Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကန်ပက်လက်မြို့ကို ဧပြီလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၇) ကြိမ်ပြုလုပ်၊ ပြည်သူတစ်ဦးသေဆုံးပြီး အဆောက်အဦး (၆၀) ကျော် ပျက်စီးခဲ့ရ

ကန်ပက်လက်မြို့ကို ဧပြီလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၇) ကြိမ်ပြုလုပ်၊ ပြည်သူတစ်ဦးသေဆုံးပြီး အဆောက်အဦး (၆၀) ကျော် ပျက်စီးခဲ့ရ

0
By Editor on April 21, 2025 Khonumthung

(002MG)

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ကို စစ်ကောင်စီက ယခုဧပြီလ အတွင်း ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ (၇) ကြိမ်ခန့်ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ပြည်သူ (၁) ဦးသေဆုံးကာ နေအိမ်နဲ့ အဆောက်အဦး (၆၃) လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီသည် ပေါင် (၃၀၀) နှင့် ပေါင် (၅၀၀) ဗုံးများအသုံးပြုကာ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အသက် (၄၀) အရွယ်ရှိပြည်သူ (၁) ဦးသေဆုံးကာ အသက် (၁၆) နှစ်အရွယ် ပြည်သူ (၁) ဦးထိခိုက် ဒဏ်ရာ ရခဲ့သည်။

၎င်းအပြင် ပြည်သူနေအိမ် (၁၈) လုံး၊ တစိပ်တစ်ပိုင်းပျက်စီးမှုရှိသည့် ပြည်သူ့နေအိမ် (၃၀) လုံး၊ ဌာနပိုင် အဆောက် အဦး (၁၄) လုံးနှင့် ရိပ်သာအဆောက်အဦး (၁) လုံးပျက်စီးခဲ့ရပြီး၊ မြို့ပေါ် ပတ်ဝန်း ကျင်နေထိုင်ကြသည့် ပြည်သူများ အနေဖြင့်လေကြောင်းရန်အထူးဂရုပြုနေထိုင်ရန်နှင့် တိကျသောသတင်း များကို တဦးနှင့်တဦးသတင်း ပေးခြင်းဖြင့်များ ပြုလုပ်ရန် ဖော်ပြထားပါသည်။

ဧပြီလ (၁၇) ရက်နေ့တွင်လည်း စစ်ကောင်စီသည် မတူပီမြို့ပေါ်တွင် လေကြောင်း တိုက်ခိုက်မှုပြု လုပ်ခဲ့သောကြောင့် ခရစ်ယာန်သင်းအုပ်ဆရာတပါးအပါအဝင် ဒေသခံ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ယင်းထဲတွင် (၄) ဦးမှာ ပြင်းထန်ဒဏ် ရာရရှိခဲ့ပြီး လက်ရှိတွင်ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

စစ်ကောင်စီကင်းစင်သွားပြီဖြစ်သော ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့ ပေါ်တို့တွင် စစ်ကောင်စီသည် ဧပြီလအစောပိုင်းမှစတင်ကာ လေကြောင်းတိုက်ခိုက်မှုများခပ်စိပ်စိပ် ပြုလုပ်လာ ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာအပါအဝင် ၁၂ နိုင်ငံကို အမေရိကန်က ပြည်ဝင်ခွင့်ပိတ်၊ နောက်ထပ် ၇ နိုင်ငံကို တစိတ်တပိုင်း ပိတ်ပင်

ဟားခါးမြို့တွင် ၃ လကြာ လျှပ်စစ်မီးပြတ်တောက်၊ ဖုန်းနှင့် Power bank များကို အခကြေးငွေပေး၍ အားသွင်းနေကြရ

မတူပီ CDF နှစ်ဖွဲ့ ပြန်လည်သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးရာ အချက် ၈ ချက် သဘောတူညီမှုရရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.