Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

0
By Editor on February 1, 2026 Featured

ရေး – BL. Khaisa (Mara)

၂၁ နွေဦးတော်လှန်ရေးမတိုင်ခင် ချင်းပြည်တော်လှန် ရေးအဖွဲ့အစည်းအနေနဲ့ CNF/CNA နဲ့ ZRA ရယ်လို့ ၂ ဖွဲ့သာ ရှိပါ တယ်။ ၂၁ နွေဦးတော်လှန်ရေးစတင်တော့ ချင်းပြည်မှာ တော်လှန်ရေးအဖွဲ့ (၂၆) ဖွဲ့ ရှိလာပါတယ်။ အဲဒီ (၂၆) ဖွဲ့ကလည်း ချင်းပြည်ကောင်စီ – CC အုပ်စုနဲ့ ချင်းညီနောင် – CB အုပ်စုဆိုပြီး အုပ်စုနှစ်ခုအဖြစ် ကွဲထွက်သွားပါတယ်။

ချင်းတော်လှန်ရေးအဖွဲ့အစည်းတွေကို ထပ်မံလေ့လာရင် မြို့နယ်အခြေခံအုပ်စုနဲ့ လူမျိုးစုအခြေခံအုပ်စုဆိုပြီး ထပ်ကွဲတာ တွေ့ရပါတယ်။ ဘယ်လိုပဲကွဲနေပါစေ ကြားနေအဖွဲ့အစည်းတဖွဲ့မှမရှိတာ တွေ့ရပါလိမ့်မယ်။ ဒီလိုပါပဲ ဒီအုပ်စု ၂ ခုလုံးကပဲ ပြည်သူလူထုရရှိခံစားနိုင်မယ့် လူသားချင်းစာနာထောက်ထားမှုအကူအညီကို အပြန်အလှန် ပိတ်ပင်တားဆီးနေကြတာတွေ့ရလို့ အင်မတန် ဝမ်းနည်းစရာကောင်းလှပါတယ်။

ချင်းပြည်မှာ ၂၁ နွေဦးတော်လှန်ရေးမစတင်ခင်မှာ ချင်းအရပ်ဖက်အဖွဲ့အစည်း- CSO တွေ ရှိကြပါတယ်။ အဲဒီ CSO တွေကို လေ့လာကြည့်ရင် ချင်းဆိုတဲ့ အမည်ခံ CSOs၊ မြို့နယ်အခြေခံ CSOs နဲ့ လူမျိုးစုအခြေခံ CSOs ဆိုပြီး အုပ်စု ၃ ခု ရှိတာ တွေ့ရပါတယ်။ ဒီ ချင်းအရပ်ဖက် CSOs တွေရဲ့ ကွဲပြားခြားနားပုံအတိုင်း လုပ် ဆောင်မှုတွေဟာလဲ ကွာခြားတာ တွေ့ရပါတယ်။ ချင်းအမည်ခံ (ချင်းလူမျိုးကို လွှမ်းခြုံ) CSOs တွေရဲ့ လုပ် ငန်းဆောင်ရွက်ပုံဟာ ကျယ်ပြန့်ပြီး မြို့နယ်နဲ့ လူမျိုးစုအခြေခံ CSOs တွေရဲ့ လုပ်ငန်းဆောင်ရွက်မှုဟာ ဘောင်ကျဥ်းတာ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် ဒီ အုပ်စု ၃ ခုဟာ ချိတ်ဆက်ဆောင်ရွက်မှု အင်မတန် နည်းပါးနေပြီး ချိတ် ဆက်မှုမရှိသလောက်ဖြစ်တာ တွေ့ရမှာပါ။

တဖွဲ့နဲ့တဖွဲ့ ကင်းကွာကြတာက များပါတယ်။ ဒီနေရာမှာ လူမျိုးစုအခြေခံ/ မြို့နယ်အခြေခံ CSOs တွေက ပြည်သူနဲ့ ထိတွေ့မှုအားကြီးသလောက် စွမ်းဆောင်နိုင်မှု အားနည်းကြပြီး (ငွေကြေးအားနည်း) ချင်းအမည်ခံ CSOs အုပ်စုတွေက ပြည်သူနဲ့ထိတွေ့မှုအားနည်းကြပေမယ့်ငွေကြေး အင်အား ပိုတောင့်ကြတာတွေ့ရပါတယ်။ ချင်းအမည်ခံ အုပ်စုနဲ့ လူမျိုးစု/ မြို့နယ်အခြေခံအုပ်စုကြားချိတ်ဆက် မှု၊ ပူးပေါင်းဆောက်ရွက်မှုကြား ကြီးမားတဲ့ ကွာဟချက်ကြောင့် CSOs တွေရဲ့ စွမ်းဆောင်မှု အခန်းကဏ္ဍဟာ ထင်သလောက် ခရီးမပေါက်နိုင်တာ တွေ့ရပါတယ်။ ဒါဟာ ကြီးမားတဲ့ နစ်နာမှုနဲ့ အားနည်းချက်ဖြစ်ပါတယ်။ ချင်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအားနည်းချက်ကိုလဲ ထင်ဟပ်စေပါတယ်။

