္နယ္ရဲ့ ျပင္ပကိုျကည့္မယ္ဆိုရင္ ေဒၚစု က်န္းမာလ်က္ရွိတုန္းမွာေတာ့ နိုင္ငံတစ္နိုင္ငံလံုး လွြမ္းမိုးမႈေတာ့ရွိေနတယ္၊ က်ေနာ္တို့ လွြတ္ေတာ္ကိုယ္စားလွယ္ေတြရဲ့ အရည္အခ်င္းေတြေျကာင့္လဲပါမယ္၊ ျပီးေတာ့ ဒီပြဲက ျပည္သူက အဆံုးအျဖတ္ေပးတဲ့ပြဲဆိုေတာ့ ျပည္သူေတြရဲ့စိတ္ထဲမွာ က်ေနာ္တို့ CNLD က မရွိေသးဘူးလို့ အလြယ္သံုးသပ္ပါတယ္” လို့ ေျပာပါတယ္။
၂၀၂၀ အေထြေထြေရြးေကာက္ပြဲမွာ ခ်င္းအမ်ိူးသားဒီမိုကေရစီအဖြဲ့ခ်ူပ္ပါတီဟာ ခ်င္းျပည္နယ္မွာ မဲဆနၵနယ္ေျမ ၃၇ ေနရာနဲ့ ခ်င္းျပည္နယ္ျပင္ပ မေကြးတိုင္း၊ စစ္ကိုင္းတိုင္းနဲ့ ရခိုင္ျပည္နယ္တို့မွာ မဲဆနၵနယ္ေျမ ၂၀ စုစုေပါင္း မဲဆနၵနယ္ေျမ ၅၇ ေနရာမွာ ဝင္ေရာက္ယွဉ္ျပိုင္ခဲ့တာျဖစ္ပါတယ္။
ျမို့နယ္ ၉ ျမို့နယ္ရွိတဲ့ ခ်င္းျပည္နယ္ ျပည္သူ့လွြတ္ေတာ္မဲဆနၵနယ္ေျမ (၉) ေနရာ၊ အမ်ိူးသားလွြတ္ေတာ္မဲဆနၵနယ္ေျမ (၁၂) ေနရာ၊ ျပည္နယ္လွြတ္ေတာ္မဲဆနၵနယ္ေျမ (၁၈) ေနရာ စုစုေပါင္း မဲဆနၵနယ္ေျမ (၃၉) ေနရာရွိတဲ့အထဲကေန NLD ပါတီက ၃၆ ေနရာ၊ ဇိုမီးဒီကေရစီအဖြဲ့ခ်ူပ္ ZCD ပါတီက ၂ ေနရာနဲ့ CNLD ပါတီ တစ္ေနရာသာ ရရွိခဲ့တာျဖစ္ပါတယ္။
CNLD ပါတီဟာ ၂၀၁၈ ခုနွစ္မွာသာ ဖြဲ့စည္းနိုင္ခဲ့ျကတာေျကာင့္ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ျကိုတင္ျပင္ဆင္မႈပိုင္းမွာ အခ်ိန္ကာလအရမ္းနည္းသြားတဲ့အျပင္ ကိုဗစ္ေျကာင့္ သင္တန္းေတြ၊ အစည္းအေဝးေတြျပုလုပ္ဖို့ အတားအဆီးျဖစ္ခဲ့တဲ့ အရာေတြဟာလည္း ေရြးေကာက္ပြဲ ရံႈးနိမ့္ေစတဲ့အေျကာင္းရင္းမွာပါတယ္လို့ ဆလိုင္းပီးပီက ဆက္ေျပာပါတယ္။
“ဒီတစ္ေခါက္ က်ေနာ္တို့ ဆံုးရံႈးရတဲ့အထဲမွာ က်ေနာ္တို့ ျကိုတင္ျပင္ဆင္မႈကာလက အရမ္းကိုနည္းတယ္၊ က်ေနာ္တို့မွာ မဟာဗ်ူဟာေတြ အမ်ားျကီးရွိတယ္ သင္တန္းေတြရွိမယ္ ဘယ္လိုေတြလုပ္ရမယ္ဆိုတာေတြ အမ်ားျကီးရွိတယ္၊ ဒါေပမယ့္ ကိုဗစ္ေျကာင့္ အစည္းအေဝးေတြမလုပ္နိုင္ေတာ့ဘူး၊ သင္တန္းေတြ မပို့ခ်နိုင္ေတာ့ဘူးဆိုတဲ့ အတားအဆီးေတြ အခက္အခဲေတြ အမ်ားျကီးရွိတယ္၊ အဲဒါေျကာင့္လည္း ပါပါတယ္” လို့ ဆလိုင္းပီပီကေျပာပါတယ္။
