Salai Isaac Khan သည် ချင်းပြည်နယ်၊ ပလက်ဝ ဇာတိဖြစ်ပြီး ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာ ကြီးပြင်း ခဲ့သည်။ မိဘ နှစ်ပါးမှာ အင်္ဂလိ ကန် ဘုန်းတော်ကြီး ဦး နန်းချင်း နဲ့ ဒေါ်မော်လီဖြစ်ပါသည်။ ၁၉၉၆ ခုနှစ်မှာ သင်္ချာ အထူးပြုဘာသာနဲ့ မြစ်ကြီးနား တက္ကသိုလ်ကနေ BSc ဘွဲ့ကို ရရှိခဲ့သည်။
Author: Editor
ပြီးခဲ့သည့် သြဂုတ်လ အတွင်းက တောင်ကျရေကျ ဆင်းခဲ့ခြင်းကြောင့် ရွှံ့နွံဖုံးလွှမ်းခဲ့သော ချင်းပြည်နယ် တွန်ဇံမြို့နယ် ဟားခါးလေး (သို့) တွီးခိဇန် ကျေးရွာဟာ ယခုအခါ လူနေထိုင်ရန်မဖြစ်နိုင်တော့သဖြင့် ယင်းမြို့နဲ့သုံးမိုင်ခန့် အကွာ တွင် ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သိရသည်။ “အရင်နေရာက လုံးဝနေထိုင်လို့ မရတော့ ဘူးပေါ့။ အိမ်အသစ်ပြန်ဆောက်ပေး ဖို့ကတော့ အလှူရှင် တွေ ရှိရင်တော့ ဆောက်ပေးဖြစ် မယ်။ နိုင်ငံတော် က လဲ ဆောက်ပေးနိုင် ဖို့ စီစဉ်နေ ပါတယ်” ဟု ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ကျော်အေး က ပြောကြောင်း အင်တာနက် တွင် ဖော်ပြသည်။
ယခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် တနိုင်ငံလုံး အထွေထွေရွေးကောက်ပွဲ ကာလအတွင်း ချင်းပြည်နယ် အတွင်း ရွေးကောက်ပွဲ လုံခြုံရေးအတွက် ချင်းပြည်နယ် (၉)မြို့နယ် မဲဆန္ဒနယ်အားလုံးတွင် အထူးရဲတပ်ဖွဲ့ အင်အား ၁၀၂၉ ဦး တာဝန်ချထားမည်ဟု သိရပြီး ရွေးကောက် ပွဲ လုံခြုံရေး အထူးရဲ နည်းပြ ( ဆင့်ပွား) သင်တန်းကို ယနေ့ စက်တင်ဘာ (၇)ရက်နေ့က ပြုလုပ်ခဲ့ကြသည်။
ချင်းပညာရေး နှင့် ကျန်းမာရေး ဆိုင်ရာ ဆောင်ရွက်နေသူ Dr. Sasa က ရခိုင်ပြည်နယ်ရှိ ရေဘေးသင့် ချင်း ပြည် သူများအတွက် ဆန်အိတ် ၅၀၀၊ ဆီ ၅၀၀ ကေဂျီ၊ ကုလားပဲ ပိသာချိန် ၅၀၀ ၊ဆား ပိသာ ၅၀၀ ကို လှူဒါန်း ဖြန့်ဖြူးနေ ကြောင်း သိရသည်။ ထို့အပြင် ချင်းပြည်တောင် ပိုင်း ရေဘေး သင့်ပြည်သူများ အတွက် ဆန်အိတ် ၅၀၀၊ ဆီ ၅၀၀ ကေဂျီ၊ ကုလားပဲ ကေဂျီ ၅၀၀ ၊ အသားတု ကေဂျီ ၅၀၀ ကိုလည်း အိန္ဒိယ အရှေ့မြောက် Assam ပြည်နယ်မှ ၀ယ်ယူ တင်သွင်းရန် နှင့် စက်တင်ဘာအတွင်း ဖြန့်ဖြူးရန် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ချင်းတောင်တန်းဒေသတွင် ကြုံတွေ့နေရသော ညီနောင် ချင်းပြည်သူများအတွက် ဆိုပြီး Kachin Independent Organization( KIO) မှ သြဂုတ်လ ၁၃ ရက်နေ့က လှူဒါန်းသည့် ကျပ်ငွေ သိန်းပေါင်း တထောင်အား ရေ ဘေးသင့် ချင်းပြည်သူထံ ခွဲဝေလိုက်ပြီဖြစ်သည်။
