Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

0
By Editor on January 17, 2026 Featured

“မတရားတဲ့ နည်းနဲ့ မမှန်တဲ့ နည်းနဲ့ ဒီလိုဆောင်ရွက်ချက်တွေ ကျူးလွန်တဲ့ လူမှန်သမျှကို စစ်တပ်ပဲဖြစ်ဖြစ်၊ စစ်ခွေးကပဲ ဖြစ်ဖြစ်၊ သူတို့ရဲ့ အစေခံတွေပဲ ဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ် ကျနော်တို့က အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”

(006SV)

စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုရဲ့ လောင်းရိပ်ကို ယူပြီး လူထုရဲ့ အကျိုးစီးပွားကို ခြစားဖျက်စီးနေတဲ့ အသင်းအဖွဲ့၊ ကုမ္ပဏီ လုပ်ငန်းနဲ့ လူပုဂ္ဂိုလ်တွေကို ဒီနေ့ဇန်နဝါရီလ ၁၅ ရက်မှ စတင်လို့ အမည်ပျက်စာရင်း သွင်းကာ အထူးပစ်မှတ်ထား တိုက်ခိုက် အရေးယူဆောင်ရွက်မှုတွေ လုပ်တော့မယ်လို့ CDF – ဟားခါးဗဟိုကောင်စီက ကြေညာလိုက်ပါတယ်။

ချင်းပြည်နယ်က လုပ်ငန်းအဖွဲ့အစည်း၊ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ် ၅၀၀ ကျော် ပါဝင်နေတဲ့ အဆိုပါ စာရင်းထဲမှာ စစ်ကော်မရှင်ခန့် ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်နဲ့ ဝန်ကြီးတွေ၊ ဒုတိုင်းမှူး၊ ဗျူဟာမှူးအပါအဝင် ဦးစီအရာရှိနဲ့အထက် ဝန်ထမ်းတွေ ပါဝင်နေပါတယ်။

အာဏာသိမ်းကာလ ၅ နှစ်အတွင်း ချင်းပြည်နယ်က စစ်အစိုးရအဖွဲ့ဝင်တွေနဲ့ စစ်တပ်ထိပ်ပိုင်အရာရှိကြီး ပါဝင်နေတဲ့ လုပ်ပိုင်ခွင့် အာဏာရှိတဲ့ ဝန်ထမ်းတွေအနေနဲ့ ခြစား ခိုးယူထားတဲ့ ပြည်သူ့ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ရှစ်သောင်း သုံးထောင်ကျော် ရှိတယ်လို့ CDF – ဟားခါက ကြေညာပါတယ်။

အမည်ပျက်စားရင်းထဲ ပါဝင်နေသူတွေအနေနဲ့ လာမယ့် ၁၅ ရက်အတွင်း လာရောက်ဖြေရှင်းနိုင်ခြင်း မရှိရင် ဟားခါးမြို့နယ်ထဲက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူမှာ ဖြစ်သလို၊ စီးပွားရှာ နေထိုင်၊ သွားလာခွင့် မရတော့ဘူးလို့ ဆိုပါတယ်။

လက်ရှိစာရင်းထဲ မပါဝင်သေးပေမယ့် ကျူးလွန်သူတွေ ရှိ၊ မရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး တွေ့ရှိရင် လူထုထံ ချပြကာ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ CDF – ဟားခါး ဗဟိုကောင်စီက ကြေညာပါတယ်။

ဟားခါးအခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF ဟားခါးဟာ တော်လှန်ရေးပြစ်မှုကြီး ၄ မျိုး ဥပဒေ ပြဌာန်းပြီး စစ်အုပ်စုရဲ့ စစ်ကျွန်ပြုအုပ်ချုပ်ရေး၊ ဖွံ့ဖြိုးရေးနဲ့ လူမှုရေးလုပ်ငန်းတွေကို တားဆီးအရေးယူမှုတွေ ဆောင်ရွက်နေပါတယ်။

