Author: Editor

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်( AA) အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ဒေသခံပြည်သူတစ်ချို့ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိလာကြသော်လည်း စားဝတ်နေရေးအတွက် အခက်ကြုံနေကြရသည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ကြသည့် ပလက်ဝမြို့နယ် ရွှေလိုင်ပွီးအုပ်စု ဖွေလိုက်ဝ ကျေးရွာမှ ဒေသခံပြည်သူ ၂၃၆ ဦးကို ယခုလ ၂၅ ရက်နေ့က ပလက်ဝမြို့မှ ၎င်းတို့နေရပ် ဖွေလိုက်ဝကျေးရွာသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သည်ဟု ပလက်ဝမြို့နယ် လူမှုကူညီရေး ပရဟိတအဖွဲ့မှ အတွင်းရေးမှူး(၂) ကိုကျော်အောင်ကပြောသည်။ စစ်ဘေးရှောင်ပြည်သူများသည် မိမိတို့နေရပ်သို့ ပြန်လည်ရောက်ရှိကြသော်လည်း စားဝတ်နေရေးအတွက် အခက်ကြုံနေကြရသည်ဟု ကိုကျော်အောင်ကပြောသည်။ “ စားဝတ်နေရေးတော့ အတော်လေးခက်နေကြတယ်၊ အိမ်သုံးပစ္စည်းတွေတောင်မှ အဆင်မပြေကြတော့ဘူး၊ ဆန်တွေပို့ပေးမယ်ဆိုရင်လည်း ကျနော်တို့ အတော်လေးအခက်အခဲတွေကြုံနေရတယ်၊ လမ်းကြောင်းကတော်တော်လေး ဝေးတဲ့အခါမှာ လေလမ်းကြောင်းတစ်ခုပဲရှိတယ် အဲဒီရေလမ်းကြောင်းတောင်မှ ပလက်ဝ ကနေ သူတို့ရွာအထိ ပို့မယ်ဆိုရင်တော့ ဆန်တစ်အိတ်ပို့ခတောင်မှ တစ်သောင်းကျော်ကျော်လောက်ရှိတယ် အဲလောက်ထိ ကုန်ကျစရိတ်ကများနေတယ်’’ ဟု ၎င်းကပြောသည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်မှ ဒေသခံ တစ်ထောင်ကျော်ခန့် မီဇိုရမ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ယခုအခါ တိုက်ပွဲများဖြစ်ပွားခြင်းမရှိတော့ဘဲ အခြေအနေတည်ငြိမ်လာသည့်အတွက် စစ်ဘေးရှောင်ပြည်သူတစ်ချို့ နေရပ်သို့ ပြန်လာကြခြင်းဖြစ်သည်။ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြရသည့် ဒုက္ခသည်များထဲမှ ပလက်ဝမြို့နယ်သို့ စစ်ဘေးရှောင်ပြည်သူ မည်မျှပြန်လည်ရောက်ရှိသည်ကိုမူ စာရင်းအတိအကျမသိရသေးပေ။ စစ်ဘေးရှောင်းပြည်သူအများစုသည် ကိုယ်နီးကိုယ့် ဟန်ဖြင့် မိမိတို့နေရပ်ကျေးရွာသို့ ပြန်သွားကြသည့်အတွက် စာရင်းအတိအကျမသိနိုင်သေးကြောင်း ကိုကျော်အောင်ကပြောသည်။ Photos-…

