Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»NLD ပါတီအနေဖြင့် တိုင်းရင်းသားပါတီများ၏ ဆန္ဒကို အသိမှတ်ပြုပေးသင့်ဟု CNLD ပါတီဥက္ကဌပြော

NLD ပါတီအနေဖြင့် တိုင်းရင်းသားပါတီများ၏ ဆန္ဒကို အသိမှတ်ပြုပေးသင့်ဟု CNLD ပါတီဥက္ကဌပြော

0
By Editor on January 13, 2021 Headline

#Unicode

By လားနွန် – အမျိုးသားဒီမိုကရေစီအဖွဲဲ့ချုပ် (NLD) ပါတီအနေဖြင့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ရာတွင် ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီများ၏ ဆန္ဒကိုအသိမှတ်ပြုပြီး သဘောထားကြီးရန်လိုအပ်ဟု ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီမှ ပူးတွဲဥက္ကဌ ပူးနိုးထန်ကပ်ကပြောဆိုလိုက်သည်။

“အချင်းချင်းအသိမှတ်ပြုပြီးတော့ ပါတီကြီး အနေနဲ့လည်း သူ့ပြည်နယ်မှာ သွားရောက်သွားတဲ့ အခြေအနေဖြစ်နေတဲ့ အခါမှာ ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီတွေရဲ့ဆန္ဒကို အသိမှတ်ပြုပြီး လုပ်လိုက်ရင်ဘာခက်သွားလို့လဲ ပြေလည်မယ် ကျနော်တို့အနှစ် (၇၀) ကျော်ခံစားချက်နဲ့ရှိလာတဲ့တိုင်းရင်းသားတွေအနေနဲ့ အကုန်လုံးက Sensitive (ထိလွယ်ရှလွယ်) ဖြစ်သွားပြီဆိုတော့ ဒီဟာကို ပေါ့ပေါ့တန်တန်သွားလုပ်လို့မရဘူး” ဟု CNLD ပါတီမှ ပူးတွဲဥက္ကဌ ပူးနိုးထန်ကပ်ကပြောသည်။

အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီသည် နောင်အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေးကိစ္စ နှင့်ပတ်သက်၍တွေ့ဆုံဆွေးနွေးရန် ပြည်နယ်အခြေစိုက်တိုင်းရင်းသားနိုင်ငံရေးပါတီ (၄၈) ထံသို့ ၂၀၂၀ ရွေးကောက်ပွဲ အပြီးတွင် ဖိတ်စာပေးပို့ခဲ့ပြီး ၂၀၂၁ ခုနှစ်ဇန်နဝါရီလ ၁ နေ့ကစ၍ တိုင်ရင်းသားပါတီများနှင့်တွေ့ဆုံဆွေးနွေးမှုကို စတင်ခဲ့ သည်။

ဒေါက်တာအောင်မိုးညိုဦးဆောင်သော NLD ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၁ ရက်နေ့ကပြုလုပ်သော ကချင်ပြည်န ယ်အခြေစိုက် တိုင်းရင်းသားရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးမှုမှာ အဆင်ပြေသည်ဟု ဆိုနိ်ုင်သော်လည်း ဇန်နဝါရီလ ၄ ရက်နေ့ ၁၂ ရက်နေ့က မွန်ပြည်နယ်နှင့် ကယားပြည်နယ်တွင်ပြုလုပ်သော တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးမှုမှာမူ နေရာညှိနိုင်း မရ၍ အသီးသီးပွဲပျက်ခဲ့ရသည်။

NLD ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပါတီဗဟိုဆုံးဖြတ်ချက်အရ ဆွေးနွေးပွဲများကို သက်ဆိုင်ရာပြည်နယ် NLD ပါတီရုံးတွင် ပြုလုပ်ရန်စီစဉ်ပြီး တိုင်းရင်းသားများဘက်ကမူ သီးခြားတစ်နေရာရာတွင် တွေ့ဆုံဆွေးနွေးကြရန်ဆန္ဒရှိနေသည့်အတွက် နှစ်ဖက်ညှိနှိုင်းမရကြသောကြောင်း ပွဲပျက်ခဲ့ကြရခြင်းဖြစ်သည်။