မြန်မာပြည် အထူးသဖြင့် ချင်းပြည်သူ ရေဘေးသင့်ဒုက္ခသည်များ ကယ်ဆယ်ရေးအတွက် တဖက် မီဇိုရမ်ပြည်နယ် မြို့တော် အိုင်ဇောလ်တွင် People United in with a Purpose (MUMP) က ဦးဆောင်ပြီး ရံပုံငွေ ရှာဖွေမှုကို ၁၄ – ၁၅ သြဂုတ်တွင် ပြုလုပ်ခဲ့ကြသည်။
Kachin Independent Organization (KIO) က ချင်းပြည်နယ် (၉) မြို့နယ်အတွင်း ရေဘေးသင့် ချင်းပြည်သူများ အတွက် ယနေ့ သြဂုတ် ၁၃ ရက်နေ့က ကျပ်ငွေသိန်းပေါင်း ၁၀၀၀ လှူဒါန်းလိုက်သည်။
Health and Hope Society တည်ထောင်သူ Dr. Sasa မှ လက်ရှိ သဘာဝ မိုးဒါဏ် ဒုက္ခ ကြုံတွေ့နေရသည့် ဟားခါး မြို့သူမြို့သား များအတွက် ဆန်အိတ် ၅၀၀ နှင့် စားကုန်များ ထောက်ပံ့ကူညီသည်ဟု သိရသည်။ အဆိုပါ ဆန်အိတ်နှင့် လူသုံးစားကုန်များကို အိန္ဒိယနိုင်ငံ Silchar မြို့မှာ ၀ယ်ယူပြီး မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှ တဆင့် ပြည်တွင်းသို့ တင်သွင်းသယ်ယူသွားကြမှာဖြစ်ပြီး တခြား မြို့တွေကိုလည်း ထောက်ပံ့နိုင်ဖို့ တတ်အားသရွေ့ ကြိုးပမ်းနေကြောင်း သိရသည်။
မိုးအဆက် မပြတ်ရွာသွန်းပြီး လူနေအိမ်များသာမက ကားလမ်းများလည်း ပြိုကျပျက်စီး ကုန်သောကြောင့် ဟားခါးမြို့တွင်း သို့ စားနပ်ရိက္ခာဝင်ရောက်နိုင်ခြင်း မရှိတော့ ဘဲ တမြို့လုံးနီးပါးရိက္ခာပြတ် လှနီးပါးဖြစ်နေပြီဟု သိရသည်။ ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့သို့ ဆက်သွယ်သော ထန်တလန်၊ ဖလမ်း၊မတူပီ နှင့် ဂန့်ဂေါကား လမ်းများသည် မြေသားပြိုကျမှုများကြောင့် ယခုအခါသွား လာ၍ မရဖြစ်နေပြီး ရိက္ခာများ ပြတ်လပ်ကာ ဟားခါးတမြို့လုံး ဒုက္ခသည် ပုံစံဖြစ်နေပြီဟု ဟားခါး ကယ်ဆယ် ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးလည်းဖြစ် ချင်းလူငယ် အဖွဲ့ဥက္ကဌ ကို ယာကုတ် ထန်ကပြောသည်။
သြဂုတ်လ ၆-၇ ရက်နေ့များတွင် မီဇိုရမ်ပြည်နယ် NGO တစ်ခုဖြစ်သော Zofa Global Network နှင့် Green Mizoram Network တို့မှ ဦးဆောင်ပြီး မြန်မာနိုင်ငံ ရေဘေးသင့်သူများကူညီရေးရန်ပုံငွေအတွက် Mobile Charity Concert ဖျော်ဖြေရေးအစီအစဉ် ပြုလုပ်ခဲ့သည်။ Mobile Charity Concert “In Aid of Disaster Victims in Myanmar” ဆိုသည့် အဆိုပါ ဖျော်ဖြေရေးအစီအစဉ်ကို ပြည်နယ် မြို့တော် အိုင်ဇောလ် ရပ်ကွက် ၄ နေရာတွင်ပြုလုပ်ခဲ့တာဖြစ်ပြီး မီဇို နာမည်ကြီး အဆိုတော်များက သီချင်းအားဖြင့် ဖျော်ဖြေကာ Miss Mizoram အလှမယ်များက အ လှူခံခဲ့ကြသည်။