Read More

ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျရောက်သော India Republic Day ကို မီဇိုရမ်ပြည်နယ် နယ်စပ်နှစ်နေရာတွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားကို မီဇိုရမ်ပြည်နယ် အာသန်ရိုင်ဖယ်မှ ကြီးမူးပြီး မြန်မာနိုင်ငံ တပ်မတော်အရာရှိများ နှင့် မြန်မာပြည်သူ ပြည်သားများကို ဖိတ်ခေါ်ပြီး မီဇိုရမ်ပြည်နယ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post သတင်းစာတွင် ဖော်ပြသည်။ မီဇိုရမ်ပြည်နယ် ဆိုင်းဟာမြို့နယ် Sap ကျေးရွာအနီး Border Pillar 21 တွင် ကျင်းပခဲ့ပြီး ၄င်းအပြင် ကျန်ဖိုင်းမြို့နယ် ဇိုးခေါထား တွင် နှစ်နိုင်ငံမှ ကျင်းပခဲ့သည်။ ဇိုးခေါထားတွင် ကျင်းပသည့် အဆိုပါအခမ်းအနားတွင် ချင်းပြည်နယ် ဟားခါး Tactical Operation Centre Commander Col နေမျိုးဇော် ဦးဆောင်ပြီး တက်ရောက်ခဲ့ကြောင်းနဲ့ နှစ်နိုင်ငံပြည်သူများထံ အခမဆေးကုသမှုပြုလုပ်သည့်အပြင် နှစ်နိုင်ငံ ချစ်ကြည် ရေးအားကစားပွဲများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆိုင်းဟားမြို့နယ် Border Pillar 21 တွင် ကျင်းပသည့် အခမ်းအနားတွင် မြန်မာနိုင်ငံ တပ်မတော်မှ Maj. ဆန်းသစ် နှင့် Capt. နိုင်လင်းသူတို့ ဦးဆောင်ပြီး လာရောက်ပါဝင်အားဖြည့်ပေးခဲ့ကြသည်။ ယခုလို နှစ်နိုင်ငံကျင်းပရခြင်းမှာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား ငြိမ်းချမ်းမှုဖန်တီးခြင်း နှင့် တပ်မတော်အချင်းချင်း ချစ်ခင်ရင်းနှီးမှု တည်ဆောက်နိုင်ရေးအတွက် ယခုလို အခမ်းအနားကို ပြုလုပ်ရခြင်းဖြစ်တယ်လို့ 23 Sector Assam Rifles…

Read More

by Salai Van Lian Thang –  ယနေ့ မြန်မာနိုင်ငံအခြေအနေကို နော်ဝေး ငြမ်းချမ်းရေး ပညာရှင်ကြီး Johan Galtung အမြင် ရူတောင့်မှ ချဉ်းကပ် ဆန်းစစ် ကြည့်ချင်ပါတယ်။ ငြမ်းချမ်းရေး ဖြစ်စဉ်တွင် ဖြစ်လေ့ဖြစ် ထရှိသော မကျေနပ်ဖွယ် (၄) ချက် ဖြစ်ပေါ် တတ်သည် ဟု သူက ဆိုပါတယ်။ ၁။ A နိုင် B ရူံး အခြေအနေ င်နှစ်ပင် ညီလာခံထက် ဆိုးရွားတဲ့ အခြေအနေသို့ ပင် ဆိုက်ရောက်စေနိုင်ပါတယ်။ Johan Galtung နံပါတ် (၃) နေရာတွင် ယနေ့ တိုင်းပြည် ရောက်နေတာသည် ငြမ်းချမ်းရေးကို တောင်းတနေသော ပြည်သူတွေအဖို့ စိတ်ပျက်စရာလို့ ဆိုရမှာပါ။ ဒါပေမဲ့ (၂၁) ပင်လုံညီလာခံကို မခေါ်နိုင်တာ ထား၊ အမျိုးသား အဆင့် နိုင်ငံဆွေးနွေးပွဲ တပ်မတော်က ဟန့်တား တာလည်းထား၊ KNPP ရဲဘော်တွေ အသတ်ခံရတာ၊ KIO စခန်းတွေ လိုက်သိမ်းနေရာတာ လည်း ထားအုံး၊ UNFC အပါဝင် ALP နှင့် RCSS အဖွဲ့တွေက C-in-C နှင့် State Counselor နှင့် တွေ့ဆုံဖို့ တောင်းဆို စာပို့တာ ဘာဖြစ်နေပါသလဲ။ တွေ့လည်း မတွေ့၊ စာလည်း မပြန်၊ တဖက်သတ် avoided and postponed ဖြစ်နေတာသည် ပိုပြီး စိတ်မကောင်းစရဖြစ်လာပါ တယ်။ ကျားကို…