ချင်းပြည်နယ်ထဲက စစ်ကော်မရှင်ရဲ့ အစိုးရဝန်ကြီးတွေ၊ စစ်အရာရှိကြီးတွေ၊ Non- CDMတွေနဲ့ သူတို့ရဲ့ အပေါင်းအပါတွေရဲ့ ခြစားမှုတွေနဲ့ပတ်သက်လို့ CDF ဟားခါး ဗဟိုကောင်စီရဲ့ ဥက္ကဌ Salai Hram Lian ကို Khonumthung သတင်းဌာနက ဆက်သွယ်မေးမြန်းထားမှုကို ဖော်ပြပေးလိုက်ပါတယ်။

မေး – CDF ဟားခါးဗဟိုကောင်စီအနေနဲ့ တော်လှန်ရေးကာလ ၅ နှစ်ရှိလာချိန်မှာ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ လောင်းရိပ်အောက် ကနေ ဒီအဂတိလိုက်စားမှု၊ ခြစားမှုနဲ့ပြီး ဒီနေ့ကစတင်လို့ပေါ့လေ၊ အထူးပစ်မှတ်ထား တိုက်ခိုက်၊ အရေးယူသွားမယ်လို့ ဘာကြောင့် ထုတ်ပြန်လာရပါသလဲ၊ ဘယ်လိုရည်ရွယ်ချက်တွေ ရှိပါသလဲ?

ဖြေ – ဒီကြေညာချက် ထုတ်ရတဲ့ အဓိက အကြောင်းရင်းကတော့ ၅ နှစ်လုံးလုံး၊ ဟားခါးမြို့ပေါ်မှာ ရှိတဲ့ ဝန်ကြီးချုပ်၊ ဒုတိုင်းမှူးက အစပေါ့လေ၊ ဝန်ကြီးတွေရော၊ ပြည်နယ်မှူး၊ ခရိုင်မှူး၊ မြို့နယ်မှူး ၊ အထူးသဖြင့်တော့ ဦးစီးအရာရှိ အထက်တွေပေါ့၊ လုပ်ကိုင်ခွင့် တွေ ရှိတဲ့ ဝန်ထမ်းတွေ၊ လူပုဂ္ဂိုလ်တွေ သူတို့က တော်လှန်ရေးကာလ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေကို အခွင့်ကောင်းယူပြီးတော့ ပြည်သူ့ဘဏ္ဍာကို ဘယ်လိုဖြတ်စားလို့ ရမလဲဆိုတဲ့ အကွက်အမျိုးမျိုး ဖန်တီးကြတယ်။ သူတို့က အမှန်တကယ် လုပ်ငန်းဆောင် ရွက်မှုမျိုး မရှိဘဲနဲ့ ငွေလုံးငွေရင်းတွေ ထုတ်ကြတယ်၊၊ အထူးသဖြင့် တင်ဒါလုပ်ငန်းမှာ အဆိုးဆုံးပဲ၊၊

တင်ဒါမှာ ဆိုရင် ၂၀၂၁ ကနေ စတင်ပြီးတော့ ကျနော်တို့က ပိတ်ပင်ထားခဲ့တယ်။ အဓိကက အခုကတော့ စစ်ကော်မရှင်ပေါ့လေ၊ အကြမ်းဖက်စစ်အစိုးရရဲ့ လုပ်ငန်းတွေ အကုန်လုံးကို ကျနော်တို့က ဟန့်တားမယ်။ တိုက်ဖျက်မယ်ပေါ့၊၊ ကျနော်တို့ CDF – ဟားခါး အနေနဲ့ဆိုရင် အဓိက စစ်ကြောင်း ၃ ကြောင်းနဲ့ တော်လှန်ရေး လုပ်လာခဲ့တယ်။ ပထမ စစ်ကြောင်းက CDM ပေါ့လေ၊ CDM ကို ကျနော်တို့ ဒီနေ့အထိ အားပေးတယ်။ CDMer တွေကိုလည်း ကျနော်တို့က တတ်နိုင်သလောက် ထောက်ပံ့ပေးတယ်။ ကူညီပေး တယ်၊၊ နောက်တစ်ခု ကျနော်တို့ အာရုံစိုက်တာက စစ်ကောင်စီရဲ့အုပ်ချုပ်ရေးကဏ္ဍ၊ ဖွံ့ဖြိုးရေးကဏ္ဍ၊ နောက်လူ မှုရေးနဲ့ သက်ဆိုင်တဲ့ ပညာရေး၊ ကျန်းမာရေးတို့ ၊ လူသားချင်စာနာထောက်ထားရေးတို့ ဒါတွေကို သူတို့က ပြည်သူလူထုကို စစ်ကျွန်ပြုဖို့ သုံးချင်နေတဲ့ လက်နက်တွေ ဖြစ်တဲ့အခါမှာ CDM ဆိုရင် ကျနော်တို့က Soft Power ဘက်ကို ပစ်မှတ်ထားတယ်၊၊ အပျော့ လိုင်းနဲ့ တိုက်တယ်၊၊

နောက်တစ်ခုက CDF လက်နက်ကိုင်ရေးကတော့ အမာလိုင်း Hard Power ဘက်ကို တိုက်နေရတယ်။ တတိယက စစ်ကောင်စီ အုပ်ချုပ်ရေးကို လက်မခံဘူး။ အသိအမှတ် မပြုဘူးဆိုတော့ ကျနော်တို့ကပဲ အုပ်ချုပ်ရေးကို လုပ်နေရတာပေါ့၊၊ ပြည်သူ့အုပ်ချုပ်ရေး ပေါ့။ အဲလိုနဲ့ ကျနော်တို့က ဒီနေ့အထိ တော်လှန်ရေး လုပ်နေပါတယ်။ အဲဒီမှာ ဟားခါးဆိုရင် ချင်းပြည်နယ်ရဲ့ မြို့တော်ဖြစ်တော့ အုပ်ချုပ်ရေး ယန္တရားတွေက ဒီမှာပဲ အခြေစိုက်နေတော့ အဲဒါကိုလည်း တော်တော်လေး ကျနော်တို့ အာရုံစိုက်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့က ထုတ်ပြန်ချက်ပြီးတော့ အားလုံးအသိ ကြေညာတာမျိုးကို မလုပ်ခဲ့ဘူး။ အကြောင်းအမျိုးမျိုးတော့ ရှိတယ်။ ပြည်သူ လူထုရဲ့ လုံခြုံရေးရောပေါ့၊၊ အခြေအနေ အရပ်ရပ်ပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့က ကန့်လာကာနောက်ကွယ်မှာပဲ အများ အားဖြင့်တော့ ဆောင်ရွက်ခဲ့တယ်။

ဒါပေမယ့် အခုက တော်တော်လေး Non- CDM လူကြီးတွေက တော်တော်လေး အတင့်ရဲလာပြီး၊ အဲဒါကြောင့် ကျနော်တို့က ဒီလိုအများပြည်သူ့ရှေ့မှာ တင်ပြပြီးတော့ ပွင့်ပွင့်လင်းလင်း ပုံဖော်ဆောင်ရွက်ဖို့ လိုနေပြီးဆိုပြီး ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ အဲလိုနဲ့ ကျနော်တို့က သူတို့ကို အထူးပစ်မှတ်အနေနဲ့ ထားပြီးတော့ လုပ်ဖို့ လိုအပ်နေပြီးဆိုတဲ့ဟာ သုံးသပ်ပြီး ဒီကြေညာချက်ကို ထုတ်ရတာဖြစ်တယ်။

