• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»CDM ဝင်သူများထောက်ပံ့ရေးအတွက် မီဇီုရမ်တွင် အလှူငွေကောက်ခံမည်

CDM ဝင်သူများထောက်ပံ့ရေးအတွက် မီဇီုရမ်တွင် အလှူငွေကောက်ခံမည်

0
By Editor on March 4, 2021 Khonumthung
#Unicode
ရစ်ချက် – ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ဖွဲ့စည်းထားသည့် NGO United For Democratic Myanmar အဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအတွင်း Civil Disobedience Movement – CDM ဝင်နေကြသည့် အစိုးရဝန်ထမ်းများအားထောက်ပံ့နိုင်ရေးအတွက် အလှူငွေကောက်ခံသွားမည်ဟု သိရသည်။
NGO United For Democratic Myanmar အဖွဲ့ဦးဆောင်မှုဖြင့် မတ်လ ၃ ရက်နေ့က မီဇိုရမ်ရောက် မြန်မာ အဖွဲ့အစည်း အသီးသီးတို့နှင့်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။
“ဒီကနေ့ ကျနော်တို့ အိုက်ဇောလ်မြို့မှာရှိတဲ့ မြန်မာပြည်က အဖွဲ့အစည်းအသီးသီးနဲ့ တွေ့ဆုံကြတယ်။ အဓိကတော့ မီဇိုရမ်မှာရှိနေကြတဲ့ မြန်မာပြည်သားများအနေနဲ့ ကိုယ့်မြန်မာနိုင်ငံ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ဒုက္ခ ရောက်နေတဲ့ဟာကို တတ်နိုင်တဲ့ဖက်ကနေကူညီပါဝင်ချင်လို့ ပြည်တွင်း CDM အတွက် ရံပုံငွေကောက်ခံကြရင် ကောင်းမယ်ဆိုပြီး ဆုံးဖြတ်ကြတယ်။” ဟု ၎င်းကပြောသည်။
NGO United For Democratic Myanmar အဖွဲ့အစည်းသည် ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်က နိုင်ငံတော် အာဏာကို သိမ်းယူခဲ့ပြီးနောက် မီဇိုရမ်ရောက် မြန်မာပြည်သားများမှ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး အဆိုပါ အဖွဲ့အစည်းဦးဆောင်မှုဖြင့် ဖေဖော်ဝါရီ (၁၃) ရက်နေ့က လမ်းပေါ်ထွက် ဆန္ဒပြပွဲကိုလည်း ကျင်းပခဲ့ပြီး အိန္ဒိယဗဟို အစိုးရထံ သဘောထားထုတ်ပြန်ချက်များကိုလည်း ပေးပို့ခဲ့သည်။
#Zawgyi
ရစ္ခ်က္ – ခ်င္းျပည္နယ္ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနေသာ မီဇိုရမ္ျပည္နယ္တြင္ ဖြဲ႕စည္းထားသည့္ NGO United For Democratic Myanmar အဖြဲ႕၏ ဦးေဆာင္မႈျဖင့္ ျမန္မာႏိုင္ငံအတြင္း Civil Disobedience Movement – CDM ၀င္ေနၾကသည့္ အစိုးရ၀န္ထမ္းမ်ားအားေထာက္ပံ့ႏိုင္ေရးအတြက္ အလွဴေငြေကာက္ခံသြားမည္ဟု သိရသည္။
NGO United For Democratic Myanmar အဖြဲ႕ဦးေဆာင္မႈျဖင့္ မတ္လ ၃ ရက္ေန႕က မီဇိုရမ္ေရာက္ ျမန္မာ အဖြဲ႕အစည္း အသီးသီးတို႔ႏွင့္ေတြ႕ဆံုေဆြးေႏြးပြဲျပဳလုပ္ခဲ့ရာ ထိုကဲ့သို႔ ဆံုးျဖတ္ခဲ့ၾကျခင္းျဖစ္သည္ဟု ယင္းအဖြဲ႔၏ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက ေျပာသည္။
“ဒီကေန႕ က်ေနာ္တို႕ အိုက္ေဇာလ္ၿမဳိ႕မွာရွိတဲ့ ျမန္မာျပည္က အဖြဲ႕အစည္းအသီးသီးနဲ႕ ေတြ႕ဆံုၾကတယ္။ အဓိကေတာ့ မီဇိုရမ္မွာရွိေနၾကတဲ့ ျမန္မာျပည္သားမ်ားအေနနဲ႕ ကိုယ့္ျမန္မာႏိုင္ငံ၊ ကိုယ့္တိုင္းျပည္၊ ကိုယ့္လူမ်ဳိး ဒုကၡ ေရာက္ေနတဲ့ဟာကို တတ္ႏိုင္တဲ့ဖက္ကေနကူညီပါဝင္ခ်င္လို႕ ျပည္တြင္း CDM အတြက္ ရံပံုေငြေကာက္ခံၾကရင္ ေကာင္းမယ္ဆိုၿပီး ဆံုးျဖတ္ၾကတယ္။” ဟု ၎ကေျပာသည္။
NGO United For Democratic Myanmar အဖြဲ႕အစည္းသည္ ေဖေဖာ္ဝါရီ ၁ ရက္ေန႕က တပ္မေတာ္က ႏိုင္ငံေတာ္ အာဏာကို သိမ္းယူခဲ့ၿပီးေနာက္ မီဇိုရမ္ေရာက္ ျမန္မာျပည္သားမ်ားမွ ဖြဲ႕စည္းထားေသာ အဖြဲ႕အစည္းျဖစ္ၿပီး အဆိုပါ အဖြဲ႕အစည္းဦးေဆာင္မႈျဖင့္ ေဖေဖာ္ဝါရီ (၁၃) ရက္ေန႕က လမ္းေပၚထြက္ ဆႏၵျပပြဲကိုလည္း က်င္းပခဲ့ၿပီး အိႏိၵယဗဟို အစိုးရထံ သေဘာထားထုတ္ျပန္ခ်က္မ်ားကိုလည္း ေပးပို႕ခဲ့သည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ၆ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

“တမူးမြို့နယ်တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက သားအမိ ၃ ဦးကို သေနတ်ဖြင့်ပစ်ခတ်သွား” ဆိုတဲ့သတင်းအမှား

“တမူးမြို့နယ် မလူကျေးရွာအတွင်းသို့ ပီဒီအက်(ဖ်) အကြမ်းဖက်သမား ၅၀ ဦးခန့် ဝင်ရောက်လာပြီး ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်း များအားလုယက်ယူဆောင်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီး” ဆိုတဲ့သတင်းအမှား

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.