Author: Editor

(ဆလိုင်းရောဘတ်) စာမေးပွဲမေးခွန်းလွှာမှာ မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် ၁၄ ခု အနက် အဆင်းရဲဆုံးပြည်နယ်ကို ပုံ နှင့် တကွ ဖော်ပြ ဖြေဆိုပါ ဟု  တိုးလာယင် ချင်းပြည်နယ် ဟု တညီ တညွတ်တည်း ဖြေဆိုကြမှာ ဧကန်မလွဲပင်၊ အလား တူ တက္ကသိုလ် ၀င်တန်းအောင်ချက် အနည်းဆုံးပြည်နယ်ကို ဖော်ပြပါ ဟု ပါလာယင် ချင်း ပြည်နယ် ဟုပင် ဖြေဆိုကြမှာပါ။ အဘယ့်ကြောင့်ဆိုသော် United Nations Development Program (UNDP) ၏ စစ်တမ်းအရ လက်ရှိ အခြေအနေတွင် ချင်းပြည်နယ်သည် တနိုင်ငံလုံးတွင် အဆင်းရဲဆုံးပြည်နယ်နှင့် ပညာရေးတွင်လည်း တက္ကသိုလ်ဝင်တန်း အောင်ချက် အနည်းဆုံးပြည်နယ် ဖြစ်ခဲ့ရလို့ ပဲ။ ယင်းကဲ့သို့ ဖက်ပေါင်းစုံ အနှုတ်လက္ခဏာ တံဆိပ်ခပ်ခံရခြင်းသည် ချင်းပြည်နယ်အတွက် နမိတ်ကောင်းတော့ မဟုတ်ပေ။ ချင်းပြည်နယ်သည် အဘယ့်ကြောင့် ပညာရေးကဏ္ဍတွင် နိမ့်ကျနေရသနည်းဆိုသည့် အဖြေကို ရှာဖွေ ပြီး ပညာရေး ကဏ္ဍတိုးတက်မြင့်မားလာစေရေးအတွက် ၀ိုင်းဝန်းအဖြေရှာကြရမည်မှာ ချင်းလူမျိုးတိုင်း၏ တာဝန်ဖြစ်သည်။  ချင်းပြည် နယ်အစိုးရအနေဖြင့်လည်း ယင်းကိစ္စကို အလေးအနက်ထားရှိပြီး ချင်းပြည်နယ် ပညာရေးမြှင့်တင်ရေးနည်းဗျူဟာ စီမံကိန်း များ လေ့လာရေးဆွဲပြီး စနစ်တကျအကောင် ထည်ဖော်ဆောင် ရတော့မည့်အချိန်ဖြစ်သည်။ ဒီနေရာတွင် ပြည်နယ် အစိုးရ နှင့် ချင်းပြည်သူလူထုအနေဖြင့် သိထားသင့်ရမည် မှာ  မွန်ပြည်နယ်သည် မြန်မာနိုင်ငံတိုင်း နှင့် ပြည်နယ်များအနက် တက္ကသိုလ်ဝင် တန်းအောင်ချက် အမြင့်ဆုံးပြည်နယ်အဖြစ်ရပ်တည်လာခဲ့သည်မှာ ၅ နှစ်…

Read More

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ဒေသ အာသံပြည်နယ် Haflong မြို့၌ ယနေ့ စတင်ကျင်းပပြုလုပ်သော Zofest (ဇို (ချင်း) ယဉ်ကျေးမှုပွဲတော်)သို့ ချင်း ယဉ်ကျေးမှုအဖွဲ့ Fidi Art & Culture Forum (FACF) လည်း ပါဝင် တက်ရောက် ကြသည်ဟုသိရ သည်။