ချင်းပြည်သူလူထုရဲ့ လူမှုဘဝကို တကယ်မြှင့်တင်ပြီး ကူညီချင်စိတ်ရှိရင် CSOs အားလုံး လူမျိုး၊ ဒေသ ခွဲခြားစိတ်တွေ ဖယ်ထုတ်ပစ်ပြီး အားလုံးချိတ်ဆက်ပူးပေါင်းဆောင်ရွက်ဖို့ လိုလိမ့်မယ်။ ဒါမှ CSOs တွေအပေါ် ယုံ ကြည်မှုမြင်မား လာမှာပါ။ CSOs အားကောင်းမှ ချင်းအမျိုးသားတည်ဆောက်ရေးနဲ့ ချင်းပြည်တည်ဆောက်ရေး အားကောင်းလာမှာ ဖြစ်ပါတယ်။ အချင်းချင်းကြား ပဋိပက္ခနဲ့ပြဿနာကို CSOs အားနဲ့ ရင်ကြားစေ့ပေးနိုင်မှာ ဖြစ်ပါတယ်။ CSOs တွေကိုယ် တိုင် ဘက်လိုက်မှုကြီးမားနေရင် ချင်းလူ့အဖွဲ့အစည်းဟာ တစတစ ပျက်ဆီးလာမှာ မုချပါပဲ။ ဒါကို သတိထားပါ။ ဂရုစိုက်ပါ။ အလေးအနက်ထားသင့်တယ်။

ချင်းပြည်မှာ INGOs အဖွဲ့အစည်းတွေ ဝင်ရောက်လုပ် ကိုင်တာ မရှိသလောက်ရှားပါးတာ တွေ့ရပါတယ်။ ဝင်ရောက် လုပ်ကိုင်တဲ့ INGOs တွေကလဲ ကွက်ကြားမိုးအတိုင်းသာ ဆောင်ရွက်ကြတာ တွေ့ရပါတယ်။ သက် ဆိုင်ရာ မြို့နယ် အထင်ကရလူကြီးများရဲ့ ဦးစားပေးဒေသမှာသာ လုပ်ကိုင်ကြတာများပါတယ်။ လိုအပ်တဲ့နေရာမှာ လုပ်ငန်း ဆောင်ရွက် တာမျိုးမဟုတ်ပါဘူး။ ဒီလို ဘက်လိုက်တတ်တဲ့ ချင်းလူကြီးတွေကြောင့် ချင်းလူမျိုးများကြား အချင်းချင်း မကျေနပ် မှုကို မွေးဖွားပေးရာ ရောက်တာ တွေ့ရပါတယ်။ ချင်းပြည်သူတွေအနေနဲ့ ဘက်လိုက်တတ်တဲ့ ချင်းခေါင်းဆောင်တွေ မမွေးထုတ်ကြဖို့၊ နေရာမပေးကြဖို့ သတိပြုကြဖို့ လိုပါလိမ့်မယ်။

