Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»Coronavirus (ဝူဟန္ဗိုင္းရပ္စ္) အေၾကာင္း သိေကာင္းစရာ

Coronavirus (ဝူဟန္ဗိုင္းရပ္စ္) အေၾကာင္း သိေကာင္းစရာ

0
By Editor on January 28, 2020 Khonumthung

Zawgyi

Coronavirus (သို႔) ဝူဟန္ဗိုင္းရပ္စ္

မူလ အေအးမိဖ်ားနာရာမွ “အသက္ရႈလမ္းေၾကာင္းေရာဂါလကၡဏာစု” ေတြကို ျဖစ္ပြားေစခဲ့တဲ့ SARS-CoV လို႔ ေခၚတဲ့ ဗိုင္းရပ္စ္မ်ိဳးစိပ္ေတြကေန ဆင့္ပြားဆင္းသက္တဲ့ အမ်ိဳးအစားလို႔ သတ္မွတ္ၾကတယ္။ အခုျဖစ္တဲ့ဗိုင္းရပ္စ္က ယခင္မေတြ႔ဖူးေသးတဲ့ ပိုးမႊားပုံစံအသစ္ (New Strain) ျဖစ္လို႔ Novel Coronavirus လို႔ ေခၚတယ္။ Novel ဆိုတာ “အသစ္” လို႔ အဓိပၸါယ္ရတယ္။ ၂၀၁၉ မွာျဖစ္လို႔ 2019-nCoV လို႔ေခၚတယ္။

  • SARS-CoV = Severe Acute Respiratory Syndrome Coronavirus (ရုတ္တရက္ျပင္းထန္ေသာ အသက္ရႈလမ္းေၾကာင္း ေရာဂါလကၡဏာစု)
  • MERS-CoV = Middle East Respiratory Syndrome Coronavirus (အေရွ႕အလယ္ပိုင္းေဒသမွာျဖစ္တဲ့ အသက္ရႈလမ္းေၾကာင္းေရာဂါလကၡဏာစု)

ဘယ္အရာေတြကေန ကူးစက္တာလဲ။

  • Coronavirus က တိရိစာၦန္ေတြကေန လူေတြကို ကူးစက္တာပါ။ အဲလိုကူးစက္တာကို Zoonotic လို႔ေခၚပါတယ္။ လင္းႏို႔ကေန ကူးစက္ႏိုင္ေခ်အမ်ားဆုံးလို႔ စမ္းသပ္ခ်က္ေတြအရ သုံးသပ္ၾကပါတယ္။ အသားစိမ္းေတြစားေတာ့ ပိုမႊားေတြကူးစက္ဖို႔ အခြင့္အလမ္းမ်ားသြားတာေပါ့။
  • SAR-CoV ပိုးက Civet ေၾကာင္အမ်ိဳးအစားမွတဆင့္ လူကို ကူးစက္မႈ ၂၀၀၂ ခုႏွစ္တုန္းက တရုတ္ႏိုင္ငံမွာ ျဖစ္ခဲ့ဖူးတယ္။
  • MERS-CoV ပိုးကေတာ့ သစ္ကုလားအုတ္မွတဆင့္ လူကိုကူးစက္တဲ့အျဖစ္အပ်က္၂၀၁၂ ခုႏွစ္တုန္းက ေဆာ္ဒီအာေရးဗ်မွာ ျဖစ္ခဲ့တယ္လို႔ဆိုပါတယ္။
  • လူကိုမကူးစက္ေသးပဲ တိရိစာၦန္အခ်င္းခ်င္း ကူးစက္ေနတဲ့ Coronavirus ေတြလည္း အမ်ားၾကီးရွိတယ္လို႔ဆိုပါတယ္။
  • လူလူခ်င္းလည္း ကူးစက္ႏိုင္ပါတယ္။ (အထူးသျဖင့္ လူအမ်ားအျပားေနထိုင္သြားလာတဲ့ ေနရာေတြ၊ အလုပ္ရုံေတြ၊ ေဆးရုံေဆးေပးခန္းေတြဟာ ကူးစက္ဖုိ႔ အခြင့္အလမ္းမ်ားပါတယ္။)