မေး – ဒီလူတွေနဲ့ အဖွဲ့အစည်းတွေဟာ လက်ရှိကာလမှာ ဘယ်လိုကျူးလွန်နေကြပါသလဲ၊

ဖြေ – အဲဒါကို ပြည်သူလူထုကလည်း မသိကြဘူး။ Non- CDM က ဘယ်လောက်တောင် ဖြတ်စားနေကြသလဲဆိုတာကို လုံးဝကို မသိဘူး။ တစ်စ၊ နှစ်စလောက်တော့ သိကြမယ်၊ ဒါပေမယ့် ခြုံပြီးတော့ All picture ကို လုံးဝ မသိဘူး။ အဲဒါကြောင့်ပဲ တခါတလေ မှာ ပြည်သူလူထုကလည်း ကျနော်တို့ဘက်ကိုပဲ နားလည်မှု လွဲလွဲနေကြတယ်။ ကျနော်တို့က အဲလို အရေးယူတဲ့အခါမှာ ကျနော်တို့ ဘက်ကိုပဲ နားလည်မှု လွဲလေ့ရှိကြတယ်။ အဲဒါကြောင့် ပြည်သူတွေ နားလည်အောင် ဆိုပြီး ချပြပေးတာဖြစ်ပါတယ်။ ငါးနှစ်လုံး လုံးမှာ သူတို့ကို ရာဇဝတ်သားတွေလို့ပဲ ပြောချင်တယ်။ သူတို့တွေက ဖြတ်စားတာက အနည်းဆုံး ကျပ်ငွေက ကျနော်တို့ ဖော်နိုင်တဲ့ ပမာဏပဲကိုက ကျပ်သန်းပေါင်းက ရှစ်သောင်းကျော် ရှိတယ်။ ကျနော်တို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့အတိုင်းပေါ့နော်။ သူတို့က အဲလောက်ထိကို ဖြတ်စားခဲ့ပြီးပြီ။

နောက်ဒုတိယအချက်က စကမ အထက်ပိုင်းကလည်း မသိကြဘူး။ သူတို့က တင်ဒါလုပ်တယ်ဆိုပြီးတော့ တွန်ဇန်တို့ နာရိန်တို့ ဖလမ်းတို့ ၊ တီးတိန်ဘက်ရယ်ပေါ့နော်၊၊ မင်းတပ်၊ ကန်ပက်လက်လည်း ပါတယ်။ မတူပီ၊ ထန်တလန်လည်း ပါတယ်။ ဟားခါး မြို့နယ်ထဲမှာလည်း တော်တော်များများ ပါတယ်။ မြို့ပေါ်မှာလည်း နည်းနည်းပါးပါးပေါ့လေ။ တကယ်ကော အဲဒီနေရာတွေ လုပ်နိုင်သလားဆိုရင် ငါးနှစ်လုံးလုံးမှာ သူတို့ လုံးဝ မလုပ်နိုင်ဘူး။ ဟားခါးမြို့ပေါ်မှာတော့ လုပ်နိုင်တဲ့ နေရာတချို့တော့ ရှိတယ်။

တကယ် မလုပ်နိုင်တဲ့ နေရာက ၉၉ ရာခိုင်နှုန်းလောက် ရှိတယ်။ သူတို့ တင်ပြပြီးတော့မှ ငွေလုံးငွေရင်းတွေ ထုတ်တဲ့အထဲမှာ ပေါ့နော်။ တကယ်လုပ်တဲ့ဟာက ၁ ရာခိုင်နှုန်းကျော်ပါမလားပေါ့နော်။ အဲလိုနဲ့ပဲ ဓါတ်ပုံ အတုအယောင်တွေ၊ ပရိုဖိုင်အတုအယောင် တွေနဲ့ လုပ်ပြီးတော့ ရုံးနဲ့ ကုမ္ပဏီပိုင်ရှင်တွေနဲ့ ပေါင်းပြီးတော့ ၊ ဘဏ်မှာ ငွေထုတ်တဲ့အချိန်မှာလည်း ဘဏ်ဝန်ထမ်းတွေနဲ့ ပြေလည် မှုတွေ ယူပြီးတော့ အခွန်တော့ ဟန်ပြအနေနဲ့ သွင်းပြီးတော့ အဲလိုအမျိုးမျိုးနဲ့ အလကား ငွေလုံးငွေရင်းတွေ ရနေကြတာ၊၊ ဥပမာ – ဗျူဟာမှူးဆိုရင် သန်းပေါင်း သောင်းနီးပါး ရှိတယ်။ ကျနော်တို့ ထုတ်ပြန်တဲ့ စာရင်းထဲမှာ ကြည့်လိုက်ရင် သိလိမ့်မယ်။ အဲဒါတွေ လည်း စကမရဲ့ ဗဟိုအုပ်ချုပ်ရေးယန္တရားက မသိကြဘူးလား မသိဘူး။ ဒါကိုလည်း တဖက်မှာ အသိပေးပါတယ်ပေါ့။ ချင်းမှာ ဒါမျိုး ဖြစ်နေတယ်ဆိုတာကိုးလေ၊၊

