Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကမ္ဘာလုံးဆိုင်ရာ ချင်းအဖွဲ့အစည်းက မီဇိုရမ်အရပ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံ၊ စစ်ဘေးရှောင်များအရေးဆွေးနွေး

ကမ္ဘာလုံးဆိုင်ရာ ချင်းအဖွဲ့အစည်းက မီဇိုရမ်အရပ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံ၊ စစ်ဘေးရှောင်များအရေးဆွေးနွေး

0
By Editor on April 23, 2024 Khonumthung

(005MK)

ကမ္ဘာလုံးဆိုင်ရာ ချင်းအဖွဲ့အစည်း (Global Chin(Falam) Organization) သည် မီဇိုရမ်ပြည်နယ်အတွင်းရှိ ဩဇာကြီးသောအရပ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ စစ်ဘေးရှောင်များအရေး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အမေရိကန်၊ ဆွစ်ဇာလန်နှင့် စင်ကာပူနိုင်ငံတို့မှ လာကြသော (Global Chin(Falam) Organization) အဖွဲ့အစည်းက ခေါင်းဆောင်များသည် ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းမှာ ဗဟိုမီဇိုးလူငယ်အသင်း(CYMA ) ခေါင်းဆောင်များနှင့် တွေ့ဆုံ ခဲ့ကြပြီး စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ရေးအတွက် ရူပီးငွေ ၂ သိန်းပေးအပ်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါတွေ့ဆုံတွေမှုတွင် CYMA အထွေအထွေအတွင်းရေးမှူး Prof. Malsawmliana ၊ ဘဏ္ဍာရေး အတွင်းရေးမှူး MS Ralte ၊CYMA ဥက္ကဌဟောင်း R.Lalngeta နှင့် CEC အဖွဲ့ဝင်တချို့တို့ပါဝင်ကြသည်။

နှစ်ဖက်တွေ့ဆုံမှုမှာ ယခုလက်ရှိ မီဇိုရမ်အတွင်း ခိုလုံနေကြသောစစ်ဘေးရှောင်များ၏ အခြေအနေများ၊ နယ်စပ်က တဆင့် မီဇိုရမ်ထဲ မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းမှုတိုက်ဖျက်ရေးနှင့် စည်းလုံးညီညွတ်မှုတည် ဆောက်ရေး အကြောင်း အရာများဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အလားတူ (Global Chin(Falam) Organization) အဖွဲ့သည် မီဇိုးကျောင်းသားသမဂ္ဂ (MZP) ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြပြီး စစ်ဘေးရှောင်များကူညီထောက်ပံ့ရေးအခြေအနေများဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

အမေရိကန်အခြေစိုက် ချင်းနှစ်ခြင်းအသင်းတော် CBANA ကလည်း မီဇိုရမ်ပြည်နယ် အတွင်းရှိစစ်ဘေးရှောင်များအား မီဇိုရမ်ပြည်နယ်အစိုးရက ကောင်းမွန်စွာစောင့်ရှောက်ပေးသည့်အပေါ် ကျေးဇူးတင်သည့်အနေဖြင့် ဧပြီ ၂၀ ရက်နေ့က မီဇိုရမ်ပညာရေး ဝန်ကြီး ဒေါက်တာ Dr.Vanlalthlana ထံ ရူပီး ၈ သိန်း ၅ သောင်းပေးအပ်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.