ကူးစက္တဲ့လမ္းေၾကာင္း

Coronavirus က ဥပမာ – လင္းႏို႔၊ ေၾကာင္၊ ႏြား၊ သစ္ကုလားအုပ္ တို႔လိုတိရိစာၦန္ေတြမွာ အျဖစ္မ်ားပါတယ္။ ယခုတရုတ္ႏိုင္ငံမွာ ေရာဂါျဖစ္ပြားပုံကေတာ့ ဝူဟန္ျမိဳ႕ရဲ႕ တိရိစာၦန္မ်ိဳးစုံကိုသတ္ျဖတ္ျပီး အသားစိမ္းေရာင္းတဲ့ေစ်းထဲမွာ ထိေတြ႔ကိုင္တြယ္သူေတြ၊ စားသုံးသူေတြကို စတင္ကူးစက္ပါတယ္။

ေရာဂါျဖစ္ပြားသူေတြ ေခ်ာင္းဆိုး၊ နာေခ် လိုက္တဲ့အခါ ေလထဲမွာ Droplets လို႔ေခၚတဲ့ မျမင္ႏိုင္တဲ့ အမႈန္အမႊားေတြနဲ႔အတူ ပိုမႊားေတြျပန္႔ႏွံ႔သြားျပီး အျခားသူေတြရဲ႕ အသက္ရႈလမ္းေၾကာင္းကို ကူးစက္ပါတယ္။

ေရာဂါလကၡဏာ

  • အဖ်ားတက္ျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အသက္ရႈမဝျခင္း/ခက္ခဲျခင္း၊ ေနာက္ဆုံး ေက်ာက္ကပ္ပါအားနည္းျပီး အသက္ဆုံးရႈံးတဲ့အထိျဖစ္တယ္။

ကာကြယ္ေဆး

  • ေရာဂါကာကြယ္ေဆး မရွိေသးပါ။ ေရာဂါအသစ္ျဖစ္လို႔ ကာကြယ္ေဆးရဖို႔ဆိုရင္ ႏွစ္အေတာ္ၾကာ အခ်ိန္ယူရပါမယ္လို႔ ဆိုပါတယ္။

ကုထုံး

  • ေရာဂါေပ်ာက္ေအာင္ တိက်တဲ့ကုထုံး မရွိေသးပါ။ ေရာဂါလကၡဏာသက္သာေအာင္ ကုသေပးႏိုင္ရုံပါပဲ။

ေရာဂါကူးစက္ျပန္႔ပြားမႈကို ဘယ္လိုကာကြယ္ၾကမလဲ။

လက္ကိုဆပ္ျပာနဲ႔ အနည္းဆုံး စကၠန္႔ (၂၀) ၾကာေအာင္ပြတ္ပါ။ အျပီးအစီး (၁) မိနစ္နီးပါး အခ်ိန္ေပးရပါမယ္။ (သို႔) Alchol Based Hand Gel ကို ကိုယ္နဲ႔ အျမဲေဆာင္ထားပါ။ Hand Gel 1-3cc ေလာက္ကို လက္ထဲမွာထည့္ျပီး စကၠန္႔ ၂၀ မွ ၃၀ ေလာက္ၾကာေအာင္ ေျခာက္ေသြ႔တဲ့အထိ ပြတ္ပါ။

Coronavirus (ဝူဟန္ဗိုင္းရပ္စ္) ကူးစက္ျခင္းမွ ကာကြယ္ရန္နည္းလမ္းမ်ားႏွင့္ ေဆာင္ရန္/ေရွာင္ရန္မ်ား