CNLD ပူးတွဲဥက္ကဌ ပူးနိုးထန်ကပ်က “ကိုယ်စားလှယ်သွားတဲ့သူတွေကလည်း ဗဟိုက မှာထားတယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ သူတို့ဘာသာဆုံးဖြတ်ချက်ချနိုင်ပြီးတော့ သူတို့ကလိုရင်လိုအပ်သလို ဖြေလျော့ပြီးတော့ သွားချည်းကပ်မယ်ဆိုရင် မပြေလည်နိုင်စရာမရှိဘူး ကျနော်တို့တိုင်းရင်းသားပါတီတွေဆိုတာ ကိုယ့်ခံစားချက် ကိုယ့်သမိုင်းကြောင်းတွေနဲ့ နိ်ုင်ငံရေးလုပ်လာတဲ့ပါတီတွေဆိုတော့ သူ့အမြင်ကိုယ့်အမြင်အမျိူးမျိူးတော့ရှိမှာပေါ့၊ အဲဒါလေးကိုတောင်မှ သတိမချပ်မိဘူး၊ အပေါ်စီးနဲ့ပဲဖြစ်ဖြစ် ချည်းကပ်မယ်ဆိုရင်တော့ မှားသွားမှာပေါ့’’ ဟု ထောက်ပြပြောဆိုပါသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုယ်စားလှယ်များအနေဖြင့် တွေ့ဆုံမှုလုပ်ဆောင်မည်ဆိုပါက ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်ကိုသာတွေ့ဆုံခြင်းမျိူးမဟုတ်ဘဲ ဆိုင်ရာပါတီကရွေးချယ်ထားသောပုဂ္ဂိုလ်များနှင့် ဆွေးနွေးသင့်သည်ဟု ၎င်းကယခုကဲ့သို့ ဆက်လက်ပြောဆိုသည်။

“ပါတီကိုပဲ ချည်းကပ်လိုက်ရင် အကောင်းဆုုံးဖြစ်မှာပါ ဒီပုံစံဆိုရင် အနိုင်ရတဲ့ပုဂ္ဂိုလ် လွှတ်တော်အမတ်နဲ့ သူ့ပါတီကြားမှာလည်း အမျိုးမျိုး ယုံထင်ကြောင်ထင်ဖြစ်နိုင်လာနိုင်တယ်၊ ပါတီကိုချည်းကပ်တာအကောင်းဆုံးပေါ့၊ ပါတီမှတဆင့်တွေ့မယ့်ပုဂ္ဂိုလ်တွေကိုရွေးပေါ့ ဒီပုဂ္ဂိုလ် ဒီပုဂ္ဂိုလ် သင့်တော်တယ်ဆိုတာ ပြောရမယ်ဆိုရင်တော့ အနိုင်ရတဲ့ ပုဂ္ဂိုလ်တွေပဲထည့်မှာပါ” ပူးတွဲဥက္ကဌ ပူးနိုးထန်ကပ်ကပြောသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီသည် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှာ မဲဆန္ဒနယ်မြေတစ်နေရာ အနိုင်ရရှိထားသည့်ပါတီဖြစ်သည်။

NLD ပါတီကိုယ်စားလှယ်အဖွဲ့သည် တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံဆွေးနွေးမှုများဆက်လက်ပြုလုပ်ရန် ရှမ်းပြည်နယ်ဘ က်သို့ ခရီးဆက်ကြမည်ဟုသိရသည်။

#Zawgyi

By လားနွန် – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ရာတွင် ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီများ၏ ဆန္ဒကိုအသိမှတ်ပြုပြီး သဘောထားကြီးရန်လိုအပ်ဟု ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီမှ ပူးတွဲဥက္ကဌ ပူးနိုးထန်ကပ်ကပြောဆိုလိုက်သည်။ 


အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီသည် နောင်အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေးကိစ္စ နှင့်ပတ်သက်၍တွေ့ဆုံဆွေးနွေးရန် ပြည်နယ်အခြေစိုက်တိုင်းရင်းသားနိုင်ငံရေးပါတီ (၄၈) ထံသို့ ၂၀၂၀ ရွေးကောက်ပွဲ အပြီးတွင် ဖိတ်စာပေးပို့ခဲ့ပြီး ၂၀၂၁ ခုနှစ်ဇန်နဝါရီလ ၁ နေ့ကစ၍ တိုင်ရင်းသားပါတီများနှင့်တွေ့ဆုံဆွေးနွေးမှုကို စတင်ခဲ့ သည်။ 

