• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့ တာဟန်းပင်မသပိတ်ခံတပ်ဖြိုခွင်းမှု ပြည်သူ ၁၈ ဦးဖမ်းဆီးခံရ

ကလေးမြို့ တာဟန်းပင်မသပိတ်ခံတပ်ဖြိုခွင်းမှု ပြည်သူ ၁၈ ဦးဖမ်းဆီးခံရ

0
By Editor on April 10, 2021 Khonumthung
ကလေးမြို့အနောက်ဘက် တာဟန်းပင်မသပိတ်ခံတပ်ကို ဧပြီလ (၇) ရက်နေ့နံနက် ၅ နာရီခန့်က အာဏာသိမ်း စစ်ကောင်စီက လက်နက်ကြီး၊ ဗုံးများဖြင့် စစ်မြေပြင်ကဲ့သို့အကြမ်းဖက်ဖြိုခွင်းခဲ့မှုတွင် ပြည်သူ ၁၈ ဦး ဖမ်းဆီးခံခဲ့ရ သည်ဟု သိရသည်။ 
ကလေးမြို့ တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်း တောင်ဇလပ်ရပ်ကွက်ကျန်စစ်သားလမ်းပေါ်ရှိ ခံတပ်များကိုဖြိုခွင်းမှုဖြစ်စဉ်တွင် အမျိူးသား ၁၈ ဦးနှင့်အတူ 12 bore ကျည်ဖြင့် ပစ်ခတ်ရသော လုပ်သေနတ် ၄ လက်၊ လက်လုပ်သေနတ် ၁၁ လက်၊ ဂက်စ်သေနတ် ၁၂ လက်၊ တူမီးသေနတ်၄ လက်၊ လက်လုပ်ဗုံး ၅ လုံး၊ လက်လုပ်မိုင်း ၈ လုံး၊ 12 bore ကျည် ၄၁ ထောင့်၊ မီးပုလင်း ၈ လုံး၊ ဝါယာကြိုး ၈ ခွေ၊ ဘထ္ထရီ ၁ လုံး၊ သတ္တုဒိုင်း ၄ ခုတို့ဖမ်းဆီးထိန်းသိမ်းရမိကြောင်း စစ်ကောင်စီ သတင်းဌာနမြ၀တီက သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ တာဟန်းခံတပ်ဖြိုခွင်းမှုဖြစ်စဉ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၀င်များလည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူထားသည်ဟု မြ၀တီသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တာဟန်းပင်မသပိတ်ခံတပ်ကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၀င်များက စစ်မြေပြင်ကဲ့သို့ အကြမ်းဖက်ဖြိုခွင်းခဲ့မှုကြောင့် ဧပြီလ ၇ ရက်နေ့က ပြည်သူ ၁၂ ဦးကျဆုံးခဲ့ရပြီး၊ ကလေးမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၀င်များ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၂၉ ဦးထိ ကျဆုံးမှုရှိခဲ့ပြီဖြစ်သည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကြားကာလ ချင်းပြည်အစိုးရ ဖွဲ့စည်းရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော Chinland Council ဖွဲ့စည်းနိုင်ရေးကို အပြည့်အဝထောက်ခံကြောင်း HPO/CDF-Hualngoram ထုတ်ပြန်

တောထဲကို စစ်ဘေးရှောင်သော ခမ်းပတ်မြို့ဒေသခံ ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီး

“နှုံးဘူး” ဗျူဟာကုန်း အပြီးသိမ်းပိုက်နိုင်ရေး AA က အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်နေပြီ ယနေ့ တိုက်ပွဲများ ပြင်းထန်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 6, 2023

တောင်ဇလပ်မြေပေါ်က စစ်အာဏာရှင်ကို တွန်းလှန်နေကြသော ရဲမေများ………

December 5, 2023

“မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး၊  အဲ့ဒါကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်းဖြစ်တယ်”

November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.