Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDM တွင်ပါဝင်သောထွေအုပ်ဝန်ထမ်းများ ရုံးမတက်ရင် အရေးယူမည်ဟု ဖိအားပေးခံရ

CDM တွင်ပါဝင်သောထွေအုပ်ဝန်ထမ်းများ ရုံးမတက်ရင် အရေးယူမည်ဟု ဖိအားပေးခံရ

0
By Editor on February 16, 2021 Headline

#Unicode

By လားနွန် – တပ်မတော် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် Civil Disobedience Movement (CDM) လှုပ်ရှားမှု တွင် ပူးပေါင်းပါဝင်ကြသော ချင်းပြည်နယ် ဟားခါးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများကို ရုံးမတက်ပါက အရေးယူမည်ဟု ဖိအားပေးခံနေရကြောင်းသိရသည်။

ဟားခါးမြို့ရှိ အမည်မဖော်လိုသူထွေအုပ်ရုံးဝန်ထမ်းတစ်ဦးက “အထက်ကနေ လုပ်ခိုင်းတာဖြစ်မယ် CDM မှာပါတဲ့သူတွေ မနက်ဖြန်ရုံးပြန်တက်ရင် အရေးမယူဘူး၊ တကယ်လို့ မနက်ဖြန်ရုံးပြန်မတက်ရောက်ဘူးဆိုရင်တော့ ပြစ်ဒဏ်အပြစ်ပေးတာ ဒါမှမဟုတ် အရေးယူမယ်ဆိုပြီးသိရတယ်” ဟု ပြောသည်။

CDM တွင်ပါဝင်သော ထွေအုပ်ရုံးဝန်ထမ်းများကို မနက်ဖြန်ရုံးပြန်တက်ရန် ဖုန်းဖြင့်အကြောင်းကြားမှုများပြုလုပ်ရန်လည်း အထက်မှညွန်ကြားထားသည်ဟု ၎င်းကဆက်ပြောသည်။

မြန်မာ့တပ်မတော်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့က အရပ်သားအစိုးရထံ အာဏာသိမ်းယူလိုက်ပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း လုံးတွင် စစ်အာအာသိမ်းဆန်ကျင်ဆန္ဒပြမှုဖော်ပေါက်လာပြီး ချင်းပြည်နယ်တွင်လည်း ဖေဖော်ဝါရီ ၇ ရက်နေ့ကစ၍ ဆန္ဒ ဖော်ထုတ်မှုစတင်ခဲ့ကြသည်။

ယင်းဆန္ဒဖော်ထုတ်မှုတွင် ဟားခါးမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်း ၁၂၄ ဦးတို့ သည် Civil Disobedience Movement (CDM) တွင် ပူးပေါင်းပါဝင်လာခဲ့ကြသလို မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ တီးတိန်၊ ထန်တလန် စသည့်မြို့နယ်မှ ထွေအုပ်ရုံးဝန်ထမ်းများလည်း CDM တွင်ပူးပေါင်းပါဝင်ခဲ့ကြသည်။

#Zawgyi

By လားႏြန္ – တပ္မေတာ္ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္သည့္အေနျဖင့္ Civil Disobedience Movement (CDM) လႈပ္ရွားမႈ တြင္ ပူးေပါင္းပါ၀င္ၾကေသာ ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုးမွ ၀န္ထမ္းမ်ားကို ရံုးမတက္ပါက အေရးယူမည္ဟု ဖိအားေပးခံေနရေၾကာင္းသိရသည္။
ဟားခါးၿမိဳ႕ရွိ အမည္မေဖာ္လိုသူေထြအုပ္ရံုး၀န္ထမ္းတစ္ဦးက “အထက္ကေန လုပ္ခိုင္းတာျဖစ္မယ္ CDM မွာပါတဲ့သူေတြ မနက္ျဖန္ရံုးျပန္တက္ရင္ အေရးမယူဘူး၊ တကယ္လို႔ မနက္ျဖန္ရံုးျပန္မတက္ေရာက္ဘူးဆိုရင္ေတာ့ ျပစ္ဒဏ္အျပစ္ေပးတာ ဒါမွမဟုတ္ အေရးယူမယ္ဆိုၿပီးသိရတယ္” ဟု ေျပာသည္။
CDM တြင္ပါ၀င္ေသာ ေထြအုပ္ရံုး၀န္ထမ္းမ်ားကို မနက္ျဖန္ရံုးျပန္တက္ရန္ ဖုန္းျဖင့္အေၾကာင္းၾကားမႈမ်ားျပဳလုပ္ရန္လည္း အထက္မွၫြန္ၾကားထားသည္ဟု ၎ကဆက္ေျပာသည္။
ျမန္မာ့တပ္မေတာ္မွ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က အရပ္သားအစိုးရထံ အာဏာသိမ္းယူလိုက္ၿပီးေနာက္ ျမန္မာႏိုင္ငံတစ္၀န္း လံုးတြင္ စစ္အာအာသိမ္းဆန္က်င္ဆႏၵျပမႈေဖာ္ေပါက္လာၿပီး ခ်င္းျပည္နယ္တြင္လည္း ေဖေဖာ္ဝါရီ ၇ ရက္ေန႔ကစ၍ ဆႏၵ ေဖာ္ထုတ္မႈစတင္ခဲ့ၾကသည္။
ယင္းဆႏၵေဖာ္ထုတ္မႈတြင္ ဟားခါးၿမိဳ႕ရွိ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဴပ္ေရးဦးစီးဌာနရံုးမွ ၀န္ထမ္း ၁၂၄ ဦးတို႔ သည္ Civil Disobedience Movement (CDM) တြင္ ပူးေပါင္းပါ၀င္လာခဲ့ၾကသလို မင္းတပ္၊ မတူပီ၊ ကန္ပက္လက္၊ တီးတိန္၊ ထန္တလန္ စသည့္ၿမိဳ႕နယ္မွ ေထြအုပ္ရံုး၀န္ထမ္းမ်ားလည္း CDM တြင္ပူးေပါင္းပါ၀င္ခဲ့ၾကသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNLD ပါတီဥက္ကဌဟောင်း SNDP ကျားဖြူပါတီ ကိုယ်စားပြုပြီး ရန်ကုန်မှာ ရွေးကောက်ပွဲ ဝင်မည်

အင်အားအလုံးအရင်းဖြင့် ဆက်တိုက်ထိုးစစ်ဆင်ခံရပြီးနောက် ခဲယမ်းမလောက်ငှ၍ ကြံသာကို တော်လှန်ရေးတပ်တွေ လက်လွတ်ခဲ့ရ

ကလေးမြို့တွင် ၁၀ ရက်ကျော်ကြာ ဆက်သွယ်ရေးလိုင်း ဖြတ်တောက်ခံရမှုကြောင့် ဒေသခံပြည်သူများ လူမှုဘဝအကြီးအကျယ် ထိခိုက်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.