ကျမနာမည် Mai Nawmithang၊ Chin Women Social Development (CWSD) က အတွင်းရေးမှူးပါ၊ CWSD ကို လွန်ခဲ့တဲ့ (၅)လ ကတည်းက ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ အခြေစိုက်ဖွဲ့စည်းခဲ့ရတာပါ၊ အဓိကကျမ တို့ရဲ့ရည်ရွယ်ချက်ကတော့ ချင်းအသိုင်းအဝိုင်းကြား အမျိုးသမီး အမျိုးသား တန်းတူအခွင့်အရေး ရရှိလာရန်နှင့် အမျိုးသမီးများ နိုင်ငံရေးတွင် တက်ကြွစွာ ပူးပေါင်းပါဝင်လာရန်၊ ခေါင်းဆောင်မှုတွင် အမျိုးသမီး များပိုမိုပါဝင် လာနိုင်ရန်ဖြစ်ပါတယ်၊ အဖွဲ့အစည်းအတွင်း သင်တန်း (၃) ကြိမ် ၊ ဆွေးနွေးမှုတွေ ၊ အမျိုးသမီးများ စကားဝိုင်း များ နှင့် ကန်ပက်လက်နှင့် အနီး အနား ရှိ ကျေးရွာများသို့ သွားရောက်ဆွေးနွေး မှုတွေ လည်းကျမတို့လုပ်ခဲ့ကြပါတယ်။ ကျမတို့ရဲ့အနီးစပ်ဆုံး လှုပ်ရှားမှုတစ်ခုအနေဖြင့် April လအတွင်း CWSD (kanpetlet ) မှဦးစီးပြီး စာဖတ်ဝိုင်းဖွင့်လှစ်ရန် အစီအစဉ်ရှိပါတယ်။ ကျမတို့ကန်ပက်လက်မြို့မှာ တစ်ည (၂) နာရီ သာမီးရရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေးကြောင့် သတင်းစာ၊ အထူး သဖြင့် အမျိုးသမီးများအသိပညာနည်းပါးခြင်း၊ ဂျာနယ်များမရနိုင်ခြင်းကြောင့် အထူးသဖြင့် အမျိုးသမီးများသာ မက အမျိုးသားများ နှင့်ကျောင်းသားများ စာဖတ်မှုနှုန်း အလွန်နည်းပါတယ်။ ကန်ပက်လက်မြို့တွင် စာကြည့်တိုက်မရှိပါ။ ပြန်ကြားရေးရုံးတွင် စာအုပ်များရှိသော်လည်း ကျမတို့နိုင်ငံ၏ အမွေဆိုးများကြောင့် ပြည်သူများပြန်ကြားရေးရုံးကိုကြောက် နေကြဆဲဖြစ်သည်။ ထို့ကြောင့် ကျမတို့ချင်းလူမျိုးများအတွက် အသိအမြင်ပွင့်လာရန်၊ ဦးစွာ ပြည်သူတို့၏ စာဖတ်နှုန်းကို မြှင့်ပေးရန် လိုအပ်ပါမည်။ သို့မှလည်း နိုင်ငံ၏ အသွင်…
Author: Editor
ကိုကိုလင်း (ရန်ကုန်တက္ကသိုလ်) – မြန်မာဘုန်းတော်ကြီးတွေက ရိုးသားတဲ့ပြည်လူထု (၄ ) သန်းခန့်ကို သွေးဆောင်ဖြားယောင်ပြီး ယင်းတို့၏ လက်မှတ် များ ရယူကာ အမျိုးစောင့် ဥပဒေ (၄) ရပ်ကို ပြဋ္ဌာန်းပေးရန် သမ္မတ ဦးသိန်းစိန်ထံ တင်ပြလိုက်ပါတယ်။ သမ္မတက တဖန် ပါလီမန်မှာ ဆွေးနွေးမှုများလုပ်ပြီး၊ အဆိုပါ ဥပဒေ (၄) ရပ် ကို ပြဋ္ဌာန်းရန် လွှတ်တော်နာယက