Read More

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ် Burdukbanga ကျေးရွာသား အသက် (၂၆) နှစ်အရွယ်ရှိ Jitua Tongchangya သည် တောထဲအစာရှာဖွေရင်း မြေမြှုပ်မိုင်း ကိုနင်းမိ၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း နှင့် လောင်တလိုင် ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေရကြောင်း သိရသည်။ အခင်းဖြစ်ပွားမှုမှာ ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းတွင် Jitua Tongchangya နှင့် Morokto Tongchangya တို့ သူငယ်ချင်း နှစ်ဦးတို့မှာ တောထဲသွားပြီး ဟင်းချက်စရာရှာဖွေခဲ့ပြီး Jitua Tongchangya က ယခုလို မြေမြှုပ်မိုင်းကို နင်းမိခဲ့ခြင်းဖြစ်ကြောင်း မီဇိုရမ် နေ့စဉ်ထုတ် သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။ “ဘယ်ခြေဖဝါး စုတ်ပျက်သွားပြီး၊ ညာ ခြေသလုံးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း နှင့် အသက်အန္တရယ် စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ကြောင်း” သိရသည်။ ယခု နင်းမိသည့် မိုင်းမှာ အိန္ဒိယနိုင်ငံအတွင်းမှာ ထောင်ထားသည့် မိုင်းဖြစ်ပြီး လတ်တလော ဒီနေရာ ဒီဒေသတဝန်းတွင် တိုက်ခိုက်ခဲ့ကြ သော မြန်မာတပ်မတော် ထောင်းထားသည့် မိုင်းလား၊ ရခိုင်တပ်မတော် ထောင်ထားသည့်မိုင်းလား ဆိုတာကိုတော့ တိတိကျကျ မသိရသေး ကြောင်း သတင်းရရှိသည်။ Burdukbanga ကျေးရွာသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် တွင် တည်ရှိပြီး မြန်မာနိုင်ငံမှ ငါးမိုင်သာ ကွာဝေးသည့် ရွာကလေးဖြစ် ကြောင်း သိရသည်။

