လာမည့် ၂၀၁၅ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည် နယ် (၉) မြို့နယ်အတွင်း ထန်တလန်၊ တွန်းဇံ၊ ပလက်ဝမြို့နယ် မဲဆန္ဒနယ် သုံးခု အတွင်း ကျေးရွာ အုပ်စု တချို့အား အ၀ါရောင်နယ်မြေ အဖြစ်သတ်မှတ်လိုက်သည်။
Author: Editor
၁၉၆၄ ခုနှစ် အောက်တိုဘာ (၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ၅၁ နှစ်မြောက် မြန်မာနိုင်ငံပြည်သူ့ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ ဦးဆောင်မှုဖြင့် ဟားခါးမြို့ ပြည်နယ်ရဲတပ်ဖွဲ့ ရဲဇာနည် ခန်းမ တွင် ယနေ့ နံနက် ၀၈း၀၀ နာရီတွင် ကျင်းပခဲ့ကြသည်။ အခမ်းအနားသို့ ချင်းပြည်နယ် ၀န်ကြီးချုပ်အပါအ၀င် ပြည်နယ်ဝန်ကြီးများ၊ ချင်းပြည်နယ် အတွင်းရေးမှူး နှင့် လွှတ် တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အရာရှိများ၊ ရဲအရာရှိ၊ အရာခံ၊ အကြပ်တပ်သား၊ ရဲမိသားစုဝင်များ ၊ မြို့မိမြို့ဖနှင့် အရပ်ဖက် လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ သတင်းမီဒီယာများ စုစုပေါင်း ၁၀၀ ကျော် တက် ရောက် ခဲ့ကြသည်။
ချင်းပြည်နယ်ရှိ သဘာဝဘေးဒါဏ်သင့် ခရစ်ယာန် နှင့် ဗုဒ္ဒ သာသနာ ဘုရားကျောင်းကန်များအတွက် သီတာ ဂူ ဗုဒ္ဒသာသနာပြုအဖွဲ့မှ ဂရုဏာ အလှူ ဒါန အဖြစ် ကျပ်ငွေ သိန်းပေါင်း ၅၀၀၀ နှင့် အခြား ထောက်ပံ့ ပစ္စည်း များ လှူဒါန်း ခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာ (၂၂) ရက်နေ့က ချင်းပြည်နယ် မြို့တော်ဟားခါး၊ အမှတ် (၂) အထက်တန်းကျောင်း ကြွန်ဘိခ်ခန်းမတွင် ကျင်းပခဲ့တာဖြစ် ပြီး နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် တက်ရောက် ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ တွင် စစ်ကိုင်းတိုင်းဒေ သကြီး ချင်းရေးရော ၀န်ကြီး နေရာအတွက် လွှတ်တော်ကိုယ်စား လှယ်လောင်း ၇ ဦး ၀င်ရောက် ယှဉ်ပြိုင်ကြ မည်ဖြစ် သည်။ ကလေး ခရိုင်ရွေးကောက် ပွဲကော်မရှင် ရုံးမှ ရရှိ ထားသော စာရင်းအရ စစ်ကိုင်းတိုင်း ချင်းရေးရာ ၀န်ကြီးနေရာ အတွက် ချင်းအမျိုးသား ဒီမိုကရက် တစ်ပါတီမှ ဒေါက်တာကမ်ကျင်ဒါးလ်၊ ချင်းတိုးတက်ရေး ပါတီ မှ ဦးနိုးထန်ကပ်၊ ချင်း ဒီမိုကရေစီ အဖွဲ့ချူပ်ပါတီ မှ ဦးလျန်နောင်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်ပါတီမှ ဦးအင်ခန့်ဂို၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်ပါတီမှ ဦးလာလ် ထောင်ထန်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ဦးခွထီယိုး နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီမှ ဦးထောင်းဇပေါင် တို့ ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
Pu Lian Nawn သည် ၁၉၄၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ချင်းပြည်နယ် ထန်တလန်မြို့နယ် ဇန်တလန်ကျေးရွာတွင် အဖ ဦးထန်ပေါင်း နှင့် အမိ ဒေါ်ငွေထန်းတို့မှ ဖွားမြင်သည်။ မွေးချင်းညီအကိုမောင်နှမ ၈ ယောက် အနက် တတိယအကြီးဆုံး သားဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် ချင်းပြည်နယ် ဖလမ်းမြို့အထက ကျောင်းမှ High School Final အောင်မြင်ပြီး၊ ၁၉၆၅ ခုနှစ်တွင် သစ်တောအုပ်အကြီးတန်စာမေးပွဲကို ပြင်ဦးလွင်တွင် ၀င်ရောက်ဖြေဆိုကာ တစ်နိုင်ငံလုံးတွင် ပထမဆု ရရှိခဲ့သည်။
၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲနီးကပ်လာပေမယ့် ကျွန်တော်တို့ ရိခေါဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်ကတော့ ရွေးကောက်ပွဲ အတွက် ရင်မခုန်နိုင်ပါဘူး။ နေ့စဉ် ထမင်းမငတ်ဖို့၊ ကုန်ထမ်းဖို့၊ ကုန်တွေများများရောက်လာဖို့ပဲ လူတိုင်းက စိတ်ဝင် စားပါ တယ်။ ကုန်တင်ကုန်ချလုပ်ငန်းကို ရပ်ကွက်ရဲ့အစီအမံနဲ့ ဆောင်ရွက်ခဲ့စဉ်တုန်းက အလုပ်သမားခေါင်းဆောင်လည်း မလို၊ ရသမျှလုပ်အားခတွေကို အညီအမျှခွဲဝေတဲ့စနစ်ဆိုတော့ ပုံမှန်ဝင်ငွေတွေ လည်းကောင်း တယ်။ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းမှာ အလှူငွေတွေလည်း ထည့်နိုင်တယ်။
ချင်းသဘာဝဘေးဒုက္ခအရေး ဆောင်ရွက်နေသူ ချင်းလူငယ် Dr. Sasa သည် ယခုလ စက်တင်ဘာ ၁၀ ရက်နေ့ည ၁၁ နာရီခန့်က ချင်းပြည်နယ် မြို့တော် ဟားခါးသို့ CNF ၏ ကူညီမှုဖြင့် ရောက်ရှိလာပြီး ချင်းပြည်နယ်အစိုးရ၊ ဘာသာရေး ဂိုဏ်းပေါင်းစုံ ၊ ဟားခါး ကယ်ဆယ်ရေးကော်မီတီ တာဝန်ရှိများနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။
Salai Isaac Khan သည် ချင်းပြည်နယ်၊ ပလက်ဝ ဇာတိဖြစ်ပြီး ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာ ကြီးပြင်း ခဲ့သည်။ မိဘ နှစ်ပါးမှာ အင်္ဂလိ ကန် ဘုန်းတော်ကြီး ဦး နန်းချင်း နဲ့ ဒေါ်မော်လီဖြစ်ပါသည်။ ၁၉၉၆ ခုနှစ်မှာ သင်္ချာ အထူးပြုဘာသာနဲ့ မြစ်ကြီးနား တက္ကသိုလ်ကနေ BSc ဘွဲ့ကို ရရှိခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လ အတွင်းက တောင်ကျရေကျ ဆင်းခဲ့ခြင်းကြောင့် ရွှံ့နွံဖုံးလွှမ်းခဲ့သော ချင်းပြည်နယ် တွန်ဇံမြို့နယ် ဟားခါးလေး (သို့) တွီးခိဇန် ကျေးရွာဟာ ယခုအခါ လူနေထိုင်ရန်မဖြစ်နိုင်တော့သဖြင့် ယင်းမြို့နဲ့သုံးမိုင်ခန့် အကွာ တွင် ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သိရသည်။ “အရင်နေရာက လုံးဝနေထိုင်လို့ မရတော့ ဘူးပေါ့။ အိမ်အသစ်ပြန်ဆောက်ပေး ဖို့ကတော့ အလှူရှင် တွေ ရှိရင်တော့ ဆောက်ပေးဖြစ် မယ်။ နိုင်ငံတော် က လဲ ဆောက်ပေးနိုင် ဖို့ စီစဉ်နေ ပါတယ်” ဟု ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ကျော်အေး က ပြောကြောင်း အင်တာနက် တွင် ဖော်ပြသည်။
ယခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် တနိုင်ငံလုံး အထွေထွေရွေးကောက်ပွဲ ကာလအတွင်း ချင်းပြည်နယ် အတွင်း ရွေးကောက်ပွဲ လုံခြုံရေးအတွက် ချင်းပြည်နယ် (၉)မြို့နယ် မဲဆန္ဒနယ်အားလုံးတွင် အထူးရဲတပ်ဖွဲ့ အင်အား ၁၀၂၉ ဦး တာဝန်ချထားမည်ဟု သိရပြီး ရွေးကောက် ပွဲ လုံခြုံရေး အထူးရဲ နည်းပြ ( ဆင့်ပွား) သင်တန်းကို ယနေ့ စက်တင်ဘာ (၇)ရက်နေ့က ပြုလုပ်ခဲ့ကြသည်။
