Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

0
By Editor on November 18, 2025 Headline

(006SV)

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါမြို့တို့တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေရာ စစ်ကော်မရှင်မှ ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့် အရာရှိများ အပါအဝင် တပ်ဖွဲ့ဝင် ၁၀၀ ခန့် သေဆုံးသည်ဟု ချင်းလဲန်းအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ နိုဝင်ဘာလ ၁၈ ရက်တွင် ကြေညာသည်။

ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကြောင်း ၁ နှင့် စစ်ကြောင်း ၂ ဟူ၍ ခွဲကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) ၊ ချင်းညီနောင် (CB) တပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ ကလေးမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်တို့တွင် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

စစ်ကော်မရှင်တပ်သည် လေယာဉ်နှင့် ဒရုန်းတို့ကို အားပြု၍ တိုက်ခိုက်နေသော်လည်း စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့် အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို သေဆုံးကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်သည် စစ်သုံ့ပန်းတချို့ကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

ချင်းလဲန်းအစိုးရတပ်ဖွဲ့ စစ်ကြောင်း (၂) နှင့် ချင်းညီနောင်အဖွဲ့မှ ချင်းအမျိုးသားကာကွယ်ရေးဖွဲ့ (CNDF) ၊ PDF – Zoland ပူးပေါင်းတပ်တို့သည် ဖလမ်းမြို့နှင့် ဝေဘူလမြို့အကြားရှိ စစ်ကော်မရှင်တပ်များ ၊ တီးတိန်မြို့နှင့် ခိုင်ကမ်းမြို့အကြားရှိ စစ်ကော်မရှင်တပ်များကို လက်တွဲ၍ တိုက်ခိုက်နေကြောင်း ချင်းလဲန်းအစိုးရထံမှ သိရသည်။

“ကျနော်တို့ ပူးပေါင်းပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေ CC ဘက်ကလည်း ရှိပါတယ်။ CB ဘက်ကလည်း ရှိပါတယ်။ ဘုံရန်သူကို အတတ်နိုင်ဆုံး ကာကွယ်ကြတဲ့ အခြေအနေမှာ ရှိပါတယ်” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

နိုဝင်ဘာလ ၁၇ ရက်က ဖလမ်း- ဝေဘူလနှင့် တီးတိန်- ခိုင်ကမ်းက တိုက်ပွဲနေရာများကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်၊ Y 12 ဖြင့် တစ်ကြိမ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သည်ဟု သိရသည်။

ကလေးမြို့နှင့် ဂန့်ဂေါမြို့အကြားတွင် ချင်းလဲန်းအစိုးရတပ်ဖွဲ့ စစ်ကြောင်း (၁) သည် မဟာမိတ်အဖွဲ့များဖြစ်သော Vakok PDF၊ ကျောင်းသားတပ်မတော် (ABSDF) ၊ PDF ခရိုင်တပ်ရင်းများ၊ ပကဖများ၊ Yaw Defense Force (YDF) တို့နှင့် လက်တွဲကာ စစ်ကော်မရှင်တပ်များကို တိုက်ခိုက်နေသည်ဟု သိရသည်။

စစ်ကော်မရှင်တပ်သည် ကလေးနှင့် ဂန့်ဂေါက တိုက်ပွဲနေရာများကို နိုဝင်ဘာလ ၆ ရက်က ဂျက်ဖိုက်တာဖြင့် ၄ ကြိမ်၊ နိုဝင်ဘာလ ၁၄ ရက်က ဂျက်ဖိုက်တာဖြင့် ၇ ကြိမ်၊ Y – 12 ဖြင့် ၁ ကြိမ်၊ နိုဝင်ဘာလ ၁၅ ရက်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်၊ နိုဝင်ဘာလ ၁၆ ရက်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်၊ Y 12 လေယာဉ်ဖြင့် ဗုံးအလုံး ၅၀ ခန့်၊ နိုဝင်ဘာလ ၁၇ ရက်က ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် စသဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.