Read More

မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်းအောင်ချက် အနိမ့်ဆုံးအဖြစ် ရပ်တည်လျက်သော ချင်းပြည်နယ်၏ ပညာရေးအခြေ အနေ တိုးတက်ကောင်းမွန်လာစေရေးအတွက် လိုအပ်သော အခြေခံအဆောက်အဦးများကို ပြည်နယ်အစိုးရ နှင့် ပြည် ထောင်စုအစိုးရတို့မှ အလေးပေးဆောင်ရွက်ပေးရန် ဗဟိုချင်း(လိုင်) ကျောင်းသားများ သမဂ္ဂ -မြန်မာက နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တောင်းဆို လိုက်သည်။ ဗဟိုချင်း(လိုင်) ကျောင်းသားများသမဂ္ဂ-မြန်မာ၏ ပထမအကြိမ်ကျောင်းသားညီလာခံကို ချင်းပြည်နယ် ထန်တလန် မြို့တွင် နိုဝင်ဘာလ ၂၈ ရက်မှ ၃၀ ရက်နေ့ အထိ ကျောင်းသားကျောင်းသူပေါင်း ၁၅၀ ကျော်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြပြီးနောက် နိမ့်ကျနေသော ချင်းပြည်နယ်၏ ပညာရေးအခြေအနေနှင့် ပတ်သက်၍ ကြေညာ ချက်တစ်စောင်ထုတ်ပြန်ကာ ယခုကဲ့သို့ တောင်း ဆိုလိုက်ကြခြင်းဖြစ်သည်။ “ ချင်းပြည်နယ်သည် မြန်မာတနိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်းအောင်ချက်အနိမ့်ဆုံးအဖြစ် ရပ်တည်နေပြီး၊ အောင်ချက် မြှင့် တင်ရေးအတွက် လိုအပ်သည့် အခြေခံ အဆောက်အဦးပြည့်စုံရေး၊ ဆရာအရေအတွက် လုံလောက်စွာရရှိရန် နှင့် ဆရာ များ၏အရည်အသွေးပြည့်မှီရန် ပြည်နယ်အစိုးရ နှင့် ပြည်ထောင်စုအစိုးရမှ အလေးပေးဆောင်ရွက်ရန် လိုအပ်သည်’’ ဟု ချင်းကျောင်းသားများ၏ ကြေညာချက်တွင်ဖော်ပြထားသည်။ ပြီးခဲ့သည့် ၂၀၁၃ -၂၀၁၄ ပညာသင်နှစ်အတွင်း ချင်းပြည်နယ်တွင် ၁၀ တန်းစာမေးပွဲဖြေဆိုသူ ၈၇၂၁ ဦးရှိခဲ့ပြီး ယင်း အနက်  ၇၀၄ ဦးသာအောင်မြင်ကြသည်။ ယင်းအောင် ချက်ပမာဏသည် ယခင် ၂၀၁၂-၁၃ ပညာသင်နှစ် တက္ကသိုလ် ၀င်ခွင့် စာမေးပွဲ အောင် ချက်ရာခိုင်နှုန်းထက် အဆမတန် ကျဆင်းခဲ့သည်။ ထို့အပြင် တိုင်းရင်းသားစာပေများအား…

Read More

ယခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့ မှ စပြီး ချင်းပြည်နယ်၊ မြို့တော်ဟားခါးမြို့ တွင်း ဗိုလ်ချုပ်လမ်း တိုးချဲ့မည့် အစီအမံအပေါ် လမ်းဘေးနေ ဒေသခံပြည်သူများ ကန့်  ကွက်နေကြသည်။

Read More

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဗိုလ်လောင်းသင်တန်းကျောင်းကို မြန်မာ့တပ်မတော်က လက်နက်ကြီး ဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့မှုအပေါ် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (CNDP) နှင့် ချင်းဒီမိုကရေစီအဖွဲ့ချူပ် (CLD) တို့က ၎င်းတို့ပါတီ သဘောထားများကို အသီးသီးထုတ်ပြန်ခဲ့ကြသည်။ KIA ဗိုလ်လောင်းသင်တန်းကျောင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုသည် NCCT နှင့် UPWC တို့ ဦးဆောင်မှုဖြင့် ယနေ့ဖော်ဆောင်နေသော ပြည်တွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုကို ထိခိုက်နစ်နာစေသည့် အတွက် အပြင်း အထန်ရှုံ့ချ ကန့်ကွက်သည် ဟု နိုဝင်ဘာ ၂၄ ရက်စွဲဖြင့်ထုတ်ပြန်သော CNDP ၏ ကြေညာချက် တွင်ဖော်ပြထားသည်။ မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ချက်ချင်းရပ်ဆိုင်းကာ နိုင်ငံရေး နည်းလမ်းဖြင့် တွေ့ဆုံဆွေး နွေးမှု အမြန်ဆုံး ပြန်လည်ဆောင်ရွက်ရန် နှင့် ၂၀၁၄ ခုနှစ်အတွင်း တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ စာချူပ် (NCA) လက်မှတ်ရေးထိုးပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ လက်ရှိအစိုးရ သက်တမ်း အတွင်း နိုင်ငံရေးဆွေးနွေးပွဲ စတင် ဆောင် ရွက်ရန် တိုက်တွန်းသည်ဟု ယင်းကြေညာချက်တွင်ဖော်ပြထားသည်။ ထို့အပြင် မြန်မာ့တပ်မတော်အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ခြွင်းချက်မရှိလက်ခံပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် ပူးပေါင်း ထောက်ခံဆောင်ရွက်ရန် CNDP က တိုက်တွန်းထားသည်။ အလားတူ ချင်းဒီမိုကရေစီအဖွဲ့ချူပ်ပါတီကလည်း နိုဝင်ဘာ ၁၉ ရက်နေ့ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မြန်မာ အစိုးရ နှင့် တိုင်းရင်းသား အင်အားစုများ အနေဖြင့် နိုင်ငံရေး အရအဖြေရှာပြီး၊ စစ်မှန်သောငြိမ်းချမ်းရေးရရှိစေရန်…

