(005MK)
ကမ္ဘာလုံးဆိုင်ရာ ချင်းအဖွဲ့အစည်း (Global Chin(Falam) Organization) သည် မီဇိုရမ်ပြည်နယ်အတွင်းရှိ ဩဇာကြီးသောအရပ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ စစ်ဘေးရှောင်များအရေး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
အမေရိကန်၊ ဆွစ်ဇာလန်နှင့် စင်ကာပူနိုင်ငံတို့မှ လာကြသော (Global Chin(Falam) Organization) အဖွဲ့အစည်းက ခေါင်းဆောင်များသည် ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းမှာ ဗဟိုမီဇိုးလူငယ်အသင်း(CYMA ) ခေါင်းဆောင်များနှင့် တွေ့ဆုံ ခဲ့ကြပြီး စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ရေးအတွက် ရူပီးငွေ ၂ သိန်းပေးအပ်ခဲ့ကြသည်ဟု သိရသည်။
အဆိုပါတွေ့ဆုံတွေမှုတွင် CYMA အထွေအထွေအတွင်းရေးမှူး Prof. Malsawmliana ၊ ဘဏ္ဍာရေး အတွင်းရေးမှူး MS Ralte ၊CYMA ဥက္ကဌဟောင်း R.Lalngeta နှင့် CEC အဖွဲ့ဝင်တချို့တို့ပါဝင်ကြသည်။
နှစ်ဖက်တွေ့ဆုံမှုမှာ ယခုလက်ရှိ မီဇိုရမ်အတွင်း ခိုလုံနေကြသောစစ်ဘေးရှောင်များ၏ အခြေအနေများ၊ နယ်စပ်က တဆင့် မီဇိုရမ်ထဲ မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းမှုတိုက်ဖျက်ရေးနှင့် စည်းလုံးညီညွတ်မှုတည် ဆောက်ရေး အကြောင်း အရာများဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
အလားတူ (Global Chin(Falam) Organization) အဖွဲ့သည် မီဇိုးကျောင်းသားသမဂ္ဂ (MZP) ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြပြီး စစ်ဘေးရှောင်များကူညီထောက်ပံ့ရေးအခြေအနေများဆွေးနွေးခဲ့ကြသည်ဟုသိရသည်။
အမေရိကန်အခြေစိုက် ချင်းနှစ်ခြင်းအသင်းတော် CBANA ကလည်း မီဇိုရမ်ပြည်နယ် အတွင်းရှိစစ်ဘေးရှောင်များအား မီဇိုရမ်ပြည်နယ်အစိုးရက ကောင်းမွန်စွာစောင့်ရှောက်ပေးသည့်အပေါ် ကျေးဇူးတင်သည့်အနေဖြင့် ဧပြီ ၂၀ ရက်နေ့က မီဇိုရမ်ပညာရေး ဝန်ကြီး ဒေါက်တာ Dr.Vanlalthlana ထံ ရူပီး ၈ သိန်း ၅ သောင်းပေးအပ်ခဲ့ကြသည်။