• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ချင်းအမျိူးသမီးငယ်တစ်ဦး သေဆုံး

ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ချင်းအမျိူးသမီးငယ်တစ်ဦး သေဆုံး

0
By Editor on June 25, 2021 Headline

ကလေးမြို့ တောင်ဖီလာရပ်ကွက် နယ်မြေ ၉ တွင် ယမန်နေ့ည ၉ နာရီဝန်းကျင့်ခန့်က စစ်ကောင်စီက ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာထိမှန်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည့် အသက် ၁၉ နှစ်အရွယ် ချင်းအမျိူးသမီးငယ်သည် သေဆုံးသွားခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဇောလ်နူးရွာမှ မ Nuam Za Thiang သည် မိခင်ရှိရာကလေးမြို့သို့ သူငယ်ချင်းဖြစ်သူ Ngun Nei Piang နှင့်အတူ ဆိုင်ကယ်ဖြင့်လာရောက်သည့်အချိန် ဇွန်လ ၂၃ ရက် ည ၉ နာရီခန့်တွင် တောင်ဖီလာရပ်ကွက် ဝန်ထမ်းအိမ်ယာအနီးတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြောင့် နှစ်ယောက်စလုံး ကျည်ဆံထိမှန်ကာ Salai Ngun Nei Piang မှာ ထိုနေရာတွင်သေဆုံးကာ မ Nuam Za Thiang သည် ပေါင်တွင်ကျည်ဆံထိမှန်ကာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

နောက်နေ့မနက် ဇွန်လ ၂၄ ရက်နေ့တွင် Salai Ngun Nei Piang ၏ ရုပ်အလောင်းကို တောင်ဖီလာရပ်ကွက် နယ်မြေ ၉ တွင် ဒေသခံပြည်သူများက တွေ့ရှိခဲ့ကြသည်။

ပေါင်တွင်ကျည်ဆံထိမှန်သည့် မ Nuam Za Thiang သည်လည်း ဇွန်လ ၂၄ ရက် ၁၀ နာရီခွဲဝန်းကျင်ခန့်တွင် သေဆုံးသွားပြီဟု မိသားစုဝင်များထံ ကလေးမြို့ ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ) တပ်ဆေးရုံကနေ အကြောင်းကြားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီက မ Naum Za Thiang သည် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသွားသည်ဟု မိသားစုဝင်များထံ အကြောင်းကြားလိမ်လည်ခဲ့ပြီး မိသားစုဝင်များကလည်း ဘုရားကျောင်းနိဗ္ဗာန်ယာဉ် အကူအညီတောင်းကာ ကိုဗစ်ရောဂါပုံစံဖြင့် ယနေ့သဂြိုလ်ခဲ့ရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.