Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်
Photo - သေဆုံးသူ ကိုလင်းလင်းနိုင်

ကလေးမြို့တွင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

0
By Editor on August 16, 2022 Khonumthung

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းအနီးတွင် ဩဂုတ်လ ၈ ရက် ညပိုင်းက အမျိုးသား ၂ ဦး ဆိုင်ကယ်ဖြင့်သွားလာစဉ် စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အသက် ၂၁ နှစ်အရွယ် ကိုလင်းလင်းနိုင် သေဆုံးခဲ့သည်ဟု သိရသည်။

ကိုလင်းလင်းနိုင် (ခ) ကိုငယ်လေးသည် ယင်းနေ့ ည ၇ နာရီအကျော်အချိန်ခန့်က သူငယ်ချင်းအချို့နှင့် ၎င်း၏ ဆွေမျိုးနေအိမ်သို့ ညအိပ်ရန်သွားရောက်စဉ် ကလေးမြို့၊ အ.ထ.က (၈) ကျောင်းအနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု Voice of Kalay ကဖော်ပြသည်။

အဆိုပါကျောင်းဝန်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်က ၎င်းတို့မောင်းနှင်လာသည့် ဆိုင်ကယ်မီးအား မြင်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းနေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

ကိုလင်းလင်းနိုင်သည် ကလေးမြို့တွင် ဆံသပညာကို ၄ နှစ်ခန့် သင်ယူခဲ့ပြီးနောက် ရန်ကုန်မြို့၌ သင်တန်းထပ်မံတက်ရောက်ကာ ကလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ၅ ရက်ခန့်အကြာတွင် ယခုလို စစ်ကောင်စီတပ်၏ ပစ်ခတ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။

၎င်းသည် ကလေးမြို့တွင် ကိုယ်ပိုင်ဆံသဆိုင်ဖွင့်လှစ်နိုင်ရန် ကြိုးစားနေသူဖြစ်ပြီး ဆိုင်ခန်းငှားရမ်းခြင်းနှင့် လိုအပ်သည့်ပစ္စည်းများလည်း ဝယ်ယူပြီးအခြေအနေတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု Voice of Kalay တွင် ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.