(05MK)
Hualngoram Peoples Organization (HPO) ကျန်းမာရေးဌာနက CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် အခမဲ့ ကျန်းမာရေးကုသမှုများကို ဩဂုတ်လ ၃ ရက်မှ ၅ ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။
CDF-Hualngoram ထိန်းချုပ်နယ်မြေအတွင်းရှိ Zimte, Zimpui, Tuidil ကျေးရွာက ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေး ငယ်များ၊ သက်ကြီးရွယ်အို လူနာ စုစုပေါင်း အယောက် (၁၇၀) ကျော်ကို အခမဲ့ ဆေးဝါးကုသမှုများနှင့် အခြေခံဆေးဝါး ထောက်ပံ့မှုများ ဆောင်ရွက်ခဲ့သည်ဟု HPO က ထုတ်ပြန်သည်။
HPO/CDF-Hualngoram သည် ၎င်းတို့စိုးမိုးဒေသအတွင်းရှိ လူမျိုးနွယ်စုအားလုံးအတွက် ပြည်သူ့အုပ်ချုပ်ရေး၊ တရား ဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အဆက်မပြတ်ဆောင်ရွက်နေသော တော်လှန်ရေးအဖွဲ့အစည်းဖြစ်ပါသည်။
ထို့ကြောင့် Hualngoram အတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် တော်လှန်ရေးအသိရှိစွာ စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေးအတွက် အဘက်ဘက်မှ အတူတကွ ဆက်လက်တိုက်ပွဲဝင်ကြရန် CDF-Hualngoram က ဖိတ်ခေါ်တိုက်တွန်းထားသည်။