သူရဦးရွှေမန်းထံ သဝဏ်လွှာ ပို့ပေးပါတယ်။ တကယ်ဘဲ မြန်မာနိုင်ငံသူ၊ သားတွေ တောင့်တခဲ့တဲ့ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးဆိုတာ ဒီလိုမျိုးလုပ်ဖို့မျှော်လင့်ခဲ့တာလားဆိုတာ စဉ်းစားစရာပါဘဲ။ မြန်မာနိုင်ငံဆိုတာ ဘာသာပေါင်းစုံ ကိုးကွယ်လျက်ရှိတဲ့ လူဦးရေ သန်း (၆၀) ကျော်တို့ရဲ့ နိုင်ငံတစ် ခုဖြစ်ပါတယ်။ လူမျိုးစုအရ ကြည့်မယ်ဆိုရင်လဲ မတူကွဲပြားတဲ့ လူမျိုးစုပေါင်း (၁၅၀) ခန့် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒီအထဲမှာ ဗုဒ္ဓဘာသာဝင်တွေဟာ လူများစုဖြစ်ပြီး နိုင်ငံ့လူဦးရေရဲ့ ၈၉ ရာခိုင်နှုန်း ရှိပါတယ်။ အခုလက်မှတ်ရေး ထိုးတယ်ဆိုတဲ့ (၄) သန်းဆိုတာ အားလုံး ဗုဒ္ဓဘာသာဝင် တွေဖြစ်ကြ တယ်ဆိုရင်တောင်၊ သူတို့ဟာ (၅၃) သန်းကျော်ရှိတဲ့ ဗုဒ္ဓဘာသာဝင် အားလုံးကို ကိုယ်စားပြု သလားဆိုတာ မေးခွန်ထုတ်စရာ ဖြစ်လာပါတယ်။ ဒီလိုမျိုး မေးခွန်းထုတ်ရတဲ့အကြောင်းက ဒီနေ့ (၄) သန်းကလက်မှတ်ရေးထိုးပြီး ဒီလိုတောင်းဆိုလာ တယ်၊ နောက်နေ့ နောက် (၁၀) သန်း ခန့်က လက်မှတ်ရေးထိုးပြီး နောက်တမျိုး တောင်းဆိုလာရင်…
ယမန်နေ့ ည ၈း၀၀ နာရီခန့်က ဟားခါးမြို့တွင် သက်လတ်အမျိုးသမီးတဦးက အသက် ၇၀ အရွယ် လူကြီးတဦးကို ဓါးဖြင့် ထိုးသတ်သည့် အမှုဖြစ်ပွားခဲ့သည်။
ယနေ့  သန်းခေါင်စာရင်းဆိုင်ရာ ကိစ္စဆွေးနွေးပွဲကို ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီနှင့် တိုင်းရင်းသား လူမျိုး (၁၀) ခု မှ ကိုယ်စားလှယ်များ နေပြည်တော် တွင် ပြုလုပ် ကျင်းပခဲ့ကြကြောင်း သိရသည်။ ကိုယ်စားလှယ် (၂၄)ဦးပါဝင်သည့် အဆိုပါအစည်းအဝေးက မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုး (၁၃၅) မျိုးရှိသည်ဟု အစိုးရက ဖေါ်ပြထားခြင်းအပေါ် အားနည်းချက် ရှိနေသောကြောင့် နိုင်ငံတော် အနေဖြင့် ပြန်လည်ပြင်ဆင်သင့်ကြောင်း ဆွေးနွေးကြသည်ဟု Chin National Democratic Party အတွင်းရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင်း၏ လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွင် ဖေါ်ပြ ထားသည်။ သန်းခေါင်စာရင်းကောက်ယူပြီး ထွက်ပေါ်လာသည့် အချက်အလက်များအပေါ် အခြေခံကာ ပြည်ထောင်စုအစိုးရက ဖွဲ့  စည်းထားသော တိုင်းရင်းသားရေးရာ ကော်မီတီ ထံတင်ပြမည်ဖြစ် ကြောင်း၊ ယင်းမှ ဆက်လက်စီစစ်သော အခြေအနေများကို ပြည်ထောင်စုအစိုးရ အဖွဲ့ သို့ ထပ်မံ တင်ပြမည် ဖြစ်ကြောင်း သိရသည်။ “တိုင်းရင်းသားများ လက်မခံသော (၁၃၅) ကို ပြင်မည် ဆိုတာ ၀မ်းသာစရာ ဖြစ်ပါတယ်။ သို့သော် ဘယ်သူက ပြင်မှာလဲ (ပြင်ခွင့်ရှိသင့်သလဲ)??? ချင်းလူမျိုး သတ်မှတ်ရေး ချင်းတွေဆုံးဖြတ်ရမည့်ကိစ္စ ဖြစ်တယ်။ တိုင်းရင်းသားရေးရာကော်မတီ က (၁၃၅) review အတွက် မည်သို့ကိုင်ကွယ်ပြီး၊ ကာယကံရှင် တိုင်းရင်းသား(Stakeholders) ကိုယ်တိုင်ဆုံးဖြတ်နိုင်မည့် မည်သည့် Mechanism အသုံးပြုမှာလဲလို့ မိမိက မေးမြန်းရာ ၀န်ကြီးက မကြာခင်…
ပြည်ထောင်စု အစိုးရက ချင်းပြည်နယ်ထန်တလန်မြို့နယ် Tlangrua (A) – Hriphi ရွာအကြား ဖောက်လုပ်ရန် အစီအစဉ်ကို ချင်ပြည်နယ်အစိုးရက Tlangrua (B) – Hriphi ဖက်မှ ဖောက်လုပ်ရန် ပြန်လည်ပြင်ဆင်သည်ကို ဒေ သခံ Tlangrua (A) ရွာသားအင်အား (၈၀) ခန့် ထန်တလန်မြို့သို့ တက်ပြီး ယခုလ ဖေဖေါ်ဝါရီ (၂၂) ရက်နေ့က ဆန္ဒဖော်ထုတ်ပြသကြသည်။ ဆန္ဒဖော်ထုတ်မှု အပေါ် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က ပြည်နယ်ကျေးလက် ဦးစီးမှူး နှင့် ဒုတိယ ဦးစီးမှူးတို့သည် ဒေသတွင်း ချက်ချင်း ကွင်းဆင်းမှုပြုလုပ်ခဲ့ကြကြောင်း သိရပြီး မည်သို့ ဆက်လက်ဆောင်ရွက်မည်ကိုမူ မသိရပါ၊ ” ဆန္ဒဖော်ထုတ်ခွင့်အတွက် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ထံ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့က တင်ပြပြီး ဖေဖေါ်ဝါရီ (၁၈) ရက်နေ့က ခွင့်ပြုခဲ့တာပါ၊ ဒီ ကားလမ်း ဖောက် လုပ်မှု ပြန်လည်မရမချင်း ဆက်လက် ကြိုးစားသွားမယ်” ဟု ဒေသခံ လူကြီးတဦးက ပြောသည်။ ပြည်နယ်အစိုးရလုပ်ရပ်ကို ကန့်ကွက်သည့်အပြင် ပြည်ထောင်စု လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရုံးမှ ၂၀၁၃၊ စက် တင်ဘာ ၁၇ ရက်နေ့က အတည်ပြုပေးသည့် Tlangrua (A) – Hriphi ရွာအကြားကား လမ်းပြန် လည်ဖောက် လုပ်ပေးရေး၊ Tlangrua (B) – Hriphi ကားလမ်းဖောက်လုပ်ရေး အစီအစဉ် ပြန်လည်ရုတ် သိမ်းပေးရေး၊ ပြည်ထောင်စု အစိုးရ၏…