  1. ႏွာေခ်၊ ေခ်ာင္းဆိုးတဲ့အခါ ပါးစပ္နဲ႔ ႏွာေခါင္းကို လက္ကိုပဝါ/တစ္ရႈးနဲ႔အုပ္ပါ။ လက္ဖဝါးနဲ႔ တိုက္ရိုက္မအုပ္ပဲ ပဝါ/တစ္ရႈးမရွိရင္ လက္ရဲ႕ တံေတာင္အေကြးေနရာနဲ႔ အုပ္ပါ။ လက္ေခ်ာင္းေတြက ပစၥည္းေတြကို ထိေတြ႔ကိုင္တြယ္ရာကေန အဆင့္ဆင့္ ကူးစက္ႏိုင္လို႔ပါပဲ။
  2. အသုံးျပဳျပီးသား တစ္ရႈးေတြ၊ လက္ကိုင္ပဝါေတြကို ေတြ႔ရာေနရာ မခ်ပါနဲ႔။ တစ္ရႈးမ်ားကို အမိႈက္ပုံးမွာ ေသခ်ာစြန္႔ပစ္ပါ။
  3. လက္မေဆးပဲ မ်က္လုံးေတြ၊ ႏွာေခါင္းနဲ႔ ပါးစပ္ေတြကို မကိုင္တြယ္ပါနဲ႔။
  4. တံေတြးကို ေတြ႔ရာေနရာ အလြယ္မေထြးပါနဲ႔။ အထူးသျဖင့္ အမ်ားသူငါေရွ႕ (သို႔) လူအမ်ားသြားလာေနတဲ့ ေနရာေတြ၊ လက္ေဆးစင္ေတြမွာ မေထြးပါနဲ႔။
  5. အသက္ရႈလမ္းေၾကာင္းျပသနာရွိတဲ့ လူေတြနဲ႔ နီးနီးကပ္ကပ္မေနပါနဲ႔။
  6. မလိုအပ္ပဲ ခရီးမသြားပါနဲ႔။ လူစုလူေဝးမ်ားတဲ့ေနရာကို အထူးသျဖင့္ေရွာင္ပါ။ မ်က္ႏွာစည္း (Mask) တပ္ဆင္ပါ။
  7. တိရိစာၦန္အရွင္ပဲျဖစ္ေစ၊ ခ်က္ျပဳတ္စားေသာက္ဖို႔ ေရာင္းခ်ျခင္း/ျပင္ဆင္ျခင္းေတြ ျပဳလုပ္တဲ့အခါ တိုက္ရိုက္ မကိုင္တြယ္ပါနဲ႔။ လက္အိတ္ဝတ္ပါ။ ပလတ္စတစ္လက္အိတ္ေလာက္နဲ႔ မလုံျခဳံပါဘူး။ ကိုင္တြယ္ျပီးရင္လည္း လက္ေသခ်ာေဆးပါ။ အသားစိမ္းလွီးျဖတ္ရာမွာအသုံးျပဳတဲ့ စဥ့္ႏွီတုံး၊ ဓားနဲ႔ အိုးခြက္ပန္းကန္ေတြကို သီးျခားခြဲထားရမွာျဖစ္ျပီး အသုံးျပဳျပီးရင္ ေသခ်ာေဆးေၾကာပါ။
