Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်မြို့က မင်္ဂလာဆောင်ပွဲ ဗုံးကြဲတိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုများရှိနေ

ကန်ပက်လက်မြို့က မင်္ဂလာဆောင်ပွဲ ဗုံးကြဲတိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုများရှိနေ

0
By Editor on October 24, 2025 Headline

(006SV)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့က မင်္ဂလာဆောင်ပွဲတစ်ခုကို စစ်ကော်မရှင်တပ်က ယနေ့မနက်ပိုင်းက ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားထိခိုက်သေဆုံးမှု များပြားကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ ၂၄ ရက် မနက်ပိုင်း ၉ နာရီ ၂၀ မီနစ်ခန့်တွင် ကန်ပက်လက်မြို့အနီးက မင်္ဂလာဆောင်တစ်ခုကို စစ်တပ်က လေကြာင်းတိုက်ခိုက်မှု ပြုလုပ်ရာ ပထမတစ်ကြိမ်မှာ ဗုံး ၁ လုံး၊ ဒုတိယအကြိမ်မှာ ဗုံး ၂ လုံးဖြင် တိုက်ခိုက် သည်ဟု ဒေသခံသတင်း ရင်းမြစ်များက ပြောသည်။

“ဗုံးကြဲခံရတာက မင်္ဂလာဆောင်နေရာပါ။ အထိအခိုက်များတယ်လို့ ကြားရပါတယ်။ ကန်ပက်လက်မြို့ အနောက်ဘက်က မြို့အနီးအနားကို ကြဲသွားတာပါ။ သူတို့က မင်္ဂလာဆောင် ဖိတ်စာတွေကို အသိတွေကိုလည်း ဝေငှာတာ ဆိုးသွားတယ်။ အဲဒီကို တိုက်ခိုက်တာပါ” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ မင်္ဂလာဆောင်သည် CDF – ကန်ပက်လက် စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်း၏ မင်္ဂလာဆောင်ဖြစ်ကြောင်း ဒေသခံက အတည်ပြုပြီး ထိခိုက်သေဆုံးမှု များကြောင်း သိရသော်လည်း အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ပြောသည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် NLD လွှတ်တော်အမတ်ဟောင်း ဦးစံခင်၏ သား ဦးခင်မာင်ရင်အပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၄ ဦး သေဆုံးကြောင်း ချင်းသတင်းဌာန VOC က ရေးသားသည်။

ထိခိုက်ဒဏ်ရာ ရရှိသူလည်း ၁၅ ဦးထက်မနည်း ရှိနေပြီး ၅ ဦးမှာ ဒဏ်ရာ ပြင်းထန်းကြောင်း သိရသည်။

ယနေ့တွင် ကန်ပက်လက်မှာ လေကြောင်းတိုက်ခိုက်ခံရသည်ဟု CDF ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက အတည်ပြုဖြေ ကြားထားပြီး နောက်ဆက်တွဲအခြေအနေနှင့်ပတ်သက် ထပ်မံမေးမြန်းနေဆဲဖြစ်သည်။

အောက်တိုဘာလအတွင်း မင်းတပ်၊ မတူပီ၊ ဟားခါး၊ တွန်းဇန်မြို့နယ်တိုမှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကလေးငယ်အပါအဝင် ဒေသခံများ ထိခိုက်သေဆုံးမှုများ ရှိနေပြီး အရပ်သားနေအိမ်များနှင့် အဆောက်အဦးများလည်း ပျက်စီးကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တစ်လဝန်းကျင်ကြာ သိုင်းငင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် Ruan ကျေးရွာက နေအိမ် ၄ လုံး ထပ်မံပျက်စီး

တီးတိန်မြို့အဝင်က စစ်ကော်မရှင်စခန်းတစ်ခုကို ချင်းညီနောင် တိုက်ခိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.