Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်တွင် ULA/AA ၏ ခွင့်ပြုချက်မရဘဲ တောင်ယာပင်သွားခွင့်မရှိ

ပလက်ဝမြို့နယ်တွင် ULA/AA ၏ ခွင့်ပြုချက်မရဘဲ တောင်ယာပင်သွားခွင့်မရှိ

0
By Editor on October 18, 2024 Headline

(004SS)

ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် ULA/ AA ၏ ခွင့်ပြုချက်မပါဘဲ ဒေသခံပြည်သူများသည် တောင်ယာပင် သွားခွင့်မရှိကြောင်း ဒေသခံများကပြောသည်။

ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားသော အာရက္ခတပ်တော် AA သည် မြို့ပေါ်နှင့် ကျေးရွာအဝင်များတွင် စစ်ဆေးရေးဂိတ်များထားရှိကာ ဒေသခံများခရီးသွားရာတွင်သာမက တောင်ယာသွားရာတွင်ပင် ၎င်းတို့ထံ မှတ်ပုံတင်ပြ၊ အစစ်အဆေးခံနေရသည်ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။

“အပြင်ကိုလုံးဝမထွက်ခိုင်းတာတော့မဟုတ်ဘူး ဒါပေမဲ့သူတို့ဆီမှာအကြောင်းကြားရတယ်။ ခရီးထွက်ချင်ရင် သူတို့ဆီမှာ သတင်းပို့ရတယ်၊ ပြန်ရောက်တဲ့အချိန်မှာလဲ သူတို့ဆီမှာသတင်းပို့ရတယ်၊ အဲလိုသူတို့ပြောထားတာရှိတယ်။ ကျွန်တော်တို့ တောင်ယာ ခုတ်ရတာဆိုတော့‌ တောင်ယာသွားချင်ရင်လဲ သူတို့ဆီအကြောင်းကြားရတယ်။ မနက်ပိုင်းသွား ညနေပိုင်းရွာကို ပြန်ရောက်ရမယ်ဆိုပြီးသူတို့ကပြောထားတာ၊ ဒါပေမဲ့ ကျွန်တော်တို့က ၃ မိုင် ၄ မိုင်မှာ တောင်ယာလုပ်တာဆိုတော့ ညလဲ အိပ်ချင်တာပေါ့ ညအိပ်လို့လဲ မရဘူး။ အကြောင်းကြားပြီးမှ ရွာကိုပြန်ရတာ၊ ဒီလိုတော့ သိပ်အခက်အခဲရှိပါတယ်” ဟု ပလက်ဝမြို့နယ်က အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးကပြောသည်။

ပလက်ဝဒေသခံများသည် တောင်ယာစပါးရိတ်ချိန်တန်ပြီဖြစ်သော်လည်း တောင်ယာတွင် ညအိပ်ခွင့်မရသည့်အတွက် အခက်ကြုံနေရသည်ဟု သိရသည်။

ခရီးသွားရာတွင်လည်း ရွာအထွက်က စစ်ဆေးရေးဂိတ်အပါအဝင် လမ်းတစ်လျှောက်ရှိ AA စစ်ဆေးရေးဂိတ်များတွင် အစစ်အဆေးခံရပြီး စစ်ဆေးပြီးကြောင်း လက်မှတ်ထုတ်ပေးခြင်းမရှိသောကြောင့် ရှိသမျှဂိတ်များတွင် ထပ်ခါထပ်ခါ စစ်ဆေးခံနေရသည်ဟု သိရသည်။

“ကျွန်တော်တို့ ပလက်ဝမြို့နယ်ကနေ ဆမီးဘက်သွားတဲ့လမ်းမှာ AA ဂိတ် ၆ ခုလောက်ရှိတယ်။ ဂိတ်ရောက်တိုင်းသူတို့ စစ်ဆေးတယ်။ မှတ်ပုံတင်ပြရတယ်။ ဘယ်သွားမလဲ။ ဘယ်ရက်ပြန်မလဲ၊ ဘယ်လောက်ကြာမလဲမေးတယ်။ နောက် ရွာနာမည်တွေမေးတယ်။ အဝတ်ထုပ်တွေကို ဖြည်ပြီးကြည့်တယ်၊ ဒါပေမဲ့ဘာမှမပါရင်တော့ သူတို့ ပြန်လွှတ်ပါတယ်” ဟု ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

ULA/AA တပ်ဖွဲ့များအနေဖြင့် ပလက်ဝမြို့နယ်အတွင်း ကုန်းလမ်း၊ရေလမ်းဖြင့် ခရီးသွားလာခွင့် တရားဝင် ပိတ်ပင်ထားခြင်းမရှိသော်လည်း ရံဖန်ရံခါ အခြေအနေအရ တစ်ရက်၊ နှစ်ရက်စသည်ဖြင့် ပိတ်ထားသည့်အချိန်များလည်းရှိသည်ဟု သိရသည်။