မေး – ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေထဲမှာ ဘယ်လိုအရာရှိတွေရောပါဝင်ပတ်သက်နေပါသလဲ၊

ဖြေ – ကုမ္ပဏီကလည်း တော်တော်များများက အဲဒီ လူကြီးတွေကပဲ ပိုင်တယ်။ ကျနော်တို့က အဲဒါကို အသေးစိတ် ဖော်ဖို့က နည်းနည်းက ခက်တယ်။ အဲဒါတွေက ဒုတိယအဆင့်မှာ လာဦးမယ်ပေါ့နော်။ ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ၊၊ သူတို့က ကုမ္ပဏီအဟောင်းတွေကို မသုံးကြဘူး။ အဟောင်းတွေက နည်း တယ်။ အသစ်တွေ တည်ထောင်ပြီး အမျိုးမျိုးပေါ့၊ တချို့ ဝန်ကြီးတွေ၊ ပြည်နယ်မှူး၊ ခရိုင်မှူး၊ မြို့နယ်မှူးတွေဆိုရင် ကုမ္ပဏီက ၁၀ ခု၊ ၁၅ ခုအထိနဲ့ လုပ်ကြတယ်။ ဒါပေမယ့် အဲဒီကုမ္ပဏီတွေ သူတို့ ပိုင်သလားဆိုတာက နည်းနည်းဖော်ဖို့ ခက်တယ်။ ဘာဖြစ်လို့ လည်းဆိုတော့ နာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာဖြစ်တယ်။ ကုမ္ပဏီ စာရင်းထဲမှာက ပိုင်ရှင်နာမည်က တခြား၊ တကယ့်ပိုင်ရှင်က သူတို့၊ အဲလိုမျိုးတွေ လုပ်ကြတယ်။

မေး – ချင်းပြည်နယ် ပြင်ပက ပြည်မဘက်က ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်ရော ဒီခြစားမှုတွေထဲ ပါဝင်နေပါသလား၊၊

ဖြေ – ပြည်မဘက်က ကုမ္ပဏီတွေ ပါသလားဆိုတာက နည်းနည်းတော့ ခက်တယ်။ ပါတော့ ပါတယ်။ သိပ်တော့ မများဘူး။ အထူးသဖြင့် ဝန်ထမ်းတွေနဲ့ ခရိုနီ အိုင်ဒီယာရှိတဲ့ စစ်ကောင်စီ နဲ့ ပေါင်းရလည်း အခွင့်အရေးရရင် ပြီးတာပဲ ဆိုတဲ့ လူတွေ ပါကြတယ်။ နောက်ပြီးတော့ ကျနော်တို့ အသေးစိတ် မဖော်နိုင်တဲ့ ကုမ္ပဏီ အများကြီး ရှိတယ်။ အထူးသဖြင့် အခုကျနော်တို့ ဖော်ပြထားတဲ့ ဟာတွေက လုံးဝလုပ်ငန်းဆောင်ရွက်မှု မရှိဘဲနဲ့ ဒီငွေလုံး ငွေရင်း ထုတ်နေတဲ့ ကုမ္ပဏီတွေပေါ့၊၊ အခွင့်အရေး အမျိုးမျိုး လုပ်ယူနေတဲ့ဟာ၊၊ ဥပမာဆိုရင် ပြည်နယ်မှူးနဲ့ အထက်တွေက သီးသန့်အဖွဲ့ ရှိတယ်။ သူတို့က အကြိမ်ကြိမ် စုကြ၊ ထိုင်ကြပြီး ဘယ်လို စားကွက်တွေ ရှိနိုင်မလဲဆိုတာ လုပ်နေတာ ရှိတယ်။ သူတို့ ထိုင်တဲ့ နေရာတွေကိုလည်း သိခဲ့တယ်၊၊ ဒါပေမယ့် သွားပြီးတော့ စစ်ဆင်ရေး လုပ်ဖို့ နည်းနည်း ခက်ခဲလို့ မလုပ်နိုင်ခဲ့တာလည်းပါတယ်။