  8. ဟင္းခ်က္ျပဳတ္သူေတြအေနနဲ႔ အသား/ၾကက္ဥေတြကို ေသခ်ာက်က္ေအာင္ ခ်က္ျပဳတ္ျပီးမွ စားသုံးပါ။
  9. တိရိစာၦန္အသားေတြရဲ႕ ေသြးေတြေပေနတဲ့လက္နဲ႔ ပိုက္ဆံကိုင္ျခင္း၊ မ်က္လုံး၊ ႏွာေခါင္း၊ ပါးစပ္ စတဲ့ေနရာေတြကို မကိုင္ပါနဲ႔။
  10. အသားစိမ္းေရာင္းခ်သူေတြကလည္း မိမိေစ်းဆိုင္ပတ္ဝန္းက်င္မွာ၊ လမ္းမေပၚမွာ ေသြးေတြ မေပက်န္၊ မစီးဆင္းေအာင္ တတ္ႏိုင္သမွ် ဂရုျပဳရမွာျဖစ္သလို ေစ်းဝယ္သူေတြကလည္း ေသြးေတြေပက်ံေနတဲ့ေနရာကို မျဖတ္ေလွ်ာက္ပါနဲ႔။ ေစ်းကျပန္လာရင္ ေျခ၊ လက္ ေသခ်ာေဆးပါ။ ေသြးေပေနတဲ့ အဝတ္အစားေတြကို လဲပါ။
  11. အသားစိမ္းမ်ားေပက်န္ေနေသာ ပတ္ဝန္းက်င္ကို ပိုးသတ္ေဆးျဖင့္ အနည္းဆုံး တစ္ေန႔တစ္ၾကိမ္ျဖန္းျပီး သန္႔ရွင္းေအာင္ျပဳလုပ္ေပးပါ။
  12. မူမမွန္တဲ့ တိရိစာၦန္ေတြကိုေတြ႔ရင္လည္း သက္ဆိုင္ရာကို အေၾကာင္းၾကားပါ။ နာမက်န္းတဲ့ တိရိစာၦန္ေတြရဲ႕အသားကို မစားပါနဲ႔။
  13. က်န္းမာေအာင္ ဂရုစိုက္ေနထိုင္ပါ။ ကိုယ္ခံအားေကာင္းဖို႔အတြက္ အိပ္ေရးဝဝ အိပ္ပါ။ အစာအာဟာရျပည့္ဝေအာင္ မွီဝဲပါ။
  14. အဖ်ားတက္၊ ႏွာေခ်၊ ေခ်ာင္းဆိုး စသည့္ လကၡဏာမ်ားရွိပါက ခရီးလုံးဝမထြက္ပဲ အနားယူပါ။ နီးစပ္ရာ ေဆးရုံ၊ ေဆးခန္းကို သြားေရာက္ျပီး ေဆးစစ္ကုသမႈ ခံယူပါ။ ဆရာဝန္၊ သူနာျပဳထံ ေရာဂါျဖစ္စဥ္ႏွင့္ ခရီးစဥ္မ်ားကို ေသခ်ာရွင္းျပပါ။ ေလယာဥ္ႏွင့္ ခရီးသြားပါကလည္း ေလယာဥ္ဝန္ထမ္းမ်ားကို အသိေပးပါ။

