Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့ တာဟန်းပင်မသပိတ်ခံတပ်ဖြိုခွင်းမှု ပြည်သူ ၁၈ ဦးဖမ်းဆီးခံရ

ကလေးမြို့ တာဟန်းပင်မသပိတ်ခံတပ်ဖြိုခွင်းမှု ပြည်သူ ၁၈ ဦးဖမ်းဆီးခံရ

0
By Editor on April 10, 2021 Khonumthung
ကလေးမြို့အနောက်ဘက် တာဟန်းပင်မသပိတ်ခံတပ်ကို ဧပြီလ (၇) ရက်နေ့နံနက် ၅ နာရီခန့်က အာဏာသိမ်း စစ်ကောင်စီက လက်နက်ကြီး၊ ဗုံးများဖြင့် စစ်မြေပြင်ကဲ့သို့အကြမ်းဖက်ဖြိုခွင်းခဲ့မှုတွင် ပြည်သူ ၁၈ ဦး ဖမ်းဆီးခံခဲ့ရ သည်ဟု သိရသည်။ 
ကလေးမြို့ တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်း တောင်ဇလပ်ရပ်ကွက်ကျန်စစ်သားလမ်းပေါ်ရှိ ခံတပ်များကိုဖြိုခွင်းမှုဖြစ်စဉ်တွင် အမျိူးသား ၁၈ ဦးနှင့်အတူ 12 bore ကျည်ဖြင့် ပစ်ခတ်ရသော လုပ်သေနတ် ၄ လက်၊ လက်လုပ်သေနတ် ၁၁ လက်၊ ဂက်စ်သေနတ် ၁၂ လက်၊ တူမီးသေနတ်၄ လက်၊ လက်လုပ်ဗုံး ၅ လုံး၊ လက်လုပ်မိုင်း ၈ လုံး၊ 12 bore ကျည် ၄၁ ထောင့်၊ မီးပုလင်း ၈ လုံး၊ ဝါယာကြိုး ၈ ခွေ၊ ဘထ္ထရီ ၁ လုံး၊ သတ္တုဒိုင်း ၄ ခုတို့ဖမ်းဆီးထိန်းသိမ်းရမိကြောင်း စစ်ကောင်စီ သတင်းဌာနမြ၀တီက သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ တာဟန်းခံတပ်ဖြိုခွင်းမှုဖြစ်စဉ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၀င်များလည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူထားသည်ဟု မြ၀တီသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တာဟန်းပင်မသပိတ်ခံတပ်ကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၀င်များက စစ်မြေပြင်ကဲ့သို့ အကြမ်းဖက်ဖြိုခွင်းခဲ့မှုကြောင့် ဧပြီလ ၇ ရက်နေ့က ပြည်သူ ၁၂ ဦးကျဆုံးခဲ့ရပြီး၊ ကလေးမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၀င်များ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၂၉ ဦးထိ ကျဆုံးမှုရှိခဲ့ပြီဖြစ်သည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.