Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန္တလန္ၿမိဳ႕နယ္ NLD ပါတီဥကၠဌ ႏႈတ္ထြက္စာတင္

ထန္တလန္ၿမိဳ႕နယ္ NLD ပါတီဥကၠဌ ႏႈတ္ထြက္စာတင္

0
By Editor on December 14, 2020 Headline

#Unicode

By လားနွန် – ချင်းပြည်နယ် ထန်တလန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဌ ပူးစီးဇာကျုံး (Pu C. Za Cung) သည် ဥက္ကဌ ရာထူးမှ နှုတ်ထွက်စာတင်ထားသည်ဟု ချင်းပြည်နယ် NLD ဥက္ကဌ ပူးဇိုဘွဲ့ကပြောသည်။

ထန်တလန်မြို့နယ် NLD ပါတီအောင်နိုင်ရေးအတွက်အလှူငွေထည့်ဝင်ကြသည့် ကုမ္ပဏီများအား ပညာရေးဦးစီးဌာန၏ တင်ဒါလုပ်ငန်းအတွက် ပူးစီးဇာကျူံး၏လက်မှတ်ဖြင့် ထောက်ခံပေးထားသည့် သဘောသက်ရောက်သော အစီရင်ခံ စာရွက်ပေါက်ကြားလာပြီးနောက် ပြည်နယ်ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးကာ ပါတီဗဟိုသို့တင်ပြထားဆဲ ကာလတွင် ယခုကဲ့သို့ ဥက္ကဌရာထူးမှ နှုတ်ထွက်စာတင်သွင်းခြင်းဖြစ်သည်။

“အဲဒါက သူ့စေတနာနဲ့ ကုမ္ပဏီသမားတွေကို အစီရင်ခံစာရေးပြီးတော့ ငွေ amount တွေကိုလေ သွားပေးတဲ့အခါမှာ အားလုံးပေါ်နေတော့လေ သူ့အနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ အဲဒီမှာနည်းနည်းလေး လွဲချော်မှုရှိလို့ အဲဒါကြောင့်ပါ အထက်ကညွှန်ကြားတာမဟုတ်ဘူး သူကိုယ်တိုင်တင်ထားတယ် အဲဒါ ပါတီဗဟိုကတော့ ဘာမှအရေးယူမှုမရှိသေးဘူး အရေးယူမှုမလာသေးဘူး” ဟု ချင်းပြည်နယ် NLD ဥက္ကဌ ပူးဇိုဘွဲ့ကပြောသည်။

ပူးစီးဇာကျုံးသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြုအနေဖြင့် ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိထားသူဖြစ်သည်။

လူမှုကွန်ယက်တွင်ပြန့်နှံ့ခဲ့သည့် ၎င်းအစီရင်ခံစာရွက်တွင် ပညာရေးဦးစီးဌာန၏ တင်ဒါလုပ်ငန်းများအတွက်လျှော က်ထားသည့် ကုမ္ပဏီခြောက်ခုနှင့် ကုမ္ပဏီပိုင်ရှင်များ၏ နာမည်စာရင်းဖော်ပြထားပြီး အောက်တွင်မှတ်ချက်အနေဖြင့် အထက်ဖော်ပြပါကုမ္ပဏီပိုင်ရှင်များသည် NLD ပါတီအောင်နိုင်ရေးအတွက် ဝိုင်းရံကူညီကြသူများဖြစ်ပါကြောင်း တင်ပြအစီရင်ခံအပ်ပါသည်ဟု ဖော်ပြထားသဖြင့် လူမှုကွန်ယက်တွင် ဝေဖန်မှုများမြှင့်တက်ခဲ့သည်။

ထို့နောက် ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်နယ်ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးပြီး NLD ပါတီဗဟိုသို့ တင်ပြကာ ယနေ့ချိန်ထိ တစ်စုံတစ်ရာအရေးယူဆောင်ရွက်မှုမရှိသေးကြောင်းသိရသည်။