က်န္းမာေရးဝန္ထမ္းက႑

က်န္းမာေရးဝန္ထမ္းေတြအေနနဲ႔ အေရးေပၚျပင္ဆင္ျခင္းအတြက္ ၂၀၀၅ ခုႏွစ္မွာ ထုတ္ျပန္ထားတဲ့ International Health Regulations နဲ႔ Inline ျဖစ္ေအာင္ WHO က တိုက္တြန္းထားပါတယ္။ က်န္းမာေရးဝန္ထမ္းမ်ားကို ကူးစက္ႏိုင္တဲ့အႏၱရာယ္ရွိပါတယ္။ က်န္းမာေရးဝန္ထမ္းေတြက ေရာဂါပိုးကူးစက္ခံထားရတဲ့ လူနာေတြနဲ႔ ထိေတြ႔မႈပိုမ်ားတဲ့အတြက္ ကူးစက္ခံရဖို႔ အခြင့္အလမ္းမ်ားပါတယ္။

ကူးစက္ျခင္းဆိုင္ရာသတင္းႏွင့္ WHO မွ ေၾကညာျခင္း

  • ၂၀၁၉ ဒီဇင္ဘာလ ၃၁ ရက္ေန႔မွာ တရုတ္ႏိုင္ငံ၊ ဝူဟန္ျမိဳ႕မွာ ပထမဆုံး အေၾကာင္းအရင္းမသိရတဲ့ ျပင္းထန္ နမိုးနီးယားလူနာသတင္းအျဖစ္ WHO ကို အေၾကာင္းၾကားတယ္။
  • ၂၀၂၀ ဇန္နဝါရီလ ၇ ရက္ေန႔မွာ (2019-nCoV) လို႔ တရုတ္အာဏာပိုင္ေတြက ထုတ္ျပန္တယ္။
  • ၂၀၂၀ ဇန္နဝါရီလမွာ WHO မွ လမ္းညႊန္မႈအေနနဲ႔ ဤဗိုင္းရပ္စ္ကို ကာကြယ္တုန္႔ျပန္ျခင္း၊ နာမက်န္းလူနာေတြကို မည္သုိ႔၊ မည္ပုံ ေစာင့္ၾကည့္ျခင္း၊ ေရာဂါစမ္းသပ္စစ္ေဆးျခင္းႏွင့္ ကုသျခင္းနည္းလမ္းေတြ၊ ေဆးကုသတဲ့ဌာနေတြမွာ ေရာဂါပိုး ထိန္းခ်ဳပ္ျခင္း၊ လိုအပ္ေသာပစၥည္းမ်ား ပံ့ပိုးျခင္း၊ ျပည္သူကို သတင္းအခ်က္အလက္ေပးျခင္း စတဲ့ကိစၥရပ္ေတြကို ႏိုင္ငံအားလုံးထံ မွာၾကားပါတယ္။

Credit – Aye Kyaw (fb)

Unicode

Coronavirus (သို့) ဝူဟန်ဗိုင်းရပ်စ်

မူလ အအေးမိဖျားနာရာမှ “အသက်ရှုလမ်းကြောင်းရောဂါလက္ခဏာစု” တွေကို ဖြစ်ပွားစေခဲ့တဲ့ SARS-CoV လို့ ခေါ်တဲ့ ဗိုင်းရပ်စ်မျိုးစိပ်တွေကနေ ဆင့်ပွားဆင်းသက်တဲ့ အမျိုးအစားလို့ သတ်မှတ်ကြတယ်။ အခုဖြစ်တဲ့ဗိုင်းရပ်စ်က ယခင်မတွေ့ဖူးသေးတဲ့ ပိုးမွှားပုံစံအသစ် (New Strain) ဖြစ်လို့ Novel Coronavirus လို့ ခေါ်တယ်။ Novel ဆိုတာ “အသစ်” လို့ အဓိပ္ပါယ်ရတယ်။ ၂၀၁၉ မှာဖြစ်လို့ 2019-nCoV လို့ခေါ်တယ်။

  • SARS-CoV = Severe Acute Respiratory Syndrome Coronavirus (ရုတ်တရက်ပြင်းထန်သော အသက်ရှုလမ်းကြောင်း ရောဂါလက္ခဏာစု)
  • MERS-CoV = Middle East Respiratory Syndrome Coronavirus (အရှေ့အလယ်ပိုင်းဒေသမှာဖြစ်တဲ့ အသက်ရှုလမ်းကြောင်းရောဂါလက္ခဏာစု)

ဘယ်အရာတွေကနေ ကူးစက်တာလဲ။

  • Coronavirus က တိရိစ္ဆာန်တွေကနေ လူတွေကို ကူးစက်တာပါ။ အဲလိုကူးစက်တာကို Zoonotic လို့ခေါ်ပါတယ်။ လင်းနို့ကနေ ကူးစက်နိုင်ချေအများဆုံးလို့ စမ်းသပ်ချက်တွေအရ သုံးသပ်ကြပါတယ်။ အသားစိမ်းတွေစားတော့ ပိုမွှားတွေကူးစက်ဖို့ အခွင့်အလမ်းများသွားတာပေါ့။
  • SAR-CoV ပိုးက Civet ကြောင်အမျိုးအစားမှတဆင့် လူကို ကူးစက်မှု ၂၀ဝ၂ ခုနှစ်တုန်းက တရုတ်နိုင်ငံမှာ ဖြစ်ခဲ့ဖူးတယ်။
  • MERS-CoV ပိုးကတော့ သစ်ကုလားအုတ်မှတဆင့် လူကိုကူးစက်တဲ့အဖြစ်အပျက်၂၀၁၂ ခုနှစ်တုန်းက ဆော်ဒီအာရေးဗျမှာ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
  • လူကိုမကူးစက်သေးပဲ တိရိစ္ဆာန်အချင်းချင်း ကူးစက်နေတဲ့ Coronavirus တွေလည်း အများကြီးရှိတယ်လို့ဆိုပါတယ်။
  • လူလူချင်းလည်း ကူးစက်နိုင်ပါတယ်။ (အထူးသဖြင့် လူအများအပြားနေထိုင်သွားလာတဲ့ နေရာတွေ၊ အလုပ်ရုံတွေ၊ ဆေးရုံဆေးပေးခန်းတွေဟာ ကူးစက်ဖို့ အခွင့်အလမ်းများပါတယ်။)