Read More

စစ်ကိုင်းတိုင်းဒေသကြီးနှင့် နယ်စပ်မြို့ဖြစ်သည့် ချင်းပြည်နယ် ဖလမ်းခရိုင် ခိုင်ကမ်းမြို့အ၀င် ဆိုင်းဘုတ်(မုဒ်ဦး) တည်ဆောက်မည့်အစီစဉ်ကို ပြန်လည်ဆိုင်းငံ့ထားသည်ဟု သိရသည်။ ခိုင်ကမ်းမြို့အ၀င်မုဒ်ဦးတည်ဆောက်မည့်အစီစဉ်ကို ကလေးမြို့အခြေစိုက် အထက်ချင်းတွင်းလူငယ်များကွန်ယက်အဖွဲ့မှ ကန့်ကွက်မှုများရှိနေသည့်အတွက် အစကနဦးပိုင်းတွင် ခေတ္တရပ်ဆိုင်းထားပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ချင်းပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် နှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူးဦးထလာဟဲ တို့ကိုယ်တိုင် လာရောက်ပြီိး ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပကာ မုဒ်ဦးတည်ဆောက်ရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း မုဒ်ဦးတည်ဆောက်ရေးလုပ်ငန်း တင်ဒါအောင်ထားသည့် Land Nupa ကုမ္ပဏီကို တည်ဆောက်ရေး လုပ်ငန်းဆက်မလုပ်ရန် ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ အကြောင်းကြားလာသည့်အတွက် လုပ်ငန်းကို ရပ်ဆိုင်းထားရသည်ဟု Land Nupa ကုမ္ပဏီပိုင်ရှင် ဦးခေါဘွေးကပြောသည်။ “ပန္နက်ရိုက်တော့ စည်ပင်ဝန်ကြီးကလည်း ဆက်လက်ဆောင်ရွက်လို့ရပြီ မြန်မြန်သာလုပ်လိုက်တော့လို့ ကျတော့ကိုပြော တယ်၊ ပြီးတော့ နောက်မနက်ကျတော့ ခိုင်ကမ်းစည်ပင်ကနေပြီးကျနော့ကို ဖုန်းပြန်ဆက်တယ်၊ မလုပ်တော့ဘူးတဲ့ နားမယ်တဲ့၊ တခြားလုပ်ငန်းလာလျှောက်ပါလို့ ကျနော့ကိုပြောလိုက်တယ် ဆိုတော့ တခြားလုပ်ငန်းလည်း ကျနော်မလျှောက်ချင်တော့ဘူး အဲဒါနဲ့ နားလိုက်တာပါပဲ’’ ဟု ဦးခေါဘွေးကပြောသည်။ မုဒ်ဦးတည်ဆောက်ရန် လိုအပ်သည့် ဆောက်လုပ်ရေးကိရိယာများကိုလည်း ကြိုတင် ၀ယ်ယူထားပြီးဖြစ်သည့်အတွက် ယခုစီမံကိန်းကို ဆက်မလုပ်တော့ပါက ကုမ္ပဏီအတွက် ရှုံးဆုံးနစ်နာနိုင်ပြီး ချင်းပြည်နယ်တာဝန်ရှိသူများအနေဖြင့် နယ်နိ မိတ်ကိစ္စကို ကောင်းကောင်းစီစစ်သင့်သည်ဟု ၎င်းကပြောသည်။ “ချင်းပြည်နယ်အစိုးရကနေပြီးမှ တရားဝင်ချမှတ်ထားတဲ့ တင်ဒါပါ၊ ကျနော်လည်းခုပြင်ဆင်ထားတာ သံချည်၊ သံကွေးတွေ အားလုံးပြီးထားပြီပြီ ပြန်မလုပ်ရတော့ဘူးဆိုရင် ကျနော်တော့ ရှူံးတော့ရှုံးဆုံးမှာပေါ့ ဒါပေမယ့် ဒါကအဓိကတော့မဟုတ်ဘူး ချင်းပြည်နယ်ရဲ့ နယ်နိမိတ်ကိုတော့ ၀န်ကြီးတွေအနေနဲ့ ကောင်းကောင်းစီစစ်ဖို့တော့…

Read More

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ် Sabualtlang ကျေးရွာသား အသက် ၆၇ နှစ်အရွယ် Monondo ဆိုသူအား မြန်မာတပ်မတော်မှ လက်နက်ကိုင်အဖွဲ့ဟု ထင်မှားပြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။ အခင်းဖြစ်ပွားမှုမှာ ဇန်နဝါရီ ၁၂ ရက်နေ့ညတွင် Monondo နှင့် သူ၏ ဇနီးသည် Banati တို့ အိန္ဒိယ-မြန်မာနယ်စပ် Sih ချောင်းတွင် Anchiri ရှာဖွေနေသည့်အချိန်မှာ မြန်မာတပ်မတော်များရောက်လာပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်ဟု ထင်မှားပြီး ပစ်ခတ်လိုက်ခြင်းဖြစ် ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။ အဆိုပါ ပစ်ခတ်တိုက်ခတ်မှုကြောင့် ပေါင် နှင့် ဒူး ထိမှန်ပြီး တဖက်မှ ပြန်လည်ပစ်ခတ်မှုမရှိဘဲ အော်ဟစ်သံများသာကြားရသောကြောင့် မြန်မာတပ်မတော်မှ အခြေအနေသွားရောက်ကြည့်ရှုကာ အရပ်သားဖြစ်နေကြောင်း သိရပြီး ဆေးဝါး၊ ရိက္ခာ နှင့် ဓာတ်မီးပေးပြီး ဒီအတိုင်း ပစ်ထားခဲ့ကာ ထွက်သွားကြတယ်လို့ ဇနီးသည် Banati က ပြောဆိုသည်။ ၄င်းသတင်းကို ကြားသော Sabualtlang ကျေးရွာရှိ YLA အဖွဲ့မှာသွားရောက်ကာ ညတွင်းချင်း လူနာကို ရွာအထိထမ်းခေါ်လာကြပြီး Tuithumhnar စခန်းတွင်ရှိသော အာသန်ရိုင်ဖယ် နှင့် Bungtlang ‘S’ ရဲများက ထိခိုက်ဒဏ်ရာရရှိသူ Monondo ကို လောင်တလိုင် ဆေးရုံတွင် ပို့ဆောင်ခဲ့ကြကြောင်း နှင့် အသက်အန္တရယ် စိုးရိမ်ရသည့်အခြေအနေမဟုတ်ကြောင်း သိရသည်။

