Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ICNCC နှင့် CB က ချင်းအစိုးရတရပ် အကောင်အထည်ဖော်နိုင်ရေး Charter မူကြမ်းရေးဆွဲထားပြီဟုဆို

ICNCC နှင့် CB က ချင်းအစိုးရတရပ် အကောင်အထည်ဖော်နိုင်ရေး Charter မူကြမ်းရေးဆွဲထားပြီဟုဆို

0
By Editor on November 26, 2024 Headline

(006SV)

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နှင့် ချင်းညီနောင် (CB) တို့သည် ချင်းပြည်အစိုးရတရပ် အကောင်အထည်ဖော်နိုင်ရေးအတွက် ဖွဲ့စည်းပုံပဋိညာဉ် (Charter) မူကြမ်းကို ရေးဆွဲထားပြီဖြစ်ကြောင်း ချင်းညီနောင်၏ နိုင်ငံရေးပိုင်းဆိုင်ရာ တာဝန်ရှိသူက ပြောသည်။

ချင်းညီနောင်စစ်ဆင်ရေးအတွက် အရေး‌ပေါ် ရန်ပုံငွေရှာဖွေခြင်းကို အွန်းလိုင်းက ပြုလုပ်ရာတွင် ချင်းအမျိုးသားအဖွဲ့အချုပ် (CNO/CNDF) ဒု-ဥက္ကဌ ဆလိုင်းပီတာထန်က နိုဝင်ဘာလ ၂၄ ရက်က အသိပေးလာခြင်းဖြစ်သည်။

“ချင်းပြည်နယ်ရဲ့ လက်ရှိအခြေအနေအရ နိုင်ငံရေးအရဆိုရင်လည်း ICNCC အနေနဲ့ ချင်းပြည်ရဲ့ အစိုးရ ဖြစ်ပေါ်လာရေးအတွက် လုပ်ဆောင်နေတဲ့အခါမှာ ကျနော်တို့ ချာတာက draft (မူကြမ်း) ကတော့ ပြီးသွားပါပြီ။ review (ပြန်သုံးသပ်ခြင်း) ပြန်လုပ်ဖို့နဲ့ အတည်ပြုပြီးတော့မှ အတည်ပြုမယ့် ချာတာအရ ဖွဲ့စည်းဖို့ ရှိနေပါတယ်” ဟု ဆလိုင်းပီတာထန်က ပြောသည်။

ချာတာ (Charter) သည် တော်လှန်ရေးကာလ ဦးဆောင်အဖွဲ့အစည်းများ အချင်းချင်းကြား နားလည်မှု ပဋိညာဉ်မူဖြစ်ပြီး ဖွဲ့စည်းပုံဥပဒေ (Constitution) လောက် တင်းကြပ်မှုမျိုးမရှိဘဲ ပြုပြင်ပြောင်းလဲလွယ်မည်ဖြစ်သည်ဟု သိရသည်။

တော်လှန်ရေးကာလတွင် လူထုဆန္ဒခံယူမှုများဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ မရေးဆွဲနိုင်မှီကာလတွင် ချာတာရေးဆွဲအတည်ပြုပြီး ကြားကာလအစိုးရတစ်ရပ် ဖွဲ့စည်း၍ အုပ်ချုပ်ရေးယန္တရာများကို အကောင်အထည်ဖော်နိုင်ရေး ပြင်ဆင်ခြင်းဖြစ်ကြောင်း ဆလိုင်းပီတာထန်က ရှင်းပြသည်။

ချင်းပြည်တွင် ချင်းတော်လှန်ရေးအင်အားစုများ၏ အကွဲအပြဲကို ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် Crisis Management Initiative (CMI) နှင့် Zo Reunification Organization (ZORO) အပါအဝင် မီဇိုရမ်ပြည်နယ်ထဲက အစိုးရဘက်နှင့် အရပ်ဖက် အဖွဲ့အစည်းများက ကြားဝင်ညှိနှိုင်းပေးမှုများ ဆောင်ရွက်နေပြီး ယင်းဖြစ်ပေါ်တိုးတက်မှုကို စောင့်နေဆဲကာလဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