ကူးစက်တဲ့လမ်းကြောင်း

Coronavirus က ဥပမာ – လင်းနို့၊ ကြောင်၊ နွား၊ သစ်ကုလားအုပ် တို့လိုတိရိစ္ဆာန်တွေမှာ အဖြစ်များပါတယ်။ ယခုတရုတ်နိုင်ငံမှာ ရောဂါဖြစ်ပွားပုံကတော့ ဝူဟန်မြို့ရဲ့ တိရိစ္ဆာန်မျိုးစုံကိုသတ်ဖြတ်ပြီး အသားစိမ်းရောင်းတဲ့ဈေးထဲမှာ ထိတွေ့ကိုင်တွယ်သူတွေ၊ စားသုံးသူတွေကို စတင်ကူးစက်ပါတယ်။
ရောဂါဖြစ်ပွားသူတွေ ချောင်းဆိုး၊ နာချေ လိုက်တဲ့အခါ လေထဲမှာ Droplets လို့ခေါ်တဲ့ မမြင်နိုင်တဲ့ အမှုန်အမွှားတွေနဲ့အတူ ပိုမွှားတွေပြန့်နှံ့သွားပြီး အခြားသူတွေရဲ့ အသက်ရှုလမ်းကြောင်းကို ကူးစက်ပါတယ်။

ရောဂါလက်က္ခဏာ

  • အဖျားတက်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုမဝခြင်း/ခက်ခဲခြင်း၊ နောက်ဆုံး ကျောက်ကပ်ပါအားနည်းပြီး အသက်ဆုံးရှုံးတဲ့အထိဖြစ်တယ်။

ကာကွယ်ဆေး

  • ရောဂါကာကွယ်ဆေး မရှိသေးပါ။ ရောဂါအသစ်ဖြစ်လို့ ကာကွယ်ဆေးရဖို့ဆိုရင် နှစ်အတော်ကြာ အချိန်ယူရပါမယ်လို့ ဆိုပါတယ်။

ကုထုံး

  • ရောဂါပျောက်အောင် တိကျတဲ့ကုထုံး မရှိသေးပါ။ ရောဂါလက္ခဏာသက်သာအောင် ကုသပေးနိုင်ရုံပါပဲ။

ရောဂါကူးစက်ပြန့်ပွားမှုကို ဘယ်လိုကာကွယ်ကြမလဲ။

လက်ကိုဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင်ပွတ်ပါ။ အပြီးအစီး (၁) မိနစ်နီးပါး အချိန်ပေးရပါမယ်။ (သို့) Alchol Based Hand Gel ကို ကိုယ်နဲ့ အမြဲဆောင်ထားပါ။ Hand Gel 1-3cc လောက်ကို လက်ထဲမှာထည့်ပြီး စက္ကန့် ၂၀ မှ ၃၀ လောက်ကြာအောင် ခြောက်သွေ့တဲ့အထိ ပွတ်ပါ။

Coronavirus (ဝူဟန်ဗိုင်းရပ်စ်) ကူးစက်ခြင်းမှ ကာကွယ်ရန်နည်းလမ်းများနှင့် ဆောင်ရန်/ရှောင်ရန်များ