ယခုလ ဖေဖေါ်ဝါရီ ၀၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပသည့် ချင်းမျိုးနွယ်စု Mara Peoples Conference က ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရာတွင် မိမိ Mara မျိုးနွယ်စု ဂုတ်နံပါတ် ” ၄၃၆” ကို ထည့်သွင်းရေးသားရန် သ ဘောတူကြသည်ဟု သိရသည်။
အယ်ဒီတာချုပ်ထံ ပေးစာ ၂၁ ဖေဖေါ်ဝါရီ ၂၀၁၄ မြို့သစ်မြေနေရာကို ကျူးကျော်ပြီး စေတီ တည်မည် ၂၀၁၃ ခုနှစ်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်း အစိုးရက ဆမီးမြို့နယ်ခွဲတိုးချဲ့ ပေးသည့်အပေါ် ဒေ သခံပြည်သူများ ၀မ်းသာရပါတယ်၊ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ကုန်းတတန်၊ ရေတတန် လာရောက် ကွင်း ဆင်းပြီး ဖွင့်လှစ်ပေးခဲ့သည်။ မြို့ဖြစ်မြောက်ဖို့ မြို့ဖြစ်မြောက်ရေး ကော်မီတီကို ဖွဲ့စည်းပြီး ရပ်ကွက် သတ်မှတ်ခြင်း၊ အစိုး ရရုံး၊ လူထုအိမ်ယာများ အတွက် မြေကွက်ချပြီး မြေဂရံများ သတ်မှတ်ခဲ့ပါသည်။ ရခိုင်ပြည်နယ်မှ လူတစုသည် ၂၀၁၃ ခုနှစ် နှစ်ကုန်တွင် ဆမီးမြို့ အမှတ်(၂) ရပ်ကွက်အတွက် ရာထားပြီးသော မြေနေရာအတွင်း (၆) ဧက စာကို မြို့ဖြစ် မြောက်ရေးကော်မီတီနှင့် ညှိနှိုင်းခြင်း တစုံတရာ မရှိပဲ ဗုဒ္ဒစေတီ တည် ဆောက်ဖို့ ဆိုပြီး မြေထိုးစက်ဖြင့် ထိုးပစ်ခဲ့ပါသည်။ မြို့ဖြစ်မြောက်ရေးကော်မီတီက အဆိုပါ လူတစုကို သွားရောက်မေးမြန်းသော်လည်း တစုံတရာ အကြောင်းမပြန်၊ အလေးထား ဆက်ဆံမှု မပြုကြပါ၊ ပြည်နယ်အစိုးရထံလည်း ဘာမှ အသိပေးပုံမပေါ်ပါ၊ ဒေသခံပြည်သူများခင်ဗျာ ငါတို့ဒေသ ဖွံ့ဖြိုးတော့မယ်၊ သားသမီးတွေ ပညာရေးမှာ တိုးတက်တော့မယ်ဆိုပြီး ၀မ်း သာမည်ကြံကာ ရှိသေး၊ ယခုလို မင်းမဲ့စရိုက်လုပ်ရပ်တွေဖြစ်လာတော့ ယခင် စစ်အစိုးရကာလတုန်းက ကြောက် စိတ်တွေ ပြန်ပြန်ဝင်လာပြီး စိတ်မကောင်းဖြစ်ခဲ့ကြရတယ်၊ စေတီတည်ဆောက်မည့်နေရာဟာ တောင်ကုန်းဖြစ်ပြီး ဆမီးမြို့အကောင်အထည်ဖော်လာချိန်မှာ အင်မတန်မှ သာယာ မည့်နေရာဖြစ်ပါတယ်၊ ဒေသခံတွေနဲ့ မြို့ဖြစ်မြောက်ရေးကော်မီတီ…