Read More

မီဇိုးလူမျိုးများ၏ အထွဋ်အမြတ်ထားရှိသော ရိုးရာယဉ်ကျေးမှုပွဲတော်ကြီးဖြစ်သည့် ၂၀၁၈ Chapchar Kut ပွဲတွင် ဧည့်သည်တော်ကြီးအဖြစ် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်ကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါကိစ္စကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalthanhawla နဲ့အတူ Chapchar Kut Organising Committee အဖွဲ့များ ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်နေ့တွင် အစည်းအဝေးထိုင်ပြီး ဒီနှစ် Chapchar Kut ပွဲတော်ကို နှစ်ရက်တာ ကျင်းပသွားရန် နှင့် ဧည့်သည်တော်ကြီးအဖြစ် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်အား ဖိတ်ကြားသွားရန် ဆုံးဖြတ်ခဲ့ကြောင်း မီဇိုရမ်နေ့စဉ် ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။ ဧပြီလ ၁ ရက် နှင့် ၂ ရက်နေ့တွင် ကျင်းပမည့် အဆိုပါ Chapchar Kut ပွဲတော်ကြီးတွင် Kut Pa ခေါ် ပွဲတော်ကြီး ဖခင်အဖြစ် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်အား ဖိတ်ကြားသွားရန် နှင့် အနယ်နယ်အရပ်ရပ်မှာရှိကြသည့် ဇိုးမျိုးနွယ်စုများလည်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ ပထမနေ့ရက်တွင် မီဇိုးရိုးရာယဉ်ကျေးမှု အားကစားများ ပြုလုပ်သွားမှာဖြစ်ပြီး၊ ဒုတိယနေ့ရက်တွင် ယဉ်ကျေးမှုအက နှင့် ဖျော်ဖြေရေးအစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်သည်။ ၄င်းအပြင် painting exhibition, photo exhibition, flower show-cum-exhibition, foot court နှင့် handloom exhibition များလည်း ပြုလုပ်သွားရန် အစီအစဉ်များရှိကြောင်း သိရသည်။

