Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တပ်မတော်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် အဖမ်းခံရသူ ၃၈ ဦးရှိ
Photo Crd: Chin World

တပ်မတော်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် အဖမ်းခံရသူ ၃၈ ဦးရှိ

0
By Editor on February 15, 2021 Headline

#Unicode

Benezer – မြန်မာ့တပ်မတော်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့က အရပ်သားအစိုးရထံ အာဏာသိမ်းယူလိုက်ပြီးနောက် ချင်းပြည်နယ်တွင် ဝန်ကြီးချူပ်အပါအဝင် ဖမ်းဆီးထိမ်းသိန်းခံရသူ ၃၈ ဦးအထိရှိခဲ့သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ စာရင်းအရ သိရသည်။

“ချင်းပြည်နယ်မှာ ဒီနေ့အထိ အဖမ်းခံရတဲ့သူက ၃၈ ဦးရှိတယ်၊ ပုဒ်မလည်းမရှိဘူး၊ ဘာအကြောင်းပြချက်မှလည်းမရှိဘူး၊ အဖမ်းခံရတဲ့သူတွေနဲ့ အဆက်အသွယ်ရနိုင်ဖို့ ကြိုးစားပေမယ့်လည်း ခွင့်ပြုချက်မရဘူး”ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆလိုင်းဆန်နှင်းလျန်ကပြောသည်။

အဆိုပါအဖမ်းခံရသူများအနက် လေးဦးမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပြန်လည်လွှတ်မြောက်လာခဲ့သော်လည်း အခြားဖမ်းဆီးခံရသူများမှာ မည်သည့်သတင်းမှ မကြားသိရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောသည်။

တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားသူ ၃၈ ဦးထဲမှ အများစုမှာ ရွေးကောက်ပွဲကော်မရှင်မှ ဝန်ထမ်းများဖြစ်ပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရုံးများမှ ရွေးကောက်ပွဲကော်မရှင်တာဝန်ခံအရာရှိ ၂၁ ဦးအထိရှိပြီး အခြားသူများမှာ ဝန်ကြီးချုပ်အပါအဝင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဌ နှင့် ဒုလွှတ်တော်ဥက္ကဌတို့ ဖြစ်ကြောင်းသိရသည်။

ဖမ်းဆီးခံရသူများကို သက်ဆိုင်ရာမြို့ရှိ တပ်ကုန်းများတွင် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ပြီး ကန်ပက်လက်မှ ကော်မရှင် အရာရှိ နှစ်ဦးကိုမူ မင်းတပ်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် တပ်မတော်မှ အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း ဖော်ပြသည့်အနေဖြင့် ချင်းပြည်နယ်ရှိ မြို့နယ်တိုင်းတွင် ဆန္ဒဖော်ထုတ်ပွဲများ ဆင်နွှဲလျက်ရှိပြီး ဆန္ဒထုတ်ဖော်သည့် ခေါင်းဆောင်အချို့ကို ဖမ်းဝရမ်းထုတ်ထားမှုများလည်း ရှိနေကြောင်းသိရသည်။

#Zawgyi

Benezer – ျမန္မာ့တပ္မေတာ္မွ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က အရပ္သားအစိုးရထံ အာဏာသိမ္းယူလိုက္ၿပီးေနာက္ ခ်င္းျပည္နယ္တြင္ ၀န္ႀကီးခ်ဴပ္အပါအ၀င္ ဖမ္းဆီးထိမ္းသိန္းခံရသူ ၃၈ ဦးအထိရွိခဲ့သည္ဟု ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ (CHRO) ၏ စာရင္းအရ သိရသည္။

“ခ်င္းျပည္နယ္မွာ ဒီေန႔အထိ အဖမ္းခံရတဲ့သူက ၃၈ ဦးရွိတယ္၊ ပုဒ္မလည္းမရွိဘူး၊ ဘာအေၾကာင္းျပခ်က္မွလည္းမရွိဘူး၊ အဖမ္းခံရတဲ့သူေတြနဲ႔ အဆက္အသြယ္ရနိုင္ဖို႔ ႀကိဳးစားေပမယ့္လည္း ခြင့္ျပဳခ်က္မရဘူး”ဟု ခ်င္းလူ႔အခြင့္အေရးအဖြဲ႕မွ ဦးေဆာင္သူတစ္ဦးျဖစ္သည့္ ဆလိုင္းဆန္ႏွင္းလ်န္ကေျပာသည္။

အဆိုပါအဖမ္းခံရသူမ်ားအနက္ ေလးဦးမွာ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔က ျပန္လည္လႊတ္ေျမာက္လာခဲ့ေသာ္လည္း အျခားဖမ္းဆီးခံရသူမ်ားမွာ မည္သည့္သတင္းမွ မၾကားသိရေၾကာင္း ခ်င္းလူ႔အခြင့္အေရးအဖြဲ႔က ေျပာသည္။

တပ္မေတာ္မွ ဖမ္းဆီးထိန္းသိမ္းထားသူ ၃၈ ဦးထဲမွ အမ်ားစုမွာ ေရြးေကာက္ပြဲေကာ္မရွင္မွ ဝန္ထမ္းမ်ားျဖစ္ၿပီး ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္ ႐ုံးမ်ားမွ ေရြးေကာက္ပြဲေကာ္မရွင္တာ၀န္ခံအရာရွိ ၂၁ ဦးအထိရွိၿပီး အျခားသူမ်ားမွာ ဝန္ႀကီးခ်ဳပ္အပါအဝင္ ခ်င္းျပည္နယ္အစိုးရအဖြဲ႕ဝင္မ်ား၊ လႊတ္ေတာ္ဥကၠဌ ႏွင့္ ဒုလႊတ္ေတာ္ဥကၠဌတို႔ ျဖစ္ေၾကာင္းသိရသည္။

ဖမ္းဆီးခံရသူမ်ားကို သက္ဆိုင္ရာၿမိဳ႕ရွိ တပ္ကုန္းမ်ားတြင္ ဖမ္းဆီးထိန္းသိမ္းထားျခင္းျဖစ္ၿပီး ကန္ပက္လက္မွ ေကာ္မရွင္ အရာရွိ ႏွစ္ဦးကိုမူ မင္းတပ္တြင္ ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း ခ်င္းလူ႔အခြင့္ေရးအဖြဲ႕ထံမွ သိရသည္။

လက္ရွိတြင္ တပ္မေတာ္မွ အာဏာသိမ္းမႈကို ကန႔္ကြက္ေၾကာင္း ေဖာ္ျပသည့္အေနျဖင့္ ခ်င္းျပည္နယ္ရွိ ၿမိဳ႕နယ္တိုင္းတြင္ ဆႏၵေဖာ္ထုတ္ပြဲမ်ား ဆင္ႏႊဲလ်က္ရွိၿပီး ဆႏၵထုတ္ေဖာ္သည့္ ေခါင္းေဆာင္အခ်ိဳ႕ကို ဖမ္းဝရမ္းထုတ္ထားမႈမ်ားလည္း ရွိေနေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တစ်လဝန်းကျင်ကြာ သိုင်းငင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် Ruan ကျေးရွာက နေအိမ် ၄ လုံး ထပ်မံပျက်စီး

တီးတိန်မြို့အဝင်က စစ်ကော်မရှင်စခန်းတစ်ခုကို ချင်းညီနောင် တိုက်ခိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.