  1. နှာချေ၊ ချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို လက်ကိုပဝါ/တစ်ရှုးနဲ့အုပ်ပါ။ လက်ဖဝါးနဲ့ တိုက်ရိုက်မအုပ်ပဲ ပဝါ/တစ်ရှုးမရှိရင် လက်ရဲ့ တံတောင်အကွေးနေရာနဲ့ အုပ်ပါ။ လက်ချောင်းတွေက ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်ရာကနေ အဆင့်ဆင့် ကူးစက်နိုင်လို့ပါပဲ။
  2. အသုံးပြုပြီးသား တစ်ရှုးတွေ၊ လက်ကိုင်ပဝါတွေကို တွေ့ရာနေရာ မချပါနဲ့။ တစ်ရှုးများကို အမှိုက်ပုံးမှာ သေချာစွန့်ပစ်ပါ။
  3. လက်မဆေးပဲ မျက်လုံးတွေ၊ နှာခေါင်းနဲ့ ပါးစပ်တွေကို မကိုင်တွယ်ပါနဲ့။
  4. တံတွေးကို တွေ့ရာနေရာ အလွယ်မထွေးပါနဲ့။ အထူးသဖြင့် အများသူငါရှေ့ (သို့) လူအများသွားလာနေတဲ့ နေရာတွေ၊ လက်ဆေးစင်တွေမှာ မထွေးပါနဲ့။
  5. အသက်ရှုလမ်းကြောင်းပြသနာရှိတဲ့ လူတွေနဲ့ နီးနီးကပ်ကပ်မနေပါနဲ့။
  6. မလိုအပ်ပဲ ခရီးမသွားပါနဲ့။ လူစုလူဝေးများတဲ့နေရာကို အထူးသဖြင့်ရှောင်ပါ။ မျက်နှာစည်း (Mask) တပ်ဆင်ပါ။
  7. တိရိစ္ဆာန်အရှင်ပဲဖြစ်စေ၊ ချက်ပြုတ်စားသောက်ဖို့ ရောင်းချခြင်း/ပြင်ဆင်ခြင်းတွေ ပြုလုပ်တဲ့အခါ တိုက်ရိုက် မကိုင်တွယ်ပါနဲ့။ လက်အိတ်ဝတ်ပါ။ ပလတ်စတစ်လက်အိတ်လောက်နဲ့ မလုံခြုံပါဘူး။ ကိုင်တွယ်ပြီးရင်လည်း လက်သေချာဆေးပါ။ အသားစိမ်းလှီးဖြတ်ရာမှာအသုံးပြုတဲ့ စဉ့်နှီတုံး၊ ဓားနဲ့ အိုးခွက်ပန်းကန်တွေကို သီးခြားခွဲထားရမှာဖြစ်ပြီး အသုံးပြုပြီးရင် သေချာဆေးကြောပါ။
  8. ဟင်းချက်ပြုတ်သူတွေအနေနဲ့ အသား/ကြက်ဥတွေကို သေချာကျက်အောင် ချက်ပြုတ်ပြီးမှ စားသုံးပါ။
  9. တိရိစ္ဆာန်အသားတွေရဲ့ သွေးတွေပေနေတဲ့လက်နဲ့ ပိုက်ဆံကိုင်ခြင်း၊ မျက်လုံး၊ နှာခေါင်း၊ ပါးစပ် စတဲ့နေရာတွေကို မကိုင်ပါနဲ့။
  10. အသားစိမ်းရောင်းချသူတွေကလည်း မိမိဈေးဆိုင်ပတ်ဝန်းကျင်မှာ၊ လမ်းမပေါ်မှာ သွေးတွေ မပေကျန်၊ မစီးဆင်းအောင် တတ်နိုင်သမျှ ဂရုပြုရမှာဖြစ်သလို ဈေးဝယ်သူတွေကလည်း သွေးတွေပေကျံနေတဲ့နေရာကို မဖြတ်လျှောက်ပါနဲ့။ ဈေးကပြန်လာရင် ခြေ၊ လက် သေချာဆေးပါ။ သွေးပေနေတဲ့ အဝတ်အစားတွေကို လဲပါ။
  11. အသားစိမ်းများပေကျန်နေသော ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးဖြင့် အနည်းဆုံး တစ်နေ့တစ်ကြိမ်ဖြန်းပြီး သန့်ရှင်းအောင်ပြုလုပ်ပေးပါ။
  12. မူမမှန်တဲ့ တိရိစ္ဆာန်တွေကိုတွေ့ရင်လည်း သက်ဆိုင်ရာကို အကြောင်းကြားပါ။ နာမကျန်းတဲ့ တိရိစ္ဆာန်တွေရဲ့အသားကို မစားပါနဲ့။
  13. ကျန်းမာအောင် ဂရုစိုက်နေထိုင်ပါ။ ကိုယ်ခံအားကောင်းဖို့အတွက် အိပ်ရေးဝဝ အိပ်ပါ။ အစာအာဟာရပြည့်ဝအောင် မှီဝဲပါ။
  14. အဖျားတက်၊ နှာချေ၊ ချောင်းဆိုး စသည့် လက္ခဏာများရှိပါက ခရီးလုံးဝမထွက်ပဲ အနားယူပါ။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို သွားရောက်ပြီး ဆေးစစ်ကုသမှု ခံယူပါ။ ဆရာဝန်၊ သူနာပြုထံ ရောဂါဖြစ်စဉ်နှင့် ခရီးစဉ်များကို သေချာရှင်းပြပါ။ လေယာဉ်နှင့် ခရီးသွားပါကလည်း လေယာဉ်ဝန်ထမ်းများကို အသိပေးပါ။