ပါတီဥက္ကဌရာထူးမှနှုတ်ထွက်စာတင်သည့်ဖြစ်ရပ်နှင့်ပတ်သက်၍ ပူးစီးဇာကျူံးကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း အတွင်းရေးကိစ္စဖြစ်သည့်အတွက် ဖြေဆို၍မရကြောင်း ပြောဆိုခဲ့သည်။

ချင်းပြည်နယ်၌ နိုဝင်ဘာ (၈) ရက်နေ့ ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ (၃၉) နေရာရှိခဲ့သည်။

ချင်းပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ (၃၆) နေရာ (၈၂) ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့ပြီး ယခုကဲ့သို့ တောင်ပြိုကမ်းပြိုအနိုင်ရခြင်းမှာ ငွေကြေးအင်အားအသုံးပြုနိုင်သည့်အတွက်ကြောင့်ဟု ဆိုကာ အတိုက်အခံနိုင်ငံရေးပါတီများက ဝေဖန်ပြောဆိုမှုလည်းရှိခဲ့သည်။

Photo credit – The Hakha Times

#Zawgyi

ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီ ဥကၠဌ ပူးစီးဇာက်ံဳး (Pu C. Za Cung) သည္ ဥကၠဌ ရာထူးမွ ႏႈတ္ထြက္စာတင္ထားသည္ဟု ခ်င္းျပည္နယ္ NLD ဥကၠဌ ပူးဇိုဘြဲ႕ကေျပာသည္။

ထန္တလန္ၿမိဳ႕နယ္ NLD ပါတီေအာင္ႏိုင္ေရးအတြက္အလွဴေငြထည့္၀င္ၾကသည့္ ကုမၸဏီမ်ားအား ပညာေရးဦးစီးဌာန၏ တင္ဒါလုပ္ငန္းအတြက္ ပူးစီးဇာက်ဴံး၏လက္မွတ္ျဖင့္ ေထာက္ခံေပးထားသည့္ သေဘာသက္ေရာက္ေသာ အစီရင္ခံ စာရြက္ေပါက္ၾကားလာၿပီးေနာက္ ျပည္နယ္ပါတီ စည္းကမ္းထိန္းသိမ္းေရးအဖြဲ႔မွ စစ္ေဆးကာ ပါတီဗဟိုသို႕တင္ျပထားဆဲ ကာလတြင္ ယခုကဲ့သို႔ ဥကၠဌရာထူးမွ ႏႈတ္ထြက္စာတင္သြင္းျခင္းျဖစ္သည္။

“အဲဒါက သူ႔ေစတနာနဲ႔ ကုမၸဏီသမားေတြကို အစီရင္ခံစာေရးၿပီးေတာ့ ေငြ amount ေတြကိုေလ သြားေပးတဲ့အခါမွာ အားလံုးေပၚေနေတာ့ေလ သူ႔အေနနဲ႔ လုပ္ထံုးလုပ္နည္းနဲ႔ အဲဒီမွာနည္းနည္းေလး လြဲေခ်ာ္မႈရွိလို႔ အဲဒါေၾကာင့္ပါ အထက္ကၫႊန္ၾကားတာမဟုတ္ဘူး သူကိုယ္တိုင္တင္ထားတယ္ အဲဒါ ပါတီဗဟိုကေတာ့ ဘာမွအေရးယူမႈမရွိေသးဘူး အေရးယူမႈမလာေသးဘူး” ဟု ခ်င္းျပည္နယ္ NLD ဥကၠဌ ပူးဇိုဘြဲ႕ကေျပာသည္။

ပူးစီးဇာက်ံဳးသည္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ NLD ပါတီကိုယ္စားျပဳအေနျဖင့္ ထန္တလန္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵေနရာတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ၿပီး အႏိုင္ရရွိထားသူျဖစ္သည္။ 