ခ်င္းအမ်ိူးသားဒီမိုကေရစီအဖြဲ့ခ်ူပ္ CNLD ပါတီကို ၂၀၁၈ ခုနွစ္ စက္တင္ဘာလ ၂၉ ရက္ေန့မွာ ဖြဲ့စည္းခဲ့ျပီး ေအာက္တိုဘာလမွာ ေရြးေကာက္ပြဲေကာ္မရွင္ထံ မွတ္ပံုတင္ေလွ်ာက္ထားခဲ့ေပမယ့္ ၂၀၁၉ ဇူလိုင္လမွသာ နိုင္ငံေရးပါတီအျဖစ္ မွတ္ပံုတင္က်ခဲ့တာျဖစ္ပါတယ္။
ခ်င္းျပည္သူေတြအေနနဲ့ ဖြံ့ျဖိုးတိုးတက္ေရးပိုင္းမွာ နွစ္ေပါင္းမ်ားစြာ ေနာက္ေကာက္က်ခဲ့တာျဖစ္တဲ့အတြက္ ျပည္သူေတြအေနနဲ့ နိုင္ငံေရးဆိုင္ရာ တန္းတူညီမွ်မႈထက္ ဖြံ့ျဖိုးတိုးတက္ေရးပိုင္းမွာ ပိုျပီးေတာ့ ဆာေလာင္ေနေသးတာေျကာင့္ NLD ပါတီအေနနဲ့ ခုလိုဆက္လက္အနိုင္ရရွိတာလို့ ခ်င္းနိုင္ငံေရးကို ေလ့လာေစာင့္ျကည့္သူတစ္ဦးျဖစ္တဲ့ Third Eye အဖြဲ့က ကိုမာန္အြမ္ကေျပာပါတယ္။
“နိုင္ငံသားေတြရဲ့ နိုင္ငံေရးဆိုင္ရာအသိမွာ၊ နိုင္ငံေရးနွင့္ဖြံ့ျဖိုးေရးဆိုင္ရာအသိမွာ သိပ္ျပီးေတာ့ နားမလည္နိုင္ေသးဘူး၊ ျပည္သူေတြလိုခ်င္တာက နိုင္ငံေရးဆိုင္ရာ တန္းတူညီမွ်မႈကို လိုခ်င္ေနတာမဟုတ္ဘူးလို့ နားလည္တယ္၊ ဖြံ့ျဖိုးေရးဆာေလာင္ေနတာက နွစ္ေပါင္း ၇၀ ေက်ာ္ မဖြံျဖိုးမတိုးတက္တဲ့ေနရာ ျဖစ္ေနတယ္၊ လမ္းေတြ အေဆာက္အဉီးေတြ တံတားေတြ ေျမေတြ အမ်ားျကီးလိုအပ္တယ္ေပါ့ေလ၊ အဲဒီလိုအပ္ခ်က္ေတြမွာ ရုပ္ပိုင္းဆိုင္ရာ ဖြံ့ျဖိုးတိုးတက္မႈျဖစ္တဲ့ တိုင္းတာလို့ရတဲ့ ျမင္သာလို့ရတဲ့ဟာမ်ိုးေတြက က်ေနာ္တို့ ေတာင္တန္းသားေတြအတြက္ အရမ္းဆာေလာင္ေနရတဲ့ ဖြံ့ျဖိုးေရးလိုအပ္ခ်က္ျဖစ္ေနလို့ ဖြံ့ျဖိုးေရးလုပ္ငန္းေခါင္းစဉ္နဲ့ မဲဆြယ္ရတာက ပိုျပီးေတာ့ အလုပ္ျဖစ္တယ္လို့ ျမင္ပါတယ္” လို့ ဆလိုင္းမာန္အြမ္ကေျပာပါတယ္။
CNLD ပါတီေခါင္းေဆာင္ေတြနဲ့ ကိုယ္စာလွယ္ေလာင္းေတြဟာ ျပည္သူေတြနဲ့ ေရြးေကာက္ပြဲမရွိတဲ့ကာလမွာ ထိေတြ့ဆက္ဆံမႈနည္းခဲ့တာလည္း ပါတီရဲ့ အားနည္းခ်က္တစ္ခုျဖစ္ေစတယ္လို့ ေဝဖန္မႈအခ်ို့လည္း ရွိေနပါတယ္။
