Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့မှာ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး လူငယ်တွေ ဖမ်းဆီးခံရမှု ပိုများလာ

ကလေးမြို့မှာ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး လူငယ်တွေ ဖမ်းဆီးခံရမှု ပိုများလာ

0
By Editor on December 16, 2024 Headline

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး လူငယ်များ ဖမ်းဆီးခံရမှု ပိုမိုများလာသည့်အတွက် ပြည်သူများ စိုးရိမ်နေကြသည်ဟု သိရသည်။

ယခု ဒီဇင်ဘာလထဲတွင် စစ်ကောင်စီတပ်ဖွဲ့က ယခင်က ဖမ်းဆီးမှုများပိုလုပ်လာနေပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း အလုပ်ကပြန်လာသည့် အသက် (၁၈) နှစ်အရွယ် လူငယ်အမျိုးသားနှစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

“သူက တောင်ဇလပ်ရပ်ကွက်မှာနေတာ လူငယ်လေးပဲရှိသေးတယ် အလုပ်ဆင်းပြီး အိမ်ပြန်လာတဲ့အချိန် ဖမ်းခံရတာ နှစ်ယောက် သူ့သူငယ်ချင်းကတော့ ဖမ်းခံရတဲ့ နောက်နေ့မှာပဲ သူ့မိသားစုက သိန်း (၂၀) နဲ့ ပြန်ရွေးတာရတယ်၊ သူကျတော့ ပိုက်ဆံနည်းနည်းအခက်အခဲဖြစ်တော့ ဒီအပတ်ထဲသွားတော့ ရွေးလို့မရတော့။ သင်တန်းပို့လိုက်ပြီ အဲ့လိုပဲဖြေခဲ့တယ်။ သူ့အတွက် ဆုတောင်းရုံပဲရှိတော့တယ်” ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

ပြီးခဲ့သည့်လများတွင် ဖမ်းဆီးခံရသူများသည် ကျပ်သိန်း (၂၀) မှ (၅၀) အထိ ငွေကြေးပေးဆောင်ကာ ပြန်လည်ရွေးယူ၍ရသော်လည်း ယခုနောက်ပိုင်းတွင် စစ်မူထမ်းသင်တန်း တက်ရောက်ရန်အတွက် လေ့ကျင့်ရေးသင်တန်းကျောင်းကို တန်းပို့လေ့ရှိပြီး ပြန်ရွေးရန် အခက်အခဲရှိလာပြီဟု သိရသည်။

ထိုသို့ ကလေးမြို့ပေါ်တွင် လူငယ်များအား ဖမ်းဆီးခံရမှုများပြားလာခြင်းကြောင့် ကလေးမြို့ပေါ်ရှိ လူငယ်ရှိသည့် မိဘများအကြား နေ့စဉ်စိုးရိမ်မှုမြင့်တက်နေရကြောင်း မိခင်တဦးက ပြောသည်။

“အိမ်က သားတွေက အသက်က (၁၂) နှစ်အရွယ်ရှိပေမယ့် လူကောင် ဖွံ့ဖြိုးတော့ လူလတ်ပိုင်းတွေလို့ ထင်ခံနေရတာ ဒီလထဲမှာ ပိုပြီး စကစတွေက ဖမ်းဆီးတာတွေ လုပ်လာတာကြားရတယ်၊ ကလေးတွေအတွက် အတော်လေး စိတ်ပူနေရတယ်၊ ရွေ့ပြောင်းရအောင်လည်း ငွေကြေးမတတ်နိုင်ဘူး၊ အတတ်နိုင်ဆုံးတော့ အသွားအလာဂရုစိုက်ဖို့နဲ့ ဖြစ်နိုင်ရင် အိမ်မှာနေဖို့ပဲ မှာနေရတယ်” ဟု ဆယ်ကျော်သက်အရွယ်ရှိသည့် မိခင်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် စစ်မှုထမ်းအပတ်စဉ် (၈) အတွက် ကလေးမြို့ပေါ်နှင့် ကလေးမြို့အနီးအနားရှိကျေးရွာတို့က လူငယ်များကို ဖမ်းဆီးနေခြင်းဖြစ်ပြီး ယခုဒီဇင်ဘာလအတွင်း ကျောင်းတက်နေသော ကျောင်းသားတချို့အပါအဝင် အနည်းဆုံး လူငယ် (၁၀) ဦးထက်မနည်း ဖမ်းဆီးခံရပြီဟု သိရသည်။

ဖမ်းဆီးခံရသူများကို ကလေးမြို့ စခန်းကြီးကျေးရွာအနီးက အမှတ် (၁၀) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းကို စစ်မှုထမ်းသင်တန်းတက်ရန် ပို့လေ့ရှိသည်ဟုသိရသည်။

လက်ရှိ ကလေးမြို့ပေါ်တွင် စစ်ကောာင်စီက လိုင်စင်မရှိသည့် ဆိုက်တွဲဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးမှုများနှင့် နေ့စဉ် မြို့တွင်း ကင်းပတ်လှည့်လည်မှုများလည်း ပြုလုပ်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

မူးယစ်ဆေးဝါးကြောင့် ဖမ်းခံရသူ ၄ ဦးနှင့် မိသားစုဝင်များကို မီဇိုးလူငယ်အသင်း YMA က မြန်မာပြည်ပြန်ရန် နှင်ထုတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.