“ကျနော်တို့ အားလုံးပါဝင်တဲ့ ချင်းပြည်အခင်းအကျင်း မဖြစ်မှာကိုလည်း စိုးရိမ်းနေတဲ့အတွက် ဖြစ်ပါတယ်။ အခုချိန်ဆိုရင် ကျနော်တို့က မိဘကို ခြေဆုံကန်ပြီးတော့မှ ပျောက်သောသားလို့ ဖြစ်နေတဲ့ နောင်တော် CNF နဲ့ CC အဖွဲ့ဝင်တွေ မိခင်ရင်ခွင့်ကိုပြန်လာဖို့ စောင့်နေတဲ့ ကာလလည်းဖြစ်ပါတယ်။ မိခင်ရင်ခွင်ကို ပြန်လာပြီးတော့မှ ချာတာကို သေချာလေး review လုပ်ကြဖို့ အားလုံးပါဝင်တဲ့ ချင်းပြည်အခင်းအကျင်းကို ပြန်လည်လုပ်ဖို့အတွက် စောင့်နေတဲ့ ကျေးဇူးတော်ကာလလည်း ဖြစ်ပါတယ်” ဟု ဆလိုင်းပီတာထန်းက ပြောသည်။

ယင်းကာလ ကျော်လွန်ပါက ချင်းလန်းကောင်စီအဖွဲ့ဝင်များ ပြန်မလာတော့လျှင့် လုပ်စရာရှိသည်များကို ဆက်လုပ်ဖို့ အဆင်သင့်ဖြစ်နေသော အနေအထားဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် ချင်းညီနောင်၏ မူလရည်ရွယ်ချက်ဖြစ်သော ချင်းပြည်နယ်တွင် စစ်ကောင်စီကင်းစင်ရေးအတွက် မင်းတပ်မြို့နှင့် ဖလမ်းမြို့မှာ မြို့သိမ်းစစ်ဆင်ရေးများ ဖော်ဆောင်နေပြီး အောင်မြင်မှုအများအပြား ရရှိထားကြောင်း သိရသည်။

Zo Reunification Organization (ZORO) ဦးဆောင်မှုဖြင့် စက်တင်ဘာလက အိုင်ဇော်လ်မြို့တွင် ချင်းပြည်အစိုးရနှင့် ICNCC အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ရာ ငြိမ်းချမ်းရေးကော်မတီတရပ် ဖွဲ့စည်းနိုင်ရေး၊ နှစ်ဖက်အဖွဲ့များ တွေ့ဆုံဆွေးနွေးမှုများ ဆက်လုပ်ရန်အပါအဝင် အချက် ၅ ချက် သဘောတူညီမှု ရရှိခဲ့သည်။

ဖင်လန်နိုင်ငံအခြေစိုက် Crisis Management Initiative (CMI) အဖွဲ့သည် အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တွင် ဩဂုတ်ထဲက CC နှင့် ICNCC တို့ကို ကြားဝင်ညှိနှိုင်းရန် စီစဉ်ခဲ့သော်လည်း ယာယီရွှေ့ဆိုင်းထားရသည်။

Chin Civic Movement – CCM အဖွဲ့ကလည်း လက်ရှိဖြစ်ပွားနေသည့် ချင်းတော်လှန်ရေးအဖွဲ့များကြားက ပဋိပက္ခ ဖြေရှင်းနိုင်ရေး ချက်ချင်းဆောင်ရွက်ကြရန် ချင်းလူထုစစ်တမ်းများကောက်ယူပြီး တိုက်တွန်းထားသည်။

အပြန်အလှန် တန်းတူအသိအမှတ်ပြုမှု၊ ဆွေးနွေးတိုင်ပင်မှု၊ နားလည်မှု တည်ဆောက်ရန် အားနည်းခြင်းများကြောင့် ချင်း အချင်းချင်းကြား ပဋိပက္ခကိုဖြစ်စေသည်ဟု CCM က ထုတ်ပြန်သော ချင်းလူထုစစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၂၁ စစ်အာဏာသိမ်းပြီး ၃ လခန့်အကြာတွင် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကို ရွေးကောက်ပွဲအနိုင်ရ ချင်းလွှတ်တော်ကိုယ်စားလှယ်တွေ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်သည့် ဝန်ထမ်းများ၊ အရပ်ဘက်ကိုယ်စားပြုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ကြသည်။

၂၀၂၃ ခုနှစ် ဧပြီလမှာ CNF နှင့် လွှတ်တော်ကိုယ်စားလှယ်ထက်ဝက်ခန့် ICNCC ကနေ နုတ်ထွက်သွားခဲ့ပြီး ယင်းနှစ် စက်တင်ဘာလမှာ ညီလာခံတစ်ရပ်ခေါ်ယူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းပြီး ဒီဇင်ဘာလတွင် ချင်းပြည်ကောင်စီကို ဖွဲ့စည်းခဲ့သည်။

ယခုလက်ရှိတွင် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရသည် ဥပဒေများ ပြဌာန်းကာ ချင်းပြည်တွင် အုပ်ချုပ်ရေးယန္တရားများ အကောင်အထည်ဖော်ဆောင်နေပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.