၂၁ ပြည်တွင်းတော်လှန်ရေးကာလရောက်လာတော့ ချင်းပြည်တော်လှန်ရေးအုပ်စု ၂ ခုကြားမှာ CSOs / INGO တွေလဲ ကွဲထွက်ကုန်တာ တွေ့ရမှာပါ။ ချင်းပြည်ကောင်စီ- CC ထိန်းချုပ်နယ်မြေမှာ ဆောင်ရွက်နေတဲ့ INGOs / CSOs တွေနဲ့ ချင်းညီနောင်- CB ထိန်းချုပ်နယ်မြေမှာ ဆောင်ရွက်နေတဲ့ INGO/CSOs တွေဆိုပြီး သီးသန့် ဖြစ်သွားကြသလို နှစ်ဖက် အုပ်စု ၂ ခုအနေနဲ့လဲ သူ့နယ်မြေ ကိုယ့်နယ်မြေ ကျော်လွန်ပြီးလဲ ဆောင်ရွက်ခွင့် ပိတ်ပင်ခံထားကြရတာ တွေ့ရပါတယ်။ ဒါဟာ ING Os/CSOs တွေရဲ့ ကျင့်ဝတ်ကို ချိုးဖောက်ရာ ရောက်ပါတယ်။ ဘက်လိုက်မှုကင်းရှင်းရမှာပါ။ နစ်နာတာက ပြည် သူလူထုသာဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်သူက ပြည်သူနစ်နာအောင် လုပ်သလဲဆိုတဲ့ မေးခွန်းမေးစရာ ဖြစ်လာပါတယ်။ အဖြေကတော့ နှစ်ဖက် တော်လှန်ရေးအုပ်စု ၂ ခုစလုံးက လုပ်ကြတာပါလို့သာ အဖြေထွက်ပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းများအနေနဲ့ ပြည်သူလူထုအတွက် ပညာရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာနဲ့ ဒေသဖွံ့ဖြိုး ရေးမဆောင်ရွက်နိုင်တဲ့အတွက် INGOs/CSOs တွေကို မိမိတို့ဒေသ၊ နယ်မြေမှာ လွတ်လပ်စွာ ဆောင် ရွက်နိုင်ခွင့်ပြုပေးရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုကို ကူညီချင်တဲ့ အဖွဲ့အစည်းတွေကို ပိတ်ပင်တားဆီးခြင်းဟာ အင်မတန်မှ မိုက်မဲရာကျပါတယ်။ မိမိတို့အဖွဲ့အ စည်းက ပြည်သူအတွက် လူမှုဘဝမြှင့်တင်ဆောင်ရွက်ဖို့ မတတ်နိုင်ပေမယ့် တတ်နိုင်တဲ့ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကို ဆောင်ရွက်ခွင့်ပြုခြင်းဖြင့် ပြည်သူလူထုကို ကူညီရာရောက်ကြောင်း သဘောပေါက်နားလည်နိုင်တဲ့ အသိတရားလေးတော့ ရှိသင့်ပါတယ်။

မစားရအမဲ သဲနဲ့ပက်ဆိုသလို ပိတ်ပင်တားဆီးနေခြင်းမျိုး လုံးဝ ရှောင် ရှားဖို့ လိုပါတယ်။ ခေါင်းဆောင်မှုအဆင့်အတန်းမြင့်မားဖို့ ကြိုးစားသင့်ပါတယ်။ အတွေးအခေါ်ရင့်သန်ကြီးထွားဖို့နဲ့ ခေါင်းဆောင်မှုသဘောထားကြီးမားဖို့ လေ့ကျင့်သင်ယူထားကြဖို့လဲ အထူးလိုအပ်ပါပြီ။ စိတ်သဘောထား သေးသိမ်ပြီး တံခါးပိတ်ဝါဒကျင့်သုံးနေခြင်းဟာ ပြည်သူလူထုကို ကူညီရာမရောက်ပဲ ဘေးသင့်စေရာ ရောက်ပါတယ်။ ပြည်သူ့လွတ်မြောက်ရေးဆိုတာ စစ်အာဏာရှင်တခုထဲမဟုတ်ပဲ ပြည်သူလူထုရဲ့ လူနေမှုဘဝနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း အေးချမ်းလွတ်ငြိမ်းခြင်း၊ လုံ ခြုံခြင်းအကုန် ပါဝင်ပါတယ်။

ချင်းပြည်သူလူထုတွေအနေနဲ့ တော်လှန်ရေးနဲ့ လွတ် မြောက်ရေးဆိုတာကို သဘောပေါက်ကြရပါလိမ့်မယ်။ စစ်အာဏာ ရှင်စနစ်ကနေ လွတ်မြောက်ဖို့သာမဟုတ်ပဲ တော်လှန်ရေးအဖွဲ့အစည်းများရဲ့ မတရားပိတ်ပင်တားဆီးမှု လက်ထဲကမှ မိမိတို့ လူမျိုးစုအချင်းချင်းကြားက တားဆီးပိတ်ပင်မှုတံခါးအားလုံးကို ရိုက်ချိုးကြဖို့ လို အပ်ပါတယ်။ CSOs/ INGOs/ NGOs တွေအနေနဲ့ ဘက်လိုက်မှုကင်းကင်း အတားအဆီးကင်းကင်း ဆောင်ရွက်နိုင်ဖို့၊ ပူးပေါင်းချိတ်ဆက်ဆောင်ရွက် နိုင်ဖို့ တော်လှန်ရေးအဖွဲ့အစည်းများရဲ့ အတ္တကြီးတဲ့ ပြောင်းဝကို ထိုးဖောက်ကြဖို့ လိုပါတယ်။ ပြည်သူနဲ့ CSOs /INGO/ NGOs များ တသားတည်းရပ်တည်ရင်ဆိုင်ကြဖို့ အချိန် တန်ပါပြီ။ ပြည်သူလူထုကို မျက်နှာမူပြီး စာနာထောက် ထားချင် တဲ့ တော်လှန်ရေးအဖွဲ့အစည်းများကတော့ အတားအဆီးနဲ့ ပိတ်ပင်တဲ့တံခါးတွေ ဖွင့်ပြီး ပူးပေါင်းဆောင်ရွက်လာကြပါ လိမ့်မယ်။ ပြည်သူကိုမစာနာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ပူးပေါင်းတိုက်ဖျက်ကြဖို့ အချိန်တန်ပြီ။

