Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်
Photo - သေဆုံးသူ ကိုလင်းလင်းနိုင်

ကလေးမြို့တွင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

0
By Editor on August 16, 2022 Khonumthung

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းအနီးတွင် ဩဂုတ်လ ၈ ရက် ညပိုင်းက အမျိုးသား ၂ ဦး ဆိုင်ကယ်ဖြင့်သွားလာစဉ် စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အသက် ၂၁ နှစ်အရွယ် ကိုလင်းလင်းနိုင် သေဆုံးခဲ့သည်ဟု သိရသည်။

ကိုလင်းလင်းနိုင် (ခ) ကိုငယ်လေးသည် ယင်းနေ့ ည ၇ နာရီအကျော်အချိန်ခန့်က သူငယ်ချင်းအချို့နှင့် ၎င်း၏ ဆွေမျိုးနေအိမ်သို့ ညအိပ်ရန်သွားရောက်စဉ် ကလေးမြို့၊ အ.ထ.က (၈) ကျောင်းအနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု Voice of Kalay ကဖော်ပြသည်။

အဆိုပါကျောင်းဝန်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်က ၎င်းတို့မောင်းနှင်လာသည့် ဆိုင်ကယ်မီးအား မြင်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းနေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

ကိုလင်းလင်းနိုင်သည် ကလေးမြို့တွင် ဆံသပညာကို ၄ နှစ်ခန့် သင်ယူခဲ့ပြီးနောက် ရန်ကုန်မြို့၌ သင်တန်းထပ်မံတက်ရောက်ကာ ကလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ၅ ရက်ခန့်အကြာတွင် ယခုလို စစ်ကောင်စီတပ်၏ ပစ်ခတ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။

၎င်းသည် ကလေးမြို့တွင် ကိုယ်ပိုင်ဆံသဆိုင်ဖွင့်လှစ်နိုင်ရန် ကြိုးစားနေသူဖြစ်ပြီး ဆိုင်ခန်းငှားရမ်းခြင်းနှင့် လိုအပ်သည့်ပစ္စည်းများလည်း ဝယ်ယူပြီးအခြေအနေတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု Voice of Kalay တွင် ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.