Read More

By Pu Run Peng – ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုစဉ်အခေါ် ချင်းဝိဒေသတိုင်း ဖလမ်းမြို့အရေးပိုင် မင်းကြီးက သူအုပ်ချုပ်ခဲ့သောနယ်မြေအတွင်းရှိ လူများကို အစည်းအဝေးကျင်းပရန် ဖိတ်ခေါ်ခဲ့သည်။ ချင်းဝိဒေသတိုင်း မြောက်ပိုင်းတောင်ပိုင်းအားလုံးမှ လူဦးရေ (၅၀၀၀) ဦးအထိ ဖလမ်းမြို့ကို ရောက်ရှိလာခဲ့ကြသည်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် မြန်မာနိုင်ငံ ပြည်မဖက်မှတက်ရောက်တဲ့ ကိုယ်စားလှယ်များနှင့် ချင်းဝိဒေသတိုင်းရှိ နယ်မြေအားလုံးမှ တက်ရောက်လာတဲ့ ကိုယ်စားလှယ်များ အားလုံးဆွေးနွေးဆုံးဖြတ်ခြင်းများဖြင့် အစည်းအဝေးကျင်းပခဲ့ကြရာ အစည်းအဝေးတွင် ချင်းဝိဒေသတိုင်းအတွင်းတွင် ကျွန်များအားလုံး လွတ်မြောက်ကြပြီဖြစ်ကြောင်းနှင့် နယ်စားအုပ်ချုပ်သူများလက်အောက်မှလည်း အားလုံးလွတ်မြောက်ကြပြီး ၎င်းတို့အား ပေးနေကြဖြစ်သော မြေခွန်အဖြစ်သီးစားခများလည်း ပေးစရာမလိုတော့ကြောင်း ပြည်သူလူထုက ရွေးချယ်တင်မြောက်သော သူများကသာ အုပ်ချုပ်ကြတော့မည်ဖြစ်ကြောင်းတို့ကို ထိုစဉ်ချင်းဝိဒေသတိုင်း ၀န်းကြီးဦးဝမ္မသူးမောင်က အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း ကြေညာခဲ့သော်လည်း ချက်ချင်းအပြောင်းအလဲမရှိနိုင်ဘဲ တဖြေးဖြေးသီးစားခပေးခြင်း လျော့လာခဲ့သော်လည်း ၁၉၆၀ ခုနှစ်လောက်အထိ သီးစားခဲ့ပေးခြင်းရှိခဲ့သေးသည်။ ဗိုလ်ချုပ်နေ၀င်းက တိုင်းပြည်အာဏာသိမ်းí ဆိုရှယ်လစ်စနစ်နဲ့ နိုင်ငံကိုအုပ်ချုပ်ချိန်တွင် မြန်မာနိုင်ငံအတွင်းရှိ ရေ၊မြေ၊လေမြေပေါ်မြေအောက် သယံဇာတအားလုံး နိုင်ငံတော်ပိုင်ဖြစ်သည်ဟု ဆိုရှယ်လစ်ဥပဒေကို ထုတ်ပြန်ခဲ့ပြီးချိန်တွင်လည်း ချင်းတောင်တွင် ဘိုးဘွားပိုင်မြေပိုင်ဆိုင်မှုရှိခဲ့သေးသည်။ သို့သော် သီးစားခယူခြင်းကို မရှိသလောက်နည်းပါးလာခဲ့သော်လည်း မြေပိုင်ရှင်များသဘောမတူဘဲ မြေပိုင်ရှင်များမြေပေါ်တွင် ခုတ်ထွင်စိုက်ပျိုးလုပ်ကိုင်ခွင့်မရှိခဲ့ပါ။ မြေမရှိသူတောင်သူများက ချင်းဓလေ့ထုံးတမ်းစဉ်လာအရ မြေပိုင်ရှင်များသဘောတူမှုရယူပြီးမှ ခုတ်ထွင်စိုက်ပျိုးလုပ်ကိုင်နိုင်ခဲ့ကြပါသည်။ ယင်းမြေပေါ်တွင်အခမဲ့ ငှားရမ်းသူက ဆက်လက်မလုပ်ကိုင်နိုင်တော့ဘူးဆိုရင် မူလမြေပိုင်ရှင်ကသာ မြေကိုဆက်လက်ပိုင်ဆိုင်ခွင့်ရှိတဲ့အတိုင်း ဆက်လက်ပိုင်ဆိုင်နေခဲ့ကြသည်။ ကျေးရွာများဖက်တွင်မူ နယ်ပိုင်များမြေပိုင်ဆိုင်မှုဟာ အများအားဖြင့်ပပျောက်သလောက်ရှိသော်လည်း ရွှေပြောင်းတောင်ယာစနစ်ဖြင့် တောင်ယာကွက်(၁၀)ကွက် အထက်မှာရှိကြပြီး အချို့ကျွေးရွာများတွင် တောင်ယာကွက်ချခွဲဝေချိန်တွင် ယခင်မြေပိုင်ရှင်၏အမွေဆက်ခံသူတို့က ၎င်းတို့အကြိုက်ဆုံးနေရာကို လုပ်ကိုင်လို့နိုင်သလောက် ဧရိယာကိုယူပြီးမှ…

Read More