ချင်းလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဖေဖော်ဝါရီလ ၂၀ ရက်ချင်းအမျိုး သားနေ့ကို ချင်းပြည်နယ်အတွင်း တရား ၀င် ရုံးပိတ်ရက် အဖြစ်နိုင်ငံတော် အစိုးရ အနေဖြင့် ပြန်လည်သတ်မှတ်ပေးရန် (၆၆)နှစ် မြောက် ချင်း အမျိုးသားနေ့တွင် ချင်းအမျိုးသားတပ်ဦး CNFအထွေထွေအတွင်းရေးမှူးချူပ် ပူးဇင်ကျူံးက တောင်း ဆို လိုက်သည်။
အစိုးရက လာမည့် မတ်လမှစပြီး သန်းခေါင်စာရင်း ကောက်ခံမည့်အပေါ် ချင်းအမျိုးသားလက်နက်ကိုင် Chin National Front (CNF) က ကန့်ကွက် လိုက်သည်။
အိုက်ဇောလ်ရောက် မြန်မာယက္ကန်းသမားများ လက်ရှိရင်ဆိုင်နေရသည့်ဒုက္ခများနဲ့ဆက်နွယ်ပြီး ၄င်းတို့ နေထိုင် အလုပ် လုပ်ကိုင်နေသည့်ရပ်ကွက်တွင် လုံခြုံစွာ အလုပ်လုပ်ကိုင်နေထိုင်နိုင်ရေးအတွက် ဆွေးနွေးပွဲတခုကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သည့်။ အဆိုပါ ဆွေးနွေးချက်အရ မြန်မာယက္ကန်းသမားများ လုံခြုံစွာ နေထိုင်နိုင်ရန် ပထမအဆင့်အနေနဲ့ အိုင်ဇောလ်မြို့  Zuangtui ရပ်ကွက်ရှိယက္ကန်းပိုင်ရှင်များက ဖွဲ့စည်း ထားသော Handloom Association တာဝန်ရှိသူများထံ အသိပေး သွားမှာဖြစ်ပြီး၊ လိုအပ်ရင်လိုအပ်သလို ရပ်ကွက် Young Mizo Association (YMA), Village Council (VC) များကို မြန်မာ လူမူရေးအသင်းအနေဖြင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း မြန်မာလူမူရေးအသင်း ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။ “လတ်တလော သူခိုးတွေသောင်းကျန်းနေတယ်။ ပစ္စည်းခိုးတာမက ယက္ကန်းရုံကိုမီးရှို့ ခြင်း၊ ယက္ကန်း သမားတချို့ ကို ဓားထောက်ပြီး ပစ္စည်းလုယက်မူတွေ ခဏခဏ ဖြစ်တယ်။ ဒါကြောင့် ယက္ကန်းသမား တော်တော်များများ ဒီနေရာမှာ မနေရဲကြတော့ ပဲ မြန်မာပြည်ကို ပြန်ကုန်ကြတယ်။ ဒါပေမဲ့ ကျန်နေသေးတဲ့ ယက္ကန်းသမားများ လုံလုံခြုံခြုံ နေနိုင်အောင်အတွက်ရည်ရွယ်ပြီး ဒီဆွေးနွေးပွဲကို ပြုလုပ်တာဖြစ်တယ်” လို့ အဆိုပါ ပုဂ္ဂိုလ်က ဆက်ပြောပါတယ်။ ဆက်လက်ပြီး “ယခုရက်ပိုင်းအတွင်း ယက္ကန်းသမား ၁၀၀ နဲ့ချီပြန်သွားကြပြီး၊ အချို့ကတော့ သန်းခေါင်စာရင်း ကိစ္စကြောင့်ပြန်တာမှန်ပေမဲ့ ၁၀၀ မှာ ၈၀ ရာခိုင်နှုန်း ကတော့ ဒီမှာနေရတာ ကြောက်လို့ ပြန်ကြတာ ဖြစ်တယ်” လို့ ဆွေးနွေးပွဲကို တက်ရောက်လာသူ တဦးက ပြောဆိုခဲ့တယ်။…