ကျန်းမာရေးဝန်ထမ်းကဏ္ဍ

ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အရေးပေါ်ပြင်ဆင်ခြင်းအတွက် ၂၀ဝ၅ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ International Health Regulations နဲ့ Inline ဖြစ်အောင် WHO က တိုက်တွန်းထားပါတယ်။ ကျန်းမာရေးဝန်ထမ်းများကို ကူးစက်နိုင်တဲ့အန္တရာယ်ရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေက ရောဂါပိုးကူးစက်ခံထားရတဲ့ လူနာတွေနဲ့ ထိတွေ့မှုပိုများတဲ့အတွက် ကူးစက်ခံရဖို့ အခွင့်အလမ်းများပါတယ်။

ကူးစက်ခြင်းဆိုင်ရာသတင်းနှင့် WHO မှ ကြေညာခြင်း

  • ၂၀၁၉ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ပထမဆုံး အကြောင်းအရင်းမသိရတဲ့ ပြင်းထန် နမိုးနီးယားလူနာသတင်းအဖြစ် WHO ကို အကြောင်းကြားတယ်။
  • ၂၀၂၀ ဇန်နဝါရီလ ၇ ရက်နေ့မှာ (2019-nCoV) လို့ တရုတ်အာဏာပိုင်တွေက ထုတ်ပြန်တယ်။
  • ၂၀၂၀ ဇန်နဝါရီလမှာ WHO မှ လမ်းညွှန်မှုအနေနဲ့ ဤဗိုင်းရပ်စ်ကို ကာကွယ်တုန့်ပြန်ခြင်း၊ နာမကျန်းလူနာတွေကို မည်သို့၊ မည်ပုံ စောင့်ကြည့်ခြင်း၊ ရောဂါစမ်းသပ်စစ်ဆေးခြင်းနှင့် ကုသခြင်းနည်းလမ်းတွေ၊ ဆေးကုသတဲ့ဌာနတွေမှာ ရောဂါပိုး ထိန်းချုပ်ခြင်း၊ လိုအပ်သောပစ္စည်းများ ပံ့ပိုးခြင်း၊ ပြည်သူကို သတင်းအချက်အလက်ပေးခြင်း စတဲ့ကိစ္စရပ်တွေကို နိုင်ငံအားလုံးထံ မှာကြားပါတယ်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.