Read More

ယခုလ နိုဝင်ဘာ ၁၉ ရက်နေ့က မြန်မာတပ်မတော်၏ အလစ်တိုက်ခိုက်မှုကြောင့် KIO ဗိုလ်လောင်းသင်တန်း ကျောင်းရှိ တိုင်းရင်းသား လက်နက်ကိုင် ဗိုလ်လောင်း သင်တန်းသား ၂၀ ကျော် ကျဆုံးခဲ့မှုနှင့် ပါတ်သက်ပြီး  ချင်း၊ ကချင်၊ တအာင်း၊ ရခိုင်၊ ဗမာ စသည့် လူငယ်ထုက Myanmar Peace Center ( MPC) အား  ငြိမ်းချမ်းစွာ ဆန္ဒပြ ကန့် ကွက် ခဲ့ကြသည်။

Read More

ဗိုလ်လောင်း သင်တန်းကျောင်းရှိ သင်တန်းသား (၂၃) ဦးကျဆုံးပြီး (၂၀) ဦး ထိခိုက်ဒဏ်ရာရ စေသည့် လုပ်ရပ် အပေါ် အပြင်းထန်ဆုံး ရှုတ်ချ ကန့် ကွတ်ကြောင်း ၂၀၁၄ခုနှစ် နိုဝင်ဘာလ (၂၁) ရက်စွဲဖြင့် သဘောထား ထုတ်ပြန် လိုက်သည်။

Read More

ဗုဒ္ဓဟူးနေ့ က လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့် ချင်းအမျိုး သားတပ်မတော်မှ ဗိုလ်သင်တန်း တက်ရောက်သူ နှစ်ဦးတို့ အတွက် ဆုတောင်းပွဲ တစ်ရပ် ကို ယနေ့ မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့ကြသည်။

Read More

ချင်းပြည်နယ် ကန်ပက်လက်မြို့အနီး နတ်မတောင်အမျိုးသားဥယာဉ်တွင် ပတ်ဝန်း ကျင် နှင့် သားငှက် ညွန်ကြား ရေးမှူး ဦးဝင်းနိုင်သော် မှ အဓိက ပိုင်ဆိုင်သော နိုင်ငံ တကာ အဆင့်မှီ ဟိုတယ်ကြီးတခု မကြာခင်ဖွင့်လှစ်မည်ဟု သိရသည်။

Read More

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မဏိပူရ်ပြည်နယ်၏မြို့တော် အင်ဖားတွင် ကျင်းပမည့် Sangai ရိုးရာပွဲတော်သို့ ချင်းပြည်နယ် အစိုးရအဖွဲ့ တက်ရောက်မည်ဟုသိရသည်။ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၄ ရက် ကြာကျင်းပမည် Sangai ရိုးရာပွဲတော်သို့ တက်ရောက်ရန် မဏိပူရ် ပြည်နယ်အစိုးရ၏ ဖိတ်ကြားချက်အရ ချင်းပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီးချူပ် ဦးဟုန်းငိုင်၊ လူမှုရေး ၀န်ကြီး ဒေါက်တာ ဘမောင်၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးကျော်ငြိမ်း၊ လျှပ်စစ် နှင့် စက်မှုဝန်ကြီး ဦးကျင့်လျန်းပေါင်၊ ယဉ်ကျေးမှုအကအဖွဲ့ နှင့် တာဝန်ရှိသူ အပါအ၀င် အဖွဲ့ဝင်ပေါင်း ၄၅ ဦး တက်ရောက်ကြ မည်ဟု ဒေါက်တာ ဘမောင်က ပြောဆိုကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင်ဖော်ပြထားသည်။ ၀န်ကြီးချူပ်ဦးဟုန်းငိုင် ဦးဆောင်သော ချင်းပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်များသည် အိန္ဒိယ-မြန်မာနယ်စပ် အမှတ် (၁) နယ်စပ်ကုန်သွယ်ရေးစခန်း တမူး-မိုးရေး ကားလမ်းမှတဆင့် အင်ဖားမြို့သို့ သွားရောက်ကြ မည်ဖြစ်ပြီး နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အင်ဖားမြို့သို့ ရောက်ရှိကြမည်ဟု မဏိပူရ်ပြည်နယ် အခြေစိုက် Sangai အွန်လိုင်း သတင်းစာတွင် ဖော်ပြ ထားသည်။ မဏိပူရ်ပြည်နယ်တွင် နှစ်စဉ်ကျင်းပလျက်ရှိသော Sangai ရိုးရာပွဲတော်သို့ တက်ရောက်ရန် ချင်းပြည်နယ် အစိုးရသည် မဏိပူရ်အစိုးရမှ ပထမဆုံးအကြိမ် ဖိတ်ကြားခြင်း လည်းဖြစ်သည်။ ယင်းရိုးရာပွဲတော်သို့ အိန္ဒိယဗဟို အစိုးရပြည်ထဲရေးဝန်ကြီး အပါအ၀င်၊ တရုတ်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘူတန် နှင့် သြစတြေးလျားနိုင်ငံများမှ…

Read More