Third Eye အဖြဲ့မွ ဆလိုင္းမာန္အြမ္က “ခ်င္းျပည္သူလူထုနဲ့ မျကာခဏထိေတြ့ဆက္ဆံမႈေတာ့ ရွိေစခ်င္တယ္၊ ေခါင္းေဆာင္ေတြအေနနဲ့ အနည္းဆံုးေတာ့ ကိုယ့္စရိတ္နဲ့ကိုယ္မဟုတ္ရင္ေတာင္မွ Workshop တို့ Forum တို့ မျကာခဏတက္ေပးတာတို့ ထိေတြ့ဆက္ဆံေပးတာတို့ လိုတယ္၊ ကိုယ္စားလွယ္ေလာင္းေတြကေတာ့ ရန္ကုန္မွာေနတာတို့ တစ္ျခားေနရာမွာေနတာတို့ေတာ့ မျဖစ္ေစခ်င္ဘူး၊ ေရြးေကာက္ပြဲကာလမွာဘဲ နိုင္ငံေရးကို ေျပာေနတာမ်ိုးမဟုတ္ဘဲနဲ့ ျပည္သူေတြနဲ့ ေတာက္ေလ်ာက္ေနေပးျပီးေတာ့ နိုင္ငံေရးျပသနာကို ေျဖရွင္းေပးတာမ်ိုးေတာ့ အရမ္းျဖစ္ေစခ်င္တယ္” လို့ ေျပာပါတယ္။
ခ်င္းနိုင္ငံေရးေလ့လာသံုးသပ္သူတစ္ဦးျဖစ္တဲ့ Chin bridge Institute မွ ဒါရိုက္တာ ဆလိုင္းဗန္က်ံူးလ်န္ကေတာ့ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲမွာ ဝင္ေရာက္ယွဉ္ျပိုင္ခဲ့ျကတဲ့ NLD နဲ့ CNLD ပါတီတို့ရဲ့ လွြတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြရဲ့ ပံုရိပ္ဟာ ကြာျခားမႈျကီးမားေနတာေျကာင့္ CNLD ကိုယ္စားလွယ္ေတြက ရံႈးနိမ့္ရတာျဖစ္တယ္လို့သံုးသပ္ထားပါတယ္။
“ခ်င္းပါတီကေန ဝင္ေရာက္ယွဉ္ျပိုင္တဲ့ အမတ္ေလာင္းေတြရဲ့ ပံုရိပ္နဲ့ NLD ကေန ဝင္ေရာက္ယွဉ္ျပိုင္တဲ့ ကိုယ္စားလွယ္ေလာင္းေတြရဲ့ ပံုရိပ္က အရမ္းကြာလြန္းတယ္၊ ဉပမာ – ထန္တလန္မွာ ဉီးဗန္မႈန္လ်န္နဲ့ ဒု-သမၼတ ဉီးဟင္နရီဗန္ထီးယူမွာဆိုရင္ ဒု-သမၼတက ပံုရိပ္ပိုင္းမွာ အရမ္းသာတယ္၊ NLD က ဝင္ျပိုင္တဲ့သူအမ်ားစုက လက္ရွိဝန္ျကီးေတြ၊ ဉပေဒအရာရွိေတြ၊ တကၠသိုလ္ေက်ာင္းအုပ္ လုပ္ခဲ့တဲ့သူေတြဆိုေတာ့ သူတို့ကို မျကိုက္တဲ့သူေတြ ရွိရင္ရွိမယ္၊ ဒါေပမယ့္ ေက်းရြာဘက္မွာက သူတို့ရဲ့ပံုရိပ္ကအရမ္းျကီးတယ္၊ ဒါေျကာင့္မို့လို့ ခ်င္းပါတီက ေရြးခ်ယ္ထားတဲ့ ကိုယ္စားလွယ္ေလာင္းေတြက NLD ပါတီရဲ့ ကိုယ္စားလွယ္ေလာင္းေတြအတြက္ Competitive မျဖစ္ဘူး” ဟု ဆလိုင္းဗန္က်ံူးလ်န္က သံုးသပ္ပါတယ္။
ဒါ့အျပင္ အမ်ိုးသားဒီမိုကေရစီအဖြဲ့ခ်ူပ္ရဲ့ ေရြးေကာက္ပြဲေအာင္နိုင္ေရးအတြက္ အသံုးျပုခဲ့တဲ့ မဲဆြယ္စည္းရံုးေရးနည္းဗ်ူဟာကလည္း အျခားတိုင္းရင္းသားပါတီအားလံုး သံုးသြားတဲ့နည္းဗ်ူဟာထက္ သာလြန္မႈရွိတာကလည္း NLD အတြက္ ေရြးေကာက္ပြဲနိုင္ေစတဲ့ အခ်က္တစ္ခုအပါအဝင္ျဖစ္တယ္လို့ ဆလိုင္းဗန္က်ံူးလ်န္က သံုးသပ္ထားပါတယ္။