ပလက်ဝမြို့နယ်မှ ပြင်ပသို့ ခရီးထွက်လိုပါက ရပ်ရွာ၊ အမည်၊ အုပ်ချုပ်ရေးမှူးအမည်၊ ကျောင်းဆရာများအမည်၊ အသင်းတော်အမည်စသည်ဖြင့် ကိုယ်ရေးနှင့် ကျေးရွာဆိုင်ရာအချက်အလက်များကို ကြိုတင်သိထားရန်လိုအပ်သည်ဟု ခရီးသွား ပြည်သူများကပြောသည်။

ပလက်ဝမြို့နယ်ရှိ ULA/ AA တပ်ဖွဲ့ဝင်များက စစ်ဆေးရေးဂိတ်တွင် တရားဝင် ငွေကြေးတောင်းခံခြင်းမရှိသော်လည်း အချို့ဂိတ်များတွင် ခရီးသည်များပါလာသည့် ငွေများကို သိမ်းယူပြီး ခရီးစရိတ်လောက်သာ ပြန်ပေးသည့်အ‌ဖြစ်မျိုး ကြုံရသူများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ULA/ AA တပ်ဖွဲ့ဝင်များသည် ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လက်နက်ကိုင်ကာ လှည့်လည်ခြင်း များပြုလုပ်လေ့ရှိပြီး CDF, CNA နှင့် ဆက်သွယ်သည်ဟု စွပ်ဆွဲချက်ဖြင့် ဒေသခံများကို ဖမ်းဆီးမှုများလည်း ပြုလုပ်လေ့ရှိသည်။

ဒေသခံများပိုင်ဆိုင်သော အိမ်မွေးတိရိစ္ဆာန်များကို တန်ရာတန်ကြေးအပြည့်မပေးဘဲ တောင်းယူခြင်း၊ ဒေသခံများကို ခြိမ်းခြောက်ပြောဆိုခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

“AA က တခါတလေ ပြည်သူရဲ့ ဆိတ်တို့ ဝက်တို့ကို ပိုက်ဆံနဲ့လာတောင်းတာတွေရှိတယ်။ ဒါပေမဲ့ တန်ရာတန်ကြေး‌တော့မပေးဘူး။ ဉပမာ ၂ သိန်းတန်ကို ၁ သိန်းခွဲပဲ ပေးတာတို့၊ ကြက်ဆိုရင်လဲ ၁ သောင်းတန်ကို ၅၀၀၀ ပဲပေးတာတို့ရှိတယ်၊ သူတို့ကတော့ ကျေနပ်လားလို့ မေးသေးတယ်၊ မကျေနပ်ရင်လဲဗျာ ကျွန်တော်တို့မှာ ပေးလိုက်ရတာပေါ့။ ရွာသားတွေကို အမြဲတမ်းပြောတာ ရွာမီးရှုပစ်လိုက်မယ်။ ခင်ဗျားတို့ အရင်က ဖမ်းတဲ့လူအကြောင်းမသိဘူးလား၊ သူတို့သတင်းမကြားဘူးလား၊ ကျွန်တော်တို့လာဖမ်းရင် ခင်ဗျားတို့ လွယ်မယ်ထင်လား။ အဲလိုမျိုး သူတို့ ချိမ်းခြောက်နေတာ။ ပြည်သူတွေက ကျွန်တော်တို့ရွာက ဘယ်လိုဖြစ်မလဲ၊ ဘယ်သူကယ်မလဲ၊ ဘယ်ကိုသွားရမလဲဆိုပြီး အရမ်းစိုးရိမ်ကြတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ မပြောနိုင်ဘူးပေါ့။ ကျွန်တော်တို့ဆီမှာ ဖုန်းလိုင်းလဲမရဘူး၊ မီဒီယာတွေလဲမလာဘူး။ သူတို့ ပြည်သူတွေ ကိုအနိုင်ကျင့်တာက သတင်းမီဒီယာမရှိတဲ့ အချက်လဲပါတယ်။ ဖုန်းလိုင်းလဲမရဘူး၊ လိုင်းထိုင်လို့လဲမရဘူးဆိုတော့ မီဒီယာလဲမရောက်ဘူးဆိုတော့ သူတို့လိုချင်သလိုလုပ်တာပေါ့” ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် AA က ယခုနှစ်ဇန်နဝါရီလက သိမ်းပိုက်ခဲ့ပြီးနောက် အုပ်ချုပ်ရေးလုပ်ငန်များလည်း ဖော်ဆောင်လျှက်ရှိသည်။

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီကင်းစင်ပြီဖြစ်သော်လည်း AA တပ်ဖွဲ့၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ ခြိမ်းခြောက်ဖမ်းဆီးမှုများကြောင့် ပလက်ဝဒေသခံချင်းပြည်သူများသည် ယနေ့ချိန်ထိ မိမိတို့ဒေသကို စွန့်ခွါ၍ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.