ချင်း CSOs/ NGOs နဲ့ INGOs တွေအနေနဲ့လဲ မိမိတို့ တာဝန်ယူဆောင်ရွက်ရမယ့် နယ်မြေဒေသရှိ သက်ဆိုင် ရာ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ စည်းကမ်းချက်၊ သတ်မှတ်ချက်၊ စံနှုန်းတွေကို လိုက်နာကြဖို့ လို အပ်ပါလိမ့်မယ်။ လက်ရှိအနေအထားအရ နိုင်ငံရေးအရ စည်းရုံးရေးဆင်းသလို ယူဆနေကြတဲ့အတွက် နှစ်ဖက်အုပ်စုအနေနဲ့ ပိတ်ပင်ထားကြခြင်းဖြစ်ကြောင်း သိရပါတယ်။ လူသားချင်စာနာမှုအကူအညီကို ဆောင်ရွက်ရာမှာ နိုင်ငံရေးဆွဲဆောင် စည်းရုံးဆွယ်တရားဟောခြင်းတွေ လုံးဝရှောင်ရှားဖို့ လိုအပ်ပါတယ်။ မိမိတို့ရဲ့ အဓိက ဦးတည်ချက်ဟာ နိုင်ငံရေး မဟုတ်ပဲ လူမှုအကူအညီသာဖြစ် ကြောင်း သဘောပေါက်ကြဖို့လိုပါတယ်။

မိမိတို့ရဲ့ စနက်ကြောင့် ပြည်သူလူထု အကူအညီမဲ့စေမယ့် အပြု အမူနဲ့၊ ပြည်လူလူထု ရရှိခံစားနိုင်မယ့် အခွင့်အရေး ဆုံးရှုံးစေမယ့် လုပ်ဆောင်မှုမျိုးကို လုံးဝ သတိထားရှောင်ရှားကြဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးအဖွဲ့အစည်းမဟုတ်ပဲ လူမှုအဖွဲ့အစည်းဖြစ်ကြောင်း အစဥ်သတိချပ် နိုင်မှသာ ပြည်သူလူထုဟာ သက်သာရာရရှိကြမှာကို မမေ့သင့်ပါ။ လိုက်လျောညီထွေပြီး ယုံကြည်မှုရှိတဲ့ နှစ်ဖက်အပြန် အလှန် အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်မှုမျိုး တည်ဆောက်တတ်ဖို့ လိုအပ်သလို သင်ယူသင့်ပါတယ်။

ပြည်သူလူထုရဲ့ အကြပ်အတည်းနဲ့ အခက်အခဲကို ကူညီပံ့ပိုးပေးမယ့် အရပ်ဖက်နဲ့ နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေကို ကူညီခွင့်တားမြစ်ပိတ်ပင်ခြင်းဟာ ပြည်သူကို မတရား နှိပ်စက်ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို တော်လှန်ရေး အဖွဲ့အစည်းတွေကို ပြည်သူ့အား၊ CSOs အား၊ NGOs နဲ့ INGOs အားနဲ့ ဆန့်ကျင်ကြရမှာသာ ဖြစ်ပါတယ်။ ဒီလို ဆန့်ကျင်နိုင်ဖို့အရေး ပြည်သူ၊ CSOs၊ NGOs တွေ ပူးပေါင်းလက်တွဲကြဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

ဒါမှသာ ချင်း လူ့ဘောင်၊ ချင်းပြည်သူလူမှုဘဝကို ကူညီကယ်ဆယ်ရာ ရောက်နိုင်ရုံသာမက ချင်းပြည်သူများမျှော်လင့်လိုအပ်နေတဲ့ ချင်းအမျိုးသားရင်ကြား စေ့ရေးအတွက် အင်အားတရပ်အဖြစ် ပြောင်းလဲအသုံး ချနိုင်မှာဖြစ်ကြောင်း အပြည့်အဝ ယုံကြည်ပါတယ်။

ဒါကြောင့် ၂၀၂၆ ခုနှစ်ကစပြီး ချင်းပြည်သူများအနေနဲ့ လူသားချင်းစာနာမှုအကူအညီများ တပြေးညီနဲ့ မျှတအောင် ရရှိခံစားနိုင်ကြဖို့ ပြည်သူ့အရေးသည် CSOs အရေး၊ CSOs အရေးသည် ပြည်သူ့အရေးလို့သာ ဆိုချင်ပါတော့တယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.