မေး – ဖြည့်စွက်ပြောကြားချင်တာ ရှိရင် ပြောပါခင်ဗျာ။

ဖြေ – ကျနော်တို့က အဲဒီဘက်ကို သိပ်ပြီး အာရုံ မစိုက်နိုင်ခဲ့ဘူး။ စစ်တိုက်တဲ့ အပိုင်းကိုပဲ ဦးစားပေးခဲ့တယ်။ သူတို့ ဖြတ်စားထားတဲ့ ဟာက တော်တော်လေး များပြားနေပြီ၊၊ အခုဆိုရင် Non- CDM လူကြီးပိုင်းတွေတင်မကဘူး။ အငယ်ပိုင်းမှာလည်း စားထားတာတွေ ရှိတယ်။ သူတို့တွေဆိုရင် တော်တော်လေး ချမ်းသာသွားကြပြီ။ သိန်းတစ်ထောင်ကတော့ အနည်းဆုံးပဲ၊ သိန်းတစ်သောင်းလောက် ရှိကြကုန်ပြီ။ အဲဒါကို ပြည်သူတွေ အများက မသိကြဘူး။ နောက် စကမ အထက်ပိုင်းကလည်း မသိခဲ့ဘူး။ ကျနော်တို့က သိခဲ့တယ်။ ဒါပေမယ့် အသေးစိတ်ဖော်ဖို့က တော်တော်လေး ခက်ခဲတယ်။ အခုမှ အာရုံစိုက်လာတော့ ဒုတိယအဆင့်မှာတော့ ဖော်နိုင်မှာပါ။ အရင်ကလည်း ဒီဘက်အပိုင်းကို အာရုံ မစိုက်နိုင်ခဲ့ဘူး။ စစ်တိုက်တာနဲ့ပဲ နပမ်းလုံးနေရတော့ အခုနောက်ပိုင်းဆိုရင် အာရုံစိုက်ပြီးတော့မှ အရေးယူသွားတော့မှာ ဖြစ်တယ်။ ဒါပေမယ့် သူတို့က တကယ် အလုပ် လုပ်ခဲ့သလား ၊ မလုပ်ဘူးလားဆိုတာကို ဖြေရှင်းခွင့် ၁၅ ရက် ပေးထားတာ ဖြစ်တယ်။ ကျနော်တို့က တကယ်ပဲ လုပ်ခဲ့ပါတယ်ဆိုပြီးတော့မှ လာဖြေရှင်းခွင့် ပေးထားတယ်။ ၁၅ ရက် ကျော်သွားရင်တော့ လုံးဝပဲ ကျနော်တို့က အရေးယူ ဆောင်ရွက်သွားတော့မှာ ဖြစ်တယ်။ ဘယ်သူပဲ ဖြစ်ဖြစ် မတရားတဲ့ နည်းနဲ့ မမှန်တဲ့ နည်းနဲ့ ဒီလိုဆောင်ရွက်ချက်တွေ ကျူးလွန်တဲ့ လူမှန်သမျှကို ဘယ်သူပဲ ဖြစ်ဖြစ်၊ စစ်တပ်ပဲဖြစ်ဖြစ်၊ စစ်ခွေးကပဲ ဖြစ်ဖြစ်၊ သူတို့ရဲ့ အစေခံတွေပဲ ဖြစ်ဖြစ် ကျနော်တို့က အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်သူတွေလည်း နားလည်အောင်၊ နည်းနည်းလည်း ပိုရှင်းလင်းအောင် ဖြေကြားပေးပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.