Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ZRA-EC တပ်ဖွဲ့၏ ဖမ်းဆီးရိုက်နှက်မှုကြောင့် တီးတိန်ဒေသခံ ၂ ဦးသေဆုံး

ZRA-EC တပ်ဖွဲ့၏ ဖမ်းဆီးရိုက်နှက်မှုကြောင့် တီးတိန်ဒေသခံ ၂ ဦးသေဆုံး

0
By Editor on February 8, 2025 Headline

(004SS)

ဇိုမီးတော်လှန်ရေးတပ်မတော် အရှေ့ပိုင်းတိုင်း (ZRA-EC) တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးရိုက်နှက်မှုကြောင့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က ရွာသား ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

တီးတိန်မြို့နယ် ငါလ်ဘွာလ်ကျေးရွာသား ဦးကမ်းလျန်ထန်းနှင့် ယောက်ဖတော်စပ်သူ ဦးဒါလ်မွမ်းကိမ်းတို့ နှစ်ဦးကို ညမထွက်ရအမိန့် မလိုက်နာခြင်းကြောင့်ဟုဆိုကာ ZRA-EC တပ်ဖွဲ့ဝင်များက ဖမ်းဆီးရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဦးကမ်းလျန်ထန်းသည် ဖေဖော်ဝါရီလ ၅ ရက်ညက ယောက်ဖဖြစ်သူ ဦးဒါလ်မွမ်းကိမ်းနေအိမ်သို့ အလည်သွားရာမှ အပြန်လမ်းတွင် ZRA-EC တပ်ဖွဲ့ဝင်များက ညမထွက်ရအမိန့် လိုက်နာခြင်းမရှိဟုဆိုကာ သတိလစ်မေ့မျောသွားသည့်အထိ ရိုက်နှက်ခဲ့ပြီးနောက် နေအိမ်သို့ ပို့ဆောင်ခဲ့ကြသည်ဟု သိရသည်။

နောက်တနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဦးကမ်းလျန်ထန်း၏ ယောက်ဖဖြစ်သူ အသက် ၂၃ နှစ် အရွယ် ဦးဒါလ်မွမ်းကိမ်းကိုလည်း ZRA-EC တပ်ဖွဲ့ဝင်များက သူတို့စခန်းသို့ခေါ်ယူကာ စစ်ဆေးရိုက်နှက်ခဲ့ပြီးနောက် လက်လွန်၍ သေဆုံးသွားသည့်အတွက် ည ၁၁ နာရီဝန်းကျင်ကျမှ အလောင်းကို နေအိမ်သို့ပြန်ပို့ပေးခဲ့ကြသည်ဟု ယင်းအခြေအနေကိုသိရှိထားသူတစ်ဦးထံမှ သိရသည်။

ဦးဒါလ်းမွန်ကိမ်းသည် ကျောင်းဆရာတစ်ဦးဖြစ်ပြီး အမျိုးသမီးနှင့် သမီးတစ်ယောက် ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ဦးကမ်းလျန်ထန်းသည်လည်း ရိုက်နှက်ခံထားရသော ဒဏ်ရာကြောင့် ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

ယခုဖြစ်စဉ်နှင့်ပါတ်သက်၍ ZRA-EC ဘက်မှ ခေါင်းဆောင်များသည် သေဆုံးသူများ၏ မိသားစုများထံ ချင်းထုံးစံအတိုင်း သွားရောက်တောင်းပန်ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် တီးတိန်မြို့နယ်၊ ငါလ်ဘွာလ်ရွာတွင် ZRA-EC က တပ်ဆွဲထားပြီး ရွာသားများအား အလှည့်ကျ လုံခြုံရေး ကင်းစောင့်စေခြင်းများပြုလုပ်သည့်အပြင် ည ၈ နာရီနောက်ပိုင်း ညမထွက်ရအမိန့် ထုတ်ထားကြောင်း ဒေသခံများကဆိုသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.