• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»Zoram People’s Movement (ZPM) ပါတီမှ မြန်မာစစ်ဘေးရှောင်တွေကို လှူဒါန်း

Zoram People’s Movement (ZPM) ပါတီမှ မြန်မာစစ်ဘေးရှောင်တွေကို လှူဒါန်း

0
By Editor on October 8, 2021 Khonumthung

မီဇိုရမ်ပြည်နယ် နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Zoram People’s Movement (ZPM) ပါတီမှ မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအတွက် ရူပီး ၁၅၃၉၇၀ အပြင် လိုအပ်သည့် အသုံးဆောင်ပစ္စည်းများစွာကို မီဇိုရမ်အခြေစိုက် မြန်မာစစ်ဘေးရှောင်ကူညီရေးအဖွဲ့ NGO United for Democratic Myanmar အဖွဲ့ထံ အောက်တိုဘာ ၈ ရက်နေ့က လှူဒါန်းခဲ့ကြသည်။

အခမ်းအနားကို အောက်တိုဘာ ၈ ရက်နေ့ နေ့လည် (၂းဝ၀) နာရီတွင် Zoram People’s Movement (ZPM) ဗဟိုရုံတွင် ကျင်းပခဲ့ကြပြီး NGO United for Democratic Myanmar အဖွဲ့ ဥက္ကဌနှင့် ဒု-အတွင်းရေးမှူးတို့က လက်ခံခဲ့ကြသည်။

Zoram People’s Movement (ZPM) ပါတီမှ မြန်မာစစ်ဘေးရှောင်များအတွက် လှူဒါန်းခဲ့သောအရာများမှာ ရူပီး ၁၅၃၉၇၀ အပြင်၊ စောင်၊ အဝတ်အစား၊ အိမ်မှုအသုံးစောင်ပစ္စည်း အိုးခွက်ပန်ကန် အိတ်ကြီးအိတ်သေး စုစုပေါင်း ၄၆၀ ကျော် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

NGO United for Democratic Myanmar ဥက္ကဌ ပူးလာလ်ရမ်းလောမ်မာက ယခုလို မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအတွက် ပေးလှူဒါန်းခဲ့သော Zoram People’s Movement (ZPM) ပါတီနှင့် ထည့်ဝင်လှူဒါန်းခဲ့သောသူ အားလုံးအပေါ် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး၊ လိုအပ်သည့် မြန်မာစစ်ဘေးရှောင်များနေရာတွင် ပြန်လည်ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း ပြောသည်။

အလားတူ အောက်တိုဘာ ၇ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းရှိ Benjamin Sum ပရိတ်သတ် Summer များက မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအတွက် လိုအပ်တဲ့ပစ္စည်းများအပြင် ရူပီးငွေ ၁၂၀၀၀ ကို မီဇိုရမ်ပြည်နယ်ရှိ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ Myanmar Refugee Relief Committee (MRRC) ထံ လှူဒါန်းခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

မဏိပူရ်ပြည်နယ်က ချင်းအနွယ်ဝင်စစ်ဘေးရှောင်များကူညီရေးအတွက် မီဇိုရမ်ဝန်ကြီးချုပ်ထံ ရူပီး ၃ သိန်းလှူဒါန်း

နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း CNDF ရဲဘော် ၃၂ ဦးကျဆုံး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.