Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေး-သိုင်းငင်း ကားလမ်းကို စစ်ကောင်စီဘက်က ဆက်လက်ပိတ်ထား
ပုံစာ - ကိုးမိုင်စစ်ဆေးရေးဂိတ်(ယခင်ပုံဟောင်းဖြစ်သည်)

ကလေး-သိုင်းငင်း ကားလမ်းကို စစ်ကောင်စီဘက်က ဆက်လက်ပိတ်ထား

0
By Editor on January 24, 2024 Headline

(004SS)

စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်မြောက်ပိုင်းသို့သွားရာ အဓိကလမ်းကမကြီး ကလေး-သိုင်းငင်း ကားလမ်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြန်ဖွင့်ပေးခဲ့ပြီးဖြစ်သော်လည်း စစ်ကောင်စီတပ်ဖွဲ့က ကိုးမိုင်စစ်‌ေဆးရေးဂိတ်မှ ပိတ်ထားပြီး ဖြတ်သန်းခွင့်မပြုကြောင်း သိရသည်။

“ကျွန်တော်က သိုင်းငင်းလမ်းဖွင့်ပြီဆိုတော့ ချင်းတောင်ဘင်တက်မယ်ပေါ့ ပြင်ဆင်ပြီးပြီ စစ်တပ်က ဂိတ်ကနေ ကားတွေ ထွက်ခွင့်မပေးဘူးဆိုလို့ ပြန်နေလိုက်ရတယ်” ဟု ကလေးမြို့နေ ဒေသခံတစ်ဦးက ပြောသည်။

သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူပေါင်းတပ်ဖွဲ့များက ဇန်န၀◌ါရီလ ၁၆ ရက်က အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၂ ရက်‌ကစပြီး ၂ လကျော်ကြာ ပိတ်ထားခဲ့သည့် ကလေး – သိုင်ငင်းလမ်းမကြီးကို ပြန်လည်အသုံးပြု၍ရပြီဖြစ်ကြောင်း CDF-CDM Siyin က ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း စစ်ကောင်စီတပ်ဖွဲ့က ချင်း-စစ်ကိုင်းအစပ် ခိုင်ကမ်းမြို့အနီး ကိုးမိုင်စစ်ဆေးရေးဂိတ်ကို သံဆူးကြိုးများချထားကာ ကလေးမြို့မှ သိုင်ငဲင်းဘက်သို့တက်မည့် ယာဉ်အ၀င်/အထွက်အားလုံးကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“ကိုးမိုင်ကနေ သိုင်းငင်းဘက်ကို ဘယ်သူ့ကိုမှ မသွားခိုင်းဘူး‌ေပါ့၊ ကိုးမိုင်နဲ့ ခိုင်ကမ်းကိုတော့ သွားလာခွင့်ပေးတယ်၊ ပြီးတော့ သူတို့ရဲ့စစ်ဆေးရေးဂိတ်ရောက်ရင် ဆိုင်ကယ်တွေဆို ဆင်းပြီးတွန်းရတာပေါ့။ နောက် ဆိုင်ကယ်နဲ့ ပစ္စည်းတင်ရင် ပိုက်ဆံ ၅၀၀၀ တောင်းတယ်” ဟု ဆိုင်ကယ်ဖြင့် ခရီးသွားသူတစ်ဦးက ပြောသည်။

ထို့သို့ ကလေး-သိုင်းငင်းလမ်းမအား စစ်ကောင်စီတပ်က ပိတ်ထားသည့်အတွက် ကလေးမြို့မှ ချင်းတောင်သို့သွားမည့် ခရီးသွားပြည်သူများသည် ရှောင်ကွင်းလမ်းမှ သွားကြရပြီး ကလေးမြို့- တီးတိန် ယာဉ်စီးခ တစ်ဦးမှာ ကျပ် ၇၀၀၀၀ နှင့် ကလေး-ဟားခါး ယာဉ်စီးခ တစ်ဦးမှာ ကျပ် တစ်သိန်း‌ခွဲဝန်းကျင်အထိ ကုန်ကျ‌‌ေနကြောင်း သိရသည်။

ထို့ကြောင့် စားသောက်ကုန်ပစ္စည်းများအတွက် ကလေးမြို့အား အဓိကအားထားသည့် တီးတိန်မြို့တွင် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်သောကြောင့် ကလေးမြို့မှ မှာယူခြင်းထက် အိန္ဒိယဘက်မှသာ ကုန်ပစ္စည်းများ မှာယူနေကြရကြောင်း တီးတိန်မြို့ ဒေသခံများထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကွယ်ရေး အင်အားတိုးမြှင့်ဆောင်ရွက်နေဟု MRO/ CDF – မတူပီ ဆို

မင်းတပ်-ပအဖ က သစ်တောမူဝါဒ (မူကြမ်း) ကို ရေးဆွဲနေပြီး ပြည်သူများ အကြံပြုနိုင်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တစ်လကျော်ကြာ ပြိုကျပျက်စီးနေသော ကျေးရွာချင်းဆက်လမ်းများကို PDF- Zoland ပြုပြင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.