လူမႈကြန္ယက္တြင္ျပန္႔ႏွံ႕ခဲ့သည့္ ၎အစီရင္ခံစာရြက္တြင္ ပညာေရးဦးစီးဌာန၏ တင္ဒါလုပ္ငန္းမ်ားအတြက္ေလွ်ာ က္ထားသည့္ ကုမၸဏီေျခာက္ခုႏွင့္ ကုမၸဏီပိုင္ရွင္မ်ား၏ နာမည္စာရင္းေဖာ္ျပထားၿပီး ေအာက္တြင္မွတ္ခ်က္အေနျဖင့္ အထက္ေဖာ္ျပပါကုမၸဏီပိုင္ရွင္မ်ားသည္ NLD ပါတီေအာင္ႏိုင္ေရးအတြက္ ဝိုင္းရံကူညီၾကသူမ်ားျဖစ္ပါေၾကာင္း တင္ျပအစီရင္ခံအပ္ပါသည္ဟု ေဖာ္ျပထားသျဖင့္ လူမႈကြန္ယက္တြင္ ေ၀ဖန္မႈမ်ားႁမွင့္တက္ခဲ့သည္။

ထို႔ေနာက္ ယင္းကိစၥႏွင့္ပတ္သက္၍ ျပည္နယ္ပါတီ စည္းကမ္းထိန္းသိမ္းေရးအဖြဲ႔မွ စစ္ေဆးၿပီး NLD ပါတီဗဟိုသို႔ တင္ျပကာ ယေန႔ခ်ိန္ထိ တစ္စံုတစ္ရာအေရးယူေဆာင္ရြက္မႈမရွိေသးေၾကာင္းသိရသည္။

ပါတီဥကၠဌရာထူးမွႏႈတ္ထြက္စာတင္သည့္ျဖစ္ရပ္ႏွင့္ပတ္သက္၍ ပူးစီးဇာက်ဴံးကို ဖုန္းျဖင့္ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း အတြင္းေရးကိစၥျဖစ္သည့္အတြက္ ေျဖဆို၍မရေၾကာင္း ေျပာဆိုခဲ့သည္။ 

ခ်င္းျပည္နယ္၌ ႏို၀င္ဘာ (၈) ရက္ေန႔ က်င္းပၿပီးစီးခဲ့သည့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ မဲဆႏၵနယ္ေျမ (၃၉) ေနရာရွိခဲ့သည္။

ခ်င္းျပည္နယ္တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီမွ (၃၆) ေနရာ (၈၂) ရာခိုင္ႏႈန္းေက်ာ္ အႏိုင္ရရွိခဲ့ၿပီး ယခုကဲ့သို႔ ေတာင္ၿပိဳကမ္းၿပိဳအႏိုင္ရျခင္းမွာ ေငြေၾကးအင္အားအသံုးျပဳႏိုင္သည့္အတြက္ေၾကာင့္ဟု ဆိုကာ အတိုက္အခံႏိုင္ငံေရးပါတီမ်ားက ေ၀ဖန္ေျပာဆိုမႈလည္းရွိခဲ့သည္။

Photo credit – The Hakha Times

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CYMA က မြန်မာစစ်ဘေးရှောင်များအတွက် ရူပီးငွေ ၆ သိန်းခန့်တန်းဖိုးရှိသော စားနပ်ရိက္ခာများ ထောက်ပံ့

ယင်းမာပင်ခရိုင်အမှတ် ၁၅ တပ်ရင်းမှူး ထောက်ခံချက်ဖြင့် ရဲဘော် ၃ ဦး သယ်လာသည့် ဆေးပြား ၃ သန်းခန့်နှင့် ဘိန်းဖြူ ကီလို ၁၀၀ ကျော် CDF-Hakha ဖမ်းဆီး

ကလေးမြို့ပေါ်တွင် စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးမှုများ စစ်ကောင်စီက ဆက်လက်လုပ်ဆောင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.