“၁၉၉၀ ေရြးေကာက္ပြဲကတည္းက NLD အေနနဲ့ ေရြးေကာက္ပြဲစည္းရံုးေရးမွာ ျမို့မိျမို့ဖအမ်ားစုကို အေျခခံျပီးသံုးတယ္၊ ဒီနွစ္ ေရြးေကာက္ပြဲမွာလည္း ဒီလိုဘဲ ျမို့မိျမို့ဖေတြကို ျပန္သံုးတာကိုေတြ့ရတယ္၊ ဒီဟာက NLD ကို အျပစ္သြားတင္လို့မရဘူး၊ ေနာက္တစ္ခုက NLD အေနနဲ့ ေရြးေကာက္ပြဲေအာင္နိုင္ေရးအဖြဲ့မွာ လူအမ်ားအထင္ျကီးေလးစားရတဲ့ ပုဂၢိုလ္ေတြကို သံုးနိုင္တာေတြ့ရတယ္၊ ဉပမာ – ေဒါက္တာဆာဆာေပါ့၊ အဲမွာ ကြာျခားသြားတာက CNLD က်ေတာ့ လူငယ္ေတြကို အဓိကထားသံုးတာေတြ့တယ္၊ လူငယ္ေတြကိုက်ေတာ့ အမ်ားစုက သိပ္မသိျကဘူး၊ ဒီအခ်က္ကလည္း အားနည္းခ်က္တစ္ခုျဖစ္တယ္လို့ျမင္တယ္” လို့ ဆလိုင္းဗန္က်ံူးလ်န္က သူ့အျမင္ကိုေျပာပါတယ္။
၂၀၂၀ ခုနွစ္ အေထြေထြေရြးေကာက္ပြဲမွာ NLD ပါတီဟာ ခ်င္းျပည္နယ္ ပလက္ဝ၊ မတူပီ၊ မင္းတပ္၊ ကန္ပက္လက္၊ ဖလမ္း၊ ထန္လတန္၊ တီးတိန္ စတဲ့ ျမို့နယ္ (၇) ျမို့နယ္က မဲဆနၵနယ္ေျမအားလံုးမွာ အနိုင္ရရွိသလို ဟားခါးျမို့နယ္မွာ ၄ ေနရာ၊ တြန္းဇံျမို့နယ္မွာ ၂ ေနရာစုစုေပါင္း ၃၆ ေနရာ အနိုင္ရရွိခဲ့တာျဖစ္ပါတယ္။
ZCD ပါတီကေတာ့ တြန္းဇံျမို့နယ္ ျပည္သူ့လွြတ္ေတာ္နဲ့ ျပည္နယ္မဲဆနၵနယ္ေျမ အမွတ္ ၂ မွာ အနိုင္ရရွိခဲ့ျပီး CNLD ပါတီကေတာ့ ဟားခါးျမို့နယ္ ျပည္နယ္လွြတ္ေတာ္မဲဆနၵနယ္ေျမ အမွတ္ ၂ တစ္ေနရာမွာသာ အနိုင္ရရွိခဲ့တာျဖစ္ပါတယ္။
ခ်င္းျပည္နယ္ NLD ဉကၠဌျဖစ္သူ ဉီးဇိုေဘြ့ကေတာ့ NLD ပါတီအေနနဲ့ အခုလို အနိုင္ရရွိတာဟာ နွစ္ေပါင္းမ်ားစြာ ေတာ္လွန္ေရးလုပ္ခဲ့တာေတြကို အသိအမွတ္ျပုတဲ့အေနနဲ့ ျပည္သူေတြရဲ့ ေထာက္ခံမႈရရွိထားတာျဖစ္တယ္လို့ ေျပာပါတယ္။
“က်ေနာ္တို့ NLD အေနနဲ့ စစ္အာဏာရွင္စနစ္ကို ဘဝေတြကိုစေတးျပီးေတာ့ ေတာ္လွန္ေရးလုပ္ခဲ့တာ နွစ္ေပါင္း ၂ဝ ေက်ာ္လုပ္ခဲ့တဲ့အတြက္ NLD ပါတီရဲ့ေခါင္းေဆာင္ကို ျပည္သူေတြက အသိအမွတ္ျပုတဲ့အေနနဲ့ ျပည္သူေတြရဲ့ေထာက္ခံမႈကို ရရွိခဲ့တာျဖစ္ပါတယ္” လို့ ဉီးဇိုေဘြက ေျပာပါတယ္။