ဒေါက်တာအောင်မိုးညိုဦးဆောင်သော NLD ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၁ ရက်နေ့ကပြုလုပ်သော ကချင်ပြည်န ယ်အခြေစိုက် တိုင်းရင်းသားရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးမှုမှာ အဆင်ပြေသည်ဟု ဆိုနိုင်သော်လည်း ဇန်နဝါရီလ ၄ ရက်နေ့ ၁၂ ရက်နေ့က မွန်ပြည်နယ်နှင့် ကယားပြည်နယ်တွင်ပြုလုပ်သော တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးမှုမှာမူ နေရာညှိနိုင်း မရ၍ အသီးသီးပွဲပျက်ခဲ့ရသည်။ 


CNLD ပူးတွဲဥက္ကဌ ပူးနိုးထန်ကပ်က “ကိုယ်စားလှယ်သွားတဲ့သူတွေကလည်း ဗဟိုက မှာထားတယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ သူတို့ဘာသာဆုံးဖြတ်ချက်ချနိုင်ပြီးတော့ သူတို့ကလိုရင်လိုအပ်သလို ဖြေလျော့ပြီးတော့ သွားချည်းကပ်မယ်ဆိုရင် မပြေလည်နိုင်စရာမရှိဘူး ကျနော်တို့တိုင်းရင်းသားပါတီတွေဆိုတာ ကိုယ့်ခံစားချက် ကိုယ့်သမိုင်းကြောင်းတွေနဲ့ နိုင်ငံရေးလုပ်လာတဲ့ပါတီတွေဆိုတော့ သူ့အမြင်ကိုယ့်အမြင်အမျိုးမျိုးတော့ရှိမှာပေါ့၊ အဲဒါလေးကိုတောင်မှ သတိမချပ်မိဘူး၊ အပေါ်စီးနဲ့ပဲဖြစ်ဖြစ် ချည်းကပ်မယ်ဆိုရင်တော့ မှားသွားမှာပေါ့’’ ဟု ထောက်ပြပြောဆိုပါသည်။ 

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုယ်စားလှယ်များအနေဖြင့် တွေ့ဆုံမှုလုပ်ဆောင်မည်ဆိုပါက ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်ကိုသာတွေ့ဆုံခြင်းမျိုးမဟုတ်ဘဲ ဆိုင်ရာပါတီကရွေးချယ်ထားသောပုဂ္ဂိုလ်များနှင့် ဆွေးနွေးသင့်သည်ဟု ၎င်းကယခုကဲ့သို့ ဆက်လက်ပြောဆိုသည်။ 

“ပါတီကိုပဲ ချည်းကပ်လိုက်ရင် အကောင်းဆုံးဖြစ်မှာပါ ဒီပုံစံဆိုရင် အနိုင်ရတဲ့ပုဂ္ဂိုလ် လွှတ်တော်အမတ်နဲ့ သူ့ပါတီကြားမှာလည်း အမျိုးမျိုး ယုံထင်ကြောင်ထင်ဖြစ်နိုင်လာနိုင်တယ်၊ ပါတီကိုချည်းကပ်တာအကောင်းဆုံးပေါ့၊ ပါတီမှတဆင့်တွေ့မယ့်ပုဂ္ဂိုလ်တွေကိုရွေးပေါ့ ဒီပုဂ္ဂိုလ် ဒီပုဂ္ဂိုလ် သင့်တော်တယ်ဆိုတာ ပြောရမယ်ဆိုရင်တော့ အနိုင်ရတဲ့ ပုဂ္ဂိုလ်တွေပဲထည့်မှာပါ” ပူးတွဲဥက္ကဌ ပူးနိုးထန်ကပ်ကပြောသည်။



Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အစီစဉ်ကို MZP နှင့် ZORO က ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ

စစ်ကော်မရှင်ခန့် ချင်းဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ စစ်အရာရှိကြီးများ၊ ဌာနအရာရှိများအပါအဝင် ကုမ္ပဏီအဖွဲ့အစည်းနှင့် လူ ၅၀၀ ကျော်ကို ခြစားသူများအဖြစ် အထူးပစ်မှတ်ထား အရေးယူတော့မည်ဟု CDF – ဟားခါးကြေညာ

ဖလမ်းမြို့နယ်ထဲ လေကြောင်းတိုက်ခိုက်ခံရမှု ဘုရားကျောင်းနှင့် နေအိမ်တချို့ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.