ချင်းတိုးတက်ရေးပါတီ၏ ဒုတိယဥက္ကဌလည်းဖြစ် မတူပီမြို့နယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ ရသော ပူးပေါလျံလွင်သည် ချင်းအမျိုးသား ဒီမိုကရက် တစ်ပါတီ (CNDP) သို့ ကူးပြောင်းလိုက်ပြီဟု သိရသည်။
Author: Editor
မြန်မာနိုင်ငံ အနောက်ဘက် ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့ နယ်တွင် မတူမျိုးနွယ်စုများအတွက် မတူဖတ်စာ နှစ်မျိုးကို အစိုးရ ကျောင်းများတွင် သင်ကြားရန် ဆုံးဖြစ်ခဲ့ကြ သည်။ မတူပီမြို့ နယ် စင်းတလန် (Cingtlang) တောင်ကြော၊ မတူပီမြို့ နှင့်နီးစပ်သည့် ရွာနှင့် မတူပီမြို့ ပေါ် တွင် မတူပီ (ချင်း) ဖတ်စာကို သင်ကြားမည်ဖြစ်ပြီး မတူပီမြို့ တောင်ဘက် ဒွမ်း (Doem) တောင်ကြော တွင် ဒွမ်း ဖတ်စာကို အစိုးရ ကျောင်းများတွင် သင်ကြမည်ဖြစ်သည်။ ချင်းပြည်နယ် ပညာရေးဝန်ကြီးဌာနမှ မတူပီ (ချင်း) ဖတ်စာအုပ်ကို အမှတ် (၂) အခြေခံ ပညာ ဦးစီး ဌာနသို့  ပေးပို့ ပြီး ပထမသုတ်အတွက် အုပ်ရေ (၅၀၀၀) ထုတ်ဝေမည်ဖြစ်ကြောင်း မတူပီတိုမ်း သတင်းတွင် ဖေါ်ပြထားသည်။ ဒွမ် ဖတ်စာအုပ် အဆင်သင့် ဖြစ်လာပါက အမှတ် (၂) အခြေခံ ပညာဦးစီးဌာနသို့  ပေးပို့ ပြီး ထုတ်ဝေ သွားရန် ရှိကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ မတူပီ (ချင်း) ဖတ်စာနှင့် မတူ (ဒွမ်း) ဖတ်စာ သင်ယူလိုသည့် ကျေးရွာ အမည်ကို ကောက်ခံပြီး လူထုဆန္ဒနှင့် အညီ သက်ဆိုင်ရာ ကျောင်းများ တွင် ဆက်လက် သင်ကြားခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ မတူ ဖတ်စာနှစ်မျိုး သင်ကြားပေးရေးနှင့် ပတ်သက်၍ ပြည်နယ်အစိုးရမှ…
မြန်မာနိုင်ငံ ချင်းပြည်နယ် တောင်ပိုင်း ကန်ပက်လက်မြို့ ၌ မော်တော်ဆိုင်ကယ်လိုင်စင် ပြုလုပ်ပေးခဲ့ရာတွင် ဆိုင်ကယ်တစ်စီး အတွက် လိုင်စင်သက်တမ်းတိုးခ (၃)ဆကျော် အထိ ကောက်ခံခဲ့ကြောင်းသိရသည်။ သက်ဆိုင်ရာ အစိုးရရုံးများတွင် ဆိုင်ကယ်လိုင်စင်တိုးခ ကျပ်ငွေ- (၅၄၀၀) ပေးဆောင်ရာမှ ယခု ဆိုင်ကယ် တစ်စီးအတွက် ကျပ်ငွေ (၂၂၀၀၀) ပေးဆောင်ခိုင်းကြောင်း ကန်ပက်လက်မြို့  ဒေသခံတစ်ဦးထံမှ သိရသည်။ “ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးတာရယ်၊ ယဉ်မောင်းလိုင်စင် (သင်မောင်း)ကို ပွဲစားကနေ တဆင့် လုပ်ပေး တာဖြစ်တယ်။ ပွဲစားက အသုံးပြုတဲ့ တံဆိပ်တုံးမှာ “အကြံပေးအကျိုးတော်ဆောင်၊ မြန်မာ့မီးရထား၊ တိုင်း (၁၀)၊ ဂန့် ဂေါမြို့ ” လို့  ပါတယ်” ဟု အဆိုပါဒေသခံ ကဆိုသည်။ ပွဲစားမှာ ပခုက္ကူမြို့  ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှူး ဦးစီးဌာန (ကညန) ရုံးမှ ၀န်ထမ်း ဦးသောင်းထွန်းက ကန်ပက်လက်မြို့ ၌ ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးပေးရန် စေလွှတ်သော ဂန့် ဂေါမြို့ နယ်မှ ပွဲစားဖြစ်သူ ဦး လှအောင်က ၂၀၁၄ခုနှစ် အောက်တိုဘာလ (၁၆) ရက်နေ့ မှ (၁၈) ရက်နေ့ အထိ ပြုလုပ်ပေး ခဲ့ကြောင်း သိရသည်။ ဦးလှအောင်က ကန်ပက်လက်မြို့ ခံ နှစ်ဦးကို နေ့ စားခ (၅၀၀၀) ကျပ် ပေးပြီး လိုင်စင် သက်တမ်း တိုးခြင်း လုပ်ငန်း ကို…
ချင်းပြည်နယ် ဖလမ်းမြို့ တိုးချဲ့ သည့် နေရာသို့  မြို့ အနီးအနားရှိ ကျေးရွာများမှ ရွာသား များ ပြောင်းရွှေ့ ကာ အိမ်နေရာများ တည်ဆောက်မှု များပြားလာပြီဖြစ်ကြောင်း သိရသည်။ ဖလမ်းမြို့  အနောက်ဘက် Lungpi နှင့် Lungrang ကျေးရွာ ဒေသ များကို မြို့ သစ် တိုးချဲ့ တည် ဆောက်ရန် ၂၀၁၃ ခုနှစ်မှစ၍ သက်ဆိုင်ရာ အာဏာပိုင်များက စီစဉ်နေပြီဖြစ်ကြောင်း ဖလမ်း ဒေသခံ တစ်ဦးက ဆိုသည်။ “အခုနေရာတွေ လိုက်ရွေးနေပြီ၊ အဲဒီပတ်ဝန်းကျင်မှာ နေကြတဲ့ ကျေးရွာ လူထုတွေ အခုမြို့ သစ်တိုးချဲ့  မည့်နေရာကို အိမ်သစ်တွေ ဆောက်လုပ်နေကြပြီ” ဟု အဆို ပါဒေသခံက ဆိုသည်။ ဖလမ်းမြို့ နယ်ရှိ Zalai, Laizo နှင့် ဖလမ်းမြို့ ပေါ်ရှိ ပြည်သူအချို့  မြို့ သစ် တိုးချဲ့ တည်မည့်နေရာသို့  ရွှေ့  ပြောင်း နိုင်ရန် အိမ်နေရာများ ၀ယ်ယူနေပြီးဖြစ်ရာ အိမ်ခြေပေါင်း (၁၃၀) ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။ သက်ဆိုင်ရာ အာဏာပိုင်များက မြို့ သစ်တိုးချဲ့ မည့်နေရာတွင် ဒေသခံလူထုအတွက် အိမ်နေရာ မြေကွတ်များ ချပေးခြင်း မရှိသေးသော်လည်း မြို့ သစ်တိုးချဲ့ မည့် အစီ အစဉ်ကြောင့် အိမ်နေရာ များဝယ်ယူနေကြခြင်းဖြစ်သည်။ “အိမ်နေရာ တစ်နေရာကို…
ချင်းပြည်နယ် တီးတိန်မြို့အခြေစိုက် တီးတိန်ပိုစ့် နှင့် Zo Lengthe သတင်း စာစောင်ကို ချင်းပြည်နယ်အစိုးရက ထပ်မံပိတ် ပင်လိုက်သည်ဟု သိရသည်။
ချင်းပြည်နယ် တောင်ပိုင်း ကန်ပက်လက်မြို့အနီးရှိ နတ်မတောင် (၀ိတိုရိယ) အမျိုးသားဥယျာဉ်မှ အုပ်ချူပ်ရေးမှူး၏ မတရားလုပ်ရပ်များအား အထက်အာဏာပိုင်များထံ တိုင်ကြားမှုကြောင့် အမျိုးသားဥယျာဉ်ရှိ ဒေသခံ ၀န်ထမ်းအားလုံးကို ပြောင်းရွှေ့ရန်စီစဉ်နေသည်ဟုသိရသည်။
အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်း အခြေစိုက်ရာ ဇိုခွါထား (မီဇိုရမ် ဘက်ကမ်း) တွင် မြန်မာနိုင်ငံသား ချင်းအမျိုးသားတစ်ဦးထံမှ ၅.၅၆ မမ သေနတ်ကျည်ဆံ အတောင့် ၅၀၀၀ ကို မီဇိုရမ်ရဲတပ်ဖွဲ့ နှင့် အာသံတပ်တို့  ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
ချင်းပြည်နယ် ဖလမ်းမြို့အခြေစိုက် (Laizo) ချင်းဘာသာစကားဖြင့် ထုတ်ဝေနေသော ဖလမ်းပိုစ့်(Falam Post) သတင်းစာကို ချင်းပြည်နယ် အစိုးရက နောက်ထပ်ပိတ်ပင် လိုက်သည်ဟုသိရသည်။
(Pu That Savung) ကျတော်သည် ခမ်းပတ်ညောင်ပင်ကြီး ( Khampat Bungpui ) အကြောင်းကို အလယ် တန်းကျောင်းသား ဘဝက တည်းက သိရှိခဲ့ သည်၊ ထို့အပြင် BURMA LUSHAI WELFARE ORGANIZATION ( BLWO ) မူပိုင် ထုတ် ဝေခဲ့ သည့် RAMTHAR သတင်းစာ၏ ရှေ့ မျက်နှာဖုံးထိပ် ခေါင်းစီးအောက် အလယ်တည့် တည့်တွင် အရိပ် ဆာယာနဲ့ ခက်မ လေး သွယ်အပြင် ၄င်းခက်မလေးသွယ် အသီးသီး တွင်မြစ်ပျံများ စွေချ ထားသည့် အဆိုပါ ညောင်ပင်ဘလောက် ရုပ်ကို ကျ တော် တက္ကသိုလ် ကျောင်း သားဘ၀ တုန်းက တွေ့ ရှိခဲ့ပါသည်။ ခမ်းပတ်ညောင်ပင်ကြီးအကြောင်းကို Pu B. Lalthangliana က သူ၏ MIZO CHANCHIN ( A Short Account & Easy Reference of Mizo History-p 7-12) တွင် အကျယ်တဝင့်ရေးသားထားပါသည်၊ သတိပြု ရမည်မှာ သူ၏ ကျမ်းကိုးစာရင်း ပါပုဂ္ဂိုလ်များသည် သမိုင်းသုတေသီများမဟုတ်သည့်အပြင် သူ့အရည်အချင်း မှီခဲ့သူများ မဟုတ် ပေ။ ထို့အပြင် Pu B. Lalthangliana သည် ၄င်း၏ မဟာဝိဇ္ဖာဘွဲ့အတွက် History of Mizos in Burma စာတမ်း…
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ခရိုင် မင်းတပ်မြို့တွင် အုပ်ချုပ်ရေး၊ ပြည်သူ့ရဲတပ် ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ သစ် တော၊ စီမံကိန်း ဌာနများ ပူးပေါင်းပြီး စုပေါင်း စစ်ဆေးရေးဂိတ်တစ်ခုကို ယခုလ အောက်တိုဘာ (၁) ရက်နေ့က ဖွင့်လှစ် လိုက် ကြောင်း သိရသည်။ စစ်ဆေးရေးဂိတ်ကို မကွေးတိုင်းဒေသကြီး ကျောက်ထုဖက်မှ အ၀င် မင်းတပ်မြို့ အထွက်တွင် ဖွင့်လှစ်ခဲ့ကြပြီး အဆိုပါ ဌာနဆိုင်ရာ (၅) ခုမှ စေလွှတ်ထားသော ပုဂ္ဂိုလ်များက ၂၄ နာရီ တာဝန်ယူ စစ်ဆေးလျက်ရှိကြောင်း၊ နိုင်ငံခြားသားများ၊ တရားမ၀င်သစ်များ၊ မူးယစ် ဆေးဝါးများကို စစ်ဆေး ကြကြောင်း သိရသည်။
